weiweiNovember 20, 20104min26611
ဝူတန်းတောင်ကို ရောက်ဖြစ်ပုံကတော့ တိုက်တိုက်ဆိုင်ဆိုင်ပေါ့ … 2008 အောက်တိုဘာလမှာ တရုတ်ပြည်မှာ နိုင်ငံတကာ ဝူရှု ပွဲတော်ကျင်းပပါတယ် … နေရာကတော့ ဟူးပေပြည်နယ် ရှီရန့်မြို့က ဝူတန်းတောင်ခြေမှာဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံက ဝူရှုပညာရှင်တွေလာရောက် ပြိုင်ပွဲဝင်ကြမှာဖြစ်လို့ ဘာသာပြန်လုပ်ဖို့ တရုတ်ကျောင်းသားတွေကို စုဆောင်းပါတယ် … ရှားရှားပါးပါးပဲ ဆိုရမှာပေါ့ ဗမာစကားသင်ယူနေတဲ့ တရုတ်ကျောင်းသား ရှာမရဖြစ်တာနဲ့ ကျွန်မကို ဘာသာပြန်ဖို့ ကမ်းလှမ်းတယ်။ ပိုက်ဆံမပေးပေမယ့် စရိတ်ငြိမ်း တာဝန်ယူမယ်လို့ပြောပါတယ်။ စုစုပေါင်း ၉ ရက် အဲဒီမြို့မှာ သွားနေရပါတယ်။ ကျွန်မဘဝမှာတော့ အမှတ်တရတစ်ခုပါပဲ … မြန်မာဆိုပြီး ဂုဏ်တက်ခဲ့ရတဲ့အချိန်ပေါ့ … မြန်မာ ဝူရှူးက ပြိုင်ပွဲဝင် ၄ ယောက်ဝင်ပြိုင်ပါတယ် … ပထမ ဒုတိယဆုတွေ ရကြလို့ ဝမ်းသာဂုဏ်ယူစရာကောင်းခဲ့ပါတယ် … […]