zoxnetJune 10, 20101min670
ငယ်စဉ်အခါက ကျောင်းဖတ်စာ တစ်ခုတွင် ကျွန်ုပ်တို့ ဖတ်ခဲ့ရပါသည်။ မိုက်မဲသော လူတစ်ဦး အကြောင်း ဖြစ်ပါ၏။ ညအချိန်တွင် အမှောင်ထဲတွင် ထိုသူပိုင်ဆိုင်သော ရွှေလက်စွပ် ကျပျောက်သွား ပါ၏။ သူ၏ လက်စွပ်သည် တန်ဖိုး ရှိသော အရာ ဖြစ်ပါ၏။ ထိုလက်စွပ်အား သူ အဆုံးအရှုံး မခံနိုင်ပေ။ သူပြန်ရှာ၏။ သို့သော် သူရှာသော နေရာသည် သူ့လက်စွပ် ပျောက်ဆုံးရာ နေရာ မဟုတ်။ လမ်းမီးတိုင် အောက်တွင် ဖြစ်လေ၏။ သူရှာ၏။ သူ၏ ယူဆချက်မှာ အမှောင်ထဲ၌ ရှာလျှင် တွေ့နိုင်မည် မဟုတ်။ အလင်းရောင် ရှိသော နေရာတွင်သာ ရှာမှ တွေ့မည်ဟု ထင်လေ၏။ ဤအကြောင်းကို ကျွန်တော် ပြန်စဉ်းစား ကြည့်မိပါသည်။ ထိုသူ့အားလည်း ကျွန်တော် […]


zoxnetJune 10, 20101min761
လူသည် ဘဝ၏ ဝန်ထမ်းဖြစ် ပါ၏။ ထို့အတွက်ကြောင့် အချစ်သည်လည်း Marketting Assistant ဖြစ်ပါ၏။ မိမိနှလုံးသားနှင့် ကိုက်ညီမည့် စားသုံးသူအား ရှာဖွေရပါ၏။ စိတ်ကျေနပ်စေရန် ဝန်ဆောင်မှု ပေးရပါ၏။ ဤသို့ဖြင့်ပင် ဘဝ၏ ပါတနာကို ရှာဖွေပေးရပါလေ၏။ တဖန် အချစ်သည် Chief Cook ဖြစ်ပေးရပြန်၏။ ရရှိထားသော ပါတနာအား ပင်ပန်းနွမ်းနယ်မှု မရှိစေရန် Kitchen အတွင်း တာဝန်ထမ်းဆောင်ရ၏။ ဟင်းလျာများကို စီမံခန့်ခွဲရ၏။ လှီးဖြတ်ရ၏။ ချက်ပြုတ်ရ၏။ ကံအားလျှော်စွာ ဈေးသို့သွားရ၏။ ဟင်းလျာများကို စီမံခန့်ခွဲရန်အတွက် ဖြစ်ပါ၏။ အချစ်သည် Steward ဖြစ်ပြန်လေ၏။ အဘယ့်ကြောင့် ဆိုသော် ရေစိုများသော လက်သည် ပဲကြီးခွံ ထတတ်၏။ ရေဝဲစားတတ်၏။ အချစ်သည် ထိုသို့ဖြစ်ခြင်းအား အားပေးခြင်း မရှိ။ […]

13.jpeg

zoxnetMay 17, 20101min1835
ကျွန်တော် မသိပါ။ ကျွန်တော် မေးချင်ပါ၏။ ယခုမေးခွန်းများ သည် ကျွန်တော် အရွဲ့တိုက် မေးခြင်းမျိုး မဟုတ်သော မေးခွန်းများ ဖြစ်ခြင်းကို ကျွန်တော် အတိအကျ ဝန်ခံလိုပါ၏။ လူအချို့၊ သို့မဟုတ် လူအများ၏ မျှော်လင့်ချက်နှင့် သက်ဆိုင်နေသော မေးခွန်းများ ဖြစ်ပါ၏။ ဆေးပညာ လောကနှင့်လည်း တည့်တည့်သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း ပတ်သက်နေသော မေးခွန်းမျိုးလည်း ဖြစ်နေပါ၏။ လက်ဝါးကို ပဲ ကြည့်၍၊ လက်ဝါးဟု ကျုံးအော်နေသော လက်ပိုင်ရှင် များအားလည်း ဖြေစေလိုသော မေးခွန်းမျိုးလည်း ဖြစ်နိုင်ပါ၏။ မေးခွန်းများအား မည်သူမဆို ဖြေဆိုနိုင်ပါ၏။ သဘောထားအားဖြင့် လည်း လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါလေ၏။ ကျွန်တော် မသိသော၊ ကျွန်တော် ဖြေ၍မရသော မေးခွန်းများအား ဖြေဆိုပေးသူ အားလုံးအတွက် […]

images11.jpeg

zoxnetMay 15, 20101min1194
လူတစ်ဦးထံတွင် လူတစ်ဦး သန္ဒေတည်၏။ နောက်ရက် အနည်းငယ်အကြာ … အမျိုးသမီးတစ်ဦးထံတွင် အမျိုးသားတစ်ဦး သန္ဒေတည်ပြန်၏။ ထိုသန္ဒေသား နှစ်ဦးသည် လိုအပ်သော နေ့လစေ့သော အခါ ကလေးသူငယ်များ အဖြစ် ဖွားမြင်ကြ၏။ သန့်ပြန့်သော လေကို ရှုရှိုက်ကြ၏။ ရရှိထားသော ဝေစုအလိုက် မိခင်နို့ရည်ကို သောက်သုံးကြ၏။ (နို့မှုန့်လည်း သောက်ချင် သောက်ကြပေမည်။) တဖန် လောက အလှကို လေးဘက်ထောက် ကြည့်ကြ၏။ ကြမ်းပြင်ကို လျှောတိုက်ရင်း အသစ်များကို စူးစမ်း၏။ မကြာခင် ထိုသူနှစ်ဦးသည် ကမာ္ဘ့လူသားများ နည်းတူ လျှောက်လှမ်းမှုကို စတင်လေ့ကျင့်၏။ သူတို့၏ ပတ်ဝန်းကျင်သည် ရုပ်ရှင်ကားများအတိုင်း သစ်ရွက်ကြွေပါ၏။ မိုးများရွာချပါ၏။ နှင်းပွင့်များ ကျလာပါ၏။ ထိုကဲ့သို့ပင် သစ်ရွက်များ၊ မိုးများ၊ နှင်းပွင့်နှင်းမှုန်များ ကြွေပါ၏။ ရွာချပါ၏။ […]

s261e.jpg

zoxnetMay 3, 20101min1426
ကျွန်တော် ဘလော့ဂ်တွေလျှောက်လည်ရင်းနဲ့ ကိုနွယ်ရိုးရဲ့ဘလော့ဂ် ကို ရောက်သွားပါတယ်။ အဲဒီမှာ (ဘာလည်းအချစ်စစ်ဆိုတာ) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုကို ဖတ်လိုက်ရပါတယ်။ ကိုနွယ်ရိုးက ပို့စ်အဆုံးမှာ မေးခွန်းလေးတွေကို မေးထားပါတယ်။ ကျွန်တော်ကလည်း အချစ်နဲ့ပတ်သက်ရင် ဆတ်ဆတ်ထိမခံဆိုတော့ အခုဒီမှာပြန်ဖြေလိုက်ပါတယ်။ ကျွန်တော့်ခံယူချက်ပါ။ တိုက်ဆိုင်သူရှိသလို ကွဲလွဲသူတွေလည်းရှိမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်ခံယူချက်ကို တင်ပြခွင့်ရတဲ့အတွက် ကိုနွယ်ရိုးကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ရဲ့ အမေးအဖြေ တွေကို အောက်မှာဖတ်ရှုကြည့်ပါဦး။ ကျွန်တော့်မှာမေးခွန်းတွေရှိလာပါတယ် .. ၁)အချစ်တစ်ခု စစ်မစစ်ဆိုတာ ဘာနဲ့တိုင်းတာမလည်း ….. (ကျွန်တော့်နဲ့ရင်းနှီးတဲ့အစ်မကြီး တစ်ယောက်ကတော့ ခံစားချက်နဲ့တိုင်းတာတယ်တဲ့) ၂) လူတစ်ယောက်ဟာ အချစ်စစ်ကိုဘယ်နှစ်ခါလောက်တွေ့နိုင်လည်း …. ၃) အချစ်စစ်ဟာ ဘယ်လိုအခြေနေနဲ့ ဘယ်သူတွေဆီကနေရနိုင်လည်း …. ၄) အချစ်စစ်ကိုကြိုးစားလုပ်ယူ၍ ရနိုင်လား ….. ၅) […]

11.jpeg

zoxnetMay 3, 20101min762
ရန်ကုန်ရောက်ပြီး မကြာခင်မှာပဲ ကြားလိုက်ရတဲ့ သတင်းတစ်ခုပါ။ သတင်းကြားပြီးတော့ စိတ်မကောင်းတော့ ဖြစ်ခဲ့ရပါတယ်။ ရန်ကုန်မှာရှိတဲ့ အေးဂျင့်တစ်ခုက ဒူဘိုင်းနိုင်ငံအတွက် အလုပ်ရမယ်ဆိုပြီး လူတော်တော်များများကို ငွေတော်တော်များများ လိမ်ပြေးသွားတာပဲ။ တော်တော်များများ ခံလိုက်ရပါတယ်။ သူ့ဆီမှာ အလုပ်အပ်ထားတဲ့ လူတွေဆီက တစ်ယောက်ကို စရံငွေ (6) သိန်းဆီယူပြီး အပျောက်ရိုက်သွားတာပါ။ လူ (60) လောက်ခံလိုက်ရတယ်လို့ ကြားပါတယ်။ သူလုပ်သွားတဲ့ပုံစံကလည်း အတွေ့အကြုံမရှိတဲ့သူတွေအတွက် ဟုတ်မလိုလိုတော့ ထင်စရာပါ။ ဘာလို့လဲဆိုတော့ အလုပ်တင်ထားတဲ့သူတွေ အားလုံးကိုဗီဇာကျပြီဆိုပြီး ဗီဇာစာရွက်တွေထုတ်ပေးပါတယ်။ စရံငွေကိုယူပြီး မကြာခင်ဟိုဘက်က လေယာဉ်လတ်မှတ် ပို့ပေးမယ်၊ တစ်ရက် နှစ်ရက်စောင့်ပါဆိုပြီး ပထမစောင့်ခိုင်းပါတယ်။ လူတွေကလည်း ဗီဇာတောင်လက်ထဲ ရောက်နေပြီဆိုတော့ လတ်မှတ်အတွက် ဝမ်းပန်းတသာနဲ့ပဲ စောင့်တာပေါ့။ ဒီလိုနဲ့ပဲ တစ်ရက်၊ နှစ်ရက် ကနေ သုံးရက်၊လေးရက် ဒီလိုနဲ့ပဲ […]

images2.jpeg

zoxnetMay 2, 20101min984
အမှောင်ခွင်း၍ အလင်းရောက်ခြင်းအား လူတိုင်းလိုလို နှစ်သက်ကြပါ၏။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်သားများ ဖြစ်ပါသည်။ မိုးရာသီမှ လွဲ၍ မှောင်လိုက်၊ လင်းလိုက် ဘဝကိုသာ ကြုံတွေ့လာခဲ့ရသော ကျွန်တော်တို့ အဖို့ အလင်းကိုသာ အာသာငမ်းငမ်း ပုံမှန်ရယူ လိုချင်ကြပါသည်။ သို့ပေမင့် ကျွန်တော်တို့သည် ထိုအလင်းကို အလှည့်ကျ ဖြင့်သာ ညအချိန်တွင် ရရှိနေကြရပါသည်။ မိမိတို့ အလှည့်ကျမှသာ ရေတင်ရပါသည်။ မီးပူတိုက် ရပါသည်။ ရုပ်ရှင် ဇာတ်လမ်း ကြည့်ရပါသည်။ ထိုအလှည့်ကျမှသာ ထမင်းပွဲ ပြင်ရပါသည်။ အိပ်ရေးဝဝ အိပ်ရပါသည်။ ပြန်လည် အောက်မေ့ သတိရစေချင်ပါ၏။ ရုတ်တရက် အော်လိုက်သော ကလေးများ၏ အသံဖြစ်ပါသည်။ မီးပျက်ရာမှ ရုတ်တရက် မီးပြန်လာချိန် ဝမ်းသာအားရ အော်ကြသော ကလေးများ၏ အသံဖြစ်ပါသည်။ ဖယောင်းတိုင် […]

4.jpeg

zoxnetMay 1, 20101min1355
ကျွန်တော့်ဘဝမှာ ကလေးဘဝကနေ၊ လူပျိုဘဝအထိ အိမ်နဲ့မခွဲခဲ့ရဖူးပါဘူး။ ပထမဆုံး ကျွန်တော် အိမ်နဲ့ခွဲခွာရတဲ့ အချိန်ဟာ ကျွန်တော်ရဲ့ လူပျိုမသိုးတသိုး အချိန်ပါ။ ကျွန်တော့် ပညာရေး ကိစ္စနဲ့ Middle East ကို ထွက်ခွာလာခဲ့ရတာပါ။ ကလေးဆန်တယ် လို့ပဲ ပြောပြော၊ ရေခြားမြေခြားကို ရောက်ရောက်ချင်း နေ့မှာပဲ၊ ကျွန်တော့် မျက်လုံးက မျက်ရည်တွေ ထွက်လာခဲ့ရပါတယ်။ အဲ.. အရှေ့မှာ လူပျိုမသိုး၊ တသိုး အချိန်လို့ ဘာလို့ပြောရတာလဲ ဆိုတော့ အဲဒီအချိန်လေးမှာ ကျွန်တော့် ချစ်သူလေးနဲ့ ပျော်လို့ကောင်းနေတဲ့ အချိ်န်မို့လို့ပါ။ (နောင်အခါ ကျွန်တော့်ဇနီးလေး ဖြစ်လာမယ့် သူပေါ့) အဲလို အချိန်မျိုးမှာ ကျွန်တော် ချစ်သူလေးကိုရော၊ အိမ်ကိုရော ခွဲခွာခဲ့ရတာပါ။ ကျွန်တော်က ဆွေမျိုး သိပ်ခင်တတ်တဲ့သူ မဟုတ်တော့ home […]

2.jpeg

zoxnetMay 1, 20101min1105
လူတိုင်း လူတိုင်းတွင် ကိုယ်စီ ကိုယ်စီ အကြိုက်တစ်မျိုးစီ ရှိကြဧ။်။ ထို အကြိုက်များအား အချို့သူတို့ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရဧ။်။ အချို့သူတို့မှာမူ စိတ်ကူးထဲတွင်သာ ပိုင်ဆိုင်နိုင်ကြပါဧ။်။ ကျွန်တော်သည် အချို့ကို တကယ်ပိုင်ဆိုင် ခဲ့ရပါဧ။်။ အချို့ကို စိတ်ကူးတွင်သာ ပိုင်ဆိုင်ရပါဧ။်။ အချို့ကိုမူ ပိုင်ဆို်င်ပြီးမှ စွန့်လွှတ်ခဲ့ ရပါဧ။်။ ကျွန်တော် ကြီးပျင်းရှင်သန်ခဲ့ရာ ကျွန်တော်တို့ မိသားစု နေထိုင်ခဲ့သော နေအိမ်ကြီးကို ကျွန်တော် အလွန် ကြိုက်နှစ်သက်ခဲ့ပါ၏။ ကျွန်တော့်အား မိဘများနှင့် အတူ ကြည်နူးနွေးထွေး မှုကို ပေးသော ထိုအိမ်ကြီးကို ကျွန်တော် အလွန် သံယောဇဉ် ရှိခဲ့ပါ၏။ ယနေ့ထက်တိုင် ဖြစ်ပါသည်။ သို့သော် ယခုနေ့ အခါတွင်မူ ကျွန်တော် ထို အကြိုက်ကို စွန့်လွှတ်ခဲ့ရ၏။ […]

1.jpeg

zoxnetMay 1, 20101min1125
ရမက်သည် အရိပ်နှင့်တူပါ၏။ သူ၏ အနောက်သို့ လိုက်လေလေ၊ မိမိနှင့် ဝေးရာသို့ ပြေးလေလေ ဖြစ်၏။ သူ့အား ကျောခိုင်းလိုက်ပါမူ၊ အနောက်မှ ထပ်ခြပ်မကွာ လိုက်လာလေတော့၏။ ကျွန်ုပ်၏ ရမက်အား ကျွန်ုပ် ကျောခိုင်းလိုက်ချင်ပါသည်။ သို့သော် ယခုသည် ညအချိန်ဖြစ်နေပါ၏။ မီးလည်း ပျက်နေပါသည်။ ကျွန်ုပ်၏ အဖြစ်သည် အလွန် ဂွကျနေလေတော့၏။

images4.jpeg

zoxnetApril 27, 20101min1586
ကျွန်တော်လည်း ဒီအကြောင်းတွေကို ခဏခဏ မပြောချင် တော့ပါဘူးဗျာ။ အားအားရှိ အရည်မရ အဖတ်မရ ဂျီတော့ခ် ထိုင်ထိုင် ပြောနေတဲ့ လူငယ်တွေ ကိုကြည့်ပြီး ဘာဖြစ်လို့ ဖြစ်မှန်း မသိဘူး။ ကိုယ်နဲ့မှ မဆိုင်တာ၊ မင်းဟာမင်း အေးအေး ဆေးဆေး နေပါလားလို့ ပြောမယ် ဆိုလည်း ခံရမှာပဲ။ ကျွန်တော့်ကို ကလည်း မနေတတ်တာ။ အခု ဒီပို့စ်ရေးနေတဲ့ အချိန်မှာတောင် ကျွန်တော့်ဘေး ကပ်ရပ်မှာ ကျူနေတာလား၊ အကျူခံနေတာလား မသိရတဲ့ ကောင်မလေး တစ်ယောက်တောင် လောလောလတ်လတ် ရှိနေသေးတယ်။ ကျွန်တော် အပါအဝင် ကျွန်တော့်မိတ်ဆွေ ဘလော့ဂါ ညီအစ်ကို၊ မောင်နှမ တော်တော်များများ လည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေးပြီးခဲ့ကြပါပြီ။ ဒါတွေကို သူတို့ မဖတ်မိလို့လား။ မဖတ်ချင်တာလား။ […]

rotating_wind_power_tower_dubai_05.jpg

zoxnetApril 27, 20101min981
တစ်ခေါက်ကပေါ့ဗျာ။ သဘောင်္ကျင်းတစ်ခုရဲ့ General Worker အလုပ်နဲ့လာမယ့် သူတစ်ယောက်ကို ဗီဇာတင်ပေးရပါတယ်။ နှစ်လလောက်အကြာမှာ ဗီဇာကျသွားတယ်ပေါ့ဗျာ။ အလုပ်တည်နေရာက Fujairah ဆိုတဲ့နေရာမှာပါ။ ဗီဇာကိုအီးမေးလ်ကနေတဆင့် အဲဒီကာယကံရှင်ရဲ့ အကောင့်ထဲကို ပို့ပေးလိုက်ပါတယ်။ ဗီဇာရတဲ့နေ့ကနေ တစ်လအတွင်းလာခွင့်ပေးထားပါတယ်။ ဒါပေမယ့် အဲဒီသူကလည်း ယူအေအီးကို မြန်မြန်သွားချင်တယ်ဆိုပြီး ပြင်ဆင်စရာရှိတာတွေကို အလျင်အမြန်ပြင်ဆင်ပါတော့တယ်။ ဒီလိုနဲ့ ပြင်လို့ဆင်လို့ပြီးလို့ (ငြုပ်သီးကြော်၊ အမဲကြော်နဲ့ ငါးခြောက်တွေ ပါကင်ပိတ်ပြီးလို့) အနီးကပ်ဆုံးရက်တစ်ရက်ကို ဘွတ်ကင်လုပ်ဖို့ Airticket ရုံးကိုသွားပါတယ်။ Ticket Agency တစ်ခုကိုသွားတာပါ။ ယူအေအီးက ပို့လိုက်တဲ့ Work Permit Visa ကိုပြပြီးတော့ YGN-BKK-DXB လတ်မှတ်တခြမ်းကို ဝယ်ပါတယ်။ ဒါပေမယ့် အဲဒီအေဂျင်စီက ဝန်ထမ်းကဒီဝေါ့က်ပါမစ်တစ်ခုတည်းနဲ့ လတ်မှတ်ရောင်းပေးလို့မရကြောင်း၊ ယူအေအီးဘက်က အလုပ်ဌာနရဲ့ တာဝန်ရှိသူတစ်ယောက်ယောက်က ဒူဘိုင်းမှာရှိနေတဲ့ TG […]

Image0771-888x666.jpg

zoxnetApril 27, 20101min1012
ဒီနေ့သူငယ်ချင်းတစ်ယောက်နဲ့ ဂျူတီအပြီးလမ်းလျှောက်ရင်း ဒူဘိုင်း Bus stand ကိုရောက်ခဲ့ပါတယ်။ တနေကုန် အလုပ်တွေနဲ့ပဲ နပန်းလုံးရင်း အလုပ်ပြီးချိန်မှာ အညောင်းအညာပြေ လမ်းလျှောက်ကြတာပါ။ ကျွန်တော်တို့အတွက်ကတော့ မြန်မာစကားကို အားရပါးရပြောရတဲ့ အချိန်လိုသတ်မှတ်ထားပါတယ်။ အဲဒီသူငယ်ချင်းက ကွန်ပျူတာဆက်စပ်ပစ္စည်းဆိုင်မှာ အလုပ်လုပ်တာပါ။ ကျွန်တော့်ဂျူတီက ညနေ ၅းဝဝ နာရီပြီးပေမယ့် သူ့အလုပ်ပြီးချိန် ည ၁ဝးဝဝ နာရီကိုစောင့်ရင်း သူနဲ့အတူတူ ၁ဝးဝဝ ကျော်မှ ထွက်လာဖြစ်ပါတယ်။ ဘတ်စတန်းကိုလည်းရောက်ရော ထူးထူးခြားခြား တခါမှ အားတယ်ဆိုတာ မတွေ့ရတဲ့ Taxi တွေ၊ အားလုံးခါလီနဲ့ လူခေါ်နေတာကို တွေ့လိုက်ရလို့ ကျွန်တော်တို့ ၂ ယောက်ကြည့်ပြီး အံ့ဩနေမိကြပါသေးတယ်။ ဘတ်စ်စတန်းကို လာတယ်ဆိုတာကလည်း ဘတ်စ်တန်းရဲ့ ဟိုဘက်မှာ Super Market အကြီးကြီးတစ်ခုရှိပါတယ်။ အဲဒီမှာ အအေးဝယ်သောက်၊ ဘယ်အီလက်ထရောနစ် […]