မြန်မာနိုင်ငံမှာ တက္ကသိုလ်ကောလိပ်ပေါင်း ၁၅၉ ခု လက်ရှိ ရှိပြီး အာဆီယံ ဒေသတွင်းတွင် အများဆုံးဖြစ်ရပ်တည်လျက်ရှိကြောင်းသိရပါသည်။ သို့ရာတွင် ထို တက္ကသိုလ် ၁၅၉ ခု သည် ကမာ္ဘ့အကောင်းဆုံး တက္ကသိုလ်များ စာရင်း ၁၀ဝ တွင် မပါဝင်ကြောင်းသိရှိရပါသည်။ သို့ဖြစ်၍ အာရှအကောင်းဆုံး တက္ကသိုလ်များ စာရင်းတွင် ဆက်လက်ရှာဖွေရာ အာရှ အကောင်းဆုံးစာရင်းတွင် လည်း မပါဝင်ကြောင်း ထပ်မံ သိရှိလိုက်ရပါသည်။ ထိုကြောင့် နောက်ဆုံးအနေဖြင့် ဒေသတွင်း အာဆီယံ နိုင်ငံများ အကောင်းဆုံး တက္ကသိုလ် ကောလိပ်များ စာရင်းတွင် ထပ်မံရှာဖွေရာ ဝမ်းနည်းစွာဖြင့် တစ်ကျောင်းတစ်လေ မှ လုံးဝ (လုံးဝ) မပါဝင်ကြောင်းသိရှိရပါသည်။ သို့ဖြစ်ပါ၍ ၁၅၉ ခုသော မြန်မာ့ တက္ကသိုလ်များသည် ဒေသတွင်း အကောင်းဆုံးတက္ကသိုလ် ၁၀ဝ စာရင်းတွင်ပင် မပါဝင်ကြောင်းမှာ အဘယ်အကြောင်းကြောင့် မှားယွင်းနေသနည်း ဟု စဉ်းစား က အဖြေရှာလျက်ရှိကြောင်း သိရှိရပါသည်။
3 comments
Shwemannmay
July 12, 2010 at 5:03 am
သေချာစဥ်းစားကြည့်ပါ ။ ရေတွက်ပုံလွဲနေပါတယ် ။ နောက်ဆုံးကပြန်စေ၇ရင် နံပါတ် ၁ နေရာမှာရှိပါတယ်။ ပာ ပာ
kai
July 12, 2010 at 8:14 am
အကောင်းဆုံးတက္ကသိုလ်ဆိုတာကို စစ်တမ်းထုတ်တွက်တာမှာ အရေးအကြီးဆုံးတခုက တက္ကသိုလ်ရဲ့သက်တမ်းဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ရန်ကုန်တက္ကသိုလ်ဟာ တချိန်က အာရှရဲ့အကောင်းဆုံးတခုဖြစ်ခဲ့ဖူးပြီး တရုတ်ပြည်တို့။ ယိုးဒယားတို့၊ မလေးရှားတို့ အခုစင်္ကာပူတို ့ကငွေကြေးချမ်းသာသူတွေ ကျောင်းလာတက်ကြရတာပါ။
အဟင်း…
အခုတော့..တက္ကသိုလ်လို့တောင် စာရင်းပေါက်နေသေးရဲ့လားလို့..။
char too lan
August 12, 2010 at 10:14 am
ဟုတ်တယ် ဒီ Post လေးအရမ်းကောင်းတယ်
Poly အငြိမ့်ကြည့်ရင်ကို့ကိုယ်ကိုတောင်အမြင်ကပ်ရတယ်
(ကျောင်းကိုသွားလို့ဖုန်ကထူ မျောက်လောင်းလေးနဲ့တူ…..
သူတို့ထိုးတဲ့သံချပ်ထဲကအမှတ်ရနေတဲ့တစ်ကြောင်းပါ)
တကယ်ပဲရွာသာကြီးမှာမျောက်လောင်းပုံပေါက်ခဲ့ရတယ်ဗျာ