ကုန်းဘောင်ခေတ် လူမျောက်မိသားစုအကြောင်း သိကောင်းစရာ

etoneJuly 12, 20101min133

ကုန်းဘောင်ခေတ် လူမျောက် အကြောင်းကို ဖတ်ဖူးခဲ့တာ ကြာပါပြီ။ လူထုဒေါ်အမာ ရေးတာရော၊ ဒဂုန်ခင်ခင်လေး ရေးတာရော၊ ဦးစိန်မောင်ဦး ရေးတာရော၊ မြကေတု ရေးတာရော၊
မောင်သန်းဆွေ(ထားဝယ်) ရေးတာရော မှတ်မိနေပာတယ်။ ဒဂုန်ခင်ခင်လေးက စာဆိုတော်
ဝတ္ထုုကြီးထဲမှာ၊ လူထုဒေါ်အမာက ဈေးကောက်လူမျောက် ဆောင်းပါး၊ ဦးစိန်မောင်ဦးက
လူမျောက်မိသားစုနှင့် သိပံပညာ အမြင်၊ မြကေတုက လူမျောက် မောင်ရွှေမောင်နှင့်
သမီးမယ်ဖုံ၊ မောင်သန်းဆွေက ကုန်းဘောင်ခေတ်က လူမျောက်ရှင်းတမ်း စတဲ့
နာမည်တွေနဲ့
ဖြစ်ပ်တယ်။
လူထုဒေါ်အမာကတော့ ရေးထားတာကတော့ ထုံးစံအတိုင်း တော်တော့်ကို တိတိကျကျ
ပြည့်ပြည့်စုံစုံ ရှိလှပါတယ်။ သူတို့ရဲ့ ပုံသဏ္ဍန် အချက်အလက်တွေ အားလုံးကို
စုံစုံစေ့စေ့ သိရပါတယ်။ ဒါပေမယ့် အဲဒီလူမျောက်တွေ နိုင်ငံခြားရောက်တဲ့
နောက်ပိုင်း
ကိစ္စတွေတော့ မပာုတ်ပါဘူး။ မြကေတု ရေးထားတာကလည်း အင်္ဂလိပ်မှတ်တမ်းများနဲ့
နန်းတွင်း
ပုရပိုဒ်ဖြူကို အဓိကထားပြီး ရေးထားတာပါ။ ဦးစိန်မောင်ဦးကတော့ သူတို့ဟာ
တကယ်တော့
မျောက်တစ်ဝက် လူတစ်ဝက် မဟုတ်ဘဲ မျိုးဗီဇ ပြောင်းလဲမှုကြောင့် အမွှေးအမျှင်တွေ
ရှည်ထွက်လာပြီး ဒီလိုဖြစ်တာကြောင့် လူမျောက်လို့ မခေါ်ဘဲ မွေးရှည်လူသားလို့
ခေါ်ဖို့ကို တိုက်တွန်းထားတာပါ။ အားလုံးထဲမှာ အစုံလင်ဆုံးက လူထုဒေါ်အမာရဲ့
ဈေးကောက်
လူမျောက် ဆောင်းပါးလို့ ပြောလို့ ရပါတယ်။

ဆရာ မောင်သန်းဆွေ(ထားဝယ်)က လူမျောက် ရှင်းတမ်းလို့ ရေးထားပေမယ့် တကယ်ကတော့
သူရိယ
ရုပ်စုံသတင်းစာ အဟောင်း တစ်ခုထဲက အဲဒီအကြောင်းကို ပြန်ဖော်ထုတ် ထားတဲ့
သဘောပါပဲ။
သူရိယကို အဲဒီသတင်း ရေးပို့သူက အဲဒီ လူမျောက်မိသားစု နဲ့ ဆွေးမျိုးနီးစပ်
တော်စပ်တဲ့
ပင်စင် အငြိမ်းစား ဌာနအုပ် ဦးလှကြီး ဆိုသူရဲ့ မှတ်တမ်းကို ဦးနရိနာဒ
ကိုယ်တော်က
ရေးသား ပေးပို့ခဲ့တာလို့ သိရပါတယ်။ ထူးခြားချက်က လူမျောက် ဖြစ်လာရတဲ့
အကြောင်းပါ။
ဒဏ္ဍာရီ သိပ်ဆန်လွန်းအား ကြီးပါတယ်။ လူတိုင်းသိတဲ့ လောနိုင်ငံသား လူမျောက်
ဦးရွှေမောင်
မဟုတ်ဘဲ ဗမာစစ်စစ် ဦးဘမောင် မဟာမြိုင်တောထဲ ရောက်ပြီး ရေအိုင်တစ်ခုထဲ
စိမ်မိရာက
အမွေးတွေပေါက်ပြီး မျောက်စိတ် ဖြစ်သွားတာမျိုးနဲ့ ဇာတ်လမ်းကို ဆင်ထားပါတယ်။
သူတို့ရဲ့ မျိုးဆက် နာမည်တွေကလည်း မတူကြတာကို တွေ့ရပါတယ်။

အထက်ကဟာတွေဟာ မြန်မာမှတ်တမ်းမှာဆို ကုန်သလောက်နီးနီးပါပဲ။ ဆောင်းပါးး
တစ်ခုနဲ့
တစ်ခုကလည်း မတူကြတာတွေ၊ လိုနေတာတွေ၊ ပိုနေတာတွေ ရှိပါတယ်။ ကျွန်တော်ကတော့
အဲဒီအချက်တွေ အားလုံးကို စုစည်းပြီး ပြည့်ပြည့်စုံစုံဖြစ်အောင်
နိုင်ငံခြားသားတွေရဲ့
ရေးသားချက်တွေကိုပါ ဖြည့်စွက် လေ့လာခဲ့ပါတယ်။ စရေးတဲ့ အချိန်
ပုံတွေစစုဆောင်းတဲ့
အချိန်ကစပြီး အခုရေးချိန်အထိ ၆လကျော်ရှာဖွေလေ့လာ ခဲ့ပါတယ်။ ဒီဆောင်းပါးးရဲ့
အောက်ခြေမှာ လေ့လာခဲ့တဲ့ စာအုပ်တွေ စာတမ်းတွေကို ဖော်ပြထားပါတယ်။

ပုံ (၁) ဦးရွှေမောင်

ပထမဆုံး လူမျောက်ဖြစ်တဲ့ ဦးရွှေမောင်ကို ၁၇၉၆ ခုနှစ်မှာ သံလွင်မြစ် (သို့) မုတ်တမြစ် ဘေးက လောနိုင်ငံ မိုင်းရုံးကြီးနယ်မှာ မွေးဖွားခဲ့တယ်။ (ပထဝီ အခြေအနေနဲ့
အခေါ်အဝေါ်အရ အဲဒီဒေသဟာ အခု ထိုင်းနိုင်ငံထဲက Mae Yong ပဲဖြစ်ဖို့ များပါတယ်)
အဲဒီဒေသကို အပိုင်စားတဲ့ စော်ဘွား တစ်ယောက်က ထူးထူးဆန်းဆန်း
အမွှေးအမျှင်တွေနဲ့ကလေးငယ်ကို
မြန်မာဘုရင်ထံ အထူးအဆန်း လက်ဆောင် ပဏ္ဍာအဖြစ်နဲ့ ဆက်သလိုက်တာမို့ သူ့အသက်
ငါးနှစ်သား
အရွယ်မှာ အင်းဝဘုရင် ထံကို ရောက်လာပါတယ်။ သူ့တစ်ကိုယ်လုံးမှာ
အမွှေးနုနုလေးတွေ
ရှည်လျားစွာ ပေါက်နေတယ်။ သူ့မျက်လုံး အသားအရေ ပုံစံ စတာတွေက
မြန်မာတွေနဲ့မတူဘူးလို့ဆိုပါတယ်။ (ဒီအဖြစ်အပျက်တွေကို ၁၈၂၆မှာ ပထမဆုံး
မှတ်တမ်းတင်နိုင်ခဲ့တဲ့
အင်္ဂလိပ် သံအဖွဲ့က ကရောဖို့(ဒ်) မှတ်တမ်းကို လူထုဒေါ်အမာ ဆောင်းပါးထဲမှာ
ဖတ်နိုင်ပါတယ်)

ရွှေမောင်ဟာ အဲဒီကတည်းက နန်းတွင်းမှာ ပျော်တော်ဆက်အဖြစ်နဲ့
ကြီးပြင်းလာခဲ့တယ်။
မျောက်တွေလို ကပြ ဖျော်ဖြေရပါသတဲ့။ သူ့မိဘတွေမှာရော သူတို့
မျိုးနွယ်စုထဲမှာပါ
သူ့လို အမွှေးအမျှင်တွေ မရှိဘူးလို့ သူက ပြောပါတယ်။ လူပျိုအဖြစ်ကို အသက်၂၀
အရွယ်မှ
ရောက်ပါတယ်တဲ့။ အသက် ၂၂ မှာတော့ ဘုရင်က (ဘကြီးတော်ဘုရား) သူ့ကို လှတဲ့
နန်းတွင်းသူ
တစ်ယောက်နဲ့ လက်ထပ်ပေးပါတယ်။ သူတို့ ကလေး လေးယောက်ရခဲ့တယ်။ အားလုံးက
မိန်းခလေးတွေချည်းပါပဲ။
နှစ်ယောက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ပြီး တတိယ သမီးလေးက
မိခင်ဖြစ်သူနဲ့ အတော့်ကို တူပါသတဲ့။ နောက်ဆုံး ၂နှစ်အရွယ် ကလေး
တစ်ယောက်ကတော့
သူ့လိုပဲ အမွှေးအမျှင်တွေနဲ့ ဖြစ်လာတယ်။ အဲဒီ အငယ်ဆုံး သမီးက ရွှေမောင်ရဲ့
အမွေကို
ဆက်ခံတဲ့ မဖုံး ဖြစ်ပါတယ်။ ကရောဖို့(ဒ်)ရဲ့ စာအုပ်ထဲမှာ ကိုရွှေမောင်နဲ့
သမီးမဖုံးရဲ့ပုံဆိုပြီး ဖော်ပြခဲ့ရာမှာ ကိုရွှေမောင်ရဲ့ပုံက ဟုတ်ပေမယ့်
မဖုံးရဲ့ပုံက မှားနေတယ်လို့ နောက်ပိုင်းမှာ ဟင်နရီနယူး(လ်)က
ထောက်ပြခဲ့ပါတယ်။

ပုံ(၂) ကိုရွှေမောင်တို့ အကြောင်းကို ပထမဆုံး မှတ်တမ်းတင်ခဲ့သူ John
Crawfurd

ပုံ (၃) မဖုံး

အဲဒီနောက် ၁၈၅၅မှာ အင်းဝကို ကပါတ်တိန် ဟင်နရီယူး(လ်) ရောက်လာခဲ့ပါတယ်။ သူတို့ ရောက်လာချိန်မှာတော့ ကိုရွှေမောင့်သမီး မဖုံးဟာ အသက် ၃၁အရွယ် ရှိနေပါပြီ။
သူ့ကို အီတလီလူမျိုး တစ်ယောက်က လက်ထပ်ပြီး နိုင်ငံခြားကို
ခေါ်သွားဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် သီပေါမင်းက ခွင့်မပြုခဲ့ပါဘူး။
နောက်ဆုံးတော့ မဖုံးကို ဘုရင်ကပဲ သာမန်အရပ်သား တစ်ယောက်နဲ့
လက်ထပ်ပေးခဲ့တာလို့
ဆိုရပါမယ်။ ဟင်နရီယူး(လ်)တို့ လာရောက်ချိန်မှာ မဖုံးမှာ သားလေး
နှစ်ယောက်တောင်
ရနေပါပြီ။ ဦးရွှေမောင်ကတော့ လူဆိုးဓားပြတွေ
သတ်ဖြတ်လို့ကွယ်လွန်ပြီးခဲ့ပြီလို့သိရပါတယ်။
မဖုံးဟာလည်း သူ့အဖေ ဦးရွှေမောင်လိုပဲ တစ်ကိုယ်လုံးကို အမွှေရှည်တွေနဲ့
ဖုံးလို့နေပါတယ်။
မဖုံးကနေ သားသမီး သုံးယောက် မွေးဖွားခဲ့ပြီး အဲဒီအထဲက မောင်ဖိုးဆက်နဲ့ မမိ
တို့ဟာ
မဖုံးလိုပဲ တစ်ကိုယ်လုံးမှာ အမွှေးတွေနဲ့ ဖြစ်ပါတယ်။

ပုံ(၄) ၁၈၅၅မှာ မဖုံးအကြောင်းကို မှတ်တမ်းတင်နိုင်ခဲ့သူ Sir Henry Yule
(May 1, 1820 – December 30, 1889)

သူတို့မိသားစုဟာ သူတို့ကို အထူးအဆန်း လာကြည့်တဲ့ နိုင်ငံခြားသားတွေ ဆီကနေ အခကြေးငွေကို
ကောက်ခံပြီး
အသက်မွေး ဝမ်းကျောင်းမှုု ပြုခဲ့တယ်။ သူတို့ဟာ ကြည့်ရှုုသူ
တစ်ယောက်ချင်းစီကနေ
ရူပီးငွေလေးဆယ် ယူတယ်လို့ သိရပာတယ်။

နာမည်ကြီး ဖျော်ဖြေတင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ ဘာနမ်ဟာ ၁၈၇၁ ခုနှစ် ကတည်းက
သူတို့ကို
အမေရိကန်ခေါ်ပြီး သူရဲ့ (Greatest Show On Earth) ဆိုတဲ့ ဆပ်ကပ်ပွဲကြီးမှ
ပြစားဖို့
ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘုရင်က ခွင့်မပြုခဲ့ဘူး။ ၁၈၈၅မှာတော့ သီပေါမင်း
နန်းကျပြီး နန်းတွင်းရေးတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ မဖုံးတို့ မိသားစုဟာ
နေပြည်တော်ကနေ တောတွင်းတစ်နေရာကို ထွက်ပြေးခဲ့ကြတယ်။ မောင်ဖိုးဆက်ဟာ မျက်စိ
မကောင်းတော့တဲ့ မိခင် မဖုံးကို ကျောမှာပိုးပြီး
ထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။
တောထဲမှာ သူတို့ ဒုက္ခ ရောက်နေစဉ်မှာပဲ သီပေါမင်းထံမှာ အမှုထမ်းခဲ့ဖူးတဲ့
အီတလီလူမျိုး အရာရှိ ကပတ်တိန် ပေပာနိုက (Captain Paperno) သူတို့ကို
ရှာတွေ့ပြီး
ကယ်တင်ခဲ့တယ်။ ပြီးတော့ သူတို့ကို ဥပရောကို ပို့ဖို့ စီစဉ်ခဲ့ပါတယ်။ ၁၈၈၆
ဇွန်လထဲမှာ
မမိ ကွယ်လွန်ခဲ့တယ်လို့ဆိုပါတယ်။ အသက် ၂၃နှစ် အရွယ်လောက်မှာ
ဖြစ်ပါလိမ့်မယ်။ ၁၈၈၆
နွေရာသီမှာတော့ သူတို့ကို လန်ဒန်မြို့ပီကာဒလီ လမ်းပေါ်က Egyptian Hall မှာ
ပြန်လည်
တွေ့မြင်ရပါတယ်။

မဖုံး (၃၁နှစ်) နှင့် မောင်ဖိုးဆက် (၁၄လသားအရွယ်)

၁၈၈၆ ခုနှစ် နွေရာသီမှာ မဖုံးနဲ့ မောင်ဖိုးဆက်တို့ အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ မဖုံး အသက်က ၆၂ နှစ်လောက် ရှိနေပြီဖြစ်ပြီး မျက်စိလည်း
ကွယ်နေပါပြီ။ ဘာနမ်လည်း သူတို့ရှိရာ အင်္ဂလန်ကို လိုက်လာပါတယ်။ သူ့အကြံက
အမေရိကားမှာ စီစဉ်တင်ဆက်နေတဲ့ သူ့ရဲ့ ပွဲထဲမှာ မဖုံးတို့ သားအမိ
နှစ်ယောက်ကို
ပြသဖို့ပါပဲ။ ဒါပေမယ့် သူ့ထက်အရင် လာပြီး စည်းရုံးနေတဲ့ အခြားသော
ပွဲစီစဉ်နေသူတွေလည်း အဲဒီကို ကြိုရောက်နေတာကိုတွေ့ခဲ့ရတယ်။
နောက်ဆုံးမှာတော့
ဘာနမ်ဟာ အခြားသူတွေပေးတဲ့ဈေးထက် အများကြီးပိုပေးပြီး (ယခုခေတ် ဒေါ်လာ
၂.၃သန်းလောက်
ပေးရတယ်လို့ သိရပါတယ်) သူတို့မိသားစုကို ၁နှစ် စာချုပ်နဲ့ သူ့ဆီမှာ ပြသဖို့
သဘောတူညီချက် ရရှိခဲ့ပါတယ်။ မဖုံးနဲ့ သားဖြစ်သူ တို့ဟာ ၁၈၈ရ မှာ လန်ဒန်ကနေ
ပြင်သစ်နိုင်ငံက နာမည်ကျော် Folies Bergere ကိုလည်း ရောက်သွားခဲ့ပါသေးတယ်။
အဲဒီနောက်
သူတို့ဟာ ဘာနမ်နဲ့ သဘောတူညီချက်အရ အမေရိကန်က ဘာနမ်ရဲ့ ဆပ်ကပ်ပွဲတွေမှာ
လိုက်ပါ
ဖျော်ဖြေခဲ့ကြတယ်။

ပုံ(၅) မဖုံးတို့ကို အမေရိကားမှာ ပြစားခဲ့သည့် Phineas Taylor Barnum
(July
5, 1810 – April 7, 1891)

စာချုပ်သက်တမ်း မကုန်ဆုံးမီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ မဖုံးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ကွယ်လွန်ခဲ့တယ်။ ၁၈၅၅ ကပါတ်တိန် ဟနရီယူး(လ်) လာတုန်းက
သူမအသက်က ၃၁နှစ် ဆိုခဲ့တော့ ကွယ်လွန်ချိန်မှာ အသက်
၆၄နှစ်လို့ မှတ်ယူရပါတယ်။ သူ့ဈာပနကို ဝါရှင်တန်ဒီစီ သချင်္ုင်းမှာပဲ မြန်မာ
ထုံးတမ်းစဉ်လာ အတိုင်း သင်္ဂြန် ခဲ့တယ်လို့သိရပါတယ်။

မောင်ဖိုးဆက်

မဖုံး
ကွယ်လွန် သွားပေမယ့် မောင်ဖိုးဆက်ဟာ သူ့မိန်းမနဲ့အတူ ဆက်ပြီး ပွဲတွေ
ပြသခဲ့တယ်လို့ ယူဆရပါတယ်။ သူ့မိန်းမဟာ တချိန်က နန်းတွင်းအပျိုတော် တစ်ဦး
ဖြစ်ပါတယ်။ မောင်ဖိုးဆက်ဟာ တစ်ကိုယ်လုံး အမွှေးတွေဖုံးနေပေမယ့် ခါးကနေစပြီး

ဒူးအထိ မင်ကြောင်အပြည့် ထိုးထားတယ် နူးညံ့သိမ်မွေ့ပြီး ဉာဏ်ရည်လည်း မနိမ့်ကျသလို
ဆက်ဆံရေး ကောင်းမွန်တယ်လို့ J.J. Weir ဆိုသူကလည်း မှတ်တမ်း တင်ခဲ့တယ်။

မောင်ဖိုးဆက် အကြောင်း နောက်ဆုံး နောက်ဆုံး တွေ့ရတာက ၁၈၉၄ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ World’s Columbian Dental Congress, Volume 1
မှာပါ။ အဲဒီအထဲက ဆရာဝန်တစ်ယောက်ဟာ မောင်ဖိုးဆက်ကို ၁၈၉၁မှာ
တွေ့ဆုံခဲ့တယ်လို့
ဆိုပါတယ်။သူ့ရဲ့ သွားတွေကို စစ်ဆေးကြည့်ဖို့
ကြိုးစားပေမယ့် ပွဲစီစဉ်သူတွေက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူတို့ရဲ့ သတင်းတွေ ပျောက်ကွယ်သွားခဲ့တယ်။

ကွဲပြားချက်များ ထူးခြားချက်များ

ဂျွန်ကရောဖို့(ဒ်) နဲ့ ဟင်နရီယူး(လ်) ရဲ့ မှတ်တမ်းကို အထောက်အထားပြု
ရေးသားထားတဲ့
လူထုဒေါ်အမာရဲ့ ဈေးကောက် လူမျောက် ဆောင်းပါးနဲ့ မြကေတုရဲ့ ဆောင်းပါးတွေမှာ
ထူးခြားတာ မတွေ့ရပေမယ့် ဦးစိန်မောင်ဦးရဲ့ လူမျောက်မိသားစုနှင့်
သိပပံပညာအမြင်
ဆောင်းပါးမှာတော့ ထူးခြားတာ တွေ့ရပါတယ်။ ဦးစိန်မောင်ဦး ဆောင်းပါးမှာ
လောနိုင်ငံမှ
ရောက်လာတဲ့ လူမျောက်ကို ဦးရွှေမောင်လို့လက်ခံပါတယ်။ သူ့သမီး မယ်ဖုံးအထိ
ဟုတ်နေပေမယ့် မယ်ဖုံးကနေမွေးလာတဲ့ လူမျောက်ကလေးကိုလည်း ကိုရွှေမောင်လို့
နာမည်ပေးထား ပြန်ပါတယ်။ ပြီးတော့ မောင်ရွှေမောင်နောက်မှာ ရွှေမိနဲ့
ရွှေမြဆိုပြီး
သမီးနှစ်ယောက် ထပ်ရသေးတယ်လို့ ဆိုပါတယ်။ ရွှေမိဟာ မောင်ရွှေမောင်လိုပဲ
အမွှေးတွေနဲ့
ဖြစ်ပါသတဲ့။ ဒါကြောင့် မင်းတုန်းမင်းက သူတို့ မောင်နှမ နှစ်ယောက်ကို
မလွန်ဈေးရဲ့
ဈေးကောက်အဖြစ် စားစေတယ်လို့ ဆိုပါတယ်။ ဟင်နရီယူး(လ်)ရဲ့ မှတ်တမ်းအရဆိုရင်
သူနဲ့
တွေ့တဲ့အချိန်မှာ မဖုံးမှာ သားယောက်ျားလေး နှစ်ယောက် ရှိနေပါပြီ။
သားအကြီးဟာ ဘာမှ
မထူးခြားပေမယ့် သားအငယ်ကတော့ မဖုံးလိုပဲ ဖြစ်ပါတယ်။ အခြားသော မှတ်တမ်း
အစောင်စောင်မှာ မဖုံးသား မောင်ဖိုးဆက်(ဆယ်) လို့ တွေ့ရပေမယ့်
ဦးစိန်မောင်ဦးက
ကိုရွှေမောင်လို့ ရေးထားတာကတော့ ထူးဆန်းနေပါတယ်။ ဒဂုန်ခင်ခင်လေး
စာဆိုတော်ဝတ္ထုရေးသားရာမှာလည်း
အမှတ်မှားပြီး ကိုရွှေမောင်လို့ ရေးမိတယ် ထင်မိပါတယ်။ ဦးရွှေမောင်ဟာ
ဟင်နရီယူး(လ်)တို့ မလာခင် နှစ်များစွာကပဲ ဓားပြတွေ လက်ချက်နဲ့
ကွယ်လွန်ခဲ့ပြီးပါပြီ။
သူပြောတဲ့ သမီးနှစ်ယောက် ဆိုတာကလည်း ဟင်နရီယူး(လ်) မှတ်တမ်းနဲ့ဆို
မကိုက်ညီပြန်ပါဘူး။

မောင်သန်းဆွေ(ထားဝယ်)ရဲ့ လူမျောက်ရှင်းတမ်းကတော့ သူရိယ ရုပ်စုံသတင်းက
အကြောင်းအရာကို ပြန်ပြီး ဖော်ပြထားတာပါ။ သူ့ဇာတ်လမ်းက ပုံပြင်လို
ဖြစ်နေပေမယ့်
နာမည်တွေကတော့ အခြားသော မှတ်တမ်း အစောင်စောင်နဲ့ အတော်လေး ကိုက်ညီတာကို
တွေ့ရပါတယ်။ ဒါပေမယ့် သူ့ဆီမှာတော့ လူမျောက်အစဟာ ဦးရွှေမောင် မဟုတ်ဘဲ
ဦးဘိုးမောင်လို့
ဆိုပါတယ်။ ဦးဖိုးမောင်ရဲ့ ပထမ မိန်းမနာမည်က မမိန်းခလေး ဖြစ်ပါသတဲ့။
ဦးဘိုးမောင်
မျောက်ဖြစ်သွားတဲ့အခါ စကား မပြောတတ်တော့ဘူး ဆိုတာကတော့ ကရောဖို့ဒ်)ရဲ့
ကိုယ်တွေ့နဲ့လွဲပါတယ်။ မမိန်းခလေးဟာ ဦးဘိုးမောင် မျောက်ဖြစ်သွားပြီး
ပျောက်သွားတာကြောင့် သားနှစ်ယောက်ကို ခေါ်ပြီး ထွက်သွားလိုက်တာ ပြန်ရှာလို့
မရတော့ပါဘူးတဲ့။ ဒါနဲ့ ဘုရင်က ဦးဘိုးမောင်ကို ယူဝံ့တဲ့သူကို ဆုလာဘ်ထုတ်ပြီး
ရှာဖွေတဲ့အခါ မှန်နန်းအပျိုတော်ထဲက ငါးရွာစား မမကြီး ဆိုသူက လက်ခံတာကြောင့်
ပေးစားပါသတဲ့။ သူတို့ကနေ သားတစ်ယောက် သမီးတစ်ယောက် မွေးဖွားပါသတဲ့။
သမီးဖြစ်သူ
မပုံဟာ ဦးဘိုးမောင်လို အမွှေးတွေနဲ့လို့ ဆိုပါတယ်။ မပုံ အရွယ်ရောက်တော့
ဘုရင်က သူ့အဖေတုန်းကလိုပဲ
ဆုလာဘ်ထုတ်ပြီး မပုံကို ယူမယ့်သူကို ရှာစေတဲ့အခါ လူပျိုတော် မောင်မောင်လေး
ဆိုသူက လက်ခံလို့ မပုံနဲ့
ပေးစားပါတယ်။ မပုံကနေ ပထမသား ကိုကြယ်၊ ဒုတိယသား ကိုဆယ်၊ တတိယသမီး မယ်မိ
(သူရိယရုပ်စုံသတင်းမှာ
ပြထားတဲ့ ရုပ်ပုံမှာတော့ လူမျောက်မပုံနှင့် သမီးအထွေး လူမျောက်မလေး
မယ်အိတို့ပုံလို့ ပါပါတယ်၊ စာမှားရိုက်သလား မသိပါ) တို့ကို ဖွားမြင်ပါသတဲ့။
ကိုဆယ်နဲ့ မယ်မိတို့ဟာလည်း မပုံလိုပဲ အမွှေးတွေ ဖုံးလွှမ်းနေပါသတဲ့။
နောက်တော့
မယ်မိဟာ ဣနာဒါဒေဝ စောင်းဆရာကြီးရဲ့ညီ မောင်ဘိုးထူးနဲ့ သင့်မြတ်ပြီး
လူမျောက်မလေး
တစ်ယောက် မွေးဖွားပါသတဲ့။ ဒါပေမယ့် မီးတွင်းထဲမှာပဲ မယ်မိ ကွယ်လွန်တယ်
ဆိုပါတယ်။
မွေးလာတဲ့ လူမျောက်မလေးလည်း ၃လ အရွယ်မှာ ကွယ်လွန်ပါသတဲ့။ မပုံနဲ့
ကိုဆယ်တို့ကတော့ သီပေါမင်းလက်ထက် တိုင်အောင်
ဈေးကောက် ကောက်စား လာလိုက်တာ သီပေါမင်း ပါတော်ှမူတဲ့အထိ ဖြစ်တယ်လို့
ဖော်ပြထားပါတယ်။

Jan Bondeson ရေးတဲ့ The two-headed boy, and other medical marvels ဆိုတဲ့
စာအုပ်မှာတော့
ဘယ်စာအုပ်မှာမှ မပါသေးတဲ့ အရေးကြီးတဲ့အချက် တစ်ခုကို တွေ့ရပါတယ်။ သူတို့
ပြင်သစ်မှာ ရှိနေခိုက် ပြင်သစ်နိုင်ငံသား Anthropologist တစ်ယောက်ဖြစ်တဲ့
M.
Guyot-Daubes က သူတို့ရဲ့ တာဝန်ခံ Farini ကို လာတွေ့ပြီး အင်တာဗျူးတစ်ခု
လုပ်ခဲ့ပါတယ်။ အဲဒီမှာ မဖုံးရဲ့
ဖခင်ဖြစ်သူ ကိုရွှေမောင်ရဲ့ ဇာတ်လမ်းကို သိရပာတယ်။ တကယ်တော့
ကိုရွှေမောင်နဲ့
လက်ထပ်ခဲ့တဲ့ အမျိုးသမီးဟာ ဆွေကြီးမျိုးကြီးထဲက ဖြစ်ပါတယ်တဲ့။ မိဖုရားအပါး
ခစားရသူ
အဆင့်မြင့် နန်းတွင်းသူ တစ်ဦးလည်း ဖြစ်ပါသတဲ့။ ဘာသာရေးအဆုံးအမ တစ်ခုနဲ့
မကိုက်ညီတာကို ပြုမိတဲ့ အပြစ်ကြောင့် ဘုရင်က
တံကျင်လျှိုသတ်ဖို့ အမိန့်ချမှတ်ပြီးခါမှ
တလုတ်ကုန်းမှာ ကိုရွှေမောင်ကို လက်ထပ်မယ်ဆိုရင် အသက်ချမ်းသာပေးမယ်
ဆိုတာကြောင့်
လက်ထပ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ဖာရီနီက သူ့ရဲ့ ဇာတ်ကောင်တွေကို
ပိုပြီး
ထင်ရှားစေချင်လို့ ပိုပိုသာသာ ပြောတာလည်း
ဖြစ်နိုင်တယ်လို့ မှတ်ချက် တွေ့ ရပါတယ်။ ကိုရွှေမောင်ရဲ့ မိန်းမဟာ
ချောမောလှပတဲ့
မြန်မာအမျိုးသမီး တစ်ယောက် ဖြစ်တယ်လို့ ကရောဖို့(ဒ်)ရဲ့ မှတ်တမ်းမှာ
တွေ့ရပါတယ်။

မောင်ဖိုးဆက်ရဲ့ သမီးဖြစ်သူ မမိဟာ အသက် ၁၈ နှစ်အရွယ်မှာ
ကွယ်လွန်သွားတယ်လို့ ဘွန်ဒီဆန်ရဲ့
စာအုပ်ထဲမှာ ဆိုထားတယ်။ မမိ ဆိုတာကို မောင်ဖိုးဆက်ရဲ့ ညီမမဟုတ်ဘဲ
သမီးဖြစ်သူလို့
ဖော်ပြခဲ့တယ်။ ဒါပေမယ့် ၁၈၇၁ ခုနှစ်ထုတ် အိနိ္ဒယနေ့စဉ်သတင်းစာ မှာတော့ အသက်
၄၅နှစ်အရွယ် အမျိုးသမီးကြီး ။အသက်၂ဝ အရွယ် ယောက်ျား၊ ၁၁ နှစ် သမီးတစ်ယောက်
လို့
ပါရှိခဲ့တာမို့ မမယ်ဟာ မောင်ဖိုးဆက်အောက် ကိုးနှစ်ငယ်တဲ့ ညီမလို့
ယူဆရပါတယ်။
Buchanan’s Journal of Man, February 1887 Volume 1, Number 1 ထဲမှာလည်း
မောင်ဖိုးဆက်မှာ သားသမီး မရှိဘူးလို့ ဆိုထားတာမို့ မမိဟာ မောင်ဖိုးဆက်ရဲ့
ညီမ ဖြစ်ဖို့ များတယ်လို့
ထင်မိပါတယ်။ အောက်က ဓာတ်ပုံအရ ဆိုရင်လည်း အမျိုးသမီးငယ်ဟာ မောင်ဖိုးဆက်ရဲ့
သမီး
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ပုံ(၇) From Martin Monestier’s Human Oddities.

ဒီပုံဟာ Martin Monestier ရဲ့ Human Oddities ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ပုံပါ။ ဒီပုံမှာ မဖုံးထိုင်နေတဲ့ ထိုင်ခုံဟာ တခြားပုံတွေမှာ
ထိုင်နေတဲ့ ထိုင်ခုံနဲ့ မတူပါဘူး။ ပြီးတော့ ပုံထဲက သားဖြစ်သူ
မောင်ဖိုးဆက်ဟာလည်း
တော်တော်ငယ်သေးတာကို တွေ့ရပါတယ်။ တချို့ကျတော့ အလယ်မှာ ရပ်နေတဲ့ လူဟာ
မဖုံးရဲ့
ယောက်ျား မောင်ဖိုးဆက်ရဲ့ အဖေ ဖြစ်လိမ့်မယ်လို့ တွက်ဆကြပါတယ်။

ပုံ(၈) Maphoon, Moung-Phoset and Mah-Me. The original Goss photograph
from which the La Nature (1875) illustration was engraved

ပုံ(၈) ကတော့ ၁၈၇၅ မှာ ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ ၁၈၈၆ ဇွန်လထဲမှာ မမိ ဆုံးတယ်။
နိုင်ငံခြား သွားခါနီး
မြန်မာပြည်ထဲမှာပဲ ဆုံးတယ်လို့ သိရပါတယ်။ ဒီပုံဟာ မမိမကွယ်လွန်မီ
ရိုက်ကူးတဲ့ပုံ ဖြစ်တာမို့
အသက်ရှင်လျက်သား လူထူးဆန်း မိသားစု သုံးယောက်ကို တစ်စုတဝေးထဲ
တွေ့ရတာမို့ ထူးခြားတဲ့ပုံလို့
သတ်မှတ်ရပါမယ်။

ပုံ(၉) မဖုံးတို့ မိသားစု နိုင်ငံခြား မသွားမီပုံ

အထက်က ပုံ(၉) ဟာလည်း ထူးခြားပါတယ်။ ဒီပုံအလယ်မှာ ရပ်နေတဲ့ နိုင်ငံခြားသားကို မောင်သန်းဆွေ(ထားဝယ်)က ဂျွန်ကရောဖို့(ဒ်)နှင့် ကိုရွှေေမောင်
မယ်ဖုံတို့ မိသားစုလို့ နာမည် တပ်ထားပါတယ်။ ပုံ(၁၀)နဲ့
တိုက်ဆိုင်ကြည့်တဲ့အခါ
ရပ်နေတဲ့ နိုင်ငံခြားသားဟာ သူတို့ကို နိုင်ငံခြား ပို့ပေးခဲ့တဲ့
အီတလီအရာရှိ Captain
Paperno များ ဖြစ်မလားလို့ စဉ်းစားမိတယ်။ ဒါပေမယ့် ရုပ်သွင်က အီတလီထက်
အင်္ဂလိပ်လူမျိုးနဲ့ ပိုတူနေပါတယ်။ ဒါမှမဟုတ် သူတို့ ရဲ့ တာဝန်ခံအဖြစ်
ဆောင်ရွက်ခဲ့တဲ့ ကပတ်တိန် Farini များလားလို့ ထင်မိပါတယ်။ ဒီပုံမှာပါတဲ့
ယာဘက်
အစွန်ဆုံးက အမျိုးသမီးဟာ မောင်ဖိုးဆက်ရဲ့ မိန်းမ
နန်းတွင်းအပျိုတော်ဖြစ်ပါတယ်။
အောက်က ထိုင်နေတဲ့သူကတော့ မဖုံး မျက်စိမကောင်းတော့လို့ ဝတ်ကြီး ဝတ်ငယ်
ပြုစုုဖို့
ခေါ်ှထားတဲ့သူ ဖြစ်ပါတယ်။ ဂျွန်ကရောဖို့ (ဒ်)ဟာ May 11, 1868 မှာ
ကွယ်လွန်ခဲ့တာမို့
ကွယ်လွန်ချိန်မှာ မဖုံးအသက် ၄၆နှစ်၊ မောင်ဖိုးဆက်အသက် ၁၅နှစ်လောက်သာ
ရှိနေဦးမှာပါ။
၁၅နှစ်မှာ မောင်ဖိုးဆက် အိမ်ထောင် မကျလောက်သေးပါဘူး။

ပုံ (၁၀) မောင်ဖိုးဆက် မိန်းမ၊ မောင်ဖိုးဆက် ၊ မဖုံး၊ မဖုံး၏ အကူလူ
Charles
Eisenmann cabinet card, 1887 (Mitchell).

ပုံ(၉) က မြန်မာပြည်က မထွက်ခွာခင် ရိုက်ထားတာလို့ ယူဆချင်စရာ ဖြစ်ပြီး ပုံ(၁၀) ကတော့ နိုင်ငံခြားရောက်မှ ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့
နောက်ပုံဟာ ၁၈၈ရ ခုနှစ်မှာ ရိုက်ထားတာ ဖြစ်ပြီး အဲဒီပုံမှာ တွေ့ရတဲ့
သူတို့ရဲ့
အဝတ်အစား၊ လက်ဝတ်တန်ဆာ စတာတွေကို ပထမပုံမှာ မတွေ့ရလို့ပါပဲ။ နောက်ပြီး
မောင်မျိုးဆက်ရဲ့ မိန်းမရော၊ မဖုံးရဲ့ အကူကောင်မလေးရော ပုံ(၁ဝ)လောက်
မဝသေးတာကို
တွေ့ရပါတယ်။

လူထုဒေါ်အမာရဲ့ စာအုပ်ထဲမှာ လူမျောက် မောင်နှမကို မလွန်မင်းသားကြီးက
မလွန်ဈေးကြီးရဲ့ ဈေးးကောက် ခန့်အပ်တယ်လို့
ပါဝင်ပါတယ်။ မောင်သန်းဆွေ(ထားဝယ်)ရဲ့ လူမျောက်ရှင်းတမ်းမှာလည်း မဖုံးမှာ
ကိုကြယ်၊
ကိုဆယ်၊ မမိ ဆိုပြီး သားသမီး သုံးယောက် ရှိတယ်လို့ သူရိယရုပ်စုံမဂဇင်းက
ဆိုထားတဲ့အကြောင်း ပါတဲ့အတွက် အထက်က အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့
ဆက်စပ်ကြည့်
လိုက်မယ် ဆိုရင် မောင်ဖိုးဆက် ဒါမှမဟုတ် မောင်ဖိုးဆယ် နဲ့ မမိ ဟာ
မောင်နှမသာ
ဖြစ်ဖို့ သေချာသလောက် ဖြစ်နေပါပြီ။

၁၈၆၈ ခုနှစ်မှာ Captain Houghton ဆိုသူက မဖုံးတို့ မိသားစုရဲ့
ဓာတ်ပုံတွေကို
လန်ဒန်မှာ ပြသခဲ့တယ်။ အဲဒီအချိန်မှာ မဖုံးအသက် ၄၄နှစ်၊ သားအကြီးက ၁၈နှစ်၊
သားအငယ်က
၁၄နှစ် အသီးသီး ရှိနေကြပြီ ဖြစ်ပာတယ်။ ပြီးတော့ သူကနေ ဒောက်တာ
ဟာမန်ဘီဂယ်ကို
ပေးပို့ပြီး သိပံစာစောင်တွေမှာ
ဖော်ပြခဲ့ပါတယ်။ သူတို့ရဲ့ အခြား ဓာတ်ပုံ တောှတောှများများကို
ရိုက်ကူးခဲ့ကြသူတွေက
L.Allen.Goss၊ Le Double AF၊ Hossay စတဲ့သူတွေ ဖြစ်ပာတယ်။ သူတို့ရဲ့
ဓာတ်ပုံတွေဟာ
အခုချိန်ထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Musee de l’Homme ပြတိုက်၊ British
Museum
(Natural History)၊ Royal Anthropological Institute in London စတဲ့
နေရာတွေမှာ
ရှိနေပာသေးတယ်။

အမေရိကန် ဝါရှင်တန်ဒီစီ သချင်္ုင်းမှာ
မဖုံးကို သဂြလ်ခဲ့တာမို့ သူတို့ဆီက
မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးကြည့်နိုင်ရင် ကွင်းဆက် ပျောက်ကွယ်နေတဲ့
မောင်ဖိုးဆက်တို့ရဲ့ အကြောင်းတွေကိုလည်း သိကောင်း သိလာနိုင်စရာ ရှိပါတယ်။

Credit : http://blog.nyilynnseck.com

2 comments

Comments are closed.