မတ်မတ်မြန်မြန် မှန်မှန် မြဲမြဲ

တစ်နေ.ဆီက ကိုအောင်မောင်းနဲ.ကျွန်တော်ဆုံခဲ.ပါတယ်။
နှစ်ယောက်သားပျင်းတာနဲ. မန္တလေးကန်တော်ကြီးရဲ. အနောက်ဖက်က နေပြီး ရွှေကြက်ယက်နဲ.စစ်ကိုင်းတံတားသစ်
ဘက်ကိုဖောက်ထားတဲ. ကန်ပါတ်လမ်းဘက်ကိုရောက်ဖြစ်ခဲ.ကြပါတယ်။
သည်လမ်းကလေးက အနောက်ဘက်ကိုကြည်.လိုက်ရင် စစ်ကိုင်းတောင် တကြောလုံးက ဘုရားစေတီတွေကို မြင်ကွင်းကျယ်နဲ.မြင်နေရပြီး အနားသတ်ကတောင်တန်း အလယ်ကြားက မြစ်မင်းဧရာ အဆုံးမှာလယ်ကွင်းပြင်
အရှေ.ဘက်ကတော. သစ်ပင်ရိပ်တွေနဲ. သိပ်ကိုသာယာပါတယ်။
ကျွန်တော်တို.နှစ်ယောက်က လမ်းဘေးနားက လူရှင်းတဲ. အကြော်ဆိုင်လေးမှာထိုင်ဖြစ်ကြပါတယ်။
ကိုအောင်မောင်းမှာအရောင်းအဝယ်နဲ.ဆက်စပ်ပါတ်သက်နေတဲ.ဇာတ်လမ်းလေးတွေရှိတတ်ပါတယ်။
ဒီဇာတ်လမ်းလေးက သူပြောပြတာဆိုတော. သူပြောတာနားထောင်နေတယ်လို.ဘဲမှတ်လိုက်ပါနော်။

တစ်ရက်ကျွန်တော်နဲ.တိုင်ပင်စရာရှိလို.တွေ.ရအောင်ဆိုပြီးဖုန်းဆက်လာပါတယ်။
ကျွန်တော်ကလည်း မင်းအားတဲ.အချိန်ညပိုင်းအိမ်ကိုလာ.ဘို.ခေါ်လိုက်ပါတယ်။
သူရောက်လာတော. အိမ်မှာ မပြောချင်ဘူးဆိုတာနဲ. တက်သေးအင်းကန်တော်ကြီးဘေးက အုတ်ခုံလေးပေါ်မှာ
နှစ်ယောက်သားထိုင်ဖြစ်ပါတယ်။
သူက သူဘယ်လိုဖြေရှင်းရမယ်ဆိုတဲ.ပုစ္ဆာလေးကိုယူလာတာပါ။
ူတောင်ကြီးက သူ.ကုန်သည်ဆီမှာ သိန်းရာဂဏန်းလောက်မြုတ်နေပါသတဲ.။
ဆုံးတော.လဲ မဆုံးနိုင်တဲ. ခိုင်မာတဲ.ကုန်သည် နာမည်ကောင်းရှိတဲ.ကုန်သည်လဲဖြစ်ပါသတဲ.။
ခက်တာက မောင်နိုင်က သူများဖောက်သည်လုရောင်းထားတာ။
စရောင်းစက ငွေအကြောင်းမပြောဘဲ အကြွေးတွေများများပေးပြီး အရယူထားတာ။
ခက်တာတစ်ခုက ဝယ်ရင်သာ ကုန်သည်က တိုက်ရိုက်ဖုန်းနဲ.အော်ဒါတက်လိုက်တာ
ငွေပေးရင် မန်းလေးက သူ.ညီအိမ်မှာ ငွေလွှဲသဘောမျိုးနဲ.သွား သွားထုတ်နေရတာ။
စရောင်းစက တော. သူက တစ်ပါတ်ကို သိန်းသုံး လေးဆယ်ချပေးတာလောက်တယ်လေ.။
အခု သူကလဲ ရောင်းအားတက်လာတော. သူယူတဲ. ကုန်ဘိူးက တစ်ပါတ်ကို သိန်းရာဘရိတ်လောက်ကိုအသာလေးရောက်သွားပေမဲ.သူပြန်ချပေးတဲ.ငွေက
သိန်းသုံးလေးဆယ်ဘဲဖြစ်နေတော. ငွေကျပ်သွားတာပေါ.။
ဒါပေမဲ. စိတ်ခုသွားမှာကြောက်တော. မတောင်းရဲဘူး။
ဒါနဲ.ကျွန်တော.ဆီကိုပြေးလာတာပါ။
” မင်းသူကို တိုက်ရိုက်ကြီး အကြွေးသွားမတောင်းနဲ.။
ဖုန်းနဲ.လဲငွေကျပ်တာ ပြုတာသူ.ကိုလဲမပြောနဲ.။သူ.ညီကိုလည်းမပြောနဲ.။
မင်းကိုယ်တိုင်လက်ဆောင်ပစ္စည်းတွေနဲ. သူတို.မြို.ကို အကြောင်းတစ်ခုပြ ပြီး အလည်ရောက်လာသလိုသွား
ပြီးရင် မင်းလဲ နည်းနည်းပါးပါးချတတ်တာဘဲ စားသောက်ဆိုင်တစ်ဆိုင်မှာ စားရင်းသောက်ရင်း စကားစမြည်ပြောသလိုနဲ. မင်းအခက်အခဲလေးကို တင်ပြလိုက် ဒါဆိုပွဲသိမ်းဘဲ ”
လို.သင်ပေးလိုက်ပါတယ်။
နောက်နှစ်ပါတ်လောက်နေတော. သူ.ဆီက ဖုန်းဝင်လာပါတယ်။
အိမ်မှာ တောင်ကြီးပြန်လက်ဆောင်ဝင်ထားပေးခဲ.တယ်ဆိုတာရယ် အဆင်ပြေသွားတယ်အကြောင်းကောင်းသတင်းလေးကြားရပါတယ်။
သည်အကြောင်းပြီးလို.မှ သိပ်မကြာခင်မှာ ဖောက်သည်တွေဆီက မောင်နိုင်ငွေကြာတဲ.အကြောင်း
အကြွေးဆို မတောင်းမချင်းမပေးဘူး ဆိုတဲ.အသံလေးတွေ ဟိုက
ဒီက တစ်စွန်းတစ်စ ကြားလာရပါတယ်။
ကျနော်အတွေးထဲမှာ မောင်နိုင်အကြောင်းလေးက တဝဲလည်လည်ဖြစ်လာပါတယ်။
သူနဲ.ကျနော်စတွေ.တာ လွန်ခဲ.သော ဆယ်နှစ်လောက်ကပါ။
ကျွန်နော်ကလည်း ဈေးကိုနေ.တိုင်းဆင်းနေရတဲ. ရောင်း-တောင်း ဘဝပါ။
ရောင်းတောင်းဆိုတာ မနက်ကို ဈေးလိုက်ရောင်းတယ် ညနေ အကြွေးလိုက်တောင်းတယ်ကိုဆိုလိုတာပါ။
သူက အစက ကျောင်းပြီးကာစမှာ သူ.အဖေရဲ.မိတ်ဆွေဖွင်.ထားတဲ.အင်္ဂလိပ်ဆေးဆိုင်မှာအလုပ်လုပ်ပါတယ်။
သူ.ဆရာက မြန်မာ ဘယဆေးလုံးဝမရောင်းပါဘူး။
ဒီတော.အဲဒီဆိုင်ကိုလာတဲ.ဖောက်သည်တွေကမြန်မာဆေးလိုချင်ရင်သူ.ကိုယ်ဝယ်ခိုင်းပါတယ်။
နောက် ဝယ်တာများတော. မြန်မာဆေးဆိုင်ရှင်တွေနဲ.သူကရင်းနှီးလာတဲ.အခါ သူ.ကိုကော်မရှင်စားပေးပါတယ်။
သူ.ဆရာဖောက်သည်တွေကလဲ မြန်မာဆေးဆိုရင်သူ.ကိုဘဲ အလကား အဝယ်ခိုင်းတာကနေ ကော်မရှင်ပေးပြီး ခိုင်းတဲ.အဝယ်တော်သဘောမျိုးထိတိုးတက်လာပါတယ်။
သူ.ဆရာဆိုင်မှာ 3နှစ်လောက်ကြာတော. သူအိမ်ထောင်ကျပါတယ်။
သူ.အမျိုးသမီးက ဘဏ်ဝန်ထမ်းပါ။
သူအိမ်ထောင်ကျပြီးလို.မကြာခင် အားလုံးကတိုက်တွန်းတာရယ် သူကိုယ်တိုင်ကလဲ သူများအလုပ်က ရုန်းထွက်ချင်တာရယ် သူ.ဝယ်နေတဲ.ဆိုင်တွေကလဲ အကူအညီပေးမယ်ဆိုတာရယ်ကြောင်.မြန်မာဆေးဆိုင်လေးစ
ဖွင်.ဖြစ်သွားတာပေါ.။
အစကတော.ဆိုင်မှာသူတစ်ယောက်ထည်းပါ။ဖြစ်ချင်တော. သူ.အမျိုးသမီးကလဲ ဘဏ် က ဝန်ထမ်းလျှော.ချ အထဲမှာ အိမ်ထောင်သည်ဆိုပြီး အလျှောခံလိုက်ရပါတယ်။
ဒီတော. အလိုလို်ဆိုင်ပေါ်ကိုရောက်လာတော.တာပေါ.။
တိုတိုပြောရ ရင် ခဏလေးမြန်မြန်နဲ.စီးပွားတက်လာတယ်ပေါ.။
သည်တော. မိန်းမများထုံးစံ အတိုင်းစီးပွားတက်ပြီဆိုတာနဲ. လူသိအောင် ကြွယ်တော.တာပါဘဲ။
စီးပွားတက်ကြောင်းပြတဲ. ရွှေဝယ်မယ် စိန်ဝယ်မယ်ဆိုလဲ သူက “ဝယ်စေ”
မိန်းမ ကဆိုင်ကယ်ဝယ်ချင်တယ် ကားဝယ်ချင်တယ် ဆို “ဝယ်စေ”ပေါ.။
ဒီဟာလေး ဝယ်မယ် ဆိုလဲ လိုလိုမလိုလို “ဝယ်စေ”ဆိုတော.ဘေးက အမြင်မှာ မောင်နိုင်တို.လင်မယားခဏလေးနဲ.
စီးပါွးတက်တယ်လို. တိုးလာတဲ.အိမ်အသုံးအဆောင် တွေကိုကြည်.လို.မှတ်ချက်ချကြတာကို ကျေနပ်နေပါသတဲ.။
တကယ်တော.သူမှာတိုးပါွးလာတာတွေသည် အမြတ်အစွန်းကြောင်.တိုးလာသောငွေလား
သူများက ယုံကြည်လို.ပေးထားတဲ. တစ်ချိန်မှာ မဖြစ်မနေ ပြန်ပေးရမဲ. ကုန်ကြွေးငွေလားဆိုတာကို စဉ်းစားမိပုံမပေါ်ပါဘူး။
အသုံးများတော. ငွေတွေက ငွေသေတွေဖြစ်ကုန်ပါတယ်။
သူကိုအကြွေးများများသူများကပေးတော. သူကလဲဒီပြင်.လူတွေကို တစ်ဆင်.များများပြန်ပေး။
သူများဆီက ပြန်ရမှသူက လည်းသူများပေးစရာကိုပြန်ပေးနိုင်တော.တဲ.အနေအထားကိုရောက်မှန်းမသိရောက်လာ
တာကိုသူ သတိမထားလိုက် မသိလိုက်ပါဘူး။
ကျွန်တော်.တို.မြန်မာလုပ်ငန်းရှင်တွေရဲ.အားနည်းချက်က ငွေကြေးစီမံမူ.အားနည်းတာပါဘဲ။
နေ.စဉ်ဝင်လာသော ငွေသည် အားလုံးကိုယ်.ဟာမဟုတ်ဘူးဆိုတာကိုမေ.ထားတတ်ကြသလို
သူများပေးစရာကို မြန်မြန်ပေးနိုင်အောင်ဖယ်ထားမယ် အမှတ်တကယ်မြတ်တာကိုမှ သုံးသင်.တာသုံးလို.
အရင်းအနှီးကြီးသထက်ကြီးအောင်ပိုငွေကို အရင်းထဲပြန်ထည်.မယ်ဆိုတာ အိမ်မက်ထဲတောင်မပါသလောက်ပါ။
ဝယ်ပြမယ် သုံးပြမယ် ဝတ်ပြမယ် စိတ်ရင်းအမှန်ပါလားမပါလားတော.မသိဘူး လှူပြမယ်ဆိုတဲ.စိတ်တွေကိုသာလက်ကိုင်ထားတတ်ကြပါတယ်။
အလွန်အကျွံလုပ်တယ်ဆိုတဲ.တဲ.လူမျိုးပါ။
ဒီတော. အကျပ်ရို်က်ကုန်ကျ အဆင်မသင်.ရင်စီးပွားပျက်ကြဖြစ်ကုန်တာပေါ.ဗျာ။
လို.ပြောအပြီးမှာ မောသွားတယ်နဲ.တူပါတယ်ရေနွေးကြမ်းကို သောက်နေပါတယ်။
ကျွန်တော်က ” ‘ဒါဆို မောင်နိုင်တို.ဘယ်လိုဖြစ်သွားလဲ “လို.မေးတော.
“စီးပွားပျက်တဲ.ထိတော.ဆိုးမသွားပါဘူး ဒါပေမဲ. များများငွေချမပေးနိုင်ရင် များများ အကြွေးယူလို.မရဘူး
များများ မရ ရင် များများမရောင်းနိုင်တော. များများမမြတ်ဘူးပေါ.ကွာ “လို.ပြောပါတယ်။
ကျနော်ခေါင်းထဲ ဖြတ်ကနဲဝင်လာတာကတော. ငယ်သူငယ်ချင်းလေး ခိုင်စိုးပါ။
ကျနော်တို.ကလေးဘဝက တစ်ယောက်နဲ.တစ်ယောက် အရပ်အမြင်.ပြိုင်ကြရင် ဒီကောင်က သူများထက်ပိုမြင်.အောင်
ခြေဖျားထောက်ရပ်လေ.ရှိပါတယ်။
ဒီတော.ခြေစုံရပ်တဲ.ကောင်လောက်ဘယ်ကြာကြာရပ်နိုင်ပါ.မလဲ။
ဒီလိုပါဘဲ ကိူယ်အရင်းအနှီးနည်းနည်း သူများငွေများများနဲ.အလုပ်လုပ်တဲ.သူကလည်း
ခိုင်စိုးလို လူစားမျိုးနဲ.မထူးပါဘူး။
ကိုယ်ငွေကို မတိုးပွားခင် အရင် ကုန်အောင်သူံးမယ်ဆိုတဲ.စိတ်ကလေးကိုသာ မဖျောက်နိုင်ရင်တော.
့မြန်မြန် မတ်မတ်ရပ် နို်င်အောင် လုပ်နိုင်တယ်ဆိုပေမဲ။ မှန်မှန် မြဲမြဲ နေနိုင်အောင်လည်း တည်တံ.
နိုင်အောင် ကြိုးစားသင်.တယ်လို.မြင်ပါတယ်ဗျာ။
ဒါက ကျနော်.အမြင်ပါ မိ်တ်ဆွေတို.ကရော ……………………………………..