စာတကယ် တတ်ပြီလား ….ဖတ်မိသမျှဝေမျှလိုက်ပါတယ်…

zaylayJune 14, 20101min370

ဘယ်သူပြိုင်၍လှပါတော့နိုင် ဇာတ်ကားမှာ
ဦးအံ့ကျော်အကယ်ဒမီရတယ် ။
စာတတ်မြောက်ရေး လှုပ်ရှားမှုရဲ့ရောင်ပြန်
လူ့စိတ်အညွန့်အဖူ့းတို့ကိုသိမ်းကျုံးယူငင်နိုင်ခဲ့တယ် ။

မြန်မာနိုင်ငံမှာ
ကခဂဃင သက်ကြီးစာတတ်မြောက်ရေးလှုပ်ရှား မှုလို့လည်း
အမှတ်သိညာပြုခဲ့ကြတယ် ။
နားဝင်ပီယံအရှိဆုံးကတော့
အားလုံးအတွက်စာတတ်မြောက်ရေး Literacy for all ဆိုတဲ့ကြွေးကြော်သံ
အခြေခံအရေးအဖတ်အတွက်အချက်ပညာရဲ့အရေးပါပုံပေါ့ ။

နောင်မျိုးဆက်နှစ်ခုကျော်လွန်တဲ ့အခါသမယ
ဒီမြင်ကွင်းဟာအတိတ်ပုံပြင်ပမာပြောင်းလဲသွားရတယ် ။
ထောင်စုနှစ်ဖွားများအတွက်ကြွေးကြော်သံအသစ်ကတော့
ဂလိုဘယ်စာတတ်မြောက်ရေး Global literacy ဟူသတတ် ။

မိတ်ဆွေဟာ
အင်တာနက် ၊ အင်္ဂံလိပ်စာနဲ့နည်းပညာကို
ဘယ်လောက်ယဉ်ပါးသလဲလို့ဆိုလိုပါသတဲ့ ။
ထိုသုံးခုချက်မပိုင်လျှင်နောင်ပြင်ရန်
ခက်တဲ့အမျိုးလို့တောင်ဆိုကြလေရဲ့ ။

ကောင်းပါပြီ ။
အဘိုးအဖွားခေတ်မှာအခြေခံပညာဆိုင်ရာပြဿနာတစ်ချို့ရှိခဲ့တယ်။
အဖေအမေများလက်ထက်မှာတော့
အင်တာနက် ၊ နည်းပညာတစ်ချို့နဲ့အတန်ငယ်ဝေးကွာပုံတွေ့ရတယ်
ခေတ်ကာလသားသမီးများကျပြန်တော့
i pod ၊ blog ၊ chatting တွေနဲ့အသားကျနေပြန်ပါရော..
ဒါကိုမျိုးဆက်ကွာဟမှု Generation gap လို့ပြောမလား။

ဟနေတဲ့သဘောဟာ
အသိညဏ်အတွေ့အကြုံဘဝဖြတ်သန်းမှု မတူခြားနားခြင်းလို့ဆိုမလား
ဒီလိုဆိုတက်လူတွေနဲ့ခေတ်ပြိုင်
မတိမ်းမယိမ်းဖြတ်သန်းနေကြတဲ့အစ်ကိုအစ်မတွေနဲ့ဆိုလျှင်ရော
မျိုးဆက်ဟနေတယ်လို့ပြောနိုင်မလား။
Young Boss နဲ့ Older worker ရဲ့ဆက်ဆံရေးဟာဘယ်လိုပုံစံရှိနိုင်မလဲ။
တစ်ခါတစ်ရံမှာ
Gap မဟုတ်တဲ့ Lap ကိစ္စရှိတယ်လို့ဆိုပါသတဲ့ ။

ငယ်လူတွေရဲ့အားသာချက်ကတော့
နည်းပညာဆိုင်ရာတိမ်းညွတ်မှုမှာ ပိုပြီးအားသန်တတ်ကြပါသတဲ့
ဒီတော့ငါအံတိုနေပြီဆိုတဲ့ကြီးလူတွေနဲ့
ပြဿနာတစ်ချို့ရှိလာနိုင်တာပေါ့။
ဒါဟာမျိုးဆက်အလွာထပ်ခြင်း Generation Lap သဘောပါပဲ ။

Lap ကိစ္စမှာ
transliteracy ဆိုပြီးအဖြေရှာကြပါတော့တယ်။
မျိုးဆက်ဟမှုမှာတင်ပြဿနာရှိတာမဟုတ်ဘူး။
မတိမ်းမယိမ်းမျိုးဆက်အလွာထပ်မှု မှာလည်းကိစ္စတွေရှိနေနိုင်တယ်ပေါ့ ။

အစဉ်အလာစာအုပ်စာတမ်းမျှမက
အွန်လိုင်း ၊ အီလက်ထရောနစ်စတဲ့မီဒီယာမျိုးစုံ Multiple Media
သုံးစွဲပြီးရေးသားနိုင်စွမ်း ၊ ဖတ်ရှူနိုင်စွမ်း ၊ နားလည်နိုင်စွမ်းနဲ့
အပြန်အလှန် တုံ့လှယ်ဆက်ဆံနိုင်စွမ်း
Interactive ဘယ်လောက်ရှိသလဲအပေါ်မှာဆန်းစစ်လာကြပါတယ် ။
Platforms ဘယ်လောက်ကျယ်ကျယ်ဖွင့်ထားနိုင်သလဲဆိုတာကို
တိုင်းတာလာကြပါတယ် ။
ရွယ်တူချင်းတုံ့လှယ်ဆက်ဆံရေး Peer to Peer ဟာ
transliteracy ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။

တွံတေးသိန်းတန်ကိုအလွန်ကြိုက်တဲ့သူငယ်ချင်းတစ်ယောက်ဟာ
ဟစ်ဟော့နဲ့ပန့်သီချင်းတွေကိုဘယ်လိုမှခံစားလို့မရဘူး။
သူ့သမိုင်းကြောင်းအစဉ်အလာတွေနဲ့ဖြစ်တည်နေတဲ့ကိစ္စတွေကို
မျက်နှာလွဲခဲပစ်အပုတ်ချတတ်တယ်။
နားလည်မပေးနိုင်ဘူး။
သက်တူရွယ်တူဖြစ်လို့မျိုးဆက်ကွာဟတယ်လို့မဆိုသာဘူး။
transliteracy မယဉ်ပါးမှုကြောင့်ဖြစ်ပါတယ် ။

ဒီလိုပါပဲ
ဟစ်ဟော့ကြိုက်တဲ့လူငယ်ဟာလည်း
နတ်သျှင်နောင်သီချင်းမျိုးကို
နားလည်ခံစားပေးနိုင်စွမ်းရှိသင့်တယ်။
ပိတ်ဆို့မနေတဲ့ အပြန်အလှန်စီးဆင်းမှုမျိုးပေါ့။
အခုအခံလျော့ပါးတဲ့လမ်းဖွင့်မှုမျိုးပေါ့။
Gap နဲ့ Lapကိုနားလည်ဖို့ဆိုရင်Transliteracyဟာ
မရှိမဖြစ်လိုအပ်ပါလိမ့်မယ် ။
အညာ လေသံနဲ့ပြောရရင်တော့
ယနေ့ခေတ ်ငါတော့စာတတ်သွားပြီးလို့ကြွေးကြော်သူဟာ
transliteracy ရှိတယ်လို့ဆိုရမှာပ ။ ။

မင်းစစ်အိမ်