ရယ်ရယုံ(၅)

etoneJuly 7, 20101min530

၁။သူနဲ့တွေ့တဲ့အခါတိုင်း အီး ဒလစပ် ပေါက်ပေးပါ

၂။'”ကိုယ့်မှာအကြွေးတွေဝိုင်းနေပြီအချစ်ရေ…ဖဲကြွေးကသိန်း၂၀,ကိုတုတ်ကြီးအရက်ဆိုင်မှာကသိန်း၂၀(များတယ်မထင်ပါနဲ့

သောက်တာကလည်းBlackတို့Highတို့ကိုးဗျ),လမ်းထိပ်ကကွမ်းယာဆိုင်မှာကဆေးလိပ်နဲ့ကွမ်းကြွေးခြောက်ထောင်(ဒါတောင်

ဆိုင်ဒေဝါလီခံသွားလို့ဒီလောက်ပဲယူလိုက်ရတာ),လူသတ်ဖူးတဲ့ဝက်သားသည်ဒေါ်ကုလားမဆီမှာအသားကြွေးငါးထောင ်

ပေးစရာရှိအချစ်ရယ် ‘” လို့ ညှည်းပြပါ။

၃။တစ်ဆိုင်ဆိုင်မှာစားသောက်ပြီးလို့ ပိုက်ဆံရှင်းခါနီးတိုင်း

အတိတ်မေ့သလိုလိုရျွှေပျောက်သလိုလိုရုးချင်ယောင်ဆောင်ပြီး ဟိုရှာဒီရှာ ဟိုနှိုက်ဒီနှိုက်လုပ်ပေးပါ။

၄။အိမ်သာတက်ပြီးတိုင်းလက်မဆေးကြောင်း,ရေ

ချိုးတိုင်းဂျီးမတွန်းကြောင်း,အိမ်မှာနေရင်ဘာအဝတ်အစားမှမဝတ်ပဲတုန်းလုံးနေကြောင်း အသိပေးပါ။

၅။သူနဲ့ညားပြီးရင်အလုပ်လုပ်ဖို့သူ့အလုပ်ကိုယ့်ကြိုစဉ်းစားထားရမှာဖြစ်ကြောင်း,ကိုယ့်အလုပ်ကတော့အီရတ်မှာ

ကျည်ဆံအခွံသွားကောက်ပြီးပြန်ရောင်းတဲ့အလုပ်ဖြစ် ကြောင်း,သူ့ကိုတော့တရုတ်နဲ့ကုလား

ကြားနယ်စပ်မှာနွားနို့နဲ့ဝက်သားသုတ်ရောင်းတဲ့ဆိုင်ဖွင့်စေချင်တဲ့အကြောင်းအကြံပေးပါ။(တရုတ်နဲ့ကုလား

ဝိုင်းချရင်ပြေးဖို့ဘီးမပါတဲ့ကားတစ်စီးလောက်တော့ရှာပေးလိုက်ပါ)

၆။အစားစားရင်ပါးစပ်နဲ့မစားဖို့,အသက်ရှုရင်နှာခေါင်းနဲ့မရှုဖို့,အီးအီးပါရင်ဖင်နဲ့မပါဖို့ချစ်သတိပေးပါ။

ဒါမှမပြတ်ရင်လည်းမပူုပါနဲ့ရှယ်နည်းရှိပါသေးတယ်။

အဲဒါကတော့ ကြက်ဥနှစ်လုံးကိုကြိုးနဲ့ချည်ပြီးနားနှစ်ဖက်မှာဆွဲ,

ဒယ်အိုးတစ်လုံးကိုခေါင်းပေါ်တင်,ပါးစပ်ကlinkingparkရဲ့အောင်ခြင်းရှစ်ပါးသီချင်းကိုဆို,

ကလေးတွန်းလှည်းစီးပြီးသာသူ့ဆီသွားလိုက်ပါ ကျိန်းသေပြတ်စေရပါလိမ့်မယ်။(အရုုးလို့ထင်သွားမယ်လေ)

(မယုံရင်လုပ် ကြည့်ပါ) …. စတာပါ တကယ်မလုပ်ပါနဲ့ ။