ဖေဖော်ဝါရီ ၁၃ ရက်နေ့“ ၉ရ ” နှစ်မြောက်ဗိုလ်ချုပ် မွေးနေ့

မြသဲ ( 17082011 )February 9, 2012468min802

ဖခင် ဦးဖါ..မိခင်ဒေါ်စု
မီးရှုးသန့်စင် ဖွားမြင်ခဲ့ပေါ့
   ဒီဇမ္ဗူမှာ  ရှာမှရှား
   အောင်ဆန်းဇာနည် ပြည်ချစ်သား
   တိုင်းသူပြည်သား  ဗိုလ်လူအများ
   ရဟန်းရှင်လူ ပြည်သူအပေါင်း
   အေးချမ်းသာယာ လွတ်လပ်ရေးကို ရရှိဖို့ရာ
   သားကောင်း ရတနာ  မွေးဖွားခဲ့တာ
   ဖေဖော်ဝါရီ ၁၃မှာ  ဗိုလ်ချုပ်မွေးနေ့ပါ
   ပြည်သူ့ရင်ထဲ ယနေ့ထိရှိတယ်
   ကဝိ်စာပေတတ်ကျွမ်းဘိ
ဘိုးဘွားပုံပြင် သူရဲကောင်းအတိ
   ဘယ်သူဖျောက်ဖျက် မပျောက်ပျက်နိုင်တယ်
   သမိုင်းမှတ်တမ်း မော်ကွန်းအရှိ
   လူတိုင်းရင်ထဲ စွဲမြဲတွယ်ငြိ
   သူလိုလူမျိုး နောက်တစ်ယောက်မရှိ………
   ဒီဇမ္ဗူမှာ နောက်ထပ်မရှိ….
   ပြည်သူ့ရင်ထဲ အောင်ဆန်းဇာနည် ယနေ့ထိရှိ………..
   ဖေဖော်ဝါရီ ၁၃ ရက် ပုံဖော်ဆောင်ညွန်း
   နှလုံးသွေးသား မျိုးဆက်သစ်တွေ
   ရင်ထဲမမေ့ သတိတရ လွမ်းဆွေးကျန်ရှိ
   သေသည့်သူကို လွမ်းရသလား
   မေ့ဖျောက်ချင်သူ မသိတဲ့သူ မတတ်သူကို
   ကဝိပညာတတ်သည့်သူမှ
ဖေဖော်ဝါရီ ၁၃ ရက်
   အောင်ဆန်းဇာနည်
   မွေးသည့်ရက်ကို  မမေ့ဖျောက်နိုင်
   စာပေအသိ ရင်ထဲရှိအောင်
   ဘက်ပေါင်းစုံက စွမ်းနိုင်သရွေ့ တတ်သရွေ့ကို
ကမ္ဘာအရပ်ရပ် ပြည်ချစ်သားတွေ
   ပြည်ချစ်သမီးတွေ တွေ့စုံပေါင်းစည်း ချစ်ခင်ခြင်းအတိ
   ကဝိစာပေ မြတ်နိုးသည့်သူ စုဝေးစေရာ တစ်နေရာ
   နိုင်ငံသားကောင်း ဗဟုပညာ တိုးပွားစေရာ
   တိုင်းသူပြည်သား  ဗိုလ်လူအများ
     ရဟန်း  ရှင်လူ ပြည်သူအပေါင်း
     အေးချမ်းသာယာ အမှတ်တရရှိစေ့ချင်တာ
““ဖေဖော်ဝါရီ    ၁၃ ရက်နေ့´´´´
“ ၉ရ ” နှစ်မြောက် ဗိုလ်ချုပ် မွေးနေ့
““ဖေဖော်ဝါရီမှတ်တမ်း´´´´

ဖူးစာရှင်လေးဆိုဒ်မှကူးယူဖေါ်ပြပါသည်။

2 comments

  • kyeemite

    February 9, 2012 at 1:23 pm

    ဗိုလ်ချုပ်အကြောင်းဖတ်ရတိုင်း ဖတ်မဝဖြစ်ရတယ်ဗျာ….ဒါကြောင့် ဒီပို့စ်မှာလိုက်ပီး အားဖြည့်ပေးလိုက်အုံးမယ်..မဖတ်ရသေးသူတွေလဲဖတ်ရအောင်…

    တစ်
    ဘာမှမထူးဆန်းတဲ့ နာမည်တစ်ခုပါပဲ
    အောင်ဆန်း … တဲ့
    မင်းမိဘကသာ အဲဒီလိုပေးခဲ့ရင်
    မင်းနာမည်လည်း အောင်ဆန်းပဲပေါ့။
    ဒါပေမယ့် … မနှိုင်းနဲ့
    သူ့သမိုင်းလောက် မင်း .. မခမ်းနားဘူး
    သူ့လောက် မင်း … မပေးနိုင်ဘူး
    သူ့လို မင်း … အနစ်နာမခံနိုင်ဘူး
    သူ့လောက် မင်း … မရဲရင့်ဘူး
    သူ့လောက ်မင်း …. မနူးညံ့ဘူး
    သူ့လောက် မင်း …. မချစ်တတ်ဘူး
    သူ့လောက် မင်း … မပြတ်သားဘူး
    သူ့လောက်မင်း မရှင်သန်နိုင်ဘူး
    (၉ရ နှစ်ရှိခဲ့ပြီ … အခုထိမသေဘူး.. ဘယ်တော့မှလည်း သေမှာမဟုတ်တော့)
    သူ့သမိုင်းမှာ
    ဖျက်ရာ မရှိဘူး
    ပြင်စရာ မလိုဘူး
    သူက အပေးသမား
    ဘာမှ ယူမသွားခဲ့
    ဒါကြောင့် သူဘာမှမမှားခဲ့ ..
    နောက်ဆုံး ….
    သူပျိုးခဲ့တဲ့ အပင်ကိုတောင်
    သူမမြင်လိုက်ရဘူး။
    ကဲ .. သူငယ်ချင်း
    မင်းလည်း အောင်ဆန်းဆိုတဲ့ အမည်တစ်လုံး
    ပေးခွင့်ရှိတယ်
    ဒါပေမယ့် ..
    စာလုံးပေါင်းကလွဲလို့
    ဘာမှတူမယ် မထင်နဲ့။
    ကိုကြည်နိုင်(ကျုံတိုင်းရွာ)

    • Thel Nu Aye

      February 9, 2012 at 2:01 pm

      ကျေးဇူးပါရှင်။ အရမ်းကောင်းတဲ့ကဗျာလေးပါပဲ။ မှတ်သားလိုက်ပါတယ်။

Leave a Reply