လွန်းပိုးအိမ်ဆိုသည့် ထိုအမည်နာမလေး ကိုကျမလွန်စွာပင်စိတ်ဝင်စားခဲ့ဘူးပါသည်။
ထိုအမည်နာမလေး အားကြားသိရဘူးသည့် အချိန်အခါမှစ၍ နာမည်၏အဓိပါယ်လေးအား ကျမနားလည်ခံစား သည့်အသိတစ်ခုက ချက်ခြင်းဆိုသလို ၀င်ရောက်လာခါ သဘောပေါက်ခဲ့မိပါသည်။ ကျမသဘောပေါက်နားလည်မိသည်မှာ….
လွန်း(လွန်းအိမ်) ဆိုသည်က အပ်ချုပ်စက် တစ်ခုတွင် အပ်ချုပ်ယက်လုပ်ရာတွင် လွန်စွာအသုံးဝင်လွန်းလှသည့် တန်ဘိုးရှိပစ္စည်းလေးတခုဖြစ်နေပါသည်။ လွန်းဟုလည်း သူ့ ချည်းသပ်သပ်ခေါ်ဆို၍လည်းရနိုင်ပါသည်။ ပိုးဆိုသည်မှာနှူးညံ့သေးငယ်သည့် အကောင်ငယ်လေးသာ ဖြစ်ပြီး သူ့ထဲမှပိုးချည်ထုတ်ယူ၍ ရကာလွန်းအိမ်လေးထဲတွင် ထည့်သုံး၍ရသည့် တန်ဘိုးရှိသည့်ချည်မျှင် အဖြစ်လည်း အသုံးပြု၍ရပါသည် ။
အိမ်..ကတော့ အသိုက်အမြုံဖြင့်နေထိုင်၍ရသည့် နေရာတစ်ခု(အညွန်းတစ်ခု) ကိုခေါ်ဆိုခြင်းဖြစ်သည်။ထိုကြောင့်သာ..ထိုအမည်နာမလေးအား ကလေးဘ၀ကတည်းက စိတ်ဝင်စားခဲ့မိရခါ လွန်းပိုးအိမ်၏အမည်မာမ ဘ၀ဇတ်ကြောင်းလေးအား သိချင်စပ်စုချင် မေးချင်နေမိပါသော်လည်း.. ကလေးပီပီမမေးရဲဘဲကာလ တစ်ခုအနေဖြင့်ရင်ထဲတွင် ကြာရှည်စွာမျိုသိပ် ထိန်းသိမ်းလာခဲ့ရပါသည်။
သြော်…မမျှော်လင့်ပါဘဲ အချိန်တန်လာသည့်အခါမှာတော့ ရှောင်လွှဲ၍မရပါ ။ မမျှော်လင့်ထားသည့်နေ့ရက်တို့က ရောက်ရှိလာကာရင်းနှီးစွာ သိကျွမ်းခဲ့ရပါတော့သည်၊ မေးချင်နေသည့်စကားများက ရင်ထဲမျိုသိပ်ထားခဲ့ ရသဖြင့်သူမအား ပြန်တွေ့ ဆုံရသည့်အခိုက်မှာတော့ မအောင့်အီးနိုင်တော့ပဲ ချက်ခြင်းဆိုသလိုပင် တွေ့ တွေ့ ခြင်းပင်မေးမိပါတော့သည်။
မပိုးဟုတလုံးတည်း ခေါ်ဆို၍့ (နာမည်အပြည့်အစုံ)ထဲ့မခေါ်တော့ဘဲ သူ့အိမ်သားတွေ ခေါ်ဆိုသလိုပင်ခေါ် လိုက်မိရက်သားဖြစ်သွားခဲ့ပါသည်။ မပိုးကကျမအားချက်ခြင်း ဆိုသလိုမှတ်မိသွားခဲ့ပြီး အိမ်နောက်မှအရှေ့သို့ထွက်လာပီး ကျမအားပြန်လည်နှုတ်ဆက်ခဲ့ပါတော့သည်။ ကျမက မပိုးအား…မပိုးနာမည်အပြည့်စုံက(လွန်းပိုးအိမ်)ဆိုတော့ ကျမငယ်ငယ်ထဲကအစ်မရဲ့  အမည်လေးကို အရမ်းစိတ်ဝင်စားမိရပါတယ်ဟု ပြောပြမိပါသည်။
မပိုးကမျက်ရည် တစ်ချက်ဝဲလာပီး ၀မ်းနည်းပြီး စိတ်မကောင်းဖြစ်ရခါ ဒီအကြောင်းတွေကိုယ်တိုင် ရှင်းပြရမည်ဆိုပါလျှင် သူပြောပြချင်ပါသည် လည်ချောင်းဝမှပင် အပြင်ထုတ်ဖော်ပြောပြ၍ပင် ထွက်လာပါ့မလား ပြောပြရလျှင်လည်း ရှည်ဝေးပါသည် သူနေထိုင်သည့်အိမ်က မိသားစုတို့သိရှိပါက မကောင်းပါ သူ့ ဘ၀ဇတ်ကြောင်းအားလုံးအား ကျမသူငယ်ချင်းမှ အားလုံးသိပါသည်။ အမကိုယ်စိတ်ဝင်စားတာ ကျေးဇူးလည်းတင် ခင်လည်းခင်ပါသည်။ ညီမတို့မိသားစုက ထမင်းတနပ်ဖိတ်ခေါ်ကါကျွေးဘူးသဖြင့် ကျေးဇူးလည်းရှိဘူးပါသည်။ သူငယ်ချင်းအား အမ၏ဘ၀ဇတ်ကြောင်းကိုသိချင်ပါက သိရှိနိုင်ရန်ပြောပြခိုင်းပါမည် ။ သူငယ်ချင်းအားလည်း ကျမနှင့်အတူအပြင်ပြန်ထွက်သည့် အချိန်တွင်ပြောပြရန်အမ မှာထားပြောဆိုမည်ဟု ပြောပြနေတုံးခါပင်ရှိသေးသည်။ စကားပင်ဖြောင့်ဖြောင့် ဧည့်ခံခါမပြောလိုက်ရပါ မပိုးအား၎င်း၏ မွေးစားအမေကခေါ်သဖြင့်ချက်ခြင်းပင် သွားလိုက်ရပါသည် ။ မပိုး၏မွေးစားအမေက အိမ်ရှေ့ တွင်ဘယ်သူရောက်နေတာလဲ ဘယ်သူနဲ့ဧည့်ခံ စကားပြောနေတာလဲဟု မပီမသ စကားလုံးမကွဲ လျှာလိပ်သံဖြင့် ပြောဆိုနေသည်ကိုကျမမှ မသဲမကွဲကြားလိုက်ရပါသည်။ သူငယ်ချင်းအားလည်း နင့်ဖွားလေးကဘာရောဂါဖြစ်နေတာလဲ ဟုကျမမှမေးမိပါသည် ။
သူငယ်ချင်းက ငါ့ဖွားလေးက လေဖြတ်ထားတာ လေးဘက်နာရောဂါဖြစ် ပြီးအိမ်ရာထဲလဲနေတာ (၇)နှစ်ရှိပြီး၊မပိုးပါ လူနာကိုပြုစုပြီး ကျန်းမာရေးမကောင်းဖြစ်သွားရတာမို့ ငါ့ကိုဖွားလေးကမွေးစားဖို့ ခေါ်လိုက်ရတာဟုပြောပြပါသည်။ နင်ဝင်သွားပြီးတွေ့ ချင်တွေ့ လိုက်လေဟု၊သူငယ်ချင်းကပြောပါသည်။ ငါ့ကိုမှတ်မိပါ့မလား၊မှတ်မိရင်တောင် ငါ့ကိုမြင်ကသူစိတ်မကောင်း ဖြစ်မှာ၊ငါ(၁၂)သ္မီးတုံးကငါ့အဖေက သူ့မိတ်ဆွေဆီမှာတည်းမယ်ဆိုပြီး ငါ့ကိုနင်တို့ဖွားလေးအိမ်ကိုခေါ်လာဘူးတယ် အိမ်ထဲတောင်မ၀င်ရသေးဘူး စကားပြောအပေါက်အလမ်းမတည့်လို့ ငါ့ကိုချက်ခြင်းလက်ဆွဲပြီး တစ်ခြားကိုခေါ်ထုတ်သွားပြီး သူ့ အသိဆီမှာသွားတည်းခဲ့တယ်။
အဲဒီတုံးက မပိုးကမရှိဘူး တောခဏပြန်သွားတာ ငါသိလိုက်ရတယ် ဧည့်သည်ကိုဧည့်ခံဘို့အတွက် သူ့သားကိုလည်းအားကိုးမရ၊ငါတို့ကလာတော့ သူကိုယ်တိုင်ထပြီးရေနွေးယူတာက အစထလုပ်တာမြင်လို့ အဖေက အိမ်အကူမတွေ့ လို့မေးတော့မှမပိုး မရှိမှန်းသိလိုက်ရတာ။အဲဒီထဲကငါလည်းမပိုးကိုတွေ့ ရမလားတွေးပီးပျော်မိသေးတယ်၊မပျော်ရတဲ့ အပြင်နင်တို့ဖွားလေးနဲ့ငါ့အဖေက စကားပြောနေရင်းကအပေါက်အလမ်းတွေကမတည့်တော့ဘဲ ထပြေးပြီးပြန်လာခဲ့ရတာ။ နင်ကငါ့ကိုတွေ့ ချင်တယ်ဆိုပြီး နင်ဖုံးဆက် ခေါ်လို့သာလာရတယ် နင့်အမျိုးဆိုပေမယ့်ငါကလာသာလာရတယ် ခပ်လန့်လန့်ပဲဟုပြောပြမိပါသည်။ သူငယ်ချင်းကထိုအကြောင်းအား နင်ငါ့ကိုဘာလို့မပြောပြခဲ့ရတာလဲ ငါကခုမှသိရတာ၊ ငါ့ဖွားလေးကသေမဲ့ရက်ကိုစောင့်နေရပြီ သေတမ်းစာတောင်ရှေ့ နေတွေနဲ့တိုင်ပင်ကါ အားလုံးရေးထားပြီးပြီ။မပိုးလဲသနားစရာ၊အပြုစုလွန်ရင်း (အိပ်ရေးပျက်၊အစားသောက်ပျက်ပြီး) ဆေးရုံ တောင်တက်လိုက်ရတယ်၊ အဲဒါကြောင့်သာမဟုတ်ရင် ငါ့ကိုခေါ်ယူမွေးစားဖို့စိတ်ကူးထဲတောင်ရှိပါ့မလားလို့တွေးမိတယ်ဟုပြောပြပါသည်။ ဒါပေမယ့်ခုတော့ နင့်ကို(ဧည့်သည်)ရောက်နေမှန်း သူသိသွားပြီ၊မပိုးကမလိမ်တတ်ဘူး(တသက်လုံးသီလစောင့်ထိန်းတတ်တော့)နင်လာတာ ပြောပြရင်သူသိသွားမှာဘဲ လာပြီးမှတော့မထူးပါဘူး သူလဲသေရမယ့်ရက်ကိုစောင့်နေရတာ မသေခင်တွေ့ သွားလိုက်ပါဟာဟုပြောပါသည်။ကျမကစိတ်ထဲမှာ ကြောင့်ကြစိုးရိမ်စိတ်တော့ ဖြစ်မိသွားပါသည် ကျမအား ကျအဖေပြောခဲ့သောစကားတို့အား နားဝမှာစွဲနေသဖြင့် သူငယ်ချင်းဖြစ်သူ၏ဖွားလေးမှာ
အဖေပြောခဲ့သည့်အတိုင်းရောဂါဝေဒနာအားခံစားနေရသဖြင့်ဝင် တွေ့ရန်လွန်စွာမှလည်းအားနာနေမိပါသည်။
အဘယ်ကြောင့်ဆိုသော်….
အဖေကကျမတို့မောင်နှမတွေအားလုံးအား အလှည့်ကျစနစ်ဖြင့် တစ်လတစ်ခါ အလယ်ခေါ်သွား တတ်၍ဖြစ်ပါသည်။ဆွေမျိုးများအိမ်က စဥ့်အိုးလမ်း(လမ္မမတော်) အလယ်ဘလောက်တွင် နေထိုင်သော်လည်း လုံးဝအလျှင်းသွားခြင်းမရှိ သဖြင့်မိတ်ဆွေများအိမ်တွင်သာတည်းတတ် ၍ဖြစ်ပါသည်။ ကျမအားဒီတစ်ခေါက်တော့အဖေ့မိတ်ဆွေထံတည်းမည်ဟုဆိုခါ ၀င်ဆာလမ်းအိမ်သို့အလယ်ခေါ်လာခဲ့ပါသည်။ အဖေကသူငယ်ချင်း၏ဖွားလေးအိမ်သို့ ရောက်လျှင်ထိုဖွားလေးဆိုသူက အိမ်ရှေ့ပန်းခြံထိုင်ခုံစားပွဲဝိုင်းတွင် ထိုင်ခါ ဧည့်ဝတ်ခံကာပြုစုပါသည်။ အဖေကထိုဖွားလေးဆိုသူ ဧည့်ခံသောရေနွေးကြမ်းအားသောက်လျှက် အိမ်ထဲအိမ်ပြင်အား အကဲခတ်ကြည့်ရှူလျှက်ရှိနေပါသည်။ ပြီးလျှင်နင့်အိမ်ကမြေညီတစ်ထပ်တည်း ဆောက်ထားတာလား ဟုပြောဆိုခါ အိမ်ကကြမ်းမခင်းထားဘူးလားဟု မေးပါသည်။
ဖွားလေးကရန်ကုန်ဆိုတာ တောနဲ့တော့မတူအလွန်ပူသဖြင့် နွေရာသီဆိုအေးအောင် သံမာန်တလင်း (အင်္ဂတေ)ခင်းထားတာပါဟု ပြောပါသည်။ ၊အခုတောင်ဒီအိမ်ရှေ့မှာ ဧည့်သည်လာရင်ဧည့်ခံရအောင် သစ်ခွပန်းခြံလေးလုပ်ထားတာ မကြာသေးဘူး ကျင်းယားရဲ့ ဟုဆိုပါသည်။ အခုထိုင်ရတာအေးတယ်မ ဟုတ်လားဟု လည်းပြောဆိုပါသည် ၊နင်တို့ဆီသွားလည်တုံးက အိမ်နောက်ဖေးခြံ အုန်းပင်သစ်ပင်တွေနဲ့ဆိုတော့ အရိပ်အာဝါသကအေးမြပြီး အင်မတန်နေချင်စရာကောင်းလွန်းလှတယ် ။
ဒါကရန်ကုန်မြို့ ငါနေတာကလည်းအချက်အခြာ အကျဆုံးနေရာတခုဖြစ်တော့ တောလိုအုန်းပင်တွေဘာတွေစိုက်လို့ကလည်းသင့်တာမဟုတ်ဟုပြောပြပါသည် ။ အဖေကသူ့ မိတ်ဆွေအား ငါပြောချင်တာကိုနင်နားထောင်ပေးပါဦးဟုပြောဆိုခါ ပြောပြပါသည်မှာ….
ငါနင့်ကိုစေတနာနဲ့ပြောပြပါ့မယ် နင်ကလည်းလူဂုဏ်တန်လူ့ မလိုင်အလွှာအသိုင်းဝိုင်းထဲကပါ နင်ကဆေးပညာနှင့်အသက်မွေးဝမ်းကြောင်းပြုတဲ့သူ ငါ့ထက်မနိမ့်တဲ့အပြင်ချမ်းလည်းချမ်းသာသည့် တတ်လည်းတတ်နိုင်တဲ့သူပါ နင်ကအိမ်ကိုစဆောက်ကတည်းက မြေအခိုးငွေဓတ်(ပထ၀ီဓတ်)ကိုပိတ်ပြီး အပေါ်က သံတမာန်လင်း(အင်္ဂတေ)ကြမ်းခင်းထားတော့ အိမ်ဆောက်ထားတဲ့နည်းစနစ်ကိုကမှားနေပြီ ဒီလိုဆောက်ထားတာက ကျမ္မာရေးနဲ့ကလုံးဝမညီမညွတ်တော့ဘူး နင်ပညာဗဟုသုတနည်းပါးကါဥာဏ်အမြှော်အမြင်မရှိသဖြင့် ငါပြောပြချင်ပါသည်။နင်ဆေးရောင်းလာတာက ဘိုးစဉ်ဘောင်ဆက်ကတည်းက လုပ်စား လာတာ နင်တတ်တဲ့ဆေးပညာနဲ့ကျမ္မာရေးကိုကုသပေးသည် ၊ အခုနင်ဆောက်လုပ်နေထိုင်တဲ့အိမ်က ပထ၀ီဓတ်ကိုပိတ်ပြီး ဆောက်ထားမှတော့ (ပထ၀ီဓတ်ပျက်မှတော)့
နင်အသက်ကြီပိုင်းရောက်လာတဲ့ခါ လေဖြတ်ရင်ဖြတ်ဒါ မှမဟုတ်လေးဘက်နာတစ်ခုခုတော့ နင်ခံစားရမှုာအမှန်ဘဲဟုဆိုပါသည်။ (အဲဒီအခါကျရင်နင့်တိုင်းရင်းဆေးညာနှင့်ပင်နင်ကုသ၍ ပျောက်မည်မဟုတ်ဟုဆိုပါသည်)
နင်အခုအသက်ကလေးဆယ်ကျော်ဝန်းကျင်ထဲမှာ ဆိုတော့နင်အသက်(၇၀)ကျော်လာလို့ကတော့ ကျမ္မာရေးဆိုးဆိုးရွားရွားထိခိုက်ခံရလိမ့်မယ်ဟုပြောပြပါ တော့သည်။ လူ့ခန္ဓာအိမ်က ဓတ်ကြီးလေးပါးနှင့်ဖွဲ့ စည်းတည်ဆောက်ထားသည်။ (ဓတ်ကြီးလေးပါးကတော့၊ပထ၀ီ၊တေဇော၊အာပေါ၊၀ါယော ဓတ်များကိုဆိုလိုခြင်းဖြစ်ပါသည်) အိမ်ဆိုသည်ကကျမ္မာရေးနှင့်ညီညွတ် အောင်ဆောက်လုပ်နေထိုင်ရသည်။ ပိုက်ဆံမတတ်နိုင်၍စိတ်တိုင်းကျ မဆောက်လုပ်နိုင်တာကိုတော့ငါမပြောလိုပါ ။ ပထ၀ီဓတ်(မြေကြီး၏အခိုးငွေ့ကိုဆိုလိုခြင်းဖြစ်သည်) မရမှတော့ အအေးလွန်ကဲပြီး ကျန်တဲ့ဓတ်တွေဖြစ်တဲ့ဝါယော၊အာပေါအစရှိတဲ့ဓတ်တွေ သွေးလေညီညွတ်မျှတမှုမရှိနိုင်တော့သည့်အတွက် လေဖြတ်ခြင်း လေးဘက်နာဖြစ်ခြင်းများမလွဲမသွေ ဧကန်အမှန်ခံစားရမည်ဖြစ်ကြောင်းပြောပြပါသည်။ ငါကအိမ်ကိုစပြီးဆောက်လုပ်ကတည်းက လူတစ်ရပ်စာမျှမက မြေတိုက်အောက်ခံထားထားကာ ပထ၀ီဓတ်ယူပြီး (မြေအခိုးငွေ့ ဓတ်အားရရှိရန်ဆောက်လုပ်ထားသည်)၊ကြမ်းခင်းအား အပူအအေးတို့အားမျှတစွာ ထိန်းချုပ်နိုင်သည့် (မြေအခိုးဓတ်အားစုပ်ယူနိုင်သည့် )ကျွန်းသားကြမ်းခင်း အားခင်းထားသည်။ လူ၏ခြေထောက်(ခြေဖ၀ါး)ကို ပထ၀ီဟုတနည်းအားဖြင့်ခေါ်ဆိုကြသည်။ထိုသည်ကိုထောက်ချင့်သောအားဖြင့် ခြေဖ၀ါးသည်မြေကြီးနှင့်အစဉ်အမြဲ တစ်သားတည်းဆက်စပ်နေကြသည်။ လူသည်ပထ၀ီဓတ်ရရှိနေသည့် အတွက်ကျန်းမာရေး ကောင်းမွန်စွာနေထိုင်နိုင်သည်ဟုပြောပြသောအခါ အဖေ၏မိတ်ဆွေသည် သူ့ အားပညာဗဟုသုတနည်းပါးကါဥာဏ်အမြှော်အမြင်မရှိဟု ပြောဆိုလိုက်ခြင်းကို စိတ်ဆိုးကြီးစွာဖြစ်သွားခဲ့ပါလေတော့သည်။ အဖေ၏စကားဆုံးလျှင် နင်မကြိုက်လည်းငါ့အိမ်မတည်းနှင့်ဟုဆိုပါလျှင် အဖေကလည်းငါကနင့်ကိုအကောင်းလည်းပြောပြရသေးသည်။ နင်စိတ်ဆိုးလျှင်မတတ်နိုင် ငါတောင်းပန်သည်ဟုပြောဆိုလျှက် ကျမအားလက်ဆွဲခါ ထိုအိမ်မှထွက်ခွာခဲ့ပါတော့သည်။
သူငယ်ချင်း၏ဖွားလေးက ကျမအားမြင်လျှင် နင့်အဖေပြောခဲ့သည့်စကားကမှန်ပါသည် ငါ့အားခွင့်လွတ်ရန်ပြောပေးပါဟု ပြောပါသည်။ထိုအခါကျမှသာကျမ၏စိုးရိမ်ကြောင့်ကြစိတ်တို့ လွင့်စင်သွားခဲ့ရပါတော့သည်။ ကျမလည်းသူငယ်ချင်း၏ဖွားလေးအားနှုတ်ဆက်ပြီးငါ ပြန်တော့မည်ဟုပြောဆိုလိုက်ပါသည်။ သူငယ်ချင်းကလည်း ကျမအားသူကိုယ်တိုင်ပြန် လိုက်ပို့မည်ဟုဆိုခါ ပြောပြီးသူ၏ဖွားလေးက ကားဖြင့်ပြန်လိုက်ပို့ရန်ပြောဆိုသည့်အခါ ကျမအားပေါင်မုန့်ကားလေးဖြင့် ပြန်ပို့ပေးခဲ့ပြီး လွမ်းပိုးအိမ် အကြောင်းအားပြောပြခဲ့ပါတော့သည်။
မလွမ်းပိုးအိမ်မှာလူ့လောကသို့ လမစေ့ပဲမွေးဖွားခဲ့ပြီး မိဘနှစ်ပါးတို့ရုတ်တရက်ကွယ်လွန်ကာ ဆုံးပါးခဲ့ကြောင်း သူ၏ဖွားလေးမှခေါ်ယူကာ စမွေးကတည်းကပင် ပိုးကလေးလိုအသက်ရှင်အောင် ပြုစုမွေးခဲ့ရကြောင်း ထိုကျေးဇူးတရားကြောင့် ရုံးမထွက်နိုင်ရခါ ကျေးဇူးတရားအားလွန်စွာသိတတ်သည့်အပြင် တစ်အိမ်လုံးအားစီမံခန့်ခွဲရသည်အထိပင် ယုံကြည်စွာအပ်နှင်းခံခဲ့ရ သူတယောက်ဖြစ်ကြောင်းပြောပြပါသည်။
သူမ၏ဖွားလေးကလည်း နာမည်ကိုစပေးကတည်းပင် တစ်အိမ်လုံးအတွက်အသုံးဝင်လွန်းသည့် သူဖြစ်စေရန်နာမည်အားရွေးချယ်ခါပေးခဲ့ကြောင်း လွန်စွာသစ္စာရှိကြောင်း ငါးပါးသီလမြဲမြံသဖြင့် အားလုံးကစိတ်ချယုံးကြည်သဖြင့် တစ်အိမ်လုံးအားလည်းသူ့ခြေသူ့လက် သူပြီးမှာသာပြီးကြကြောင်း သူမရှိလျှင်လည်းမဖြစ်ကြောင်း ၊ထိုမျှအသုံးဝင်သည့်သူတယောက်ဖြစ်ကြောင်း စီကာပတ်ကုန်းပြောပြပါတော့သည်။ တအိမ်သားလုံး၏အားကိုး အားထားခဲ့ရမှုကြောင့်ပင်ဆွေမျိုးများထံသို့အလည် တစ်ခေါက်သာပြန်ဖြစ်ပြီး ထိုအိမ်ထိုမိသားစုဘ၀အတွက် လူဖြစ်လာရသလို ဖြစ်ခါဆွေမျိုးတို့နှင့်လည်း တသက်တာလုံးမနေရသည့်အတွက် သူ့ဘ၀အားခံစားရသဖြင့် သူကိုယ်တိုင်ရှင်းပြပြော ဆိုပြရန်မထွက်သဖြင့် မလွမ်းပိုးအိမ်၏ ကိုယ်စား သူငယ်ချင်းမှကျမအား ရှင်းပြခဲ့ပါလေတော့သတည်း။
(ဝေဖန်ထင်မြင်များတောင်းခံအပ်ပါသည်)

aye.kk

About aye.kk

has written 245 post in this Website..