မနေ့ညက ကျိုက္ကဆံဘုရားမှာ ပွဲဈေးနောက်ဆုံးရက်ဆိုလို့ အပြေးအလွှားလေးသွားဖြစ်လိုက်တယ်..အဲမှာ NLD ကရန်ပုံငွေအတွက် မုန့်ဟင်းခါးနဲ့ဘူးသီး ကြော်ရောင်းပါတယ်.. ရုံးကအပြန်ဘာမှစားမထားရတော့ မုန့်ဟင်းခါးကို 1ပွဲ 500နဲ့ဝင်စားမိပါတယ်..အားပါး အရမ်းကောင်းတယ် အများကြီးလည်းရတယ်..ဗိုက်ကိုပြည့် သွားတာပဲ..စားပွဲထိုးပေးတဲ့ ဦးကြီးကောင်လေးတွေကလည်း အရမ်းသဘောကောင်းတယ်… စားလို့ကောင်းလား မကောင်းရင်ပြောနော်… ပိုက်ဆံအိတ်တွေသတိထားမေ့ခဲ့မယ်..ဖော်ရွေလိုက်တာ…စေတနာတွေကြောင့် ရင်ထဲမှာစားရတာစိတ်ချမ်းသာသွားတယ်… သူတို့တွေ တချိန်လုံးဧည့်ခံနေတာတောင် စိတ်ရှည်လက်ရှည်နဲ့ ဖော်ဖော်ရွေရွေဆက်ဆံကြတယ် အရမ်းကို ကြည်နူးစရာကောင်းပါတယ်.. စားပြီး ပွဲဈေးဆက်လျှောက်တော့ တွေ့ခဲတာလေးတွေကို ရွာသူရွာသားတွေလည်း ပွဲဈေးလေးလိုက်လျှောက်နိုင်အောင် တင်ပြပေးပါတယ်…

About Khaing Khaing

- - has written 38 post in this Website..