Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမျိုးသားအများစုဆိုင်ရာ (အနီဆင်းခြင်းအကြောင်း)

CharTooLanFebruary 15, 20121min124649

အရမ်းကြီးဆန်းနေသလား ဘာလားတော့မသိဘူး ကိုယ့်ခေါင်းစဉ် ကိုယ်တော့သဘောကျနေတယ် 😀
ဒီအကြောင်းရေးပီး ခေါင်းစဉ် စဉ်းစားနေတာ တော်တော်ကြာတယ် နောက်ဆုံးတော့
ဆြာအေကေကေအိုရဲ ့ အမျိုးသမီးရောဂါဆိုင်ရာ (အဖြူဆင်းခြင်းအကြောင်း)
ဆိုတဲ့ခေါင်းစဉ်ကိုတန်းမြင်မိလို့ မြှီငမ်းပေးလိုက်တာ။ အမျိုးသားတွေအတွက် ဒါကလဲရောဂါပဲ မစားရမနေနိုင်တဲ့ရောဂါ စားပြီးရင် ဖြစ်လာမယ်နောက်ဆက်တွဲတွေကလဲ ရောဂါတွေပဲ ဘာတစ်ခုမှကိုကောင်းကျိုးမပေးတာ။ ဒါကိုပဲ တန်းတန်းစွဲစားနေကြတာ။
အဖြစ်ကဒီလို…..တနေ့..မနက်စောစောစီးစီးရုံးသွားဖို့ ဝတ်စုံပြည့်နဲ့ အိမ်ကနေ ကားမှတ်တိုင်ကို ကိုယ့်ကိုယ်ကို သရဏဂုံတင်ရင်း
သွားနေကျလမ်းအတိုင်း ထွက်လာခဲ့တယ်။ တာမွေမီးပွိုင့်မီးနီနေတုန်း ကားတွေရပ်ထားတာမို့ စိတ်အေးလက်အေးနဲ့ကူးလာလိုက်တာ
တစ်ဖက်လမ်းလဲရောက်ရော ၃၃လိုင်းကာကြီးပေါ်ကနေ အနီတွေဒလဟော ဝေါခနဲဆင်းချလာလိုက်တာများ ချာတူးလန်တစ်ယောက်ရှောင်ချိန်တောင်မရခဲ့လိုက်ဘူး။ ဟာ………သွားပါပီ ရွံစရာကောင်းလိုက်တာများ                    ဘယ်ဘက်ပုခုံးတစ်ခြမ်းလက်တွေနဲ့ လွယ်အိတ်မှာပါ မြင်မကောင်းလောက်အောင် ပေပွသွားတဲ့ ကွမ်းတံတွေးတွေကို ကြည့်ပီး
ရွတ်ဖတ်လာတဲ့ သရဏဂုံတွေပျောက် ဒေါသတွေ ဟုန်းခနဲ့ တောက်သွားတယ်။
ဒီလောက် စည်းမဲ့ကမ်းမဲ့နိုင်တာ ဘယ်လိုသတ္တဝါမျိုးပါလိမ့် ဆံပင်ဆွဲပြီး နားရင်းကြီးပဲ သက်စေ့အုပ်ပစ်လိုက်မယ်ဆိုတဲ့ ဒေါသနဲ့
တက်တစ်ချက်ပြင်းပြင်းခေါက်ပြီး မော့ကြည့်လိုက်တော့…… အသက်က ၅ဝကျော် ၆ဝလောက်ရှိမယ်ထင်ရတဲ့ ဦးလေးကြီးက ကွမ်းသွေးနီတွေပေကျံနေတဲ့ ရွံစရာပါးစပ်ပေါက်ကြီးနဲ့ တောင်းပန်မလိုလို အားနာသလိုလို ပုံနဲ့ငုံကြည့်နေလေရဲ ့ဗျာ……
လူငယ်မဟုတ်ပဲ အသက်ကြီးနေပြီဖြစ်တဲ့ ဦးလေးကြီးကိုမြင်ပြီး တော်တော်လေးစိတ်ပျက်ရွံရှာသွားတယ်။                                                        အသက်ကြီးလဲ အလျော့မပေးနိုင်ဘူး ချာတူးဒေါသက လေတိုက်ရုံနဲ့ပျောက်မသွားတော့ ဦးလေးကြီးကို
သေသေချာချာကြည့်ပြီးမှ “ကျက်သရေယုတ်လိုက်တာ ဦးလေးရာ… ဦးလေးလိုလူတွေအကုန်လုံးသေသွားရင်                            တစ်နိုင်ငံလုံးသန့်သွားမှာ..” လို့ တကယ်ရင်ထဲက သေစေချင်တဲ့ဆန္ဒပြင်းပြင်းပြပြနဲ့ကို ပြောပစ်ခဲ့လိုက်တော့တယ်။

ထပ်ပြောချင်တာက ဆင်ခြင်ကြပါ။ စည်းကမ်းရှိကြပါ။ ပတ်ဝန်းကျင်ကို သတိပြူပါ။ ကိုယ့်ရွာထဲက ကွမ်းစားတဲ့
အကိုတွေ ဦးလေးတွေ ဒီလိုမဖြစ်အောင် ဆင်ခြင်ပေးကြပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံလိုက်ပါတယ်ဗျာ….. ။

 

49 comments

  • စိန်ပေါက်ပေါက်

    February 15, 2012 at 12:09 pm

    ကဲကဲ
    အမျိုးသားသုံး အီဗာ ထွင်ပေးလိုက်ကြပါဦး
    ကိုချာကြီး စော်နဲ ့ ချိန်းထားတာ ရှိုးပျက်သွားတာတော့ စိတ်မကောင်းပါဘူးတော့

    • water-melon

      February 15, 2012 at 2:13 pm

      အမရေး အီဗာတဲ့
      ဘာလုပ်တဲ့ဟာလဲ တစ်ရှူးလား
      နည်းနည်းလောက် ကုန်နေလို့။

      • စိန်ပေါက်ပေါက်

        February 15, 2012 at 2:22 pm

        သုံးပြီးသားပဲ ရှိတယ်
        ယူမလား
        😆

        • မိစိန်ပေါက် … သည်းကလည်း မိဗြဲ ဆိုရင် အမြဲတမ်း ဘုပြောနေတာချည်းပဲ ။
          ဟို မိဗြဲ ကလည်း မိစိန်ပေါက်ဆိုရင် အမြဲတမ်း လိုက်ပြီး စကားနာထိုးနေတော့ပါပဲ ။
          သည်းတို့နဲ့တော့ ခက်ပါတယ်အေ .. ။ သည်းတို့ နှစ်ယောက် ဒီလောက်ဖစ်နေတာ တစ်နေရာ ချိန်းပြီး နပန်းချကြပါတော့လား။ နိုင်တဲ့လူ ဖလား ပေးမယ်။ ဖလား အတွက်တော့ ဟို .. မိပေ က တာဝန်ယူလိမ့်မယ် … ။ နာက အကြံပေးရုံပဲ …
          😀 😀

      • char too lan

        February 15, 2012 at 2:31 pm

        ဪ…. မီလွန် အတွက်အထူးထုတ်တွေရှိတယ်
        အစွယ်ပါတာယူမလား အတောင်ပါတာယူမလား
        ကြိုက်တာပြော တိုင်းမူး ကပေါက်ဖော်က ဒိုင်ပဲလေ လိုသလောက်ရတယ်… 😀

  • amatmin

    February 15, 2012 at 12:12 pm

    ကိုချာတူးလန် ခေါင်းစဉ်ဖတ်ပြီး လန့်သွားတယ်ဗျာ..
    ကိုယ်တွေအတွက် ဘာရောဂါဆန်းတွေများထပ်ပေါ်နေသလဲ လို့.. 🙂
    ဖတ်လို့ ပီးတဲ့နောက် အပြည့်အဝထောက်ခံတယ်..ကိုယ်တိုင်ကြုံဖူးတာကိုးး
    အဲ့တုန်းကများဆို.ဒင်းကမတောင်းပန်တဲ့အပြင်.
    ဘုကြည့်ကြည့်လာလို့ ပိ်တ်တောင်ထိုးခဲ့ရသေးတယ် :angry:
    ဒီတော့ ကွမ်းစားတတ်သူများခင်ဗျာ..
    ကွမ်းဝါးရင်း ပတ်ဝန်းကျင်ကြည့်..ပြီးမှထွေးကြပါလို့.ထပ်ဆင့်တိုက်တွန်းပါတယ်

  • K@oru

    February 15, 2012 at 12:13 pm

    အော် …ရယ်. …

    ဘာများလဲလို့ ..အလန့်ထညက် ရှိလိုက်တာကွယ် …..
    လူဇိုး …

    😀

  • nigimi77

    February 15, 2012 at 12:26 pm

    ပီပြင်လိုက်တာ ကလေးမရယ် ။

    အပေါ်ပေါက်ကို အောက်ပေါက်နဲ ့ ခိုင်းနှိုင်းချက်ကလေး ။

    လိပ်ခေါင်းကို ပြောတာထင်လို ့ ကျုပ်များ စောင်းပြောသလားလို ့ ။

    ကျုပ်သာ ပြောင်ကြီး နေရာကို ဆက်ခံရရင် ကွမ်းပင်တွေကို ဘိန်းအစားစိုက် (အဲလေ)

    တခြားသီးပင်စားပင် အစားထိုး စိုက်ခိုင်းမယ် ။

    • K@oru

      February 15, 2012 at 1:39 pm

      အော်… ရယ် …..
      အသာလုပ်ပါ ခွင်ခွင်ရယ်. ..

      ကမာ္ဘမှာ ကွမ်းစားတဲ့တိုင်းပြည် လက်ချိုးရေလို့ရပါတယ် …။
      ကျုပ်တော့ ဆန်ရှင် ရုပ်တာနဲ့ ကွမ်းကို အမေဒစ်ကင်န် ကို အိပ်စပို့လုပ်မယ် စိတ်ကူးရတာပဲ….။
      မားကတ်ကို ဂျက်စတင်ဘီဘာ ရယ် ကျော်နီဒက် ရယ်နဲ့ ဖောက်မယ်ဗျာ …..။
      ပီးရင် ဟို ခုတလော အသည်းအသန် ကျော်ကြား နေပါတယ်ဆိုတဲ့ ဆီလကွန်ဗလီမှာနေတဲ့
      တီလုပ် လက်သွင်းဘော ကစားသမားလေး ဂျယ်ရမီ လင်း ကို ကွမ်းစွဲအောင် လုပ်နိုင်ဘီဆိုရင်
      တီလုပ် မားကတ်ကို ရဘီ …. ဟောင်ကောင်း ထိုင်ဝမ်း ကတဆင့် ဗစ်ဒနမ် ဖီလ်ပင်း ကိုဆက်မယ်

      အရှေ့ကျွန်းကိုတော့ ကျုပ်စတိုင်ကို ခိုးထားတဲ့ ခင်မ်ထက်ခ် နဲ့ ကြော်ငြာရင် ရောင်းရပါတယ်. …။
      ပီးရင် ကေဝေ့ဗ် ကို ကေဝေဗ့် နဲ့ တန်ပြန်မယ်ဗျာ …Kunn ကို Korea ကို ပို့ဖို့ ခွင်ခွင်က စီမံ…..။

      အဲ့လာ မီလျံဘစ်ဇနက်စ်
      ဒါဗျဲ … ဗြစ် ..
      😀

  • နွယ်ပင်

    February 15, 2012 at 12:26 pm

    ချာတူးပေးတဲ့ ခေါင်းစဉ်ကိုကြည့်ပြီး တော်တော်လေး သဘောကျသွားတယ် 🙂
    ဒီအမျိုးသားတွေ အနီဆင်းတာလည်း လွန်လွန်းတယ် နေရာဒေသမရွေးပဲ
    နွယ်ပင်လည်း ချာတူးလို အဖြစ်မျိုးကြုံဖူးတယ် အဲ့တုန်းက ယူနီဖောင်း အသစ်လေး
    ရခါစ ကိုယ်တွေက ပဲလေးတစ်များများနဲ့ အိမ်ပေါ်ကဆင်းပြီး ကားမှတ်တိုင်ရောက်တုန်းရှိသေး
    ကားပေါ်က ဆင်းလာတဲ့ အနီတွေက ခြေထောက်တေတွရော ယူနီဖောင်းစကတ်ပေါ်ရော
    ကျကုန်တာလေ အလုပ်သွားကာနီးဆိုတော့ ဒေါသထွက်လိုက်တာ လွန်ပါရော
    ချာတူးလိုတောင် အားပါးတရ ဘာမှမပြောလိုက်ရဘူး ကွမ်းတွေးတဲ့သူက ကားပေါ်ကနေ
    လက်ကလေး တစ်ပြပြနဲ့ တောင်းပန်တာလေးကိုကြည့်ပြီး ကျေနပ်လိုက်ရတယ် 🙁

  • ကြောင်ကြီး

    February 15, 2012 at 12:39 pm

    ဖြစ်မှဖြစ်ရလေ ချာတူးလေးရယ်.. ဒီလိုမှန်းသိ ရုံးသွားရင် ဝင်ခေါ်ပါတယ်။ ဦးကြောင် ရုံးတက်ရင် လေယာဉ်ပျံစီးတက်တာလေ..။ ချာတူးလေး မင်္ဂလာဒုံလေဆိပ်ကိုသာ ရောက်အောင်လာခဲ့… ကျန်တာဦးကြောင်တာဝန်ယူဒယ်…။

  • cobra

    February 15, 2012 at 12:50 pm

    ပြောချလိုက်တာများ လန့်တောင်သွားတယ်
    ဘယ်တုန်းကတည်းက ကွမ်းစားတဲ့သူတွေကိုမုန်းနေလဲမသိဘူး
    တကယ်လည်းကျက်သရေမရှိပါဘူး။
    ဟိုထွေး ဒီထွေးနဲ ့
    ရွံ ့စရာကောင်းတာထက်စာရင် ရှက်စရာကောင်းတယ်။

  • myo nyunt

    February 15, 2012 at 12:53 pm

    ဒီမိုကရေစီဆိုတာ–
    မိမိလွတ်လပ်ခွင့်ဆိုပေမယ့် မိမိကြောင့်တခြားသူထိခိုက်ပေကျံသွားမယ်ဆိုရင် ဒါကိုဒီမိုကရေစီလို့ခေါ်လို့
    မရတော့ပါဘူး။ဆေးလိပ်သောက်သူကြောင့် အကျင်္ီ၊ပုဆိုးတွေမီးပေါက်ခံခဲ့ရသလို၊ကွမ်းတံတွေးကြောင့်အကျင်္ီ၊
    ပုဆိုးတွေညစ်ပေခဲ့ရဘူးတာအခါခါပါ။အဲဒီလူတွေကိုယ်တိုင်လည်းရောဂါရနိုင်တာမို့ဆင်ခြင်နိုင်ရင်အကောင်းဆုံးပေါ့ဗျာ။

  • Shwe Tike Soe

    February 15, 2012 at 1:36 pm

    အမငီး ချာတူးလန်ရယ် သူပြောတဲ့ပို.စ်ခေါင်းစဉ်ကို ကြည့်ပြီးဖတ်ကြည့်လိုက်တော့ ကွမ်းတံတွေးထွေးနဲ. ပါးစပ်ကိုပြောတာပါလား…
    တွေးကြည့်လိုက်တော့ စိတ်ကူးထဲမှာ ကြက်သီးတောင်ထသွားတယ်.. အဟိဟိ
    အခုမန္တလေးမှာဆိုရင် ကားပေါ်၊ဆိုင်ကယ်ပေါ်က နေ ကွမ်းတံတွေးထွေးရင် အမှိုက်ပစ်ရင် စည်ပင်ကနေ ဖမ်းပြီး ဒဏ်ရိုက်နေပါပြီ
    ရန်ကုန်မှာလဲ လုပ်သင့်ပါတယ်… အာရုဏ်နောက်စရာကြီးပါ…
    ချာတူးလန် နောက်တစ်ခါဆို နပန်သာပိတ်အုပ်ပစ်ခဲ့ဗျာ……. ဟုတ်တယ်.

  • jujuma

    February 15, 2012 at 1:41 pm

    အင်း လိုင်းကားတွေပေါ်မှာတော့ ရေးထားတာပဲနော် ကွမ်းတံတွေးထွေးရင် ဒဏ်ငွေဘယ်လောက် ဆိုပီးး တကယ်လည်း ဒဏ်ငွေဆောင်ရတယ်လို့ တစ်ခါမှလည်းမကြားမိဘူး ….
    တကယ်ပဲ စည်ပင်က မမြင်လို့လားး အမှန်ဆိုရင် ကွမ်းတံတွေးထွေးတာကိုတွေ့တဲ့သူရှိရင် အရေးယူပေးဖို့ တောင်းဆိုသင့်တယ်…အဲလိုတောင်းဆိုပီး ထိထိရောက်ရောက်အရေးယူကြမယ်ဆိုရင် …… နောင် ကွမ်းစားတဲ့ သူတွေ စည်းကမ်းပျက် ရဲတော့မှာမဟုတ်ဘူးနော်…ခုတော့ ဟိုနေရာတွေ့ ဒီနေရာတွေ့ နဲ့ အရမ်းကို စည်းကမ်းမဲ့ကြလွန်းပါတယ်..

  • minnannawar

    February 15, 2012 at 2:05 pm

    ကွမ်း တိုက်ဖျက်ရေး Campaign လုပ်ရင်ကောင်းမလား၊ လမ်းသွားရင်းကားပေါ်ကနေကွမ်းတံတွေးထွေးကြတာမြင်ရင် အလိုလို ဆဲချင်စိတ်ပေါက်တယ်၊
    အလကား အရည်မရ- အဖတ်မရ အလုပ်တွေလို့ပဲထင်တယ်။
    စည်းမရှိ ကမ်းမရှိ ထွေးချင်ရာထွေးပြီး- ရောက်ချင်ရာရောက် လုပ်နေကြတာ ဒဏ်ရိုက်အပြစ်ပေး တစ်ခုခုလုပ်ဖို့ သင့်ပြီလို့ထင်ပါတယ်။

  • ဦးဦးပါလေရာ

    February 15, 2012 at 2:12 pm

    အဲဒါမျိုးကို ထိထိရောက်ရောက် ဖမ်းဆီး တရားစွဲ အလျော်တောင်းနိုင်မယ့်နေ့ကို တောင့်တမိတယ်။
    လမ်းလျှောက်မှမဟုတ်ဘူးနော် ၊ ကားလေးမောင်းနေရင်းလဲ ဘတ်စ်ကားပေါ်ကလှမ်းထွေးတာ ခံရတာပဲ။
    တစ်ခါတုန်းက လှိုင်သာယာ မီးခွက်ဈေးမှတ်တိုင်မှာရပ်ထားတဲ့ ဘတ်စ်ကားပေါ်ကလှမ်းထွေးတာခံရလို့ ပိတ်ပြောပစ်ဘူးတယ်။ ခက်တာက အဲဒီနားက စပယ်ယာရယ် ဈေးရောင်းတဲ့သူတွေရယ် ကားစောင့်တဲ့သူတွေရယ် အားလုံးနီးပါးက အထွေးခံရတဲ့ကျုပ်ကိုပဲ အပြစ်တင်တဲ့မျက်နှာထားတွေနဲ့ကြည့်ကြတယ်။ ကြာရင်ဝိုင်းရိုက်မလားတောင်မသိဘူး။

    ဒီအပြုအမူမျိုး ဒီနိုင်ငံသားတွေ လက်ခံနေသရွေ့ အောက်တန်းစားနိုင်ငံဘဝကတက်မှာမဟုတ်ဘူး။

  • မီးလေး

    February 15, 2012 at 3:00 pm

    ချာချာရယ် … သူ့ခေါင်းစဉ်ကြည့်ပြီး ဝင်ဖတ်ဖို့တောင် တွန့်သွားတယ် ….. :mrgreen:

  • MaMa

    February 15, 2012 at 3:03 pm

    ကွမ်းသမားက ကွမ်းသာစားတာ ကွမ်းထွေးဖို့ ကြွပ်ကြွပ်အိတ်တို့ ရေသန့်ဘူးတို့ကျတော့ မဆောင်ချင်ဘူး။
    ကိုယ့်ကိစ္စကြောင့် ချာတူးလိုမျိုး သူများဒုက္ခမရောက်ရအောင် တာဝန်ယူသင့်တယ်။
    ကွမ်းမစားပဲ ဖြတ်နိုင်ရင် ဖြတ်ပါ။
    မဖြတ်နိုင်ရင် –
    ကွမ်းသွေးကို ပရမ်းပတာ လက်လွတ်စပယ် ထွေးလို့ သူများကို အနှောင့်အယှက်မဖြစ်ရလေအောင် ကိုယ့်ဖာသာကိုယ် ကွမ်းသွေးထွေးဖို့ ဆောင်ထားပါ။

  • manawphyulay

    February 15, 2012 at 4:03 pm

    ဟားဟား စာသားခေါင်းစဉ်က အတော်လန်းတယ်။ နိုင်ငံကြီးသားပီသဖို့ အနီဆင်းခြင်းကိုလည်း သတိပြုဖွယ် အရင်လုပ်ရမယ်လို့ မြင်မိတာပါပဲ။ စည်းကမ်းသည် လူ့တန်ဖိုးဆိုတာထက် စာရွက်ထဲမှာပဲရှိတယ်လို့ ခုထိ သုံးသပ်နေကြပုံရတယ်။

  • Rose Minn

    February 15, 2012 at 4:21 pm

    ချာတူးရေ ဒီလိုအဖြစ်မျိုး rose လဲခံရဖူးတယ်။ တမင်လုပ်တာခံရတာ။ state ကျောင်းတက်တုန်းက ကျောင်းသွားခါနီး ကားခေါင်းခန်းမှာ ကားလိုက်စီးလာတာ အမေကမောင်းပေါ့၊ အဲဒါကို ရွှေဂုံတိုင်မီးပွိုင့် မှာ ကားဘေးချဉ်းယှဉ်ရပ် မီးပွိုင့် စောင့်နေတုန်းမှာ 50 ကားပေါ်က လူကကွမ်းတံတွေးကို rose တို့ကားဖက်ကိုထွေးချတယ်။ မော့ကြည့်လိုက်တော့်ထွေးတဲ့သူက မချိပြုံးပြုံးပြတယ်ဗျာ။ မီးပွိုင့်ကလဲ အလွှတ်ဆိုတော့ ဒေါသတွေထွက်လိုက်တာ။ ရန်ငြိုးလဲမရှိပဲနဲ့တမင်ယုတ်မာတာ။ ကျောင်းအကျီင်္ဖြုဖြူလေးမှာ ကွမ်းတံတွေး အစက်စက်တွေ အများကြီးဖြစ်သွားတယ်။ ရဲနေတာပဲ။ နံလဲနံသေး။ ကားတံခါးဘောင်မှာလဲ ကွမ်းတံတွေးတွေနဲ့ရွံလိုက်တဲ့ဖြစ်ခြင်းပေါ့။ ကွမ်းစားတာကို အဲဒီကတည်းက နာကျဉ်းနေခဲ့တာ။ အရက်နံ့ကို ကွမ်းနဲ့ဖျောက်တဲ့ လူတွေရှိသေး။ ကွမ်းအနံ့ဆေးနံ့တွေက ဆိုးတဲ့ အပြင် အရက်နံ့ရော ပေါင်းပြီး အဲဒီလူနဲ့စကားပြောလေ အန်ချင်လေပဲ။ မနေနိုင်လို့ စားရင်လဲ စည်းကမ်းရှိရှိစားကြစေလိုပါတယ်ဗျာ။

  • စုံ စုံ

    February 15, 2012 at 4:28 pm

    ကွမ်းကိုမနက်မိုးလင်းမျက်နှာသစ်လို့မနက်စာစားပြီးထဲက
    ညအိပ်ခါနီးထိမပြတ်တမ်းစားနေတဲ့အသိတယောက်ရှိတယ်
    သူ့ကွမ်းဖိုးကတလကိုတသိန်းနဲ့တသိန်းခွဲကြားမှာရှိတယ်တဲ့
    ဒါပေမယ့်သူကွမ်းတံတွေးထွေးတာတော်တော်စည်းကမ်းရှိတယ်
    သူ့အိမ်၊သူ့ကား၊သူ့အလုပ်ခန်း ဘယ်နေရာမှာမှ ကွမ်းတံတွေးတစ်စက်မရှိဘူး
    သူကွမ်းထွေးပုံက သောက်ပြီးသားရေသန့်ဗူးအလွတ်တွေထဲမှာဘဲထွေးတယ်
    ထွေးပြီးရင်ဗူးကိုလုံအောင်ပြန်ပိတ် ဗူးပြည့်သွားရင် အမှိုက်ပုံးမှာ သေချာလွှင့်ပစ်တယ်
    အဲ့လိုမျိုးဆိုတော့လဲ ကွမ်းသာစားနေတာ ပတ်ဝန်းကျင်လုံးဝမထိခိုက်ဘူး
    ကွမ်းစားနေတဲ့သူတွေလဲ အဲ့လိုမဟုတ်တောင် ပတ်ဝန်းကျင်မထိခိုက်အောင်ထိန်းသိမ်းသင့်တယ်
    ကျမလဲ တခါရုံးကအပြန် ဆိုက်ကားပေါ်ကလူတယောက်ထွေးလို့ လုံချည်တွေပေခဲ့ဖူးတယ်
    တောင်းပန်မလားစောင့်ကြည့်တာ မသိချင်ယောင်ဆောင်သွားလို့ စိတ်ထဲကနေဘဲ
    ရန်တွေ့ခဲ့ရဖူးသေးတယ်

    • char too lan

      February 15, 2012 at 5:12 pm

      ဆိုက်ကားပေါ်ကဆိုတော့ မှီလောက်တယ်
      ရန်တွေ့မနေနဲ့ နပန်သာပိတ်ကျင်းပစ်ပလိုက် 🙂

      • စုံ စုံ

        February 16, 2012 at 9:55 am

        နပန်ပိတ်ကျင်းချင်တာပေါ့ ချာတူးရယ်
        တဖက်ကဖုန်းပြောနေတော့ သူ့အတွက်အခွင့်အရေးရသွားတာပေါ့ 🙁

  • laypai

    February 15, 2012 at 4:44 pm

    ခေါင်းစဉ် ကြည့် ပြီး ဒီရောဂါ မကြားဖူးပါဘူး လို့၊ အနှိုင်း နဲ့ အနှိုင်း ခံ အရောင်တူ ကို ထပ်တူပြု ရေးဖွဲ့ ထား လို့ ရူပက အလင်္ကာ မြောက်တယ် ဟေ့။

  • Novy

    February 15, 2012 at 4:53 pm

    မနိုတို့ တိုက်လှေခါးမှာလည်း
    အမျိုးသားများ (အနီဆင်းခြင်း သီးခံပါ) လို့
    စာတမ်းရေးရမယ်ထင်တယ်
    ကိုယ်က သန့်ရှင်းအောင် ထုံးသုတ် တံပျက်စီးလှဲ
    သူတို့တွေက ကွမ်းတံတွေးထွေး အလုပ်ကိုဖြစ်နေတာပဲ

  • htet way

    February 15, 2012 at 4:57 pm

    ဒေါ်ကြီးရယ် လန့်လိုက်တာ ငါနှယ် အနီတခါမှမဆင်းဘူးလားပေါ့
    ဒေါ်ကြီးတို့က ပြောတတ်ရန်ကော
    ကွမ်းစားတာလား အင်း သားလည်းစားတတ်ပါတယ် ကွမ်းယာသည်မလေးကိုပိုးရာက
    စွဲသွားတာလေ ကွမ်းယာပါ။စည်ကမ်းကတော့ ရှိအောင်ကြိုးစားနေပါတယ် ဒေါ်ကြီး
    ရေးပြတာဆင်ခြင်ဖိုအတွက်ကျေးဇူးပါနော်
    ဟိုလေ… ဒေါ်ကြီးပေးတဲ့ခေါင်းစဉ်က ဒေါသနဲ့ နည်းနည်းကြမ်းတမ်းနေလားလို့
    သားသားတောင် ကွမ်းစားရမှာ ရွံ့သလိုဖြစ်လာပါတယ်
    အော်အနီဆင်းခြင်းရောဂါ …အနီဆင်းခြင်းရောဂါ …

  • naung naung

    February 15, 2012 at 5:31 pm

    တစ်ခါမှတော့ ဝင်မရေးဖူးပါဘူး။ ဒါပေမဲ့ ဒီတခါတော့ရေးပါရစေဗျာ။ ကွမ်းစားတာ ရွံစရာလို့ပြောတဲ့ cobra ကိုပြောခြင်တာပါ ကွမ်းစားတယ်ဆိုတာ မြန်မာ့ ရိုးရာဓလေ့ဗျ ။ ဟိုးရှေးအစဉ်အဆက်က မြန်မာဘုရင်တွေကအစ သူဖုန်းစားအဆုံးစားခဲ့ကြတာပါ။ cobra ရဲ့ ဆွေမျိုးသားချင်းထဲမှာရော ကွမ်းစားတဲ့သူမရှိဘူးလား။ ကွမ်းစားတာရွံစရာဆိုတာတော့လက်မခံဘူးဗျာ။ တခုတော့ရှိတယ် စည်းကမ်းမရှိတဲ့သူတစ်ယောက်ကြောင့်အခုလိုဖြစ်တာကိုတော့ တကယ်ကိုစိတ်ထဲမှာ လက်မခံနိူင်ပါဘူး။ ကွမ်းစားတဲ့သူများလဲ ကိုယ်ကြိုက်လို့စားတာ အကြောင်းမဟုတ်ပေမဲ့ တခြားသူ နဲ့ ပတ်ဝန်းကျဉ် ကိုတော့ မထိခိုက်အောင် ဆင်ခြင်ပြီး စားပါလို့ အကြံပေးပါရစေ။ ကွမ်းစားတာက ဆေးလိပ်သောက်တာနဲ့စာရင် ပတ်ဝန်းကျဉ်ကို ထိခိုက်မူ့နည်းပါတယ်။စုံစုံ အကြံပေးသလိုမျိုးဆိုရင်တော့ တကယ်ကို ကောင်းတာပါ ။ အဲလူကြီးကိုလဲ လေးစားမိပါတယ်။ ဆင်ခြင်ကြပါ။ ဆေးကန်း ရှိကြပါ။ 😛

  • windtalker

    February 15, 2012 at 7:22 pm

    ချာလေး ရယ် ၊ ကိုယ် လည်း ကွမ်းစားသူတစ်ဦးပါဘဲ ။ ကျန်းမာရေး နဲ ့မညီညွတ်မှန်း သိပေမယ့် အသဲကောင်းကောင်းနဲ ့မိုက်ကန်းစွာ ဝါးနေသူတစ်ဦးပါကွာ ။ ဒါပေမယ့် ချာလေးရေးတဲ့ ဘိုးဒေါ် လိုတော့ စည်းမရှိကမ်းမရှိ မလုပ်ခဲ့တာ အမှန်ပါရယ်ပါလေ ။
    ဟီဟိ

    • char too lan

      February 16, 2012 at 10:12 am

      တိဒယ် တိဒယ်… ကွမ်းစားတဲ့မြန်မာဘုရင် နန်းတော်မှာထုံးလျှောက်သုတ်လို့ လက်ညိုးဖြတ်ခံထိတာလေ… ဒါလဲကောင်းကျိုးမရှိဘူးဆိုတာ ပြတာပဲ။
      ဒီလိုဆိုတော့ ဒီကကွမ်းချစ်သူ ကိုကိုတွေ ဦးဦးတွေအတွက် ခေါင်းစဉ်အသစ်လေးပေးမယ်
      —- အမျိုးသားအများစုဆိုင်ရာ မြန်မာဓလေ့(ချစ်စရာ ပတ္တမြားသွေးလွှမ်းခြင်းအကြောင်း) —- … ဂျောင်း ဂျောင်း ဂျောင်း…. လို့ပြောင်းပေးမယ် ဟဲဟဲ 😉

  • padonmar

    February 15, 2012 at 7:51 pm

    လက်သံပြောင်ပါပေ့ချာတူးလေးရေ၊
    အန်တီတို့လည်းခံရဖူးပါရဲ့။
    ကြိုက်တတ်ရင် ကြွပ်ကြွပ်အိတ်ဆောင် စနစ်တကျပစ် စည်းကမ်းလေးနဲ့ စားကြစေချင်ပါတယ်။

  • ခေါင်းစဉ်ကြည့်ပြီး ဝင်မဖတ်ရဲသေးဘူး
    အရင်ဆုံး ရောဂါကင်းအောင်နေထိုင်နေလားဆိုတာ ဆန်းစစ်ကြည့်ပြီးမှ ဝင်ဖတ်ကြည့်တာ
    ရောဂါအသစ်အဆန်းအလားလို့ လန်သွားတာပဲ အဲလေ လန့်သွားတာပဲ .. 😛
    ဒါက ဒီလိုရှိပါတယ် ဟိုက ဟိုလိုရှိပါတယ် ဟိုကိစ္စက ဟိုလိုအဆင်ပြေပေမယ့် ဒီဟာကိုတော့ ဒီလိုလုပ်ပါ တကယ့်တော့ ဟိုဒင်းဟိုဟာ ဆိုတာ ဟိုဟာဟိုဒင်းကြောင့်ပါ ….. 😛
    လူတိုင်းလွတ်လပ်စွာ ပြောဆိုနေထိုင်စားသောက်ထွေးထုတ်အံချနိုင်ကြပါတယ်
    ဒါပေမယ့်
    သူတစ်ပါးကို ထိခိုက်မယ့်ကိစ္စဆိုရင်တော့
    လွတ်လပ်စွာ ပြောဆိုနေထိုင်စားသောက်ထွေးထုတ်အံချခြင်းမျိုး ပြုမူလို့မရပါဘူး
    အဲသည်အတွက် လွတ်လပ်စွာပြောဆိုနေထိုင်စားသောက်ထွေးထုတ်အံချ နိုင်ခွင့်နှင့်အတူ
    ခိုင်မာတဲ့ ဥပဒေတွေ ပြဌာန်းပြီး တင်းကျပ်တဲ့ အရေးယူမှုတွေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးကြပါ …
    လူတိုင်း လူတိုင်းကလည်း လူတစ်ယောက်လိုက်နာရမယ့် စည်းကမ်း၊ ကျင့်ဝတ်တွေကို လိုက်နာပေးကြပါ
    မလိုက်နာနိုင်တဲ့စည်းကမ်း၊ ကျင့်ဝတ်တွေကိုလည်း မလိုက်နာနိုင်ရတဲ့ အကြောင်းအရင်းနှင့်တကွ ဆွေးနွေးပေးစေလိုပါတယ် …
    ပုံ
    လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ
    😛

  • pu ma

    February 15, 2012 at 9:05 pm

    အင်းဟုတ်တယ် တို့လည်းတခါကြုံဘူးတယ်
    လူတွေသိပ်စည်းကမ်းမဲ့ကြတယ်
    ရုံးတွေမှာလဲမစားရဆိုင်းဘုတ်အောက်မှာထွေးထားတာတွေ့ဘူးတယ်
    ဗမာအကျင့်သေတောင်ပျောက်မှာမဟုတ်

  • unclegyi1974

    February 15, 2012 at 9:51 pm

    မောင်ရင်ချာရေ ဘလည်းကြုံဖူးပါတယ်
    ကားပေါ်ကထွေးချလိုက်တာကအဖွားကြီး
    အမှန်ကကွမ်းစားတာအပြစ်မရှိပေသိကွမ်းသွေးကိုစည်းကမ်းမရှိထွေးတာကအပြစ်ပါ
    စည်းကမ်းဆိုလို့ဟိုးအရင်နှစ်တွေခရီးသည်က်ိုစောင့်ခေါ်ရတဲ့နှစ်တွေတုန်းကလိုင်းကားတွေ
    တောင်ကွမ်းစားသူဆိုအရင်ထွေးထုတ်ခိုင်းပြီးမှကားပေါ်ကိုခရီးသည်ကိုတက်စေတာပါ
    အခုကခရီးသည်ကိုမောင်းချနေရတဲ့ခေတ်ကြီးမှာစပယ်ယာကကွမ်းစားသူကိုကားပေါ်
    ပေးမတက်နိုင်ဖူးလို့မပြောနိုင်စရာမရှိဖူးထင်ပါတယ်
    စည်ပင်တို့စည်းကမ်းထမ်းသိမ်းရေးတို့ဆိုတာကားတိုင်းအချိန်နဲ့တပြေးညီလို်ုက်စစ်န်ုိင်တာ
    မှမဟုတ်တာ
    ကားမှာဒရိုင်ဘာနဲ့စပယ်ယာကအဓိကလို့မြင်ပါတယ်သူတို့ကထိမ်းမှ
    ဒီစည်းကမ်းမရှိတာကြီးကပျောက်မှာပါ
    ဒီတော့ကားပေါ်မှာကွမ်းစားသူကိုအရေးမယူပဲကွမ်းစားတာကိုလက်ခံတဲ့
    ကားကိုဖိုင်းချမယ်ဆိုဒီကိစ္စပျောက်ကောင်းပါရဲ့

  • Khin Latt

    February 16, 2012 at 5:20 am

    အရီးလဲ ခေါင်းစဉ်တွေ့တော့ ငါနဲ့ မဆိုင် တွေးပြီးမဖတ်ဖြစ်တာ။
    အခုထိပ်တက်လာလို့ ကြည့်တော့ မှ အတော်လေး idea ကောင်းတဲ့ ခေါင်းစဉ် နဲ့ သတိပေး လေးပါဘဲ။
    ကွမ်းစားတတ်သူ တွေ ဆင်ခြင်ဖို့ အတော်ကောင်းနေပါပြီ။
    ကွမ်းတွံထွေး စင်တာကတော့ အရီးလဲ အစင်ခံရဘူးတာ ခဏ၊ ခဏ ပါဘဲ။
    ဘတ်စကား စောင့်တဲ့ နေရာမှာ ဆို အဆိုးဆုံးပါဘဲ။ ကွမ်းတံထွေး တွေမှ အပြည့်။
    အတော်လေး ကို ရွံစရာကောင်း ပါတယ်။
    နောက်ပိုင်း နိုင်ငံခြားခရီး သွား တွေ များလာမဲ့ အချိန် ဒီလို အကျင့် နဲ့ စည်းကမ်းမဲ့ မှုတွေ ဟာ ကိုယ့်နိုင်ငံ ရဲ့ အလှ နဲ့ ဂုဏ်သတင်းကို ထိခိုက်မှာ အမှန်ပါဘဲ။
    အခုထဲကကို စပြီး ပြုပြင် ရတော့မှာပါ။
    ပြဿနာက “ဒါမလုပ်ရ” ဆိုပြီး တားတာထက် “ဒီလိုလုပ်တာ မလုပ်သင့်ဘူး” ဆိုတဲ့ ဆင်ခြင်တတ်တဲ့ အသိ လူတိုင်းမှာ ရှိမှ ဝင်မှ ပြေလည်မှာပါ။
    အဲဒီလို အသိ ဝင်အောင် နည်းမျိုးစုံ နဲ့ အသိပေးရတော့မဲ့ အချိန်ရောက်နေပါပြီ။
    ဒီလို Post မျိုးလေးတွေ ကလဲ တကဲ့ အင်အားတစ်မျိုးပါဘဲ သမီးရေ။
    ဆက်ပြီး စဉ်းစားရေးပါ။ အားပေးနေပါတယ်။

    ခင်မင်စွာဖြင့်
    အရီးလတ်

  • aye.kk

    February 16, 2012 at 6:02 am

    မဖတ်ရဲလို့ခုမှဖတ်မိတာ..
    စည်းကမ်းမရှိလို့ကတော့
    ့ဘယ်တော့မှမတိုးတက်နိုင်ဘူးလို့
    အဖေကဆုံးမထားခဲ့ဘူးပါတယ်။(သတိရသွားလို့ပါ)

  • etone

    February 16, 2012 at 9:19 am

    အဟီး … ချာတူး … ဖတ်ပြီး … ကိုယ်ချင်းစာမိကာ သနားလည်း သနား … အရေးသားလည်းကောင်းတာကြောင့် ရယ်ချင်ချင်ဖြစ်သွားတယ် … 😀 😀 ကိုယ်သာဆို အဲ့ဒီနေရာမှာတင် ဒေါသထွက်လွန်းလို့ …. နတ်ပူးချင်ပူးနေမှာ … ။ 😛

    အရင်းနှီးလည်း မများ ၊ နေရာအကျယ်ဝန်းလည်း သိပ်မလိုပဲ …ပညာအရည်ချင်း ဘာမှမရှိလည်းအဆင်ပြေ .. နေ့စဉ် ဝင်ငွေကောင်းတဲ့ ကိုယ်ပိုင်အလုပ်ဆိုလျှင်တော့ … ကွမ်းရာဆိုင်ထောင်တာပါပဲ … ။ ကွမ်းမစားဖူးလို့ ဘာအရသာရှိမှန်း မသိပေမယ့် … မျိုချလို့လည်း မရ .. ဝါးပဲဝါးပြီး ထွေးထုတ်ရတဲ့ …. ဒီကွမ်းရာကို ဘာလို့များကြိုက်ပါလိမ့်လို့တွေးမိတယ် …. ။ ကွမ်းကိုလည်း မြန်မာ့ရိုးရာ စားစရာတစ်ခုအဖြစ် သတ်မှတ်ပြီး … ကွမ်းယာလုပ်ပုံအဆင့်ဆင့်ကို ဟိုးတစ်လောက MRTV3 မှာ ပြသွားတာ မြင်မိခဲ့တယ် … ။

    ကွမ်းယာအမြဲတမ်းစားလျှင် ကျန်းမာရေးနဲ့ မသင့်တော်ဘူး … ဘာတွေဖြစ်တတ်တယ်ဆိုတာကတော့ …ဒေါက်တာ မိုးသီတာစိုးက ပို့စ်အနေနဲ့ တင်ခဲ့ဖူးပါတယ် …. ။ အခန့်မသင့်လျှင် ကျောက်တည်တတ်ပါသေးသတဲ့ … ။ ကွမ်းယာထဲက ရှားစေ့ကလည်းကောင်း ၊ ထုံးကလည်းကောင်း ကြာတဲ့အခါ ကျောက်ခဲလေးတွေဖြစ်လာတတ်တယ် … ။

    ကွမ်းဝါးမယ့်အစား .. ပီကေပြောင်းဝါးကြပါလားနော် …. ။ (အဲ့ဒီအခါကျလျှင် ဆံပင်ကွက်ညှပ်ရတဲ့ ဇာတ်လမ်းတွေ ပေါ်လာမယ်ထင်တယ် … 😛 )

  • Maung Dae`

    February 16, 2012 at 12:15 pm

    ဟုတ်တယ်… တစ်ခါတုန်းကလဲ ကးအရှေ့ပြတင်းပေါက်က ထွေးလိုက်တဲ့ ကွမ်းသွေးက အနောက်ဘက် ၂ ပေါက်ကျော်က ငါ့မျက်နှာကိုလာစင်တယ်… ကားကလဲ ဖော်မြူလာဝမ်း ရှုံးရလောက်အောင် မောင်းနေတာကိုး.. ဒါနဲ့ နေရာအပျောက်ခံပြီး ရှေ့ခုံကိုသွားပြီးပိတ်ပြောလိုက်တယ်.. ပါးစပ်အငြိမ်မနေနိုင်ရင် ငုံထားလိုက်လို့…. (ပီကေ ကိုပြောတာ.. အဟီး..) 😀

  • laypai

    February 16, 2012 at 12:19 pm

    ဒီပို့ အပေါ် မှာ တင် လာ တာ ကောင်းတယ်။
    ကွမ်း တံတွေး အထွေးခံ ထိလို့ အိန္ဒြေ ပျက် ရ၊ အဖိုးတန် အဝတ်အစားတွေ ဆုံးရှုံး ကြ ရတာ တွေ ကိုယ်တိုင် မဟုတ်တောင် မြင်ရ တွေ့ ရ တော်တော် များ တယ်။
    ဝိုင်းဝန်း ဆွေးနွေး ကြ၊ စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်း ကို ရှုံ့ ချ ကြ ပါ။

    • char too lan

      February 16, 2012 at 1:28 pm

      ဟုတ်တယ်ဟေ့… သံပြိုင်ရှုံ ့ချကြမယ်
      မျို ချ :O
      မျို ချ :O
      မျို ချ :O
      မျို ချ :O
      မျို ချ :O
      မျို ချ :mrgreen:

  • blackchaw

    February 16, 2012 at 12:28 pm

    အသာလုပ်ပါ။ (ချစ်ကောင်းအသံ ဖြင့် ဖတ်ပါ)။
    တော်ပါသေးရဲ့ကျွန်တော်က ကွမ်းမစားလို့။
    (အမျိုးသားများဆိုတော့ ဒါလောက်နဲ့လည်း မလွတ်လောက်ပါဘူး)။
    ပို့စ်ပါ အကြောင်းအရာ အတွက် လက်မတစ်ချောင်း ထောင်ခဲ့ပြီး
    ခေါင်းစဉ်ကြီးအတွက်တော့ လက်မတစ်ချောင်း အောက်စိုက်ခဲ့ပါတယ်။
    ချာတူးလန် လေးက ခုံတော် မောင်ကျဘမ်း လို ရေးနိုင်ပါပေတယ်။
    ခုံတော်မောင်ကျဘမ်းက မြို့ဝန်မင်း ထိပ်နဲ့ နင့်ခြေ နင့်ခြေနဲ့ မြို့ဝန်မင်း ထိပ် ဆိုပြီး
    ပြောခဲ့ဘူးတယ်လို့ သတိရပါတယ်။
    ချာတူးလန်လေး ခေါင်းစဉ်က အဲဒီလို ဖြစ်နေတယ်လို့
    ပေါ့ပေါ့ပါးပါး လေးလေးနက်နက် အတည်ပေါက် ၅ဝ အပျော်အပျက် ၅ဝ
    ဝင်ကွန်းမန့်သွားပါတယ်ခင်ဗျာ။

  • Thel Nu Aye

    February 16, 2012 at 1:59 pm

    ချာတူးရေ နောက်တခါအပြင်ထွက်ရင် အင်္ကျ ီအနီ။ ဘောင်းဘီအနီဝတ်။ ထီးအနီဆောင်းပြီးမှသွားနော်။ ဒါဆိုအနီရည်တွေမှု့စရာမလိုတော့ဘူး။ အကျီ င်္ရောင်နဲ့ရောသွားရော။
    ( ဟီဟိ ပြီးမှကျွဲတကောင်လွှတ်လိုက်မယ် )

  • ဆူး

    February 16, 2012 at 4:08 pm

    ချာချာ ရဲ့ အတွေး ကတော့ လန် ထွက်နေတာပဲ.. ဘာရောဂါများလဲလို့..
    ရန်ကုန်မြို့က မီးပွိုင့်တွေမှာ မျဉ်းအဖြူတွေ တားထားပြီး တလိုင်းစီ လုပ်ထားတယ်။ အဖြူက အနီ ဖြစ်နေပြီ။ သတိထားကြည့်မိနေတာ နည်းနည်း ကြာနေပြီ။ ရန်ကုန်မြို့ တမြို့တည်းတင် ကွမ်းစားအား တော်တော် ရှိတယ်။ လူတွေ စည်းကမ်းတော့ ရှိဖို့ လိုနေပြီ။
    နီးစပ်ရာ ပတ်ရောင် လှည့်နေတဲ့ ရဲ ကို တိုင်ပြီး တရားစွဲလို့ ရရင် ကောင်းမယ်။

  • တညင်သား

    February 16, 2012 at 5:34 pm

    လူတစ်ယောက်မှာ ရောဂါအများအပြား ဝင်ရောက်နိင်တဲ့နေရာဟာ ပါးစပ်ပေါက်ပဲ ဖြစ်တယ်လို့သိရတယ်.. တိုးတက်ပါတဲ့ဆိုတဲ့ နိင်ငံတွေမှာ တကိုယ်ရေ သန့်ရှင်းအပါအဝင် ကတွင်းသန့်ရှင်းရေးကို် ဦးစားပေးလုပ်ကြတယ်..ကွမ်းသွေး မပါပဲ သလိတ်ခတ်
    တံတွေး ထွေးရင်တောင် ရွံစရာအဖြစ်မြင်တက်ပါတယ် သွားကို အမြဲတမ်း သန့်ရှင်ရေး(သွားခြစ်ခြင်း)လုပ်ပါတယ်..
    ကိုကြိုက်လို့စားတာ ပြဿနာ မဟုတ်ပေမဲ့ အများသူငှာ အနှောက်အယှက် ဖြစ်အောင်တော့မလုပ်သင့်ဘူး…..အရင်ရန်ကုန်မှာ
    ကွမ်းမရောင်းရ နယ်မြေ ဆိုပြီးတားမြစ်ထားတာရှိတယ် အဲဒါဆက်လက်ပြီးလုပ်ဆောင်သွားရင် ခုအချိန်ဆို တော်တော်ပျောက်နေလောက်ပြီ စင်္ကာပူမှာ အမိုက်တစ်စ ပြစ်လို့မိရင် လမ်းတလျှောက် တနေကုန်သန့်ရှင်းရေးလုပ်ရတယ် ဆိုလားကြားဖူးတယ် မြန်မာပြည်မှာလဲ စည်းမရှိ ကွမ်းသွေးထွေးရင် အဲလိုလုပ်ခိုင်းသင့်ပါတယ်..

    အကိုကြီး ပိုစ့်ကောင်းစဉ်က ကျောက်စရာကြီး…:P

  • တညင်သား

    February 16, 2012 at 6:32 pm

    ခေါင်းစဉ်ရေးတာ ကောင်းစဉ်ဖြစ်သွားတယ်.. တောင်းပန်ပါတယ်ခင်ဗျ…..:mrgreen:

  • zaw min

    February 16, 2012 at 9:39 pm

    အဲဒီ ပြဿနာက မြန်မာပြည်မှာတင်မကပဲ..နိုင်ငံခြားတိုင်းပြည်တွေအထိ အကျင့်စရိုက်တွေကိုသယ်ဆောင်လာကြတယ်၊ မလေးမှာလည်း တစ်ခါက ဘစ်ကားပေါ်ကနေကွမ်းတံတွေးထွေးချလိုက်တာ အနားမှာရှိတဲ့ မော်တော်ဆိုင်ပေါ်က မလေးလင်မယားနှစ်ပေါ်ကို ကျသွားပါလေရော…အဲဒီကောင်ကို ကားပေါ်ကလူတွေကရော မလေးတွေ ဝိုင်းပြီးဆွမ်းကြီးလောင်းလိုက်ပါလေရော…လမ်းသစ်ဂျာနယ်ထဲမှာပါလာတယ်…အဲဒီတော့ မြန်မာတွေ စည်းကမ်းဆိုတာ စာတမ်းချိတ်ထားရင်တောင် ဂရုမစိုက်ပဲ ထင်သလိုနေ ထင်သလိုလုပ်၊လူမျိုးကိုလည်းထိခိုက်တယ်၊တိုင်းပြည်ကိုလည်းထိခိုက်ပါတယ်…စည်းမရှိ၊ကမ်းမရှိဆိုရင် မြန်မာတွေပဲဖြစ်နေပီ…
    တိုင်းပြည်တိုးတက်ဖို့အတွက် လူတိုင်းလူတိုင်း စည်းကမ်းရှိဖို့၊စည်းကမ်းဆိုတဲ့တန်ဖိုးကိုနားလည်ဖို့အရေးကြီးလှပါတယ်…။တိုင်းပြည်ကြီးပြောင်းလဲဖို့လိုအပ်သလို လူတွေရဲ့ အသိစိတ်ဓါတ်တွေလဲများစွာပြောင်းလဲဖို့လိုအပ်နေပါသေးတယ်…။

  • ချူးတာလန်ရေ
    ပျောက်နေတာအခုမှပေါါ်လာတယ်။
    ရိုက်ချက်ကလဲပြင်းပါ့။

    ပေါက်ကျော်မ
    ခေတ်နောက်ကျ
    အီဗာခေတ်မဟုတ်
    လေဒီခေတ်ဗျ
    တိလဲ မတိဘဲနဲ့……………………………

  • Khin Latt

    February 18, 2012 at 4:53 am

    ဟေ့ ချူးတာ (ကိုပေါက်လိုဘဲ ခေါ်တော့မယ်)
    ကြုံတုန်း မေးလိုက်ဦး မယ်။
    သမီးက ဆံပင် အရှည်လေးနဲ့ လား။ ပုံနဲ့ လူတွေ နဲ့ ကိုက်ကြည့်နေလို့။ 😀
    ချစ်ခင်စွာဖြင့်
    အရီးလတ်

    • char too lan

      February 18, 2012 at 9:28 am

      အာဗာတာထဲကအတိုင်း စွပ်ကျယ်နဲ့
      ပေစုတ်စုတ်လေးဟာ ချူးတာပါဘဲ
      အရီးလတ်ရေ………….. 😉

Leave a Reply