1 နေရောင်လာခါနီးမှာ မြူတွေကြားက မြင်ရတဲ့မန်းလေးတောင် ဒီပုံကို ကျနော်အရမ်းနှစ်သက်ပါတယ်။

2နေရောင်အခမှာ စိုစိမ်းနေတဲ့သစ်ပင်များကြားက မြင်ရတဲ့ အဝေးက နန်းတော်ရူ့ခင်း(ပထမတင်တဲ့ပိုစ်ကပုံနဲ့ တူတယ်ထင်ရပေမယ့်မတူပါဘူး)

3 အလင်းရောင်လာခါစ မှာမြင်ရတဲ့မန်းလေးတောင် အရှေ့ဘက်ခြမ်း

4 မန်းတောင်ပေါ်က ဓါတ်တော်တိုက်က မှန်စီရွှေချ တိုင်ပေါ်ကို နေအခ

5 သစ်ကိုင်းရူပ်ရူပ်ထွေးထွေးကြားက ဓါတ်တော်တိုက်

6 ရှင်းလင်းစွာဖူးမြင်ရတဲ့ ဓါတ်တော်တိုက်(မန်းလေးမြို့ရဲသင်္ကေတ)

7 တောင်အတက်လမ်းက စေတီ ဒီနားမှာ လုလင်က ကျနော်ကိုဓါတ်ပုံတွေရိုက်ပေးသေးတယ်။

8 မန်းလေးတောင်ပေါ်က မြင်ရတဲ့ အရင်က နိုဗိုတယ် အခု မန်းလေးရီဆော့

9တောင်အဆင်းလမ်း မြူမူံရီရီ

10 တောင်အောက်ေ၇ာက်တော့ မြင်ရတဲ့ ထန်းသုံးပင်နဲပကျောက်တော်ကြီး

11 စန္ဒာမုနိဘုရားကိုနေအခ

12 သစ်ကိုင်းအကြားက မြင်ရတဲ့ စန္ဒာမုနိ

 

13 ကျနော်အကြိုက်ဆုံးပုံ ဓါတ်တော်တိုက်မြင်ကွင်း

“နေအခမှာမြင်ရတဲ့ မန်းလေးတောင်”

 

မန်းလေးတောင်ပေါ်ကို အရှေ့ဘက်စောင်းတန်းက နေတက်တဲ့သူနည်းပါတယ်။

လူပြတ်တာကြောင့်ပါ။

နောက်မန်းလေးတောင်တက်မယ်ဆိုရင် ခြင်္သေ့ကြီးနှစ်ကောင်ဘက်က နေတက်မယ်ဆိုရင်

လမ်းမှာဝင်ဖူးစရာ ဘုရားတွေက အများကြီး။

အရှေ့ဘက်ကတက်မယ်ဆိုရင်တော့ ဓါတ်တော်တိုက်မရောက်ခင်မှာသာ

ဖူးစရာဘုရားတစ်ဆူထဲဘဲရှိပါမယ်။

 

ဒါပေမယ့် အရှေ့ဘက်စောင်းတန်းက ကြည့်မယ်ဆိုရင်ရှမ်းရိုးမအလှ၊

ကုသိုလ်တော်၊စန္ဒာမုနိ၊ ရွှေကျောင်းကြီး၊အရှေ့ဘက်ကျုံးအလှတွေကို

အားရပါးရမြင်ရပါတယ်။

မန်းလေးတောင်ဓါတ်တော်တိုက်ကတော့ အဝေးကနေမြင်နေရတဲ့

မန်းလေးမြို့ရဲ့ အမှတ်အသားတစ်ခုလို့ပြောရင်ရပါတယ်။

ဒီပုံလေးတွေက နေထွက်ပြီးစမှာမြင်ရတဲ့မန်းလေးတောင်နဲ့ပါတ်ဝန်းကျင်က မြင်ကွင်းလေးတွေပါ။

နှစ်သက်ကြမယ်လို့ထင်ပါတယ်။

နောက်ရက်တော့ မန်းလေးတောင်ပေါ်က ကားလမ်းကနေ ဆိုင်ကယ်နဲ့

သွားပြီးအ နောက်ဘက်ခြမ်းက မြင်ကွင်းတွေကို ခံစားကြရအောင်လေ။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(16-2-2012)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။