ကဲ..ကဲ.
စိန်မျောက်မျောက် သမဒ ဖြစ်ရင်-

ခလေးစီးယာဉ် တစ်လိုင်း (ကားပေါ်မှာခလေးထိန်းပါ ရှိမယ်)

လူကြီးစီး ယာဉ်လိုင်း (ကားပေါ်မှာ အီးပါသေးပေါက် ပြုစုပေးမဲ့ နာ့စ် ရှိမယ်)

အမျိုးသမီးစီးယာဉ်လိုင်း (မိန်းခလေးအချင်းချင်း လွတ်လွတ်လပ်လပ်စီးရမယ်.ပြောချင်တာပြော လုပ်ချင်တာလုပ်နိုင်မယ်)

အမျိုးသားစီးယာဉ်လိုင်း (အပေါ်ကလိုပဲ လုပ်ချင်ရာ လုပ်နိုင်မယ်)

အတွဲစီးယာဉ်လိုင်း (မွေ့ ယာ ဘညာ စမာကလာ ရေဘူး ခေါင်းအုံး အကုန်ပါမယ်)

သံဃာတော်များအတွက် တစ်လိုင်း ( ကားစီးရင် မိန်းခလေးတွေကို ရှောင်စရာမလိုတော့ဘူးလေ)

မယ်သီလရှင်များ တစ်လိုင်း (လိုင်းကားစီးရင်း ၀ါသနာပါလို့  အလှူခံရင် ရပ်စောင့်ပေးမယ်)

မိန်းမလျှာယာဉ်လိုင်း (ဘညာခရမ်းသီး အကုန်ပါမယ်)

ယောက်ျားလျှာ ယာဉ်လိုင်း (တောင်းဆိုတာ အကုန်စီစဉ်ပေးမယ် )

လိင်တူချစ်သူ ယာဉ်လိုင်း ( အိုဘားမားရဲ့ လိင်တူချစ်သူများအပေါ် အသိအမှတ်ပြုကြောင်းမှတ်တမ်းလွှာနှင့်တကွ
ယာဉ်ပေါ်မှာ အချုပ်ဆရာဝန်ပါ စီစဉ်ပေးထားမယ်)

လုပ်စရာအလုပ်မရှိလို့ ဘတ်စကားလျှောက်စီးနေသူများအတွက် တစ်လိုင်း {Credit this plan to Ko Pauk (MDY) }

ပိုက်ဆံမပေးဘဲဘတ်စကားစီချင်သူများအတွက် တစ်လိုင်း {Credit this plan to Ko Pauk (MDY) }

ယိမ်းအဖွဲ့တွေစီးရန် ယာဉ်လိုင်း (ဘီအီးသောက်ထားသဖြင့် ယိမ်းထိုးနေခြင်း)
(ကားပေါ်တွင် ဘီယာ၊ ဘီအီး၊ ၀ီစကီ …စသည့် မူးစေမည့်အရာမှန်သမျှ အကုန်ပါမည်) {Credit this plan to မီးလေး }

ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် တစ်လိုင်း (ယာဉ်ပေါ်မှာ အိုဂျီဆိုလားဘာလား၊စီးနေရင်း မတော်ထွက်ကျရင်မွေးပေးဖို့  ဆရာဝန် အဆင်သင့်ပါမယ်  )

ထောက်လှမ်းရေးစီး သီးသန့် ယာဉ်လိုင်း ( အချင်းချင်း အပြန်အလှန်ထောက်ကြရာမှ နားလည်မှုရ၍ ကိုယ်ချင်းစာတတ်စေရန် )

စသဖြင့် စိတ်ကူးပေါက်ရာ ယာဉ်လိုင်းများ တိုးချဲ့ ပြေးဆွဲမည်ဖြစ်ပြီး

လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြား အိမ်တိုင်ယာရောက် အလုပ်တိုင်ယာရောက် ပို့ ဆောင်ပေးမယ်။

၂၄ နာရီ နန်းစတော့ ထမင်းမစားကွမ်းမစား ပြေးဆွဲမယ်။

ပုံမှန်စီးနေကျလူကို ဒစ်စကောင့်ပေးမယ်။

လိုတာထက်ပိုစီးမဲ့လူကို အမေရီကန်ခရီးစဉ် တစ်လ ဖရီး ပေးလွှတ်မယ်။

ပိုးဆိုးပက်စက်စီးမဲ့လူကို ယာဉ်ပါ အလကား ပေးပစ်မယ်။

လိပ်စပိထက်သာတဲ့ အင်တာနက်ကွန်နက်ရှင် ထည့်ထားပေးမယ်။

ဖုန်းဆက်လှမ်းခေါ်ရင် အိမ်အထိ၊အခန်းထဲထိ လာကြိုပေးမယ်။

တောင်းဆိုမှုများရှိလာပါက ကေတီဗွီ၊မာဆတ်၊စင်တင်တေးဂီတများ ထည့်သွင်းပြီး အိမ်က မိန်းမ မမြင်အောင်ပါ
စတစ်ကာကပ်ပြီး ၀န်ဆောင်မှုပေးမယ်။

စိတ်ပါဝင်စားသူများ လာမဲ့ မိုးပြာသက္ကရာဇ် 99999 ခုနှစ်၊ ဂေါက်သီးလပြည့်နေ့  ဆယ်ခုနစ်ရှစ်ရက်မှာ ကျင်းပမဲ့
ရွေးဂေါက်ပွဲမှာ စိန်မျောက်မျောက်ကို မဲထည့်ကြပါ။
ရှယ်ယာ ၀င်ချင်သူများ၊အကျိုးတူပူးပေါင်းလုပ်ကိုင်လိုသူများ လောလောဆယ် သများ ဒီညဘီယာသောက်ဖို့  အတွက်
စရံသပ်တဲ့ အနေနဲ့  ငါးထောင်လောက် ကြိုပေးထားကြပါ။အမြည်းကောင်းကောင်းပါစားစေချင်ရင် တစ်သောင်းလောက် ထုတ်ပေးပါ။ကုန်ကျစရိတ် ဘောက်ချာကို စကန်ဖတ်၍ ပြန်လည်ပို့ ပေးလိုက်ပါမည်။

 

စိတ်ဝင်စားမဲ့လူတွေတော့ လုံးဝဥသုံ ဒေါ်ဘုတ်ဆုံကို အကျိုးအမြတ်များမှာ မလွဲဧကန်ပင် ဖြစ်တော့သည်တစ်မုံ့ ။

 

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး