ယနေ့ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးနေပြီဖြစ်သည်

ရာနှုံးပြည့် အောင်မြင်သည်မအောင်မြင်သည်အသာထား လမ်းကြောင်းပေါ်တော့ မေးတင်နေပေပြီ

ဘယ်အချိန်မှာ အကောင်းဆုံးဖြစ်မယ်ဆိုတာ တော့မသိသေး

နိုင်ငံသားအားလုံး အလွှာအားလုံးက ကြိုးစားရပေမည်

ယနေ့နိုင်ငံသားအားလုံး ဒီမိုကရေစီဆိုတာ ဘယ်လိုဆိုတာသိပြီလား

ထားတော့ သိသူလည်းရှိမယ် မသိသူလဲရှိမယ် နဲနဲသိလဲရှိမယ်

ယနေ့ အခြေခံပညာ မူလတန်းကလေးတွေကို ဒီမိုကရေစီနဲ့ မိတ်ဆက်လေ့ကျင့်ဖို့လိုနေပြီဖြစ်သည်

ဘယ်လိုလေ့ကျင့်ကြမလဲ

ကလေးတွေကို ပုံစံသွင်းရပေတော့မည်

ဘယ်လိုသွင်းမလဲ

မိဘကလဲ ပုံစံသွင်းရမယ်

ဆရာတွေကလဲပုံစံသွင်းရမယ်

လွတ်လပ်မှု၊ တရားမျှတမှု၊ ကိုယ်ချင်းစာတရားထားရှိမှု၊ အထက်အဖွဲ့အစည်း အာဏာပိုင်ကို ယုံကြည်ကိုးစားမှု စတာတွေကို စတင်လေ့ကျင့်ဖို့

လိုအပ်လာပေသည်။

ယခင်က ကျောင်းနေအရွယ် မှုလတန်းကလေးတွေကို မိဘတွေက

သားကျောင်းမှာသူများက သားကို လုပ်ရင် မခံနဲ့ ပြန်ချ လို့ဆုံးမနေတာကို

သား ကျောင်းမှာ သားကို သူများက အနိုင်ကျင့်ရင် ဆရာမနဲ့သေချာသွားတိုင်နော်

ပြန်မလုပ်ရဘူး လို့ဆုံးမရတော့မည်

ဆရာများကလဲ ကလေးများတိုင်တန်းချက်ကို သေချာ အလေးထားဆောင်ရွက်ပေးရပေမည်

တနိုင်ငံလုံးမှာရှိတဲ့ ဆရာဆရာမအားလုံးက ယခုတည်းက ပျိုးထောင်လေ့ကျင့်ပေးရပေတော့မည်

ဒီနေရာမှာ ဆရာတွေရဲ့ အရည်အသွေး၊ စေတနာ၊ နားလည်သဘောပေါက်မှုအလွန်အရေးကြီးလာပါတယ်

မြန်မာ့ယဉ်ကျေးမှုထုံးစံ၊ နိုင်ငံတော်က ဆရာတွေကိုပေးထားတဲ့လုပ်ပိုင်ခွင့်၊ ဥပဒေ ၊ သီးခံအနစ်နာခံမှုတွေ ရှိဖို့က

အ၇မ်းကိုလိုအပ်ပါတယ်

တလောက ရန်ကုန်မြို့မှာ ကလေးတစ်ဦးကို ကျောင်းအုပ်တဦးက ဆုံးမလို့ အမှုဖြစ်ကြတယ်ဆိုတာကို

စာစောင်တွေ အင်တာနက်စာမျက်နှာတွေတော်တော်များများမှာဖတ်လိုက်ရပါတယ်

ကဲ မြန်မာလူနေမှု ယဉ်ကျေးမှုထုံးစံနဲ့ ဒီမိုကရေစီသဘောတရားကို ပညာရေးဝန်ထမ်းတွေအတွက်

စဉ်းစားကြည့်ကြမယ်

 

မြန်မာ ယဉ်ကျေးမှု ဓလေ့ထုံးစံအရကြည့်မယ်

ဆရာတွေသည် မိဘနဲ့တဂိုဏ်းထဲ အနနေအနတဂိုင်းဝင်

ဆရာတွေသည် ကျေးဇူးရှင်တွေ

ငယ်စဉ်ထဲက ကောင်းစေချင်လို့ဆုံးမကြရတယ်

ရိုက်နှက်မရမဲ့ကလေးကို ရိုက်နှက်ဆုံးမကြရတယ်

နာစေလိုတဲ့ စိတ်မရှိ ကောင်းစေလိုတဲ့စိတ်ပဲရှိလို့ဆုံးမကြရတယ်

ဆရာဆိုတာ ပီတိကိုစားပြီး အားလုပ်ကာ အသက်မွေးကြရတယ်

 

ဥပဒေအရ

ဆရာသည် ကလေးများကို ရိုက်နှက်ခြင်းခွင့်မပြု

ကလေးသူငယ်ညှင်းပမ်းနှိပ်ဆက်မှုမပြုလုပ်ရ

ဆရာများအား ကလေးများကို ပညာသင်ပေးရန် နိုင်ငံတော်မှ

လစာငွေချီးမြှုင့်ပေးထားသည် အလကား စေတနာဗလပွနှင့်လုပ်ခိုင်းနေသည်မဟုတ်

ရိုင်းရိုင်းပြောလျှင် တန်ရာတန်ကြေးပေးထားသည်

 

အထက်ပါတင်ပြထားသော အချက်များအရ

ဆရာသည် ကလေးကို လုံးလုံးရိုက်နှက်မဆုံးမပဲနေလျှင်လဲမဖြစ်

ရိုက်ပြန်လျှင်လဲ အပြစ်မလွတ်ပေ

ထို့ကြောင့် ကလေးများကို ဒီမိုကရေစီ စနစ်မှာ စည်းကမ်းပြည့်ဝပြီး

ပညာရည်တိုးတက်ဖို့ရန်အတွက်

ဆရာများရဲ့ လုပ်ရည်ကိုင်ရည် မှာ အထူးပင်အရေးကြီးနေသည်ကိုတွေ့ရပေသည်။

ထို့ကြောင့် ဆရာဆရာမများ ဥပဒေ ယဉ်ကျေးမှုဓလေ့ထုံးစံများအကြား ပါးနပ်စွာဖြင့်

ကလေးများကို တိုးတက်သထက်တိုးတက်အောင် ပညာတက်သထက်တတ်အောင်

နည်းလမ်းများရှာဖွေ သုံးသပ်ရန် အထူးလိုအပ်ပေသည်။

 

 

About ko htaik

ko htaik has written 1 post in this Website..