ဒီနေ့ ကလိ မိသမျှ
ကျနော်က အင်တာနက်ပေါ်မှာ ကလိနေရတာကို အလွန် ဝါသနာပါတဲ့ လူတစ်ယောက်ပါ။ ဒီနေ့လည်း ကျနော် ပို့စ်တင်မယ်လုပ်ရင်းနဲ့ ပို့စ် Editor ကို ကလိနေမိတယ်။ အဲဒီမှာတင် ကျနော် ကလိမိတာတွေကို ပို့စ်အဖြစ် တင်လိုက်မယ် ဆိုပြီး အခု ပို့စ်လေးကို တင်လိုက်ပါတယ်။ ဒီနေ့ ကျနော် ကလိ မိသမျှ ကတော့ ……………
ပထမဆုံး Gazette မှာ Login ဝင်လိုက်တယ်။ ဒီတော့ Dashboard ကို ရောက်သွားတာပေါ့။ ပို့စ် အသစ်တင်မယ် ဆိုတော့ Posts ခေါင်းစဉ်အောက်က Add New ကို နှိပ်လိုက်တယ်။
ပေါ်လာပါပြီ။ ရိုးရိုးလေးပါပဲ။ အပေါ်က Box ထဲကို ခေါင်းစဉ် ရိုက်ထည့်တယ်။ နောက်တော့ အောက်က Box ကြီးထဲမှာ ပေါက်ကရစာတွေ ရေးတယ်။ အဲဒီမှာ ကိုယ့်စာကို Style လေး ထည့်ချင်တာနဲ့ အပေါ်က icon တွေကို ကြည့်မိတယ်။ အဲဒီမှာ အဲဒီ icon လေးတွေရဲ့ အသုံးပြုမှုကို ကလိချင်မိသွားခဲ့တယ်။ ဒါနဲ့ icon လေးတွေကို တစ်ခုချင်း လျောက်ပြီး ကလိတယ် ပေါ့ဗျာ။ ဟောဒီမှာ ပုံလေးတွေနဲ့ လုပ်ထားပါတယ်။

ဒါကတော့ ပထမ icon လေး သုံးခုနဲ့ အသုံးဝင်ပုံတွေပါ။ အဲ ... စာကို select မှတ်ပြီးမှ အဲဒီ icon (သို့) button လေးတွေကို နှိပ်ရမှာနော်။

ဒါကိုတော့ စာချည်းသက်သက် copy ယူတာ မဟုတ်တော့ဘူး၊ သူက Link တွေရော စာလုံးရဲ့ စတိုင်တွေကိုပါ တစ်ပါတည်း ပါတယ်။

ဒီနှစ်ခုကိုတော့ စာရဲ့ စတိုင်တွေကို ပြန်ဖျက်ဖို့နဲ့၊ Special Character လေးတွေ ထည့်ချင်တဲ့အခါ သုံးနိုင်ပါတယ်။

စာတွေကို Indent တွန်းဖို့အတွက်၊ Undo ပြန်လုပ်ဖို့အတွက် ဒါလေးတွေကို သုံးပါတယ်။ နောက်ဆုံးက Help ထဲမှာတော့ Hot Keys တနည်းအားဖြင့် Short Keys တွေ ရှိတယ်။
*ဖြည့်စွက် ……
_______________________________________________

ကိုယ် ထည့်ထားတဲ့ပုံပေါ်ကို ကလစ်နှိပ်လိုက်ရင် icon လေး နှစ်ခု ပေါ်လာတယ်။ ဘယ်ဘက်က ပုံရဲ့ ဆိုက်တွေဘာတွေကို ပြင်ဖို့၊ ညာဘက်က ပုံကို ပြန်ဖျက်ဖို့

ဒါက ပုံကို ပြင်တဲ့ icon လေးကို နှိပ်လိုက်ရင် ပေါ်လာမယ့်ပုံ၊ ဒီနေရာမှာ ပုံတွေကို ဆိုက် ပြန်ပြောင်းနိုင်တယ်

Admin Page (Dashboard) ထဲက All Posts ထဲမှာရှိတဲ့ ပို့စ် ခေါင်းစဉ်တစ်ခုခုပေါ်ကို mouse လေး တင်လိုက်တာနဲ့ ဟောဒီလိုလေးတွေ ပေါ်လာခဲ့ရင် အဲဒီလိုပဲလို့ မှတ်ပါ
_______________________________________________
ဒါတွေကတော့ ဒီနေ့ ကျနော် ကလိ မိသမျှပါ။ အဟဲ … စာရေးရမှာ ပျင်းလို့ ပုံတွေအားကိုးနဲ့ပဲ ချဲလိုက်ပါတယ်နော် ….. ။
အားလုံးကို ကျေးဇူးတင်ပါတယ် … ။
ခင်မင်စွာဖြင့်
အံစာတုံး
အော်..ဂေဇက်မှာဒီလိုလည်းရှိတယ်ပေါ့..
ဘုရားလည်းဖူး..လိပ်ဥလည်းတူး ပေါ့နော်..
ကိုဖိုးအောင်ထွန်း ကို ကျေးဇူးအများကြီး တင်ပါတယ်..
Was this answer helpful?
LikeDislikeအဲ..အဲ..အမြန်ဆုံးကူညီကြပါအုံး
ခေါင်းစဉ် စာလုံးပေါင်းပြင်ချင်လို ့ပါ
ဘယ်လိုလုပ်ရမလဲ မသိလို ့ပါ..
ပိုစ့် က အခုလေးတင် ..တင်လိုက်တာပါ..
ရေးချင်တာက ” သပြုသီး ” ပါ…
Was this answer helpful?
LikeDislikeမသိသေးတဲ့သူတွေအတွက်အထောက်အကူဖြစ်တာပေါ့
ကောင်းပါတယ် အချိန်တော်တော်ပေးလိုက်ရမယ်….။
Was this answer helpful?
LikeDislikeအထု ပြောင်းသွားတဲ့ ဒီဇိုင်း နဲ့ အညီ လမ်းညွှန်လေး လုပ်ပေးပါအူးးးး
Was this answer helpful?
LikeDislikeကျေးဇူးအကြီးကြီးပါ စမ်းကျိလိုက်ပါမည် အံဇရာရေ
Was this answer helpful?
LikeDislikeအားလေးကိုမေးထဲ ဖိုင်လေးနဲ့ပို့ချင်ဘူးလားဟင်။ ခုကူးနေတာကူးမရလို့။ Word file ဖြစ်ဖြစ်ပေါ့။
Was this answer helpful?
LikeDislikeအရင်ဟာထက် အခုပြောင်းတဲ့ဒီဇိုင်းလေးလည်း လုပ်ပေးပါဦး။
Was this answer helpful?
LikeDislikeအူးလေး….မီး ဒီနေ့ title မပေးမိပဲနဲ့ Publish လုပ်လိုက်တာ ဘာမှပေါ်တော့ဘူး….ကောင်လေးလို့ title ပေးပေးပါအူး…မီး တော့ လုပ်လို့ရဘူး ဖစ်နေတယ်…ကယ်ဂျဘာအူး….
Was this answer helpful?
LikeDislikeဟယ် အံစရာ ကို အူးလေး တဲ့ ဆိုးပါ့အေ
အဲလိုခေါ်ရင် လုပ်ပေးမှာမဟုတ်ဘူး
မြန်မြန်ပြောင်းခေါ်လိုက်
Was this answer helpful?
LikeDislikeဟုတ်ဒယ် … ပြောလိုက် ပြောလိုက် ..
ဂလောက် .. ငယ်ငယ် နုနုဖတ်ဖတ်လေးကို သူမို့ ဥငေး … ဒဲ့ ..
ဂလို ခေါ်လို့ကတော့ ပြင်ပေးနိုင်ဘာဘူးတော် … ဟွန့် ..
Was this answer helpful?
LikeDislikeအူးလေးလို့မှမခေါ်ရင် တူ့ချစ်ချစ်က မီးကို လာရိုက်မှာ ချိုးလို့ဘာ…စိတ်မဆိုးဘာနဲ့ အူးလေး…စိတ်ကောင်းရှိမှန်း မီးသိပီးသားဘာ…
Was this answer helpful?
LikeDislikeကျေးကျေးပါ အံအံ ။။
Was this answer helpful?
LikeDislikeကျွန်တော် မန်ဘာအသစ်ပါ ပရဟိတစိတ်ဓာတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ post တစ်ခုတင်လိုက်ပါတယ် ရောက်မရောက်ဆိုတာ ဘယ်လိုကြည့်ရမလဲခင်ဗျာ
Was this answer helpful?
LikeDislike