လူတွေ တကယ်ဘဲ ယဉ်ကျေးကြပြီလား..
– ဆုပေးဒဏ်ပေးနဲ့ ကိုယ်နုတ်နှလုံးကောင်းဖို့ တည်ဆောက်ရမယ် ဆိုရင်…လောကမှာ ဘုရားပွင့်ဖို့တောင် မလိုပါဘူး။
ဆုပေးဒဏ်ပေး စနှစ်နဲ့ တည်ဆောက်ထားလို့ ကိုယ်၊နုတ်၊နှလုံးကောင်း အကျင့်ပါ နေပြီး ကိုယ်၊နုတ်၊နှလုံး မဖေါက်ပြန် သူတွေ အများအပြားရှိပါလိမ့်မယ်…
ကိုယ်၊နုတ်၊နှလုံးကောင်းလို့ ရနိုင်တဲ့ဆုထက် ပိုမိုကြီးမားတဲ့ လိုလားတပ်မက်စရာ မတွေ့မီ အထိဘဲ ကိုယ်၊နုတ်၊နှလုံး ကောင်းနိုင် မှာကြောင့်ပါဘဲ။
ရလာလို့ ကောင်းတာဆိုတော့ ဆိုးရင်ဒီထက်ပိုရမှာ ရှိရင် ဆိုးတော့ မှာပါဘဲ။
ဒီလိုဘဲ ဆိုးရင် ဒဏ်ရမှာဆိုပြီး ဒဏ်ကြောက်လို့ မဆိုးသူဟာ ဆိုးမှဘဲ အဲဒီဒဏ်ကို ကျော်နိုင်မယ်ကို မြင်တဲ့ အခါ ဆိုးတာကို ပြန်လုပ်မှာပါဘဲ။
ဆုပေးဒဏ်ပေး အမြင်နဲ့ ကိုယ်၊နုတ်၊နှလုံး ကောင်းနေကြသူတွေဟာ သမိုင်းထဲက ဘိုးတော်ဘုရင်နဲ့
ကြောင်လိမ်မာ လိုသူတွေဘဲ ဖြစ်လို့ ရိုးသားတဲ့ သူကို ခေါ်ဝေါ်တဲ့ အရိယာလူတွေ မဟုတ်ကြသေးပါဘူး။
အရိယာ လူဟာ သမာတဲ့ ကိုယ်နုတ်နှလုံး ရှိသူရဲ့ အမည်ဖြစ်ပါတယ်။
အကျင့်ဘာဝနာပွားပြီး တရားအားထုတ်တယ်ဆိုတာ ကိုယ်၊နုတ်၊နှလုံး တွေကို သမာအောင် ကျင့်တာပါ။
Buddha ဘာသာမှာ အကျင့်ရဲ့ အမည်ဟာ ကိုယ်၊နုတ်၊နှလုံး ပြုမူလှုပ်ရှားမှုရဲ့ အမည်ဘဲ ဖြစ်တယ်။
မိဘတွေဟာ သူတို့သာသမီးကို ကိုယ်၊နုတ်၊နှလုံး မမှားအောင် လမ်းကြောင်းပေးတာ ကောင်းပေမဲ့ ဒီလိုပေးသူ တွေရဲ့ အမြင်က ငရဲလားတတ်တယ်၊ အပယ်ကျတတ်တယ် ဆိုတဲ့ အကြောက်တရား တွေနဲ့ ဖြစ်နေပါတယ်။ ဒါမှ မဟုတ် နတ်ပြည်ရောက်မယ်၊ လူ့ပြည်ရောက်မယ် ဆိုတဲ့ အမျှော် တရားတွေနဲ့ ဖြစ်နေပါတယ်…
ဒါတွေဟာ ဒုတ်ရမယ်..မုန့်ရမယ် လို့ပြောတာနဲ့ အတူတူဘဲ။ အကြောက် အမက်တွေနဲ့ ကိုယ်၊နုတ်၊နှလုံး
ကောင်း တည်ဆောက်သူတွေ ဖြစ်နေတယ်.. ဒါတကယ် ယဉ်ကျေးတဲ့ လူ့အဖြစ်ကို မရောက်နိုင်သေးပါဘူး။
ဖေါက်ပြန်တဲ့ ကိုယ်၊နုတ်၊နှလုံး တွေရဲ့ အပြစ်အနာ အဆာတွေကို သိမြင်တွေးခေါ်ပြီး
ကိုယ်၊နုတ်၊နှလုံး ဖေါက်ပြန်မှုတွေက လွတ်တဲ့ သမာတဲ့ ကိုယ်၊နုတ်၊နှလုံး ဖြစ်အောင်လေ့ကျင့် ရမှာဖြစ်တယ်….
10 comments
စပ်ဖြဲ
February 22, 2012 at 4:36 pm
နပေါ .. နင်တောင်မလုပ်တာ …. လူတိုင်းနင့်ထက် လည်တဲ့လူကြီးဘဲ
realman
February 22, 2012 at 4:54 pm
မဂ္ဂင် ၈-ပါးမှာ
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဆိုသည့် – ကံမဂ္ဂင်ကို
သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုသည့် – သတိ၊ ဝီရိယမဂ္ဂင်နဲ့
သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ ဆိုသည့် – ပညာ မဂ္ဂင်တို့နဲ့ အကဲခတ်ပွားများပေးရမှာပါ။
အကျင့်ဘာဝနာပွားပြီး တရားအားထုတ်တယ်ဆိုတာ ကိုယ်၊နုတ်၊နှလုံးတုန့်ပြန်ချက်ဖြစ်တဲ့ ကံတွေရဲ့ မသမာမှုတွေကို သမာတဲ့ ကိုယ်၊နုတ်၊နှလုံးတုန့်ပြန်မှုတွေဖြစ်အောင် သတိ၊ ပညာဆိုတဲ့ မဂ္ဂင်တွေနဲ့ သီလမဂ္ဂင်တွေကို စစ်ဆေးပေးဖို့လိုပါတယ်လို့ ဝင်ဆွေးနွေးပေကြည့်တာပါ။
snow white
February 22, 2012 at 5:50 pm
တရားပေါက်ပြီးတောထွက်နေမယ်နော်ဟီးဟီးးးးးးးးးးးးးးးးးးးးးးးးးးးး
Ko out of...
February 22, 2012 at 5:58 pm
တောထွက်ဖို့ မလိုပါဘူး… တရားဆိုတာ လူတွေရဲ့ လုပ်ရပ်ထဲမှာဘဲ ရှာရမှာ လို့ထင်ပါတယ်..
မဟာရာဇာ အံစာတုံး
February 22, 2012 at 7:20 pm
တောထွက်ရင်တော့ အနော့်ကိုလည်း ခေါ်နော်။
အနော်ကလည်း တောထွက်ချင်နေတာ …
တစ်ယောက်တည်းဆို သရဲကြောက်လို့ …….. 😀
ဝင်နောက်သွားခြင်း ဖြစ်ပါဂျောင်း ……. ။
ကိုပေါက်(မန္တလေး)
February 22, 2012 at 7:13 pm
သူသူငါငါ နားထောင်ကောင်းအောင်သာပြောတတ်ကြတာကိုးဗျာ။
တကယ့်လက်တွေ့မှာကောင်းအောင်မလုပ်နိုင်လို့
ထောင်တွေ တရားရုံးတွေရှိနေသေးတာလေဗျာ။
အဲတော့ သူများနောက် ကိုယ်အရင်ကောင်းအောင်နေုနိုင်ဘို့ဘဲကြိုးစားပါတော့တယ်.။
ဘုရားဟောထားတဲ့စာတွေပြန်မပြောတော့ဘူး။
စာဖတ်တတ်ရင်သိမှာဘဲ။
အဲ ပြောတာထက် တကယ်လက်တွေ့ကျင့်ကြံရတာသာခက်တာပါဗျာ.
ဟုတ်တယ်မလား။
နေ့တိုင်းမှန်ပြန်ကြည့်တတ်အောင်လေ့ကျင့်နေပါတယ်ဗျာ။
Ko out of...
February 22, 2012 at 8:12 pm
စာဖတ်တတ် တိုင်းမသိနိုင်ဘူးလို့ထင်တယ်ဗျာ…
ကလေးတွေ စာဖတ်တတ်တယ်..သူတို့ တကယ်သိတဲ့လူတွေ မဟုတ်သေးပါးဘူး…
အရကောက်လွဲရင်လည်း ပန်းတိုင်ခရီးကို မရောက်နိုင်ဘူး လို့ဆိုချင်တယ်….
ကိုပေါက်(မန္တလေး)
February 22, 2012 at 10:48 pm
“ မှန်ကြည့်သလို ပြန်ကြည့်ဖြစ်ပါသလား ?”
တစ်ခါက ဆို ဟိုးရှေးရှေးကပေါ့နော်။
လူသူနည်းနည်းဝေးတဲ့တောအုပ်ကလေးနားမှာရှိတဲ့ ကျောင်းသင်္ခန်းလေးမှာ ရဟန်းတစ်ပါး ဟာ
တရားဓမ္မဆောက်တည်လို့ တစ်ပါးတည်း သီတင်းသုံးနေတော်မူပါသတဲ့။
တစ်နေ့တော့သည်ကျောင်းလေးနားကို ပြည့်တန်ဆာမ တစ်ယောက်ကို ကျောင်းသင်္ခန်းနဲ့ မလှမ်းမကမ်းမှာလာပြီးနေရာချထားလိုက်ပါသတဲ့။
အစက အေးအေးဆေးဆေးရှိတဲ့ တိတ်ဆိတ်အေးချမ်းသောနေရာလေးဟာ ရုတ်တရက် ဆူညံစည်ကားလို့လာပါလေရော။
အဲဒီအချိန်မှာ ရဟန်းကြီးလဲစိတ်တွေညစ်သွားတော့တာပါဘဲ။
တစ်ရက်တစ်ရက်လာလိုက်တဲ့လူတွေ များမှများဆိုဘဲ။
ဒါနဲ့ပဲ ရဟန်းကြီးမှာဒီလိုစိတ်ကူးတစ်ခုရလာပါသတဲ့။
“ဒီတကာမလေးမှာ အကုသိုလ်တွေ များလို့များမှန်းမသိတော. ဖြစ်မှန်းမသိတော.ဖြစ်နေပြီ ဒီတော့ သူ့မှာအကုသိုလ်တွေ
ဘယ်လောက်များတယ်ဆိုတာ သိအောင်ပြမှဖြစ်မယ် ”
ဒီစိတ်ကူးရတဲ့နေ့ကစလို့အဲဒီအိမ်ကို လူတစ်ယောက်ဝင်သွားရင်ရဟန်းက သူ့ကျောင်းဝင်းထရံနံဘေးမှာခဲလုံး တစ်လုံး
ချလို့ အရေအတွက် သိအောင်မှတ်သားထားလိုက်ပါတယ်။
ဒီလိုနဲ့လေးငါးခြောက်လ ကြာလာတော့ကျောင်းဝင်းထရံနံဘေးမှာ ခဲလုံးတွေအတော်လေးကိုများလာပါသတဲ့။
တစ်ရက် တိုက်ဆိုင်ချင်တော့ရဟန်းကကျောင်းရှေ့မှာထွက်လာတဲ့အခို်က်
ပြည့်တန်ဆာလုပ်တဲ့မိန်းကလေးကလည်းသူ့အိမ်အပြင်ဘက်ကိုထွက်လာတာနဲ့ဆုံပါသတဲ့။
အဲဒီမှာ ရဟန်းကြီးက မိ်န်းကလေးကို လှမ်းခေါ်လိုက်ပါသတဲ့။
မိန်းကလေး အနားကိုရောက်လာတော့
“ကြည့်စမ်းပါ ဒီခဲလုံးတွေက မင်းဆီကို လူတယောက်လာရင်တစ်လုံးချထားတာ။ဒီခဲလုံးများလေလေ မင်းကြောင့်ဖြစ်လာတဲ.အကုသိုလ်တွေ
ကျူးလွန်သူများလေလေ မင်းလဲအကုသိုလ်များလေလေဘဲ။သေရင်တော့ငရဲကိုတန်းနေမှာဘဲ”လို့ပြောလိုက်ပါသတဲ့။
ဒီစကားကိုကြားလိုက်ရတဲ့အခါ မိန်းကလေးခင်မျာ အတော်ကိုဝမ်းနည်းသွားသလို အတော်ကိုလည်း
ကြောက်လန့်ပြီး တော်တော်လေးကို တုန်လုှပ်သွားပါသတဲ့။
ဒါနဲ့ပဲအိမ်ပြန်ရောက်တဲ့အချိန်ကစလို့
” ဘဝပေး အခြေအနေမကောင်းလို့သည်လိုနိမ်.ကျတဲ့အဖြစ်ကိုရောက်နေပေမဲဒီကနေကစလို့ကောင်းမူ့ကုသိုလ်ကိုတတ်နိုင်သလောက်လုပ်မယ်”
မယ်လို့ဆုံးဖြတ်လိုက်တဲ့နေ့ကစလို့ မနက်ဆိုရင်စောစောထ ဘုရားဝတ်ပြု ဆွမ်းတော် ပန်းတော်ကပ် လို့ကောင်းမူ့တွေပြုပါတယ်။
ဧည့်သည်မလာတဲ့အချိန်တွေဆိုရင်လည်း သူတတ်သလောက်မှတ်သလောက် သိသလောက်လေးနဲ့ တရားဘာဝနာ ပွားများတာ တရားထို်င်တာ စိတ်ပုတီးစိတ်တာတွေကို နိုင်သလောက်ကလေးကြိုးစားလုပ်လို့ကောင်းအောင်နေထိုင်ပါသတဲ့။
ရဟန်းကတော့ ပြုမြဲ နေမြဲအတိုင်းခဲလုံးချတဲ့အလုပ်ကိုဘဲနေ့စဉ်မပျက် ဆောင်ရွက်လို့နေပါသတဲ့၊
ဒါနဲ့ပဲတစ်ချိန်မှာတော.့နှစ်ယောက်စလုံးလူ့လောက ကြီးကိုကျောခိုင်းကြရတဲ့အချိန်မှာတော့
နတ်ပြည်ကိုနှစ်ယောက်လုံးရောက်သွားပါသတဲ့။
ဖြစ်ချင်တော့မိန်းကလေးက ရဟန်းထက် မြင့်သော ဘုံကိုရောက်သွားတဲ့အခါ ရဟန်းက သက်ဆိုင်ရာကို မေးခွန်းထုတ်ပါသတဲ့။
တရားနဲ.မွေ့လျော်တဲ့ မြင့်မြတ်သော ရဟန်းထက် မကောင်းမူ့နဲ့အသက်မွေးတဲ့ပြည့်တန်ဆာက ဘာလို့ ပိုမြင်.တဲ့နေရာကိုရောက်ရပါသလဲပေါ့။
အဲဒီအခါမှာ ရလာတဲ့အဖြေကတော့
“အသင်ရဟန်းက မြင့်မြတ်သော ရဟန်းဘဝကို ရနေတာမှန်ပေမဲ့တရားဓမ္မကျင်.ကြံအားထုတ်ခြင်းမရှိဘဲ သူတစ်ပါးရဲ့အပြစ်ကိုသာ စောင့်ကြည့်နေတာနဲ့ဘဲအချိန်ကုန်နေပါတယ်။
ဟိုမိန်းကလေးကတော့
လက်ရှိဘဝမှာနိမ့်ကျသောဘဝကိုရောက်ရှိနေပေမဲ့ အသိတရား ရတဲ့အချိန်ကစလို့
တရားနဲ့မွေ့လျော်ခဲ့တဲ့အတွက် နောက်ဘဝမှာကောင်းသောရလဒ်ကို ပိုင်ဆိုင်ရတာပါ ”
ကဲ ကျွန်တော်ရော ခင်ဗျားတို့ရော ဘဝကို နေ့စဉ်ဖြတ်သန်းနေကြရာမှာ
ရဟန်းလိုလား ပြည့်တန်ဆာ မိန်းကလေးလိုလား ပြန်စဉ်းစားကြည့်ကြလိုက်ရအောင်နော်။
လူဆိုတာ ကိုယ့်ရဲ့အားနည်းချက် အမှား တွေကို အလွယ်တကူမ မြင်တတ် မတွေ့တတ်ပေမဲ့
အခြားသူရဲ့အားနည်းချက်ကိုတော့အလွယ်တကူမြင်တတ်တာ သဘာဝပါဘဲ။
ကျွန်တော်တို့တစ်တွေ နေ့တိုင်းနေ့တိုင်း ကိုယ်ဝလာသလား ပိန်သွားလား လှမှလှသေးရဲ့လား သပ်ရပ်ရဲ့လား
သူများ ကြည့်လို့မှ ကောင်းပါ့မလား
ခေါင်းမှာ ကြာဇံတွေများလာပြီလား လို့ လားပေါင်းများစွာနဲ့ မကြာမကြာမှန်ကြည့်လို့စစ်ဆေးမိကြပေမယ့်
ကိုယ့်ကိုယ် ကိုတော့ကောင်းလား ဆိုးလား မဆန်းစစ်မိတာတော့ကျွန်တော်အပါအဝင်လူတိုင်းဘဲဖြစ်ပါလိမ့်မယ်။
ကဲ သည်နေ့ကစလို. မိုးမိုးသီချင်းထဲကလို “ငါမှားလား မင်းမှန်လား”လို့
ဆန်းစစ်ကြည့်ရင်း သူများအမှားကို
ထိုင်ကြည့်တတ်တဲ့အကျင်.ဆိုးလေးတွေကိုပြင်လို့ ကိုယ် ကိုယ်တိုင်ကရော
ကောင်းတာတွေကို လုပ်မိရဲ.လားလို့
မှန်ကြည့်သလို ပြန်ကြည့်လိုက်ကြရအောင်နော်။
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
ဒီပိုစ်လေးကတော့ စာရေးစမှာရေးထားတဲ့စာစုလေးပါ။
ဒီထဲပါတဲပုံပြင်လေးကို ပေးသူကတော့ ဆရာပါရဂူပါ။
ဖတ်ပြီးပွားလိုက်ကြရအောင်လေ
Ko out of...
March 26, 2012 at 6:14 pm
လူကောင်ကိုကြည့်ပြီး အပြစ်ရှာနေတာ မဟုတ်ပါဘူး..မှားယွင်းနေတဲ့ သဘောတရား ကိုမြင်နိုင်သလောက် ထောက်ပြကြည့်တာပါ..ဒီသဘောတရာထက် ကောင်းတာများရှိရင်လည်း ချပြပေးပါ ခံယူဖို့ ပြုပြင်ဖို့ အမြဲတန်းကြိုဆိုပါတယ်…
ကလေးတစ်ယောက် သင်္ချာတွက်တာမှား နေတာကို ပြောပြတာ …
ကလေးကို အပြစ်လိုက်ရှာတာ မဟုတ်ပါဘူး..တွက်နည်းဟာ နောက်ဆုံးအဖြေ မဟုတ်သေးလို့ ပြောရတာပါ..
ဘုရားမပွင့်ခင်လည်း ဒီဆုပေးဒဏ်ပေးစနှစ်ဟာ ရှိပြီးသာပါ…လူတွေခဏလေးတော့ ကြောက်လို့၊မျှော်လို့ ယဉ်ကျေးကောင်းယဉ်ကျေးပါလိမ့်မယ်….
ပါရာစီတမွော့တို့ အနာဂျင်ဆင်ဆေးတွေဟာ ခေါင်းကိုက်ရောဂါတွေ ပျောက်ကောင်းပျောက်ပါမယ်..
ဒါပေမဲ့ sideeffect ဘေးထွက်ဆိုကျိုးဖြစ်တဲ့ အစာအိမ်ပါးတာ၊ သွေးဥဖြူကို ပျက်စီးစေတာတွေကြောင့်
လူအတွက်အန္တရာယ်ရှိတာကို သိပြီးတဲ့ နောက်ပိုင်း သတိထားသုံးနေကြပါတယ်…
ဘုရားညွှန်ပြတဲ့ ဆေးဟာ sideeffect လုံးဝမရှိတဲ့ ချုပ်မှုမပါတဲ့ ငြိမ်းချမ်မှု ဝိမုတိ္တရသပါ…
နေဝန်းနီ
March 26, 2012 at 10:36 pm
လူတွေ ယဉ်ကျေးကုန်ရင် ဒုက္ခပဲ…။ ဆဲနည်းတွေ မေ့ကုန်မှာပေါ့ဟ
ယဉ်ကျေးမှုသင်တန်းမှာ လူမရှိဖြစ်ကုန်လို့ …………….