– လူ့ဘဝမှာ နေ့စဉ်နဲ့အမျ မိမိ၏ပရိယေသနဝမ်းရေးကိစ္စအတွက်ဘဲဖြစ်ဖြစ်၊ အရေးအရာကိစ္စအတွက်တွေမှာဘဲဖြစ်ဖြစ် ကာယ၊ဝစီ၊မနော ဆိုသည့် ကိုယ်နှုတ်နှလုံးတွေနဲ့လူအများကိုဆက်ဆံကြရပါတယ်… ထိုသို့ဆက်ဆံသည်အခါ သူ့ကိုအမှန်တကယ်သိစေချင်တာလား? ငါသူ့ထက်သိတယ်ဆိုပြီး အပေါ်ဆီးရဖို့ဆက်ဆံတာလား? သူသိမြင်တာနဲ့ ငါသိမြင်တာ တူလား မတူလား နှိုင်းယှဉ်ချင်လို့ဆက်ဆံတာလား? သူ့ကိုသွေးထိုးစမ်းသပ်ဖို့ ဆက်ဆံတာလား? ငါသိတဲ့အရာတွေမျှဝေဖို့ ငါပြောတာကိုသူချည်းချည်းနားထောင်ဖို့လား? သူပြောတာကိုငါ ခေါင်းငြိမ့်ပြီး နားထောင်ဖို့လား? စသည့်စသည့် ဆက်ဆံရေးတွေ အဆင်ပြေချောမွေ့ဖို့ဆိုတာ အပိုအလိုမရှိ ဟန်ဆောင်မှုကင်းကင်း အမျော်အကြောက်ကင်းကင်းနဲ့ ဆက်ဆံကြမယ်ဆိုရင် ပဋိပက္ခတွေ၊ ပြသနာတွေ အတော်သက်သာမယ်လို့မြင်မိပါတယ်…. ကျွန်တော်ဟာ ဒသနတခုကြောင့် တချိန်တုံးက သူများကိုသိစေချင်သည့် စိတ်တခုတည်းကြောင့် ဆက်ဆံရေးမှာ ခလုတ်ခတင်းဖြစ်ခဲ့ဖူးတယ်… ဒီခလုတ်ခတင်းဆူးညောင့်ခလုတ်ဟာ ကျွန်တော်ဖန်တီးလို့ဖြစ်လာတာလား? သို့မဟုတ် သူ့နဂိုမူလက ရှိနေသည့်အရာလား? ကျွန်တော့်ကိုကျွန်တော့် ပြန်မေးကြည့်သောအခါ… ဆူးညောင့်ခလုတ်ဆိုတာ ကျွန်တော်တို့မမွေးခင်ကတည်းကရှိနေပြီးသားအရာတွေပါ… ဒီဆူးညောင့်ခလုတ်တွေကျော်လွှားနိုင်ဖို့ဆိုတာ သူ့ကိုခလုတ်တိုက် သူနှစ်နာအောင် လုပ်ရာမှာ မဟုတ်ဘဲ […]