Ko out of...September 20, 20131min4101
– ကမ္ဘာပေါ်မှာ သဘောတရားတွေ၊ သဘောထားတွေ၊ မူဝါဒတွေ၊ စနှစ်တွေ မတူကြလို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာကြတာ ကနေ့အထိပါဘဲ… ဒီလိုမတူညီတာကိုပြုပြင်တဲ့နေရာမှာ သဘောတရား၊ သဘောထားတွေ စသည့် စိတ်ဓါတ်ကို မပြုပြင်ကြဘဲ လူကိုဘဲပြုပြင်နေကြတယ်… အပြော၊ အပြု၊ အနေ ရိုင်းတဲ့လူကို…. အပြော၊ အပြု၊ အနေ ယဉ်ကျေးအောင် မကောင်းသည့် စိတ်ဓါတ်ကို မပြုပြင်ခိုင်းဘဲ ပါးစပ်ပေါက်၊ ခြေလက်၊ ကိုယ်ဟန်အနေအထားကို…ယဉ်ကျေးအောင်ဆိုပြီး အမျှော်၊ အကြောက်တရားတွေနဲ့ ဟန်ဆောင်ပြီးအတင်းအဓမ္မ ပြုပြင်ခိုင်းနေကြတယ်…. တကယ်တော့ ပါးစပ်ပေါက်၊ ခြေလက်အင်္ဂါတွေဆိုတာ….. အသုံးချခံပစ္စည်းတွေဘဲ မဟုတ်လား? ယဉ်ကျေးအောင်ပြောတာလည်း ဒီပါးစပ်ပေါက်ဘဲ….ရိုင်းအောင်ဆဲဆိုတတ်တာလည်း ဒီပါးစပ်ပေါက်ဘဲ….လူကိုရိုက်တာလည်း ဒီလက်ဘဲ….ပေးကမ်းဒါနလုပ်တာလည်း ဒီလက်ဘဲ မဟုတ်လား?…ဒါဖြင့်ရင်ဒီပါးစပ်၊ အင်္ဂါခြေလက်တွေ ယဉ်ကျေးအောင်….ရိုင်းအောင် အဲလိုလှုပ်ရှားနေတာ နောက်ကနေ ဘယ်သူစေခိုင်းနေသလဲ?… လူတွေယဉ်ကျေးလိမ္မာအောင်ဆိုပြီး…တရားဆုံးဖြတ်တဲ့ အခါမှာ…ဒုတ်၊ ဓါး၊ လက်ထိပ်၊ […]


Ko out of...September 8, 20131min2939
– ဓမ္မဝိဟာရီဆရာတော်တရားကို မနာကြားရခင် တချိန်တုံးက…… ကျွန်တော်နာလည်းမိသော လောကသုံးပါးကဒီလိုပါ… ဩကာသလောက၊ သတ္တလောက၊ သင်္ခါရလောက…စသည့်ဖြင့်…..ဖြစ်ပျက်သမျှအရာတွေကို ဒုက္ခသစ္စာလို့မှတ်ခဲ့ပါတယ်… အဲဒီလောကက သုံးပါးကိုလည်း လောကဇာတ်ခုံပမာလို့လည်း နားလည်ခဲ့မိပါတယ်……..ကျွန်တော်တို့ဟာ အဲဒီလောကဇာတ်ခုံပေါ်မှာ မွေး၊အို၊နာ၊သေ..ရီလိုက်…ငိုလိုက်….လွမ်းလိုက်…ဆွေးလိုက် စသည်ဖြင့် အမျိုးမျိုးကပြရသည့် ဇာတ်ကောင်ပမာ အဖြင့်နားလည်မိခဲ့ပါတယ်…အဲဒီလိုနားလည်းခဲ့မိလို့လည်း လောကသုံးပါးကနေ မထွက်နိုင်ခဲ့ပါဘူး…. အခုတော့….ဆရာတော်၏ ကျေးဇူးကြောင့်….ကျွန်တော်ဒီလိုမျိုး နားလည်သဘောပေါက်မိတယ်…သမုတိနဲ့ ပရမတ်သဘောတွေနဲ့…တည်ဆောက်ထားသည့်… ဩကာသလောက…သတ္တလောကတွေဟာ…သဘာဝတရားတွေဘဲ…ဒီသဘာဝ တရားကနေထွက်ဖို့မလိုပါဘူး…ထွက်လို့လည်းမရပါဘူး…ဘာဖြစ်လည်းဆိုတော့ ကျွန်တော်တို့က ဒီသမုတိ…ဒီပရမတ်နဲ့ဖွဲ့စည်း တည်ဆောက်ထားလို့ဘဲ…သမုတိဆိုတဲ့ သမုတ်မှန်ဟာလည်းသူ့နေရာနဲ့သူ..သူတန်ဖိုးနဲ့သူရှိရမည့်အရာပါ…ပရမတ်လည်း လောကမှာ ရှိရှိသမျှ အရာတွေဟာ. ဓါတ်ကြီးလေးပါးဖြစ်တဲ့…ပထဝီ၊အာပေါ၊ဝါယော၊တေဇော စသည့်ဓါတ်တွေနဲ့ ကင်းလို့မရပါ..သဘာဝတရားတွေဟာ လိုအပ်လို့သူနေရာနဲ့သူ အစီစဉ်တကျ..ဟန်ချက်ညီညီ ဇီဝစက်အဖြစ်လည်ပတ် နေခြင်းဟာ မရှိမဖြစ် သူ့သဘာဝတရားအရ…. မွေး၊အို၊နာ၊သေ …ဥပါဒ်၊ဋိ၊ဘင် ဖြစ်တည်ပျက်ဆိုသည့် သူ့အလုပ်ကိုတော့ ….သူလုပ်နေရမှာ ဖြစ်ပါတယ်…. ဒါဖြင့်ရင် ဘုရားဟောသည့်လောက သုံးပါးဆိုတာ ဘယ်ဟာကိုယူရမလဲ?… ဓမ္မဝိဟာရီဆရာတော်ကတော့ […]


Ko out of...August 16, 20131min1683
– လူတွေမတိုးတက်တာ ကိုယ့်အမှာကိုသူပြောတာမခံနိုင်လို့…သူ့အမှားကို ကိုယ်ပြောတာမခံနိုင်ကြလို့ဘဲဖြစ်တယ်… – မာနဆိုတာကိုယ်လုပ်တဲ့ အလုပ်ကို ကိုယ့်ဟာကိုယ်မှန်တယ်လို့ထင်တာ…ကိုယ်လုပ်တာကို ကိုယ့်ဟာကိုယ်မှန်တယ်လို့ ထောက်ခံတာဘဲ… – ကိုယ်ပိုင်ဉာဏ်…ကိုယ်ပိုင်အသိဖြစ်ဖို့ဆိုတာ ကိုယ်ဟာကိုယ် ဝိဘဇ်ဇလုပ်မှရတယ်….ကိုယ့်ကိုယ်ကို အားကိုးဖို့ဆိုတာ ကိုယ်ပိုင်ဉာဏ်ဖြစ်မှ အားကိုးမှု အစစ်အမှန်ဖြစ်မှာ… – ဘာမှ မဟုတ်တာတွေရဲ့ အစုတွေဟာ တခုနဲ့ တခု အသာစီးရအောင် လုံးပမ်းနေကြတယ်…. ကမ္ဘာမှာ ငါတို့ဘဲဟုတ်တယ်ဆိုတဲ့ အဖြစ်ရောက်ရမယ်ပေ့ါ…အဲဒါနဲ့လူတွေသေကြေတိုက်ခိုက်ကြတဲ့ အထိဖြစ်ကြတယ်…ဒါတွေရူးသွတ်ကြသူတွေရဲ့ တိုက်ပွဲတွေဘဲဖြစ်တယ်…


Ko out of...June 20, 20131min28013
– ၁၂၆ရခု၊ တော်သလင်းလဆန်း (၁၅)ရက်နေ့ နံနက် (၈) နာရီ အချိန်ခန့်တွင် ပန်းတနော်မြို့ ရွှေမြင်တင်စေတီတော်၏ ဘုရား ရာဟုဒေါင့် ကုန်းတောင်ပေါ်တွင် နတ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်လျှက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာသောလူတစ်ယောက်သည် မတ်တပ်ရပ်လျှက် ဘုရားကိုအာရုံပြုနေသည်ကိုတွေ့ရကြောင်း….ထိုနေ့ကား လပြည့်နေ့ဖြစ်သဖြင့် ဥပုသ်သည်တို့သည် ထိုထူးဆန်းသော အချင်းအရာကို အံ့အားသင့်စွာ ဝိုင်းအုံကြည့်ကြကြောင်း….ထိုသတင်းသည် ပျံ့နှံ့ကာ (၈) နာရီခွဲ အချိန်လောက်တွင် ထိုနတ်နှင့်တူသော ပုဂိ္ဂုလ်၏ အနီးတွင် ဝိုင်းအုံကြည့်ရှု့ကြသော လူဦးရေသည် တစ်ထောင်ကျော်မျှ ရှိမည်ဟုထင်ရကြောင်း….ထိုသူ၏အနီးပူလွန်းလှ သဖြင့် မည်သူမျှမကပ်နိုင်ကြချေ…. အချို့သောသူတို့က ထိုသူသည်… နတ်ဖြစ်သည်…အချို့က ဗြဟ္မာဖြစ်သည်ဟု အသီးသီးငြင်းခုံကြသည်…အချို့က ပုဆစ်ဒူးတုပ်ပြီး ရှိခိုးကြကြောင်း…ပရိတ်သတ်အလည်တွင်ထိုသူသည်ဘုရားကို ဦးသုံးကြိမ်ချပြီး ကြီးစွာသော အခိုးအလျှံသည် ထိုသူ၏ကိုယ်ပေါ်မှထွက်ပြီးလျှင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြောင်း…. – အထက်ပါသတင်းကို ဖတ်ရသောမြန်မာလူမျိုး တစ်ရာလျှင် […]


Ko out of...May 4, 20131min29116
ခေါင်းဆောင်ကောင်းဆိုတာ? – လူမျိုးတူ….ဘာသာတူ….ဒေသတူ စသည့် စသည်….တူတဲ့အရာတွေ…တူတဲ့လူတွေ အင်အားများလို့ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နေနိုင်ကြတာကိုကြည့်ပြီး ဒီဆောင်းခေါင်က တကယ်တော်တာဘဲ…ခေါင်းဆောင်ကောင်းပီသတယ်အဲလို ပြောလို့မရဘူး….တကယ်တော်တဲ့ ခေါင်းဆောင်ကောင်းဆိုတာ လူမျိုးမတူ….ဘာသာမတူ…ဒေသမတူတဲ့ လူတွေအချင်းချင်း အတူတကွနေနိုင်အောင် ဦးဆောင်နိုင်မှ ခေါင်းဆောင်ကောင်းပီသတယ်… တခုခုတော့မှားနေပြီထင်တယ်?.. – လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတခုကို ကာကွယ်နိုင်တဲ့ဆေးဝါးမှန်တယ်ဆိုရင် လူသားလောက ရောဂါဘယကင်းဝေးအောင် အဲဒီဆေးဝါကို ကမ္ဘာလူသားတွေဆီ အရောက်ပို့ရမယ်…ထို့အတူ…..မှန်ကန်တဲ့ သဘောတရားတခုဟာ ဘာဖြစ်လို့ အစွမ်းကုန်ကာကွယ်နေရမှာလဲ?…မှန်ကန်တဲ့ သဘောတရား တခုက လူသားတွေဆီ အသိများများရောက်လေ လူသားလောကတွေ အတွက် အကျိုးရှိလေဖြစ်ရမယ် မဟုတ်လား?..အခုမဟုတ်ဘူးဗျာ…မီးကုန် ယမ်းကုန် အစွမ်းကုန်ကာကွယ်ရပြီဆိုကတည်းကိုက…တခုခုတော့ မှားနေပြီလို့ထင်မိပါတယ်…


Ko out of...March 3, 20131min1233
– ဘောလုံးကန်တဲ့ အခါ ပွဲမပြီးခင် “ဂိုး”တွေ ရထားပါမှ ပွဲပြီးရင် မိမိအနိုင်ရမှာ သေချာတယ်…အဲဒါမှလွတ်လပ်မှာ.အဲဒါမှ ပျှော်ရွှင်ရမှာ..အခုတော့ကြိုးစားထား အချိန်ပြီးခါနီး မင်းတို့”ဂိုး” ရလိမ့်မယ်လို့ မသေချာ မရေရာသောစကားကိုပြောတာနဲ့ တူနေတယ်… – ထို့အတူလွတ်လပ်ရေးဆိုတာလည်း မသေခင်က လွတ်လပ်ရေးကိုရထားပါမှ လွတ်လပ်ရေး ရဲ့ အရသာကိုသိနိုင်တယ်…သေပြီးမှ လွတ်လပ်မယ်ဆိုတာ အဲဒီလွတ်လပ်မှုကို သူဘယ်လိုလုပ်သိမလဲ?…. – ကိုယ်ဖေါက်တဲ့ လမ်းမှန်တယ်ဆိုရင်….ဆင်ကြီးတကိုယ်လုံး ဝင်နိုင်မှတော့ အမြီးဆိုတာ ဘယ်လိုမှ မဝင်နိုင်စရာ အကြောင်းမရှိဘူး..အခုတော့ မဟုတ်ဘူး ဆင်ကြီး ကိုအတင်းမောင်းနှင်ပြီး…မကြာခင်လမ်းကျယ်ရောက်မယ်ဆိုပြီးပြောနေတာ….အဲဒီလမ်းကျယ်ကို သူတကယ်မြင်တာ ဟုတ်လို့လား?… – နောက်ပြီးပြောကြသေးတယ်….”အရိပ်ကိုလိုသော် နေပူကစောင့်”…အရိပ်ကိုမြင်မှတော့ တခါတည်းအရိပ်ထဲကို ပြေးဝင်လိုက်ရင်ကောမရဘူးလား?….အခုလည်း သေတဲ့ အခါချောင်ချောင်ချိချိနေရမယ်ဆိုတာကို သေချာမြင်မှတော့ ဘာဖြစ်လို့ အသက်ရှင်စဉ် ..ကြပ်ကြပ်တည်းတည်းနေရမှာလဲ?…. – အပယ်ပိတ်တရား လို့ဟောဟောနေကြတယ်….အပယ်တံခါးပွင့်တာ ဘယ်သူမြင်လို့လဲ?…ပွင့်တာကို မမြင်ရင် […]


Ko out of...March 2, 20131min1153
၁။ အတုလံ “အတုမရှိ” ဆိုတာ သူများနဲ့ အမြင်မတူတာကိုပြောတာပါ…ဥပမာ မောင်မဲဟာသူများ ပစ္စည်းခိုးရင် လူအများကတော့ ခိုးသူကို မောင်မဲလို့ဘဲမြင်တယ်….ဘုရားကအဲလိုမမြင်ဘူး….မောင်မဲခိုးတာ မဟုတ်ဘူး…လူခိုးတာမဟုတ်ဘူးတဲ့…ကိလေသာခိုးတာ လို့ဘုရားမြင်တယ်… ၂။ ကံမှာ အကြောင်းလည်းရှိတယ်..အကျိုးလည်းရှိတယ်…ကံရဲ့အကြောင်းက ကိလေသာ…ကံရဲ့အကျိုးက ဝိပါက် ဖြစ်တယ်…. ၃။ ကံကို ဝဋ်သုံးပါးလို့လည်းခေါ်တယ်…ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါက ဝဋ်ဆိုပြီးတော့လည်း ဟောပြန်တယ်… ၄။ အမှန်အကန်ကို သိတာဟာ တန်ခိုးဘဲ… ၅။ ကောင်းကောင်းမွန်မွန်နေရတာကိုကြည့်ပြီး ဒီလူကံကောင်းတယ်…ဆိုးဆိုးနဲ့ နေရတာကို ကံဆိုးတယ်လို့ပြောတာလောက်တော့ ကံကောင်းတယ်..ကံဆိုးတယ် လို့ပြောရင် မပြည့်စုံပါဘူး…. ၆။ လိမ်ညာသည့်လုပ်ငန်းလုပ်ရင် လူလိမ်ဖြစ်တယ်…လိမ်တဲ့လူဟာ လိမ်တဲ့ အကျိုးကိုရတယ်..ခိုးတဲ့လူဟာ ကိုယ့်ရဲ့ပစ္စည်းပြန်အခိုးခံရတတ်တယ် အဲလိုမဟုတ်ဘူး..ကိုယ်ကသူခိုးဖြစ်သွားတာ… ၇။ လိမ်ညာတာ အားပျော့တဲ့ လူတွေရဲ့လက်နက်ဘဲ… ၈။ စိတ်ကူးတယ်ဆိုတာ သညာကို ပုံဖေါ်ရတယ်…သညာဖျက်တဲ့လုပ်ငန်းကို လုပ်တဲ့လူဟာ စိတ်မကူးတတ်တဲ့လူဘဲ… […]


Ko out of...December 5, 20121min1034
– လူတွေဟာ ဘဝရှင်သန်နေစဉ် အခိုက်အတန့်လေးမှာ…အောက်ပါအကြောက်တရားတွေနဲ့ ရှင်သန် နေထိုင်ကြရပါတယ်… – စားဝတ်နေရေး အဆင် မပြေမှာကိုကြောက်ရွံ့ခြင်း…. – မိဘဆွေမျိုးနဲ့ အမြင်မတူလို့ အသိုင်းအဝိုင်းမှ ငြင်းပယ်ခြင်းကိုခံရမှာကြောက်ရွံ့ခြင်း… – ပတ်ဝန်းကျင်လူမှု အသိုင်း အဝိုင်း၏ အသိအမှတ်ပြုခြင်းနှင့် ချစ်ခြင်းမေတ္တာ မခံရမှာ ကြောက်ရွံ့ခြင်း…. – သူတစ်ပါးလို အဆင့် အတန်းမှီမှီ မနေရမှာကို စိုးရွံ့ခြင်း…. – ခြေလက်အင်္ဂါချို့ယွင်းမှာကို ကြောက်ရွံ့ခြင်း…. – ရာထူးစည်းစိမ်အာဏာ စွန့်လွတ်ရမှာကို ကြောက်ရွံ့ခြင်း…. – စည်းစိမ်းဥစ္စာဓန ပေါကြွယ်သူများကို ကြောက်ရွံ့ခြင်း… – တန်ခိုးဩဇာအာဏာရှိသူကိုကြောက်ရွံ့ခြင်း…. – သွေးတိုး၊ကင်ဆာ စသည် ရောဂါအမျိုးမျိုးကိုကြောက်ရွံ့ခြင်း…. – ရန်သူ၊ သူခိုး၊ ဓမြကိုကြောက်ရွံ့ခြင်း… – သားရဲတိရိစ္ဆာန်အန္တရာယ်ကိုကြောက်ရွံ့ခြင်း… – မီး၊လေ၊ရေ ကြီးမှုကိုကြောက်ရွံ့ခြင်း… […]


Ko out of...November 28, 20121min26413
– လူတွေဟာ ကိလေသာ တဏှာငြိမ်းအောင်ဆိုပြီး လူ့ကိုယ်ခန္ခာမှာရှိတဲ့ (၃၂) ကောဋ္ဌာသဖြစ်တဲ့ …စံပင်၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အသားအရေ၊ အရိုးအကြော၊ရိုးတွင်းချည်ဆီ…. စသည်တွေဟာ အသုဘ မလှမပတဲ့ အစိတ်အပိုင်း ဆိုပြီး နှလုံးသွင်းခိုင်းတယ်…အဲဒီလို နှလုံးသွင်းတဲ့ အချိန် အတော အတွင်းကတော့ ကိလေသာ တဏှာ မထပါဘူး ဆိုတာ လက်ခံပါတယ်….သို့သော်နှလုံး မသွင်းတဲ့ အချိန်မှာ ကိလေသာ တဏှာ ပြန်ပြီး ထကြွသောင်းကျန်းပါတယ်… – ထို့အတူ ချောမောလှပတဲ့ အမျိုးသမီးငယ်လေးတွေကို တွေ့ပြန်ရင်လည်း ကိလေသာ တဏှာစိတ် မဖြစ်အောင်ဆိုပြီး ကိုယ့်နှမငယ်လို သဘောထား၊ ကိုယ်ချင်းစာ တရားထားရင် ပြစ်မားချင်စိတ် မရှိတော့ဘဲ ခေတ္တခဏတော့ ကိလေသာ ငြိမ်းပါရဲ့…သို့သော်နှလုံးပြန် မသွင်းတော့တဲ့ အချိန်မှာ ကိလေသာတွေ ပြန်ပြီး […]


Ko out of...September 26, 20121min1371
လူတို့ကမ္ဘာ လူဖြစ်လာ ချမ်းသာလိုကြသည်… ချမ်းသာလိုငြား ပြေးကာလွှား တရားရှာကြသည်… တရားတရား မကွဲပြား လွဲမှားကြလေသည်… မတရားကိုပင် တရားထင် အမြင်မှားကြသည်… ကုသိုလ်ကာမ ပြုလိုကြ စိတ်က ထက်အောက်ရည်… ရူပကုသလံ ဖြစ်ပျက်ဟန် ရုပ်နာမ်ရှု့ကြည့်သည်… အရူပမှာ ဖြစ်ပျက်ခွာ ငြိမ်းရာရှာကြသည်… ရုပါရုပ ပြုကာမ သုံးဝဝဋ်လည်မည်… ကိလေသဝဋ် ကမ္မဝဋ် မချွတ်ဝိပါက်လည်… တခု-တခု အကြောင်းပြု ပေါင်းစုလည်းအားညီ… တဆယ့်နှစ်တန် လည်အားမြန် သဏ္ဍာန်ပေါ်လိမ့်မည်… သုံးဆယ့်တစ်ဘုံ ပုံရိပ်စုံ လွမ်းခြုံလူပေါ်တည်… ဗြဟ္မာ လူ နတ် အပါယ်ဇာတ် မပြတ်လည်တော့သည်… ဝဋ်လည်မစဲ လွန်ဆင်းရဲ နှစ်မွဲခံရမည်… ချမ်းသာလိုလှ ရှာကာမှ ဒုက္ခရကြသည်… တရားရှာမှ မတရားရ များလှလူတွေဆီ… ပစ္စုပန္န ကံဝါဒ ညွှန်ပြဝိဟာရီ… ချမ်းသာလိုလျှင် […]


Ko out of...September 23, 20121min699114
လူတွေဆေးလိပ်ကိုသုံးစွဲလာကြတာနှစ် အတိအကျကို ကျွန်တော်အနေနဲ့ မဖေါ်ပြနိုင်ပေမဲ့ နှစ်ပေါင်းတော်တော်ကြာပြီလို့ ယူဆရပါတယ်.. ဆေးလိပ်ကိုလူတွေ သုံးစွဲပေမဲ့ ဆေးလိပ်ကြောင့် ရောဂါအမျိုးမျိုးရနေကြတာကို အရင်မိဘဘိုးဘွားကလူတွေသိပ် သတိထားကြပုံမပေါ်ဘူး……အခုတော့ ဆေးလိပ်ကြောင့် လူတွေကို ဘယ်လောက်ဒုက္ခပေးတယ်ဆိုတာကျယ်ကျယ်ပြန့်ပြန့် သိလာကြပါပြီ….. ကိုယ့်ဆေးလိပ်ကို..ကိုယ်ကြိုက်လို့ ကိုယ်သောက်တာ မှန်ပေမဲ့ တခြားလူတွေ..ကိုယ်သောက်တဲ့ ဆေးလိပ်ငွေ့ကြောင့်..ကိုယ်လည်းရောဂါရသလို၊ ပတ်ဝန်းကျင်လူတွေကို လည်း ရောဂါရစေတယ်ဆိုတာ သိလာကြလို့ဘဲ …. တချို့နိုင်ငံတွေဆို ဆေးလိပ်လုံးဝ ကင်းစင်ပပျောက်ဖို့လုပ်ကြတယ်.. တချို့နိုင်ငံများဆို လူအများသွားလာတဲ့ Public နေရာတွေမှာ..ဆေးလိပ်သောက်ဖို့နေရာသီးခြားထားပေးတာတို့…ဆေးလိပ်ကို မသောက်ဖို့ အမျိုးမျိုး ပညာပေးလုပ်ငန်း လုပ်ကြတာတွေ… အခွန်ဆိုင်ရာဥပဒေ တွေမှာလည်း တိုးမြှင့်ကောက်ခံတာတို့…စသည်ဖြင့် အမျိုးမျိုး လုပ်နေကြပါတယ်… ဆေးလိပ်ဟာ လူတွေရဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ စား၊ ဝတ်၊ နေရေးတွေမှာ ဘာတခုမှ အထောက်အကူ မပေးတာ သတိထားမိကြမှာပါ.. အထောက် အကူမပြုမှန်းသိနေကြပေမဲ့…ဆက်လုပ်နေကြတာ..ဘာကြောင့်လဲ?… […]


Ko out of...September 4, 20121min1191
– လူကိုမြင်လျှင် လူလိုပင် လူတွင်ဆက်ဆံရာ… – လူကိုကျော်တွေး လူနှင့်ဝေး လူရေးမလှပါ… – လူကိုဖျက်ဆီး လူ့အချည်းနှီး မပြီးလူကိစ္စာ… – လူကျော်လူဖျက် ထိုနှစ်ချက် လူတွက်ဆင်းရဲရှာ… – လူနှင့်လူတို့ ချမ်းသာဖို့ လူတို့ပြုရမှာ… – လူဆင်းရဲတာ လူ့ကြောင့်ပါ လူမှာပြုပြင်ပါ… – ကံဟူသမျှ လူကစ လူကပြုလုပ်တာ… – ကံကောင်းလိုလျှင် လူသာပြင် လူတွင်ကျင့်ရမှာ… – က့ညံ့တာလည်း လူ့ကြောင့်ဘဲ ဖေါက်လွှဲ ကျင့်သိက္ခာ… – ကံဆိုးကံကောင်း အလှဲ့ပြောင်း ဖြစ်ကြောင့်လူကသာ… – ကံသာအမိ ကံသာဖ ရှေးကဆိုတဲ့စာ… – ရှင်တော်မိန့်ဟော ကံသဘော မနှောကိုယ်နှုတ်ပါ… – ကံဟာလူ့ကျွန် လူပြုပြင် လူတွင်ကံကောင်းမှာ… – ပစ္စုပန်န […]