လောကမှာ အဖြစ်အပျက်ဆိုတာ အမျိုးမျိုးရှိပါတယ်။ လောကမှာဖြစ်ပြီးရင်ပျက်မှာဘဲ၊ လောကမှာ အကြောင်း ကြောင့်အကျိုး ဖြစ်တယ်လို့ လွယ်လွယ်နဲ့ သူများပြောလို့သာ လိုက်ပြောနေကြတာ များပါတယ်။

တကယ်တမ်း သေသေချာချာမေးရင် အလွဲလွဲ အချော်ချော်တွေကများတယ်။

ဖြစ်ပျက်တိုင်းဒုကသစာ(ဒုတ်ခသစ်စာ) ထိုက်မထိုက်ဆိုတာ သိဖို့လိုပါတယ်…

အစု(သမုတိ) ဖြစ်ပျက် နှင့် အစိတ်(ပရမတ်) ဖြစ်ပျက်ဆိုတာ သဘာဝတရားတွေပါ။ သူ့နေရာနဲ့တူ အသုုံးဝင်ပါတယ်။

ဥပမာ ပရမတ်ဖြစ်ပျက်တွေဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့အစားအသောက်တွေဆိုပါတော့ ဖြစ်ပြီး မပျက်သွားဘူးဆိုရင် ကျင်ကြီး/ကျင်ငယ်/ချွေး အဖြစ်မထွက်သွားရင် ဘယ်လိုနေမလဲ။ သွေးလေတွေ မညီဘဲ သွေးလေညီအောင်ဆေးဝါးပြန်ရှာစားရတယ် မဟုတ်လား။

အခုကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ကွန်ယက်လှိုင်းဟာ အဟောင်းပျက်ပြီး အသစ်အသစ်အစားမထိုးရင် ဆက်သွယ်ရေး ပြတ်သွားမှာပေါ့..သူတို့ရှာဖွေတွေတာ အလကားဆိုပြီး (ရုပ်ဝါဒ)ဆိုပြီး ပြောနေမည့် အစား ကိုယ်သိတဲ့ သဘောတရား အသုံးကျမကျ ကိုဘဲ အရင်စစ်ဆေးကြည့်ပါဦး။

ဘယ်အရာဘဲဖြစ်ဖြစ် အဟောင်းပျက်ပြီး အသစ်အစားထိုးတာ သဘာဝဘဲ အဟောင်းလည်း မပျက်ဘူး အသစ်လည်း အစားမထိုးဘူးဆိုရင် သဘာဝမဟုတ်ဘူး. လောကမှာရှိလည်းမရှိဘူး။

ဒါကြောင့် လောကမှာ အစု(သမုတိ) ဖြစ်ပျက်၊ အစိတ်(ပရမတ်) ဖြစ်ပျက်ဟာ ရှိကောင်းတဲ့တရားပါ။

ဒီဖြစ်ပျက် နှစ်ခုရှိနေသရွှေ့ဒုကလို့ဆိုရင် ဘယ်တော့မှာ ဒုက ကမလွတ်ပါဘူး။ ဘာဖြစ်လည်းဆိုတော့ ရုပ်/နာမ် ပရမတ်နဲ့ ဖြစ်ပျက်နဲ့ သမုတိဖြစ်ပျက်တွေနဲ့ ကင်းလွတ်လို့မရလို့ပါ။ ဒါဟာ သဘာဝရုပ်နာမ် ဖြစ်ပျက်ပါ။ အနုပါဒါနခနာလို့ခေါ်ပါတယ်။ သဘာဝခနာလို့လည်းခေါ်တယ်။ ဒီဖြစ်ပျက်အပေါ်တရား ရှု့မှတ်ဖို့မဟုတ်ပါဘူး။

ရှုမှတ်ရမည့်သစာ (သစ်စာ) က အမှုဖြစ်ပျက်ပါ။ လွန်ကျူးလိုက်တဲ့ အမှုကြောင့် အနိစ(ပျက်စီး)၊ ဒုက(ဆိုးဝါး)၊ အနန(အသုံးမကျ) အသုဘ(မလှမပ) တဲ့သတဝါ (သတ်တဝါ)ပုံရိပ်ကို ကြည့်ပြီး လကဏာ တင်ရှု့ရမှာဖြစ်ပါတယ်။ ဒါကို အစွဲဥပါဒနခနာလို့ခေါ်တယ်. ဒီအပေါ်မှာဘဲ တရားတင်ရှု့ရမှာဖြစ်ပါတယ်…ဒို့မြန်မာနိုင်ငံနောက်ကျကျန်နေတာ ဘာမှာမဟုတ်ဘူး . ဖြစ်ပြီးရင်ပျက်တာဘဲ၊ အခုဆင်းရဲတာ အတိတ်ကံ မကောင်းလို့ပေါ့ကွာဆိုပြီး ဒီလိုဘဲ မမြင်ရတဲ့ အရာကို အထင်တွေနဲ့ သူများပြောလို့ လိုက်ပြောနေကြတာဘဲ။

ကံဆိုတာ အလုပ်ဘဲ ကံကောင်းချင်တယ်ဆိုရင် အလုပ်လုပ်မှရတယ်။ အပေါ်အောက်၊ရှေ့နောက် လက်ညိုးထိုးစရာမလိုဘူး။

ရိုးသားတဲ့လူဆိုတာ အထင်နဲ့ မပြောဘူး အမြင်နဲ့ပြောတယ်။ ဘုရားဟာ အမြင်နဲ့ပြောသူဘဲ…ရိုးရာက ဖွင့်ဆိုတဲ့ ဖြစ်ပျက် ဟာဆင်းရဲက မလွတ်ပါဘူး…

စဉ်းစားလို့ရအောင်…လူမိုက်၊လူတော်၊ပညာရှိဆိုတဲ့ သုတလေး မျှဝေပေးလိုက်ပါတယ်…

-လူမိုက်တို့သည် စကားလုံးများကို ဖက်တွယ်ထားကြပြီး လှပသော အတိတ်ပုံရိပ်များ ဖြင့်နေထိုင်သည်။

– လူတော်တို့မှာမူ စကားလုံးများ၏ အဓိပါယ်ကို ခွဲခြားနှံ့စပ်နားလည်နိုင်ကြပြီး မေးမြန်းစူးစမ်းခြင်းတွင် မွှေ့လျှော်၏။

– ပညာရှိတို့မျာမှာမူ စကားလုံး၏တန်ဖိုးကို သန့်စင်ထုတ်နုတ်ယူနိုင်ကြပြီး ယင်းတို့၏အနှစ်သာရကို ခွဲခြားနှံ့စပ်နားလည် နိုင်ကြ၏။

– လူမိုက်တို့သည် မျက်စိဖြင့် မြင်တွေ့နေရသည်များကိုပင် ဘာမှန်းမသိကြပေ။ မျက်ကန်းများ သဖွယ် အသက်ရှင် နေကြ၏။

– လူတော်များသည် မျက်စိဖြင့် မမြင်ရသောအရာများကိုပင် သိမြင်သဘောပေါက်နိုင်စွမ်း ရှိတတ်၏။ စိတ်ကူးစိတ်သန်း ကောင်း၏။ သို့သော် သူတို့သည် အမှန်တရားကို တွေ့ခဲ၏။

– ပညာရှိများကား မြင်သည်ကိုသဘောပေါက် နားလည်သကဲ့သို့ သဘောပေါက်နားလည်သည်ကိုလည်း မြင်ကြ၏။ မျက်စိအမြင်နှင့် ဉာဏ်အမြင်နှစ်ရပ်ကိုမျှတ ချင့်ချိန်နိုင်ကြ၏။

တူဒေးစာအုပ်တိုက်မှ ဖြန့်ဝေသည့် လူမိုက်၊လူတော်၊ ပညာရှိ စာအုပ်မှ ပြန်လည်မျှဝေပေးလိုက်ပါသည်…

About Ko out of...

Ko out of... has written 91 post in this Website..