အခုတလော သုးံခွဘက်မှာ နာမည်ကြီးနေတဲ့ စာရေးဆရာ တစ်ယောက်အကြောင်း အင်တာနက်စာမျက်နှာ တစ်ခုမှာ ဖတ်လိုက်ရတယ်၊ သတင်းကတော့ စာရွှက်တွေလိုက်ဝေလို့ဆိုပဲ၊ စာရွှက်ဝေတာပဲ ဘာလို့သတင်းဖြစ်လဲပေါ့နော်၊ ဘက်စ်ကားတွေပေါ်မှာဝေတဲ့သူတွေကျ သတင်းမဖြစ်ပဲ သူ့ကျမှ ဘာလို့သတင်းဖြစ်သွားလဲ နည်းနည်းစိတ်ဝင်စားသွားတယ်၊ ဘာတဲ့ အဖွဲ့အစည်းတစ်ခုကို အကြည်ညိုပျက်စေတဲ့ စာဆိုလားပဲ၊ ထိုသူရေးထားတာ တကယ်ပဲ အကြည်ညိုပျက်စေတာလား မဟုတ်ဘူးလား သိရမဲ့ စာမူရင်းတော့ မတင်ထားပဲ ဓါတ်ပုံတစ်ပုံနဲ့ သတင်းရေးထားတော့ အဲဒီသတင်းကိုဖတ်လိုက်မိတဲ့သူတွေကတော့ ဟိုစာရေးဆရာကို ထိုးမယ် သတ်မယ် တကဲကဲနဲ့ ကွန်မန့်(ဝေဖန်ချက်)တွေပေးထားတာ၊ လူအများဖတ်မဲ့ သတင်းတစ်ပုဒ်ဟာ သတင်းဖြစ်မဲ့ ခေါင်းစဉ်လေးပါရုံနဲ့ မရပါဘူး၊ လူစွဲမထား ဘက်မလိုက်ပဲ မှန်ကန်ဖို့လိုပါတယ်၊ မှန်နေဖို့နဲ့ မပြီးပါဘူး အထောက်အထားခိုင်လုံရပါမယ်၊ တကယ်ပဲ အကြည်ညိုပျက်စေတာလား ဘာလားမသိ၊ အခုဟာက ဟိုစာရေးဆရာရေးထားတာ ဘာရေးလို့ ရေးထားမှန်းမသိ၊ ထိုးမယ် ကြိတ်မယ်ဆို ကျွန်တော်ပါ ၀င်ပါရ ကောင်းမလား စဉ်စားလို့ မထိ၊ မြန်မာလူမျိုးတွေက (ကျွန်တော်အပါအ၀င်) တဆိတ်ရှိ ထိုးမယ် ချမယ် ဆိုတာပဲ၊ ဘေးက သံယောင်လေးလိုက်ပေးရင် ပိုကြွတက်တယ်။
ဒီမိုကရေစီဆိုတာ ထိုးမယ် သတ်မယ်ဆိုတဲ့ လူတွေအတွက် မဟုတ်ဘူး၊ အသိတရား ညဏ်ပညာ အဆင့်အတန်း လူနေမှုမြင့်မားမှ စစ်မှန်တဲ့ဒီမိုကရေစီဆိုတာ ဖြစ်လာမှာ၊ ဆင်ခြင်တုံတရား အားနည်းပြီး စိတ်အလိုလိုက်မိကျရင်တော့ အီရတ်တို့ အာဖဂန်ကလိုမျိုး လက်နက်ကိုင်ပြီး အယ်ခိုင်ဒါလမ်းစဉ် လိုက်တာ ပိုပြီးသင့်တော်ပါလိမ့်မယ်၊ ဟိုမရောက်ဒီမရောက် ကိုးလိုးကန့်လန့်စကောစက လုပ်လို့ကတော့ ကြားလူပဲ ၀င်ပြီး စားသွားပါလိမ့်မယ်၊ အသံကြီးဟစ် အင်တာနက်ပေါ်တက် ကွန်မန့်(ဝေဖန်ချက်) ပဲ ထိုင်ရေးနေလို့ ဘာမှဖြစ်မလာနိုင်ပါဘူး။
ထိုးကြသတ်ကြမည့်သူများသေချာစဉ်းစားပါ
ဒီမိုကရေစီ = အသိတရား+ညဏ်ပညာ+အဆင့်အတန်း
အီရတ်တို့ အာဖဂန်တို့လို ဒီမိုကရေစီ ဖြစ်ချင်တာလား မြန်မာတို့ရဲ့ အသိတရား ညဏ်ပညာ အဆင့်အတန်းရှိတဲ့ ဒီမိုကရေစီဖြစ်ချင်တာလား စစ်မှန်တဲ့ ဒီမိုကရေစီရချင်ကြသည်မဟုတ်ပါလား ဒီမိုကရေစီရရင် ကိုယ်ပိုင်လွတ်လပ်ခွင့်ရမယ် ဒါဆိုအဲဒီလွတ်လပ်ခွင့်ကို တာဝန်ယူနိုင်တဲ့ အသိတရား ညဏ်ပညာ အဆင့်အတန်း ရှိဖို့လိုပါတယ်။ ။

About koko ixo

koko ixo has written 1 post in this Website..