ပေါ့ပေါ့ပါးပါး အတင်းပြောချင်စိတ်ပေါက်လာလို့ တကယ့်အဖြစ်အပျက်လေးတစ်ခုကို စာချရေးလိုက်ပါတယ်။ ကျွန်မမိဘတွေနေတဲ့ရပ်ကွက်ထဲမှာပေါ့ … အိမ်တွေက လုံးချင်းအိမ်တွေဖြစ်ပြီး ခြံစည်းရိုးတွေခပ်မြင့်မြင့်နဲ့ ဖာသိဖာသာနေတတ်ကြတယ်။ တစ်အိမ်နဲ့တစ်အိမ် မမြင်ရပေမယ့် ကျွန်မတို့အိမ်ဘေးအိမ်က ကားဂိုဒေါင်အပေါ်ထပ်က ဒရိုင်ဘာနေတဲ့အိမ်ခန်းကိုတော့ ကြည့်ရင်မြင်နိုင်တဲ့အနေအထားမှာရှိပါတယ်။ ခါတိုင်းတော့ လူနေလိုက် မနေလိုက်နဲ့ အမြဲလိုလိုပိတ်ထားတဲ့အခန်းတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ – ၄ လလောက်ကစပြီး မိသားစုတစ်ခုပြောင်းလာပြီးနေထိုင်ကြတယ်။ အသက် ၅၀ လောက်ခန့်မှန်းရတဲ့ ဒရိုင်ဘာလူကြီးရယ်၊ အသက် ၅၀ လောက်ရှိတဲ့ မိန်းမတစ်ယောက်ရယ်၊ ကလေး ၄ ယောက်ရယ်၊ အသက် ၂၀ ကျော်လောက် ကောင်မလေးတစ်ယောက်ရယ်ဆိုတော့ လူကများပြီး အခန်းကခပ်ကျဉ်းကျဉ်းပါပဲ။

ကျွန်မတို့လဲ လူအသစ်တွေပြောင်းနေတာဆိုတော့ နဲနဲစပ်စုကြည့်မိတာပေါ့ .. ကျွန်မ အမေက လင်မယားနှစ်ယောက်နဲ့ ကလေး ၄ ယောက်ဖြစ်မယ်ဆိုပြီး အသက် ၅၀ လောက် နှစ်ယောက်လို့ လင်မယားလို့ သတ်မှတ်လိုက်တယ်။ ကျွန်မ ညီမက မဟုတ်ဘူးနော်တဲ့ … အသက် ၂၀ ကျော်လောက်နဲ့ အဘိုးကြီးနဲ့က လင်မယားဖြစ်မယ်တဲ့။ ကျွန်မကတော့ အမြဲနေနေတာမဟုတ်တော့ မမှန်းတတ်ဘူး။ ဒါပေမယ့် သူတို့တွေ ဘယ်လိုများပတ်သက်ပါလိမ့်လို့တော့ သိချင်နေခဲ့တာပေါ့။ တစ်ခါတစ်လေ အော်ကျယ်အော်ကျယ်နဲ့ ရန်ဖြစ်သံ သဲ့သဲ့လဲ ကြားရလေ့ရှိတယ်လေ ..

ဒီအပတ်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လမ်းထိပ်က ဆံပင်ညှပ်ဆိုင်မှာ ခေါင်းသွားလျှော်ရင်းနဲ့ အကြောင်းစုံသိခဲ့ရတယ်။ ဘေးအိမ်က အိမ်ရှင်အဒေါ်ကြီးလဲ ဆံပင်လာဆိုးလို့ ဆံပင်ညှပ်ဆိုင်က အဲဒီအကြောင်းကို သိချင်လွန်းနေတဲ့ ကောင်မလေးက မေးလိုက်တယ်လေ …

သူတို့တော်စပ်ပုံက …
အသက်ကြီးကြီး ၂ ယောက်က လင်မယားပါတဲ့ .. ကလေးကြီးကြီး ၂ ယောက်က သူတို့ကလေးတဲ့ … မိန်းမလုပ်သူက သူ့တူမငယ်ငယ်လေးကို အိမ်ပေါ်ခဏခေါ်ထားရင်း သူ့ယောက်ျားက ယူလိုက်တယ်တဲ့ … ကလေး ၂ ယောက်ထပ်မွေးတယ်။ ယောက်ျားလုပ်သူက အဒေါ်ရော တူမကိုရော တစ်ပြိုင်နက် ပေါင်းသင်းနေထိုင်တယ်။ အဲဒါထက်ပိုဆိုးတာက အဲဒီယောက်ျားက အပြင်မှာလဲ တော်တော်ရှုပ်တယ်တဲ့။ နောက်ထပ် ၂ ယောက်ရှိသေးတယ်တဲ့။ အသစ်တစ်ယောက်ရှုပ်တိုင်း တူမလုပ်တဲ့မိန်းမကပြသနာရှာပြီး မပေါင်းနိုင်ဘူးဆိုပြီး ရန်ဖြစ်ပြီး ရွာပြန်တယ်တဲ့။ ယောက်ျားလုပ်တဲ့လူက ကောင်မလေးအဒေါ်ဖြစ်တဲ့ သူ့မိန်းမကြီးကို ခြိမ်းခြောက်တယ် … နင့်တူမကို ရအောင်ပြန်ခေါ်လာရမယ် .. ခေါ်လာလို့မရရင် နင့်ကိုပါ မပေါင်းနိုင်ဘူးလို့ ပြောသတဲ့ … အဒေါ်လုပ်သူက သူ့ကိုမပေါင်းမှာစိုးလို့ သူ့တူမကိုတောင်းပန်ပြီး ပြန်ခေါ်လာရပြီး ကလေးတွေကိုပါ ထိန်းပေးရသတဲ့လေ …
ဒီဇာတ်လမ်းလေးကတော့ တကယ့်အဖြစ်အပျက်ပါ …
ရှိတော့ရှိတယ် ရှားမယ်ထင်တယ်နော် …. :P

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....