ဦးဇော်မောင်၏ ၀၀ ပြည့်ပြည့် ဖိုးဝရုပ် မျက်နှာကြီး ဖြီးနေသည်မှာ မြင်သူများ သတိထားမိစရာဖြစ်နေသည်။
သူ့တပည့်မ လေး ပွင့်ဖြူ ပင်လျှင် သူ့ဆရာဘာကြောင့် ဒိလောက် ပြုံးဖြီး ဖြီး ဖြစ်နေပါလိမ့်ဟု စဉ်းစားမ၇ဖြစ်နေသည်။ မဆူမဟောက် သဘောကောင်းသော ဆရာဖြစ်သော်လည်း ခါတိုင်းဆို ဒီလောက်တော့ မဖြီး။ တည်တည် တန့်တန့် နေတတ်သော ဆရာပြုံးဖြီးဖြီး ဖြစ်နေ၍ သိချင်နေသည်။

ချဲထီများပေါက်နေလို့လား။ သို့သော် သူ့ဆရာ လောင်းကစား အသေမုန်းသူမို့ ဒါလည်း မဖြစ်နိုင်။

သူဌေး ဦးအောင်မင်း ကများ ရာထူးတိုးပေးလိုက်လို့လား။ ဒါလည်းမဖြစ်နိုင်။ ဒီရုံးမှာ ဆရာက အကြီးဆုံး။ အထွေထွေမန်နေဂျာ ရာထူးယူထားသူမို့ ထပ်တိုးစရာ အကြောင်းမရှိ။

လခများတိုးပေးလိုက်လို့လား ။ ဒါလည်း ကပ်စေးနဲ သူဌေးမို့ ဖြစ်နိုင်ခြေ အတော်နည်းနေသည်။

ဒါမှမဟုတ် ဆရာ့ချစ်ချစ်ကြီး ဆရာ့ ကို လာခဲ့နီး အနမ်းတွေ ပေးလိုက်လို့များလား တွေးပြီး ပွင့်ဖြူ ပါ ခွီ ကနဲဖြစ်သွားသည်။

ဆရာ မျက်နှာ ပြုံးနေပါလား ။ ဘာတွေ သဘောကျနေလည်းဆရာ။

ပွင့်ဖြူ မအောင့်နိုင်တော့။ ဆရာတပည့်ပေမဲ့ ဆရာ့ကိုမေးရဲ ဆိုရဲရှိသည်။

သြော် အေး မင်းခုန ကပေးတဲ့ စာ လေကွာ။

ပွင့်ဖြူ အခုမှ သတိရလိုက်သည် ။ သူ ဆရာ့ကို နိုင်ငံခြားမှ စာတစ်စောင်ရောက်နေ၍ပေးလိုက်သည်။

အေးကွ အဲ့ဒိစာထဲမှာ ဆရာတို့ ဟိုတယ် ၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ဟိုတယ် နဲ့ အစားအသောက်ဆိုင်ရာ လုပ်ငန်း ၂၀၁၁ ဆုရလို့ကွ။

ဟယ် ဟုတ်လား ဆရာ။ ၀မ်းသာစရာကြီး ။ ဘယ်ကပေးတာလဲဆရာ။

စပိန်နိုင်ငံ ။ မက်ဒရစ်မြို့ က ကွ။ အဲ့ဒါ ဆု လာယူဖို့ ဖိတ်ခေါ်ထားတာကွ။

ကောင်းလိုက်တာ ဆရာရယ်။ ဟို ဒန်ပေါက်ဆိုင်တို့။ အချို့ ဟိုတယ် တွေက သူတို့ ရပြီး ဆုသွားယူတာတွေ တွေ့ဘူးတယ် ဆရာ ။ အဲ့ဒီ့တုန်းက အားကျနေတာ ။

အေးကွ ။ အေးကွ ဒါမှ သူဌေးလာရင် ငါတို့ ၀န်ထမ်းတွေ ကြိုးစားလို့ ရတာ။ အခု တွေ့ပြီမဟုတ်လားလို့ ကောင်းကောင်း ပြန်ကြွားနိုင်မှာ။ အလကားနေရင်း အမြဲတန်းပြုံးနေဖို့ ၊ ၀န်ဆောင်မှု့ ကောင်းကောင်းပေးဖို့၊ ဧည့်သည်တွေကို စိတ်ရှည်ဖို့ အမြဲတန်း လက်ချာ ရိုက်ခံထိနေတာ ။ သူ လာမှပြပြီး ကြွားလိုက်ဦးမယ်။

ဒါကြောင့် ဆရာ ပြုံးနေတာကိုး ။ ဆုက ဘယ်မှာ သွားယူရမှာလည်း ဆရာ။

စပိန်မှာ လေကွာ။ အင်း သွားယူဖို့ euro 3950 တော့ ကျမယ်ကွ ။ သူဌေး ဦးကပ်စီး ထုတ်ပေးပါ့မလားတော့မသိဘူး ။ ဒါမှ မဟုတ် သူ သွားမလားမသိဘူး ။

ဆရာကလည်း ၊သူက သူဌေးဖြစ်ပေမဲ့ အင်္ဂလိပ်လို ကောင်းကောင်းမှ မပြောနိုင်တာ ။ ကြည့်နေ ဆရာ့ ကိုဘဲလွှတ်မှာပါ။

အေး။ အေး အဲ့ဒါကြောင့် ဆရာ ပျော်နေတာကွ ။ စပိန်လေး ဘာလေး ရောက်ဖူး ဦးမယ်ဆိုပြီး။ ကဲကဲ လုပ်လုပ် တော်ကြာနေ သူဌေး ရောက်လာ မှာ ။ သူ့ကို ဖုန်းဆက်ပြောထားပြီးပြီ။

ဘာပြောလည်း ဆရာ။ သူ ရော ပျော်သွားလား ။

ဘာမှတော့ မပြောဘူးကွ ။ အင်း အင်း လို့ဘဲပြောပြီး ဖုန်းချသွားတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

သူဌေး အခန်းထဲမှ ပြန်ထွက်လာသော ဦးဇော်မောင် မျက်နှာသည် နဂို ပုံမှန် ပြန်ဖြစ်နေသည် ကို ပွင့်ဖြူ သတိထားမိလိုက်သည် ။

ဘယ်လိုဖြစ်တာပါလိမ့် ။ ကြည့်ရတာ သူဌေး ဦးကပ်စေး ၊ ဆရာ့ကို ပေးမသွားဘဲ သူကိုယ်တိုင် သွားမလို့နဲ့တူတယ် ဟု တွေးနေမိသည် ။ သူဌေး ရှိနေ၍ အခြေအနေ ကို သူ မမေးရဲသေး ။

ထမင်းစားချိန် သူဌေး ပြန်သွားသွား ခြင်း အကျိုးအကြောင်းသိချင်နေသော ပွင့်ဖြူ မအောင့်နိုင်ဘဲ ဦးဇော်မောင် ကိုမေးလိုက်မိသည် ။

ဆရာ။ ဆရာ ဘယ်လိုလည်း ။ ဆရာ့ ကို ပေးမသွားဘူး လား ။ သူကိုယ်တိုင် သွားမှာတဲ့လား ။ ကျွန်မတို့ကို ချီးကျုးသွားသေးလား ဟင် ။

မအောင့်နိုင်သော ပွင့်ဖြူ မေးခွန်းများတလစပ် မေးလိုက်မိသည် ။

ဦးဇော်မောင် က မချိပြုံးဖြင့်

ချီးကျူးသွားတယ်လေ ။ မင်းတို့ ကျေကျေနပ်နပ်ကြီး အလိမ်ခံမလို့ လား တဲ့ ။

အင် ..ဘယ်လို ဘယ်လို ။ ဘယ်လို လိမ်မှာ လည်း ဆရာ ကလည်း ။ ရှေ့မှာ ရထားတဲ့ သူတွေလည်း ရှိတယ် ။ ပြီး ဆရာ့ပိုက်ဆံက ဘဏ်ကနေလည်း လွဲပေးရမှာ မဟုတ် ။ သွားပြီး ဆု ယူတော့မှ ပေးရမှာကိုး။ ဆရာ မပြောပြလိုက်ဘူးလား ။ ဘယ်လို အစီအစဉ်တွေ နဲ့ဆိုတာ။

ပြောလိုက်တာပေါ့ကွာ ။ ပိုက်ဆံက အဲ့ဒီ စပိန်ရောက်မှ ပေးရမှာ ။ သူတို့ က ဟိုတယ် မှာ နှစ်ညထားပေးပြီး နှစ်ယောက်လာ လို့ရတယ် ။ ပြီး ညစာ စားပွဲမှာ ဒီဆုကို စပိန်က လူကြီးလူကောင်းများ၊ ခရီးသွားလာရေးနဲ့ ဟိုတယ် စားသောက်ဆိုင် ဆိုင်ရာ လုပ်ငန်းရှင်များရှေ့မှာ ပေးမှာဆိုတာ။
ပြီး အဲ့ဒီအချိန်မှာ ပြနေတဲ့ International Tourism Fair ကိုလည်း လိုက်ပို့မယ်။ သူတို့ရဲ့ member 7000 ကျော်ပါတဲ့ CD ROM ၇မယ် ။ သူတို့ ဆုကိုလည်း ကိုယ့် ဟိုတယ် လုပ်ငန်းတွေမှာ ကြော်ငြာ ခွင့်ရပြီး လူတွေ ပို စိတ်ဝင်စားစေမယ် စသဖြင့် ပေါ့ကွာ။

နောက် ဆု ရတဲ့ ကုမ္မဏီတွေ ရဲ့ လိပ်စာ၊ ဘာတွေ လုပ်တယ် ဆိုတဲ့ စာအုပ် စသဖြင့် ရမယ်လို့ ပြောလိုက်တာဘဲ။

အဲ့တော့ ဘာပြောလဲ ဆရာ။

ကဲ ကဲ ဟုတ်ပါပြီ တဲ့ ။ အဲ့ဒါ ခဏထား ။ မင်း ဟိုတယ် ကို ဆုပေးရအောင် မင်းဟိုတယ် ကို ဘယ်သူတွေက ထောက်ခံတာလည်း ။ ဘယ်သူတွေ ရောက်ဘူးလို့လဲ ။ ဘာကို ကြည့်ပြီး ဆုရသင့်သော ဟိုတယ်လို့ ပြောတာလည်း ။ သူတို့ အဖွဲ့ အစည်းက မင်းဟိုတယ် ကိုရောက်ဘူးလို့လားတဲ့ ။

အင် . ဟုတ်သားဘဲ ။ ဘယ်သူမှာလည်း ဘာမှ လာ အကဲဖြတ်တာလည်း မရှိဘဲနဲ့ ။ဘယ်လို သိမလဲနော် ဆရာ။ ပေးသင့် မပေးသင့် ဆိုတာကို ။

အေးလေ ။ ငါလည်း ဘာဖြေရမှန်း မသိဘူး ။ ဒါပေမဲ့ ပြောလိုက်သေးတယ်ကွ ။ ကျွန်တော်တို့မသိဘဲ လာ အကဲဖြတ်သွားရင်ကောလို့ ။

မင်း မအ စမ်းပါနဲ့ကွာတဲ့ ။ မင်းပေးရမဲ့ euro 3950 ကိုကြည့် ။ မင်းကို အလကား ပေးတာ မဟုတ်ဘူး ။
မင်းတည်းမဲ့ အခန်းခ နှစ်ရက်အတွက် ဘယ်လောက်ကျမလဲ ။ ထား တစ်ရက် ၂၅၀ နှစ်ရက် ၅၀၀ ။ ညစာစားပွဲနဲ့ လိုက်ပိုတဲ့ အခ – ဆု တံဆိပ်ဘိုး ။ စာအုပ်ဘိုး။ အားလုံးပေါင်း ၅၀၀ ထားဦး ။ သူမင်းအတွက်ကုန်မှာ ယူရို ၁၀၀၀ အပြင် မပိုဘူး။ ကျန်တဲ့ ယူရို ၂၉၅၀ တိန်ကနဲ သူ တို့ အဖွဲ့ ရလိုက်ပြီ။ တကမ္ဘာလုံးလှည့် လုပ်တာဆိုတော့ တစ်နှစ် အဖွဲ့အစည်း ၅၀ လောက်လာယူရင် ယူရို တစ်သိန်းလေးသောင်း လောက်ကိုက်သွားပြီ။ သူတို့လုပ်ရတဲ့ အလုပ်က အင်တာနက်ကနေ လိပ်စာတွေ လိုက်စု။ ဒီပိုက်ဆံလောက် တတ်နိုင်မယ်ထင်တဲ့ သူတွေဆီ စာပို့။ ပြီး အဲ့ဒီ ရက်နားကျတော့မှ စာအုပ်လေးထုတ် ။တစ်ပါတ်လောက် အလုပ်ရှုပ်လိုက်ပြီး ကဲ့ယူလိုက်တာဘဲ။

ဟယ်.. ဒါပေမဲ့ ဆရာကလည်း ကျွန်မတို့ကလည်း ဒီလိုဆုမျိုးရတဲ့ ဟိုတယ် ဆိုရင် လူတွေ အထင်ကြီးမှာပေါ့ ။ အဲ့ဒီလို သူ့ဆုကို အကြောင်းပြု ကြော်ငြာလို့ ရတာဘဲ။

သူဌေး ကဆက်ပြောလိုက်သေးတယ် ။ မင်းတို့ အဲ့ဒီလို ကြော်ငြာလို့ လူ အထင်ကြီးတာလည်း ခံရင်ခံရမှာပေါ့တဲ့ ။ သေချာတာတော့ မင်းတို့ က သူ့ကို ဆက်ပြီး ကြော်ငြာပေးနေတာတဲ့ ။ မင်းတို့လို မတွက်မိတဲ့ သူတွေကလည်း မင်းတို့ အခု သူများရတာ ကို ကြည့် အဟုတ်အောင်းမေ့ပြီး အဲ့ဒီ့ ဆု လိုချင်နေတာ လေတဲ့။

ဟုတ်သားဘဲနော် ဆရာ။

ပြောသေးတယ်။ မင်းတို့ ကို တရားဝင် လိမ်ပြီး မင်းတို့ ကလည်း ကျေကျေနပ်နပ်ကြီး အလိမ်ခံနေတာတဲ့ ။ ပြီး မင်းတို့ ကနေ တစ်ဆင့် မသိတဲ့ ဧည့်သည်တွေကို ကိုယ့် ကာစတန်မာတွေကို ကိုယ်ကိုယ်၌ က မသိဘဲ သတိမထားမိဘဲ ဆက်ပြီးလိမ်နေကြတာတဲ့။

အဲ့ဒီလို ဆုမျိုးထက် ကိုယ့် ဧည့်သည်တစ်ယောက်က ချီးကျုးသွားတဲ့အမှန်အကန် စာတစ်စောင်ဘဲလိုချင်ပါတယ်တဲ့။

နောင် ဘယ်နိုင်ငံက ဘာဆု ရထားတာ ဆိုပြီးကြော်ငြာ ကြော်ငြာအရမ်းမယုံနဲ့တဲ့ဟေ့။ အလိမ်မခံနဲ့တဲ့။

သဘောပေါက်ပြီဆရာ။ ဟို ပိုက်ဆံ နဲ့ ဒေါက်တာဘွဲ့ ၀ယ်သလိုပေါ့နော် ..

အေး ဟုတ်တယ် ဟုတ်တယ် ။

(အဖြစ်မှန်ပေါ် အခြေခံရေးသားပါသည်)

About ကထူးဆန်း

has written 107 post in this Website..