သူငယ်ချင်း ကိုပေရေ .

မင်းတို့မိသားစု သင်္ကြန် မြန်မာပြည်ပြန်လာ လည်မယ်။ ငပလီမှာ သွားနေချင်တယ် ဆိုလို့ ၀မ်းသာပါတယ်ကွာ။ သင်္ကြန် package လေးတွေ မင်းစုံစမ်းပေးပါဆိုတာနဲ့ ငါလည်း ဘာဘဲလိုလို ရန်ကုန်လမ်းညွှန်ရှိတယ် ဆိုတာ မေ့ပြီ အင်တာမဲ ကြီးကနေဘဲ ခေတ်မီမီ ၀င်ရှာလိုက်တယ် သူငယ်ချင်းရေ။
မင်းကြည့်လို့ ရအောင်လည်း ဒီမှာလိပ်စာလေး တင်ပေးလိုက်တယ်ကွာ။ ဒီလိပ်စာကတော့ ငပလီက ဟိုတယ်တွေကို တည်းသွားတဲ့ ခရီးသည်များက ကြိုက်ရင် ကြိုက်တယ် မကြိုက်ရင် မကြိုက်ဘူးဆိုတာတွေ ရေးထားတာပေါ့ကွာ.
http://www.tripadvisor.com/Hotels-g612368-Ngapali-Hotels.html

သူငယ်ချင်းရေ ။ အဲ့ဒီ့မှာ စိတ်ဝင်စားစရာ တစ်ခု သွားတွေ့တယ်။Travelers’ Choice® 2012 Winner ဆိုတာလေး ။ ဒါကတော့ မင်းကိုငါပြောပြဘူးတဲ့ နိုင်ငံခြားကနေ တရားဝင် လိမ်ပေးတဲ့ ဆုမဟုတ်ဘူး ဆိုတာလေး နဲ့ အဲ့ဒီ့အကြောင်းတော့ နောက်မှပြောပြမယ်နော်။

အဲ့ဒီကနေမှ ဟိုတယ် နံမည်တွေ ကူးပြီး သူတို့ ၀က် စာမျက်နှာ ထဲဝင်ရောက်ရှာဖွေ ကြည့်လိုက်တယ် သူငယ်ချင်းရေ ။ ငါတို့မြန်မာပြည်က ဟိုတယ်သမားများ ၀က် စာမျက်နှာတွေကို အားကိုးကြလား၊ ဘာတွေ ဖော်ပြထားလဲ။ သင်္ကြန်နား နီးပြီဆိုတော့ သင်္ကြန် နဲ့ ပါတ်သက်ပြီးများ package တွေ ကြော်ငြာထား မလားလို့ပေါ့ သူငယ်ချင်းရေ။

Trip Advisor မှာ ပါတဲ့ အစဉ်အတိုင်းဘဲ မင်းကိုပြန်ပြောပြမယ်နော်။ ငါက ၀က် ပညာရှင်မဟုတ်လို့ သူတို့ရဲ့ ၀က် စာမျက်နှာတွေ နဲ့ ပါတ်သက်ပြီး မဝေဖန်ဘူးနော်။ ငါတို့ လိုရင်းဖြစ်တဲ့ သင်္ကြန် နဲ့ ပါတ်သက်တာ ဘဲ ပြောမယ်နော် ။

၁။ Amazing Ngapali Resort

သူငယ်ချင်းရေ .. သူက ထောက်ခံသူ အများဆုံးနဲ့ နံပါတ်တစ် နေရာ ယူထားတဲ့ ဟိုတယ်ပေါ့ကွာ ။ သူ့ web site address က http://www.amazingngapaliresort.com/ နဲ့ သူတို့ ရန်ကုန် ရုံးရဲ့ web site www.amazing-hotel.com ကနေလည်း ၀င်ကြည့်လို့ ရတယ်လေ။
အဲ့ဒီမှာ သင်္ကြန် package ကြော်ငြာထားတာ တွေ့တယ် သူငယ်ချင်းရေ ။ ဒါက မင်းကြည့် လို့ ရအောင် စာမျက်နှာလေးပါ။
http://www.amazing-hotel.com/Thingyan2011.html ပြည့်ပြည့်စုံစုံလေး ဖော်ပြပေးထားတာတွေ့ ရတယ် သူငယ်ချင်းရေ။
သူတို့ တကယ်အလုပ် လုပ်မလဲ သိချင်လို့ ငါ ဖုန်းမဆက်ဘဲ e-mail ပို့ပြီးတော့လည်း စုံစမ်းလိုက်တယ် သူငယ်ချင်း ။
ငါ့ နေ့လည် ၁း၁၂ နာရီမှာ ပို့လိုက်တဲ့စာက ပြန်စာ အဲ့ဒီ့နေ့ဘဲ ၂း၁၂ မှာ ပြန်ရတယ် သူငယ်ချင်း ။ အတော် လေးမြန်တယ် လို့ ချီးကျုးရမယ်။ ပြီး ငါမေးထားတာတွေကိုလည်း တိတိကျကျပြန်ဖြေတာ တွေ့ရတယ် ။ အင်း ၀န်ထမ်းကောင်း တွေကြောင့် မျက်နှာလှ တယ် ပြောရမယ်ထင်တယ် သူငယ်ချင်းရေ။

သူငယ်ချင်း ၀င်ကြည့်ရမှာ ပျင်းရင်လည်း အလွယ်တစ်ကူ မင်းသိအောင် ငါ့ဆီပြန်လာတဲ့ e-mail ကနေပြန်ကူးပေးလိုက်တယ် သူငယ်ချင်း။ ငါက မင်းမြန်မာ နိုင်ငံသားဆိုပြီး မေးလိုက်တဲ့ အတွက်အောက်က နိုင်ငံသား အတွက် သာ ပါ ပါတယ် ။ ရန်ကုန်က နိုင်ငံခြားသား မင်းသူငယ်ချင်းအတွက် ဘယ်လောက်ကျလဲ သိချင်ရင်တော့ web site ထဲသာဝင်ကြည့် ခိုင်းလိုက်နော် သူငယ်ချင်း။

Amazing Thingyan Package . 1
From 10th to 13th April,4Days/3 Nights Package
Package price 299000Ks for one person.

Amazing Thingyan Package. 2
From 13th to 17th April,5 Days/4 Nights Package
Package price 450000Ks for one person.

Amazing Thingyan Package.3
From 17th to 19th April,3Days/2 Nights Package
Package price 235000Ks for one person.

Service Includes,

Flights tickets for Yangon-Thandwe -Yangon
Hotel Accommodation in Deluxe Seaview Villa(Twin Sharing Room) of Amazing Ngapali Resort(*****)
Airport Transfers at Thandwe Airport
International/Traditioanl Daily Breakfast
Fruit Tray upon arrival
Complimentary Hat & Sea Shell Necklace Written by Guest’s name
Welcome with Fresh Coconut Juice & Welcome Fruit Tray.

သြော် ..အေးကွ . အခန်းငါမေးတဲ့ နေ့အထိတော့ ရပါသေးတယ်တဲ့ ။ စုံစမ်းသူတွေများနေလို့တော့ အမြန်အကြောင်းပြန်ပါတဲ့ကွာ။

သူငယ်ချင်းရေ ငါ့ကို မမဲ့ဖို့ ကြိုပြောထားပါရစေ။ မင်းအကြောင်းသိပါတယ် ကွာ။ ဒါပေမဲ့ Trip Advisor ထဲက အတိုင်း ငါ ဘက်မလိုက်ဘဲ မင်းမကြိုက်လည်း အစဉ်လိုက်ရေးလိုက်မယ်နော် ။ ဒီလောက်ဆို ဘယ် ဟိုတယ် ဆိုတာမင်းသိမှာပါနော်။

၂။Aureum Palace Spa & Resort

အေးကွာ ။ ဟိုတယ်က ငပလီမှာ အကောင်းဆုံးဆိုတာ ၀န်ခံရမှာပါကွာ ။ ဒါပေမဲ့ တည်းသွားတဲ့ ဧည့်သည်ထောက်ခံမှု အရတော့ နံပါတ် နှစ်ဖြစ်နေတာပေါ့ကွာ.
သူ့ web address က www.aureumpalacehotel.com ။ http://www.aureumpalacehotel.com/ngapali-index.htm ပါ ။
ဟိုတယ်က သင်္ကြန်နဲ့ ပ်ါတ်သက်ပြီး ဘာမှ ကြော်ငြာထားတာ မရှိပါဘူး ။
ဒါနဲ့ ငါလည်း အီးမဲ ကြီး ပို့လိုက်တာပေါ့ကွာ။ မနေ့က နေ့လည် ၁း၁၅ နာရီက ပို့လိုက်တာ ဒီနေ့ ဒီစာရေးတဲ့ အချိန် ည ၉း၄၃ အထိဘာ ပြန်စာမှ မရခဲ့ပါဘူးကွာ။
သူ့ အကြောင်းသိချင်ရင်တော့ သူ့ web site သာဝင်ကြည့်တော့ သူငယ်ချင်း

၃။Thande Beach Hotel

သူကတော့ package အနေနဲ့ valentine တစ်ခုသာ ကြော်ငြာထားတာ တွေ့ပါတယ်။
ဒျါနဲ့ ထုံးစံအတိုင်း အီးမဲ 1:13 pm မှာ လွှတ်လိုက်တော့ ဒုတိယ အမြန်ဆုံးအဖြစ် 2:35 pm မှာ ပြန်စာလက်ခံရရှိပါတယ် ။ ဒါပေမဲ့ သူကတော့ သင်္ကြန်တွင်း အခန်းပြည့်သွားပြီ ။ အခြားနေ့ လိုချင်ရင်တော့ မေးပါ ဆိုတာသာ ပါပြီး ဘာ သတင်းမှ မပါပါဘူး ။ package ၇ှိမရှိ ။ အခန်းခ ဘာမှ မပါ ပါဘူး။
http://www.thandebeachhotelmyanmar.com/

၎။Sandoway Resort

သူငယ်ချင်းရေ။ သူက တစ်ချိန်တစ်ခါတုန်းက ထိပ်ဆုံးမှာနေခဲ့တာပါ ။ အခုတော့ နံပါတ် ၄ ရောက်နေပြီး သူ့ web ကိုဖွင့်မရလို့ ဆက်သွယ်မရခဲ့လို့ ခြွင်းချက်ထားပေးပါကွာ။
http://www.thesandowayresort.com

၅.Bayview – the beach resort

သူလည်း သင်္ကြန် နဲ့ ပါတ်သက်ပြီး ကြော်ငြာထားတာ မရှိသလို အီးမဲကိုလည်း ပြန်စာမပို့ပါဘူး ။
http://www.bayview-myanmar.com/

၆။Amata Resort and Spa


www.amataresort.com
သူကလည်း သင်္ကြန် အတွက် အထူးကြော်ငြာမရှိသလို အီးမဲကို 1:17 pm မှာ လွှတ်လိုက်တာ နောက်တစ်နေ့နံနက် ၉း၁၀ မှာ သင်္ကြန်တွင်းအတွက် အခန်းမရှိတော့ကြောင်းပြန်စာ ရရှိပါတယ် ။ သူကတော့ ၁၇ ရက်နေ့မှာ ဆို ရနိုင်ကြောင်းနဲ့ အခန်းခတွေ ထည့်ပေးလိုက်လို့ သူငယ်ချင်းသိရအောင် ကူးပေးလိုက်ပါတယ်။

Grand Cabana Sea Veiw … Ks. 300000 net per room night including breakfast
Cabana Cottage … Ks. 170000 net per room night including breakfast
Deluxe … Ks. 120000 net per room night including breakfast
Superior … Ks. 95000 net per room night including breakfast
extra bed … Ks. 40000 net per night including breakfast

၇။Amara Ocean Resort

သူလည်း သင်္ကြန် ကြော်ငြာထားတာ မရှိပါဘူး ။သူ့ web site က စာတွေက ဖတ်လို့ သိပ်မမြင်ရ လို့ ဆက်သွယ်မူ့မလုပ်ခဲ့ပါဘူး ။ http://www.amaragroup.net/ocean/ocean-en/

၈။Silver Beach Hotel


သူ့ ၀က်ဆိုဒ် ရှာလို့ မရခဲ့ပါဘူး။

၉။Ngapali Beach Hotel


ဒီ ဟိုတယ် သက်တမ်း က အခု ဖော်ပြခဲ့တဲ့ ဟိုတယ်တွေထဲမှာ သက်တမ်းအရှည်ဆုံးဟိုတယ်တစ်ခုပါ ။ တစ်ချိန်က ဟိုတယ် ခရီး ဟိုတယ်ဖြစ်ခဲ့ ပြီး အဲ့ဒီကနေ လုံမလေးဟိုတယ်၊ အနေနဲ့ ဒေသခံကြားနံမည်ကြီးခဲ့ပြီး အခုတော့ ထုံးစံအတိုင်း ဦးတေဇ ၀ယ်ပြီး ပြင်ဆင်မှုလုပ်နေတယ်လို့ သိထားရတယ် သူငယ်ချင်းရေ။

၁၀။Royal Beach Motel

http://www.royalbeachngapali.com/ ဖြစ်ပြီး သူလည်း သင်္ကြန် နဲ့ ပါတ်သက်ပြီး ကြော်ငြာတာ မရှိသလို အီးမဲ ကိုပြန်လည် ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

သူငယ်ချင်းရေ တစ်ခြားဟိုတယ်တွေလည်း ရှိပါသေးတယ် ။ ငါက အပေါ်မှာပြောခဲ့သလို Trip Advisor ထဲက မင်းတို့လို နိုင်ငံခြားနေသူများ အလွယ်တကူ ရှာနိုင်မဲ့ဟိုတယ် သာတင်လိုက်တာပါ။

လေယာဉ်ခ ကတော့ ရန်ကုန်-သံတွဲ ကို ၆၅၀၀၀ ကျပ် ။ အသွား အပြန်ဆိုရင်တော့ ၁၃၀၀၀၀ ကျပ် ကျမှာပေါ့ကွာ ။ ဒီနှစ်လေယာဉ်လိုင်းတွေ တိုးနေလို့ ပြီးခဲ့တဲ့နှစ်ကလို Charter ယူပြီး ဈေးတင်ရောင်းတာ မရှိလောက်ဘူးလို့ထင်ပါတယ်ကွာ ။ ကြော်ငြာတာလည်း မတွေ့မိသေးဘူးလေကွာ။

သူငယ်ချင်းရေ ။

အခုလောက်ဆို ကိုယ်တို့ဆီက အလုပ်လုပ်ပုံလေး သူငယ်ချင်းသိလောက်ပြီလို့ထင်ပါတယ် ။ ပြင်နေတဲ့ ဟိုတယ်တစ်လုံးထုတ်ပြီး ၉ လုံး မှာ တစ်လုံးသာ ကိုယ်သိချင်တာ သိခဲ့ရပါတယ်။
e-mail ၆ စောင်ပို့ခဲ့ရာမှာ နေ့မကူးဘဲပြန်တာ ဟိုတယ် နှစ်လုံးရှိခဲ့ပြီး နောက်နေ့မှ ပြန်တာ တစ်လုံးရှိခဲ့ပါတယ်။ ဒါကြောင့် သူငယ်ချင်းဆီက အကျင့်တွေဖျောက်ပြီး မြန်မာပြည်နဲ့ အလုပ်လုပ်ရင် စိတ်ရှည်ပါ ပြောတာပေါ့ကွာ ။ ဒါ ပမာဏ စုံစမ်းရုံဘဲရှိသေးတယ် ။ အသေးစိတ်ကျရင် ဘာတွေ ဘယ်လောက် လက်ပေါက်ကပ် ဦးမလဲ မသိသေးဘူး ။ ဘာဘဲပြောပြော အရင်ကထက်စာရင် တိုးတက်လာတယ် ဆိုပေမဲ့ တိုးတက်သင့် သလောက် မတိုးတက်တာက ပြဿနာပါ။
ကမ္ဘာလှည့်တွေ အများကြီး လာတော့မယ်ဆိုပြီး ဟိုတယ် ဈေးနုန်းတွေ တက်ပြီးရင်းတက်ဖို့တော့လုပ်နေပါပြီ။ ၀န်ဆောင်မှု့ အပိုင်းဘယ်လိုတိုးတက်အောင်လုပ်မလဲ ဆိုတာလည်း ကပ်ပါလာဖို့ လိုအပ်နေသေးတာ အမှန်ပါဘဲ သူငယ်ချင်းရေ ။
အဲ့ဒီ့ အကြောင်းပြောရရင် ရှည်သွားမှာစိုးလို့ ဒီလောက်ဘဲပြောပါရစေတော့ သူငယ်ချင်းရေ။
စိတ်မပျက်ပါနဲ့ သူငယ်ချင်း ။ လာ သာ လာခဲ့ပါ ။ ငါ့ဆီက စာ ပြန်မရ ရင်လည်း စိတ်တွေ ဆိုးမနေနဲ့ဦးနော် … သိတယ် မဟုတ်လား ။ ကိုးနတ်ရှင်ပေါ်တည်မှီနေရတာတွေလည်း အများကြီးဆိုတော့ ။ မြန်မာပြည်နဲ့ အလုပ်လုပ်ရင် စိတ်ရှည်ပါ သူငယ်ချင်း ။

ခင်တဲ့
ထူးဆန်း

About ကထူးဆန်း

has written 107 post in this Website..