1 ရေနည်းချိန်မှာသာ ကန်ထဲကိုဆင်းပြီးရိုက်လို့ရတဲပုံ့ကလေးပါ

2 အရင်က ဒီမြက်ခင်းစိမ်းစိမ်းလေးတွေနေရာက ရေအပြည့်

3 ပြည်ကြီးမွန်ဖောင်တော် အောက်ကရိုက်ထားတာ (ပထမဆုံးအကြိမ်)

4 နံနက်ခင်းမလင်းတလင်းမှာတွေ့ရတော့ လွမ်းသလိုလို ဘာကိုမှန်းမသိ

5 ကုက္ကိုပွင့်ကလေးတွေက အပင်ပေါ်မှာ

6 ပန်းရောက် ကုက္ကိုပွင့်လေးတွေ (ကုလားကုက္ကိုပွင့်လေး)

7 နေအခ ရေပြင်မှာကျနေတဲ့အရိပ်ကလေးတွေ

8 ဒီပုံမျိုးလေးကို တောင်သမန်အင်းမှာ ရဘူးတယ် ဒါကတော့ တက်သိမ်းအင်း

9 ဒါကတော့ အလင်းနည်းနည်းလေးဖျော့သွားချိန်လေးပေါ့

10 အစောက ပုံနဲ့သိပ်မကွာဘူးလို့ ထင်ရပေမယ့် သေချာကြည့်ရင်ကွာပါတယ်

11 သစ်ပင်ကြားက မြင်ရတဲ့နေမင်း

12 သစ်ခက်တွေကြားက မြင်ရတဲ့တပေါင်းနေ

နွေဦးအစ.နံနက်ခင်းလေးများ………………….တစ်

(25-30-2012)နေ့မနက်လမ်းလျှောက်အထွက် ရေနည်းနေတဲ့ကန်တော်ကြီးကို တွေ့ရပါတယ်။

အဲဒါနဲ့ ကန်အောက်ခြေထိဆင်းပြီးကရိဝိက်ကို ဆော်ထည့်လိုက်တာပေါ့။

ကန်ပေါင်ပေါ်တက်ပြီးလမ်းပြန်လျှောက်လာတော့ ပန်းရောင်အသွေးနဲ့လှနေတဲ့ ကုလားကုက္ကိုပွင့်တွေကိုလှပစွာမြင်ရတော့

ထုံးစအတိုင်းလက်ဆော့ပေါ့။

နောက်ဆက်လျှောက်လာရင်းလုံးဝန်းနေတဲ့သဏ္ဍာန်နဲ့နေမင်းကို တွေ့ရပြန်ပါတယ်။

ကိုစိန်သော့ပြောဘူးတာတော့ နေမင်းရဲ့ အ၀န်းညီတာက မတ်လကုန်အထိဘဲလို့ပြောတော့ မှတ်မှတ်ရရလက်ဆော့ မိပါတယ်။

ကဲမနက်ခင်းလေးကို ခံစားကြည့်လိုက်ကြရအောင်ဗျာ။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါး

(25-3-2012)

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။