မန္တလေးဂေဇက်မှ သူကြီးမင်းနဲ့ တကွ ရွာသားများ စိတ်လက်ချမ်းသာရှိကြပါရဲ့လားရှင့်။

တို့များတော့ ရေးချင်တာလေးရှိပြန်တော့ သည်းခံခွင့်လွှတ်ဖတ်တော်မူကြပါလို့။

တို့များမတော့ ပြောစရာလေးတွေက အစီအရီ။ တို့များကိုယ်တိုင်ကပဲ မြင်တတ်လွန်း တာလား ။ မြင်ရတဲ့ မြင်ကွင်းတွေကိုက ပြောချင်စရာအဖြစ်တွေပဲလား။

တို့အရပ်ထဲက စိန်စိန်ရယ်ပေါ့။ အရင်တုန်းကလည်း အရပ်ထဲတွေ့နေမြင်နေရတာပါ။ လူရည်က ခပ်လည်လည် ဆိုပါတော့။ ကြည့်လိုက်ရင်တော့ မခုတ်တတ်တဲ့ကြောင်အိုကြီးလိုလို။ အ၀တ်အစားတွေကလည်း အခြေ အနေ အချိန်အခါအလိုက် ပြောင်းလဲ ၀တ်ဆင် ပြုမူတတ်လေရဲ့။ အဲ… ဘယ်လိုပြောရမလဲ။ ဘယ်လမ်း မာ ဘယ်ပန်းပန်ရမယ်၊ ဘယ်အရပ် ဘယ်ဇာတ် က ရမလဲ။ စိန်စိန်တို့က ဘယ်ဖက်က စမ်းစမ်း ။ ဒီရုပ် ဒီရည်နဲ့ပဲ စရိုက် ၃- ၄ မျိုးလောက်တော့ လုပ်ပြနိုင်ရဲ့။

ဟော…ကံများကောင်းတာက သူ့ ဘကြီးတယောက် ရုတ်တရက် ကွယ်လေတော့ ကျန်ခဲ့တဲ့ ရှိစု မဲ့စု ဝေစုလေးက စိန်စိန့်အတွက်ဖြစ်လေရဲ့။ ဒါနဲံပဲ အရပ်ထဲ ပိုလို့ မျက်နှာပွင့်နေပြန်တာပေါ့။ တို့များလမ်းထဲ လူလူ သူသူ လူရာဝင်လှလို့မဟုတ်ပေမယ့်ရထားတဲ့အခွင့်အရေးလေးရဲ့မျက်နှာနဲ့ အားပေး အားမြှောက်ပြုချင်သူတချို့ကလည်း ကျီးကန်းသူကောင်းမြှောက်လေတော့ .. အဟဲ ။ဘာကောက်စားတယ်ဆိုတာသိရဲ့မို့လား။

အရပ်ထဲ အလှူ မင်္ဂလာဆောင် မွေးနေ့ ပွဲက အစ မျက်စေ့ စပါးမွေးစူးအောင် လုပ်လား။ လုပ်ရဲ့။ လက်ထဲ ရထားတဲ့ ငွေယားလေး ဥစ္စာလေးကြောင့် အရီုးအရင်းကိုက်ရတဲ့ကပ်မြှောင်လေးတေါကလည်း အမြှောက်အပင့်ကောင်းသကိုး။

အရပ်ထဲ တရုန်းရုန်း တပြုံးပြုံးနဲ့ ဘာတဲ့တုန်း ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလိုပ။

အားမနာတန်းပြောရရင် အရူးပြောရခက် အကောင်ြးေ့ပာရခက်ရဲံ။ အဲဒီကောင် အရူးလိုလို အနှမ်းလိုလိုနဲ့ နောက်ကနေမြှောက်ပင့်ပေးတဲ့ကောင်တွေကြောင့် တခါတလေ မြင်ပြင်းကပ်လောက်အောင် မတန်မရာတွေ လုပ်လား လုပ်ရဲ့။

ခုလဲ တစခန်း ထ  က ပြ အသုံးတော်ခံပြန်တယ်။ ကိုယ့်လူတို့သိတဲ့အတိုင်း ခုခေတ်ကြီးမှာ ဓါတ်ပုံပိုစတာတွေက အရမ်းခေတ်စားတယ်မို့လား။ ကလေးမွေးနေ့လည်း ဓါတ်ပုံပိုစတာနဲ့၊ ၀တ္ထုကြော်ငြာလည်း ဓါတ်ပုံပိုစတာ၊ ရုပ်ရှင်ကားတွေ ဒီဗီဒီအခွေတွေ ၊မီးဖိုချောင်ထဲသုံးတဲ့ ငရုတ်သီးမှုန့်ကအစ့ မန်မညဆေး၊ အင်္ဂလိပ်ဆေး ၊ တိုက်ခန်းအ၀ယ် အရောင်း၊ သင်တန်းကျောင်း ..အိုး ဓါတ်ပုံ ပိုစတာတွေဆိုတာ စုံမှစုံ။ အရက် ကော်ဖီမစ်စ် ဆပ်ပြာ ဆေးလိပ် ပစ္စည်းကြော်ငြာ တာမှန်သမျှ ဓါတ်ပုံ ပိုစတာတွေပဲလေ။

ဒီတခါလုပ်ချလိုက်တာကတော့ ပြောရရင် ပေါချက်ကတော့ ကမ်းကုန်ပဲစိန်စိန်ရေလို့။

ဘာတဲ့ ခေတ်မီသူတိုင်း ပင်လယ်ငါး စားကြသည်။( ဟုတ်ပေါင်) ပြောပုံက အိင်တီခေတ်ကြီးထဲမှာ သူများတွေလို အားကျမခံ သူလည်းဓါတ်ပုံ ပိုစတာစိုက်မယ်တဲ့။ အလို မောင်ရင်စိန် မတန်မရာတွေ မလုပ်လေနဲ့ကွယ့် လူရယ်စရာဖြစ်ပါ့မယ် ဆိုတာ မရပေဘူး။ ဘယ်ကောင်တွေက မြှောက်ထိုးပင့်ကော် ကပ်ဖားရပ်ဖား လုပ်လိုက်တယ်မသိ။ ဒီတခေါက် ရွာပြန်တာ သူ့ဘာသာ ဒီဗီဒီ ရုပ်ရှင်ရိုက်ခဲ့သတဲ့။ဒါပဲ အရပ်ကတို့ရဲ့ ဖွတ် မိချောင်းဖြစ် မြစ်မချမ်းသာ ဆိုတာ လုပ်ချင်ရာတွေမဆင်အခြင်လုပ်တော့ ဘေးပတ်ဝန်းကျင်က မခံသာဘူး။

သူရိုက်ခဲ့တဲ့ ဒီဗီဒီ ပြချင်လွန်းလို့ သူ့အိမ်ရှေ့မှာ ပိတ်ကားထောင်။ လမ်းထဲအရပ်ထဲ ကလေးတွေကို ရုပ်ရှင်ကြည့်ရင် ဘဲသားဆန်ပြုတ် တိုက်ပါ့မယ်လို့ ဆွဲဆောင် စည်းရုံးပြီးသကာလ ဆန်ပြုတ်အိုးကြီးကိုလည်း အဆင်သင့်တည်။ ဒါမှ ကလေးတွေက လာကြမှာကိုး။ ဟော လူကြီးတွေကျတော့ ပုလင်းတူဗူးစို့မို့ ဘီယာအေးအေးလေး တိုက်ပြိးဧည့်ခံပါမာည့်အကြောင်း မောင်းခတ်။ အချိန်မီ သူ့ဒီဗီဒီကားကြီး အရပ်ထဲကလူတွေကို ပြဖို့ ကြိုးစားသကိုး။ ဒီလိုအပေးအယူလေးတွေပေးမှ လာကြမယ့် ပရိတ်သတ်ဆိုတာလည်း နောကြေပြီးသားမို့လား။ လည်ပုံကအံ့လောက်တယ်။

ဒါနဲ့ ည ၈ နာရီရောက်တော့ သူ့ရဲ့ ခရီးသွား သတင်းရုပ်ရှင်ပြဖို့ အသင့်ပေါ့။ ကလေးတွေကတော့ ကလေးပီပီ ဥိးစီန်ကြီး ပြပြီးမှ ဆန်ပြုတ်တိုက်လို့တော့မရဘူးနော်။ အနော်တို့က အရင်တိုက်မှ ကြည့်မှာ နောက်မှ ဆန်ပြုတ်တိုက်ရင်သောက်လဲမသောက်ဖူး။ ကြည့်လဲမကြည့်ဘူး ။ဒါပဲ။ ဆိုတဲ့ တချက်လွတ်အမိန့်ကြောင့် မချိပြုံးလေး ပြုံးပြိး အေးပါကွာ အေးပါကွာ နဲ့ နောင်တခေတ်ရဲ့ အောင်စစ်သည်ဖြစ်မယ့် မောက်ခန်းတို့ ငမန်းတို့ တင်အောင်တို့ မြင်ဦးတို့ဆိုတဲ့ ဆိုးပေတသိုက် အလိုကိုလိုက်ရရှာ။ ငါ့ ရုပ်ရှင်လေးတော့ ကြည့်ပြိးမှပြန်ပါကွာ လို့ မျက်နှာငယ်လေးနဲ့ပြောရင်း ဆန်ပြုတ်ထည့်ပေးရတော့တာပေါ့။

နောက်တမှောင့်က လုပ်လေဗျာ ကိုစိန်ကြီး ဘီယာတိုက်မယ် မဲဆွယ်ပြီး အရင်တိုက်ပါ သောက်ရင်းစားရင်းကြည့်တာပေါ့ ဆိုတာကလည်းတမှောင့်။ မထူးပါဘူး။ ကိုယ့်ရုပ်ရှင်လေးပြချင်လွန်းလို့ အလိုက်ရတော့မပေါ့ ဆိုတဲ့ မျက်နှာပေးလေးနဲ့ စိန်စိန်ရယ်ပါ။

စိန်စိန်ရေ လုပ်မှတော့ ပြောင်ပြောင်ပေါ့ဗျာ။ချစမ်းပါ ဘီယာလို့ တောင်းနေတဲ့သူတွေဆီ မျက်စောင်းတချက်လှမ်းထိုးရင်း ငါ့ ခရီးမှာ ငါ့ကိုဘယ်လိုကြိုဆိုတယ်ဆိုတာ ကြွားချင်လွန်းလို့သာ နင်တို့ကိုတိုက်ချင်လွန်းလို့မဟုတ်ဘူး ဆိုတော့ သူ့ပါတနာတွေကလည်းမခံဘူး။ အေးလေခင်ဗျားပဲ မဲဆွယ်ခဲ့တာလေ။ ခုထိ မတိုက်သေးပဲ မဲလိမ်ဖို့ ကြိုးစားပြန်တာလား။ ပြောတဲ့အတိုင်း လုပ်မပေးရင်….။ အကြိမ်းခံရတော့လည်း စိန်စိန့်ခမျာ မျက်နှာငယ်လေးနဲ့ပဲ။ အေးလေ သူ့ရုပ်ရှင်ကြိးကိုကြည့်စေချင်လွန်းလို့ ဆွယ်ဆရားဟော မက်လုံးပေးခဲ့တာမို့လား။

ကဲ ကဲ သောက်တော်မူကြ မျိုတော်မူကြ ပြီးတော့ ကြည့်တော်မူပြီးမှပြန်နော်။ အရပ်ထဲလည်း ကြွားတော်မူ လဲလေ ကျုပ် ဒီဗီဒီလေး သတင်းဖြန့်ပေးကြအုံးတဲ့။ ပြောင်လဲပြောင်တဲ့ စိန်စိန်ပေပဲ။

ဒီတခါတော့ ငွေရောင် ပိတ်ကားကြီးပေါ်လာပါပြီ။ စိန်ကြပိးတယောက် ခပ်မော့မော့လေးပြုံးပြီး သူ့အမျိုးတွေအိမ်ဝိုင်းထဲ တလှမ်းချင်းလှမ်းလာပါတယ်။ ခြံပေါက်ကနေ အိမ်လေးရှိရာက်ု ပေ ၆၀ လောက်ရှိတဲ့ လမ်းမှာ ကလေးတချို့ကို ကျဲကျဲလေးရပ်ခိုင်းထားတယ်။ အဲသူ့အမျိုးတွေက တော်တော်သားသားနားနားပဲ ခုခေတ် ဖက်ရှင်မယ်တွေလို ပေါင်တိုမလေးတွေ ရင်ရှားမလေးတွေလည်းပါရဲ့။ မျက်ခန်းစပ်ဖြစ်နေတဲ့  လူကြီးတချို့လည်းပါရဲံ။ ပုဆိုးအစိမ်းဆင်တူဝတ်ထားတဲ့ သူတွေလည်းပါရဲ့။ သနပ်ခါးပါးကွက်ကြားနဲံ့ အမျိုးသမီး အ၀ါဝတ်တွေလည်းပါရဲ့ ။တယောက်ချင်းစီ ကျဲကျဲလေးရပ်နေကြတဲ့ နောက်မှာ စိန်စိန့်ဓါတ်ပုံတခြမ်း စာတခြမ်းရေးထားတဲ့ ပိုစတာတခုကိုထောင်ထားတာတွေ့လိုက်ရပါပြီ။။ ပိုစတာရဲ့တခြမ်းမှာ  တို့ရွာသားကြီး စိန်စိန်အား လှိုက်လှိုက်လှဲလှဲ ခပ်ကျဲကျဲလေးကြိုဆိုပါ၏တဲ့ ။တခြားတခြမ်းကတော့ မောင့်ကျက်သရေခေါင်းပေါင်းကို ခပ်စောင်းစောင်းလေးဆောင်းထားတဲ့ ဇာတ်လိုက်ကျော်ကြီး စိန်စိန်ပါ။

ဟာကွာ ။ စိန်ကြိးတို့ကတော့လုပ်ချလိုက်ပြန်ပြီ။ မင်းကိုအကြိးအကျယ်ကြိုဆိုတယ်ဆိုတာဒီလိုလား။ သူများကြက်ပျံမကျ စည်ကားတိုင်း ကိုယ်က ဖြစ်တာမဟုတ်ဖူးဟဲ့ကောင်ရဲ့။ ဟိုက လူချစ် လူခင်များလွန်းလို့ ဘာမှပေးစရာမလိုပဲ လှိုက်လှိုက်လှဲလှဲလက်ခံကြိုဆိုကြတာ။ လမ်းမတွေမှာ လူတွေအပြည့် ကြိုဆိုလိုက်ကြတာ။ ကျန်းမာပါစေ ။ တို့ သူ့ကိုချစ်တယ်တို့နဲံ မေတ္တာပို့ကြတာ။ နေပူပူထဲလည်း ပြုံးပျော်ပြီး လက်တွေဝှေ့ရမ်း နှုတ်ဆက်ကြ အားပါးတရ  ကြိုဆိုလိုက်ကြတာ။

မင်းလို မလာချင်တာလာအောင်  နေ့တွက်ပေးပြီးခေါ်ထားတာမဟုတ်ဖူးကွ။ ကြည့်လဲလုပ်ပါ စိန်ကြီးရာ။ မတူရင် မတုနဲ့တဲ့ မတန်မရာတွေမလုပ်စမ်းနဲ့ကွာ။

ငါတို့ဖြင့် ဟုတ်မလားအမှတ်နဲ့ ဘီယာမျက်နှာထောက်ပြီးကြည့်မိပါတယ်။သူများတွေသိရင် မင်းနဲ့ပေါင်းမှ ငါတို့ပါ ပေါတောတော ဖြစ်တော့မယ်။ သွားပြီကွာ။

ပေါချက်ကတော့ကမ်းကုန်ပဲ စိန်ကြီးရေ ။ထိပ်ပြောင်သလောက် မျက်နှာကလည်းပြောင်ပါ့။ တဲ့။

ကဲ တို့များပြောတာလွန်လား။ စိန်စိန်ရေ။ ဖားတုလို့ခရုခုန် အရှက်ကွဲတာသာအဖတ်တင်ပေါ့။

( စိန်စိန်ရဲ့ရွာနဲ့ အမျိုးတွေက ပုသိမ်မှာတဲ့။)

မန္တလေးဂေဇက်မှ သူကြိးနဲ့ တကွ ရွာသားအားလုံး ကျန်းမာကြစေသောဝ်။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။

About Kyi Lwin

Kyi Lwin has written 57 post in this Website..