အဖြစ်ဆိုးရှာတဲ့ ငါးမင်းဆွေ …

ေမွာ္ဆရာMarch 28, 20121min35663

မနေ့က ဧရာဝတီတိုင်း မြန်အောင်မြို့ကို ပြည်သူ့အချစ်တော် ငါးမင်းဆွေ အလယ်ရောက်လာပါတယ် … ။ ထုံးစံအတိုင်း သူရေးသားထားတဲ့ စာရွက်တွေ လာဝေတယ်ပေါ့နော် … ။ တကယ်တော့ မြန်အောင်ဆိုတာ ရန်ကုန်ကနေ မိုင် ရာချီ ဝေးတဲ့ နယ်မြို့လေးတစ်မြို့ပါ .. ။ဒီအထိအောင် စလွန်းကားလေးနဲ့ လာပြီးတော့ စာရွက်တွေ ဝေရတယ်ဆိုတော့ သူ့စေတနာက မြန်အောင်မြို့သူ / မြို့သားတွေ အပေါ်မှာ တော်တော်ကို ကြီးတယ် ဆိုရမှာပေါ့နော် …။ဘာစာရွက်တွေ ဝေသလဲဆိုတာကတော့ ပရိတ်သတ်ကြီး သိပြီးသားဖြစ်ပါလိမ့်မယ်။။
ကြားဖြတ်သတင်းအနေနဲ့ ပြောရမယ်ဆိုရင် မြန်အောင်မြို့ကလဲ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ရမယ့် မြို့နယ်ထဲမှာ တစ်ခုအပါအဝင်ပါ။မကြာသေးခင်ကပဲ NLD နာယက ဦးတင်ဦး မြန်အောင်အထိလာပြီး ဟောပြောသွားတဲ့ ၊ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တဲ့ မြို့တစ်မြို့ပါ။
ငါးမင်းဆွေက လူလယ်ခင်ဗျ ..။တောရွာလေးတွေမှာ ကြတော့ သူကိုယ်တိုင်ဝေတယ် ..။ပြသနာ ဖြစ်နှိုင်တဲ့ မြန်အောင်မြို့ဈေးထဲမှာတော့ သူကိုယ်တိုင် မဝေတော့ဘူး .. အသက် 12 / 13 လောက်ရှိတဲ့ ချင်းတိုင်းရင်းသူလေးတွေကို ဝေခိုင်းပါတယ်…။သူကတော့ လွတ်ရာကင်းရာ ကနေပြီး စောင့်နေတယ်ခင်ဗျ..။

ငါးမင်းဆွေကိုယ်စား ဝေပေးရတဲ့ ချင်းမလေးတွေ ... (အသက်ငယ်ငယ်လေးတွေနော..)

စဝေရုံရှိပါသေးတယ် ..ချက်ချင်းလူအုပ်က ဝိုင်းလာပြီး လာဝေတဲ့ ကလေးမလေးတွေကို ဘယ်သူဝေခိုင်းတာလဲမေးတော့ ဇတ်လိုက်ကျော် ငါးမင်းဆွေ ထွက်လာရပါတော့တယ်..။ဒါပေမယ့် အမျှော်အမြင်ရှိတဲ့ မြန်အောင်ဈေးလူကြီးမင်းများကနေပြီး ဒေါသထွက်နေတဲ့ လူအုတ်ကြီး သူ့ကို ရန်မပြုနှိုင်အောင် ကာကွယ်ထားပြီး ဈေးကော်မတီ ရုံးခန်းကို ခေါ်ဆောင်လာရပါတယ်။။
ငါးမင်းဆွေကတော့ မာမာပဲနော်..။သူ့ကိုသတ်ချင်သတ်လိုက်ပါ..။ အသေခံရဲပါတယ်ဆိုပဲ ..။ သတ်ရင်တော့ သတ်တဲ့သူကအဆိုးပေါ့နော်. .. ။ မြန်အောင်သားတွေကတော့ မသတ်လိုက်ပါဘူး..။ဒါပေမယ့် ရုတ်ရုတ်ရုတ်ရုတ်ထဲမှာ မည်သူက မည်ကဲ့သို့ လုပ်လိုက်သည်မသိ .. ငါးမင်းဆွေ ပုဆိုးကျွတ်သွားပါတယ်ခင်ဗျာ ..။သူ့ခင်ဗျာလဲ အရင်တုန်းက ပထမ ဈေးကောင်စီရုံးကို မသွားဘူးလုပ်နေတာ .. အဲဒီလိုပုဆိုးကျွတ်တော့မှပဲ ပုဆိုးလေးမပြီး ကသုတ်ကရက် ဈေးပေါ်ကို အပြေးတက်သွားပါတော့တယ်…
ဈေးအပေါ်ထပ်ကို ပုဆိုးလေးမပြီး တက်သွားရတဲ့ ငါးမင်းဆွေ ...

နောက်ဆက်တွဲ သတင်းအနေနဲ့ မြန်အောင်မှ လူငယ်လေးများ၊ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ခြံရံပြီး ငါးမင်းဆွေအား မြန်အောင်မြို့အထွက်အထိ ဘေးမသီ ရန်မခရအောင် စောင့်ရှောက် လိုက်ပို့ပေးလိုက်ကြကြောင်း သိရပါတယ်ခင်ဗျား …။
ဈေးရုံးခန်းမှာ တွေ့ရတဲ့ ငါးမင်းဆွေ

မှတ်တမ်းတင်ပုံများကို ရိုက်ကူးပေးပါသော မြန်အောင်မြို့မှ တိုးတိုးတိတ်တိတ် တစ်မြို့လုံးသိသူတစ်ယောက်အား ကျေးဇူးတင်လိုက်ပါ၏..။

63 comments

  • myanmarcitizen

    March 28, 2012 at 1:56 pm

    မှော်ဆရာရေ နာမည်နဲ့လိုက်အောင်ပါပဲ ရှာရှာဖွေဖွေတင်ပေးနိုင်တာလေးစားပါတယ်ဗျာ။ အားရပါးရဖတ်သွားပါတယ်ဗျာ။ ဒီကောင့်မဖြစ်ကလဲ ရီစရာပါပဲနှော် ကျွန်တော့မှာဖတ်ပြီး ရီလိုက်ရတာဗျာ ပုဆိုးကျွတ်တော့မှပဲ အခြေအနေမဟန်မှန်းသိတာနဲ့ လိုက်သွားတာဖြစ်မှာ။ ဒီကောင်ကလူချစ်လူခင်တော့ ပေါသားနှော် တွေတာနဲ့ ရိုက်မယ် ထောင်းမယ်ဆိုတာကြီးပဲ :-)။ သူ့ပုံစံလဲ ကြည့်အုန်းဗျာ ..စောက်ဆင့်ကို မရှိတဲ့ရုပ်ပဲ။ ရုပ်နဲ့အကျင့်နဲ့တော့လိုက်တယ်ပြောရမှာပဲ။

  • Thel Nu Aye

    March 28, 2012 at 2:08 pm

    ရွံတာ။ ရုပ်ကြီးကြည့်ရတာ။ အပြင်မှာများမြင်မိရင်တော့ ထမင်းတောင်စားဝင်မှာမဟုတ်တဲ့ရုပ်။ တလုံးချိုင့်။

  • aunty tun

    March 28, 2012 at 2:13 pm

    သနားစရာ ငါးမသာ ပါလား

  • Ma Ei

    March 28, 2012 at 2:14 pm

    တစ်လုံးချိုင့် လိုတောင်အဆင့်မရှိတဲ့ ကျွပ်ကျွပ်အိတ်ပါဟယ်…

  • amatmin

    March 28, 2012 at 2:16 pm

    အဆင့် ရှိရှိမပြောတတ်..မနေတတ်..လိုက်တိုက်ခိုက်တာတွေသာကြားနေရတာ..
    အခုလို ရုပ်ရည်ကိုမြင်လိုက်ရမှဘဲ ..ဒီအဆင့်နဲ့တန်မှန်းသိရတော့တယ်.. 🙂
    ဒီလူကလေးမလေး တွေကို ဘယ်လိုစည်းရုံးထားတယ်မသိ..
    သူလုပ်စားနေတာကို ထိုင်ကြည့်နေရင် ပိုဆိုးလာနေဦးမှာပဲ…
    ကိုမှော်ရေ..ပျောက်နေတာအတော်ကြာနေပေါ့ နော်..

    • မှော်ဆရာ

      March 28, 2012 at 2:48 pm

      ဟုတ်ပါ့ဗျာ … အလုပ်များနေလို့ ရေးသာမရေးဖြစ်တာ .. ရွာသံယောဇဉ်နဲ့ အမြဲတမ်းရောက်ပါတယ်..။

      • Mလုလင်

        March 28, 2012 at 9:13 pm

        မျှော်နေတယ် နော့ ….

  • ဖားသက်ပြင်း

    March 28, 2012 at 2:19 pm

    တနေ့သေကြရမည် .. မသေခင် လုပ်ချင်တာလုပ်ကြ…
    😀
    လုပ်ချင်တာ အလုပ်လွန်လွန်းတော့လည်း …
    မသေခင်ကို ပုပ်နေရှာပီကိုး ….အဟတ်.. ထွမ်….

    • မှော်ဆရာ

      March 28, 2012 at 2:49 pm

      ပြန်လာပါတယ်နော် .. ဂီဂီရေ …

      • ဖားသက်ပြင်း

        March 29, 2012 at 9:03 am

        မကြာမကြာလည်း လာပါဦးဗျာ..
        😀

  • အံစာတုံး

    March 28, 2012 at 2:32 pm

    ကျွတ် .. ကျွတ် .. ကျွတ် ..
    သနားစရာပါလား သေနာလေးရယ် ..
    ဒီတစ်ခါ အလွန် ကံကောင်းသွားတယ်မှတ် ..
    နောင်အခါဆို အသက်ကို ဖက်နဲ့သာ ထုတ်ထားပေတော့ကွယ် …

  • aunty tun

    March 28, 2012 at 2:34 pm

    ငါးမင်းဆွေက မြို့ကြီးတွေမှာစည်းရုံးလို့မရရင် နယ်မြို့လေးတွေမှာတော့ရနိုုင်တယ်ထင်ပြီး မြန်အောင်ကိုသွားလိုက်တာ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ် သွားတယ် ။ ပြေးစရာမြေမရှိ (ဟုတ်ပါဘူး ငါးဆိုတော့ ပြေးစရာရေမရှိ) ဖြစ်နေပြီ ။

  • myanmarcitizen

    March 28, 2012 at 2:41 pm

    သေနာ ဘယ်နေ့သေတယ်ကြားရအုန်းမယ်မသိဘူး။ 🙂

  • Davit

    March 28, 2012 at 2:45 pm

    မြန်အောင်မြို့သူ/သားကြီးတွေကလည်း ရမ်းရမ်းလုပ်ကြပါနဲ့…… သူ့ပုံစံကြည့်ပြီးသနားလို့ပါ………………နောက်တစ်ခါလာရင် ပုဆိုးမချွတ်ကြနဲ့နော်……….တစ်မြို့လုံးလူတွေစုပြီး ဒင်းမျက်နှာကို အီးနဲ့သာဝိုင်းပေါက်လိုက်ကြ………..နော့်………….ဒါမှ အီးပေါလောမျက်နှာဆိုတဲ့ စကားနဲ့ ဟပ်သွားမှာ……………

  • မှော်ဆရာ

    March 28, 2012 at 2:50 pm

    သူ့နောက်ကလိုက်တဲ့ ကလေးမလေးတွေက မြန်မာစကားတောင် လည်လည်ပတ်ပတ် မပြောတတ်ဘူး တဲ့ ။။။

    • myanmarcitizen

      March 28, 2012 at 3:30 pm

      သူရေးထားတဲ့စာကို မဖတ်တပ်တဲသူတွေကို ရွေးခေါ်လာတာပဲဖြစ်ရမယ် ဒါမှအလုပ်ဖြစ်မှာလေ။ 🙂 (ဓါတ်ပုံထဲမှ မိန်းကလေးများအား နှိမ့်ချလိုခြင်းမရှိပါ)

  • intro

    March 28, 2012 at 3:37 pm

    မျက်နှာကလဲ အရက်သမားရုပ်နဲ့…
    ကြယ်သီးတွေလဲ ပြုတ် ဘိုသီဘတ်သီနဲ့…
    ကွမ်းစားထားတဲ့ ပါးစပ်နဲ့….

  • ကိုရင်မောင်

    March 28, 2012 at 3:40 pm

    ဖားမင်းဆွေဖားမင်းဆွေ
    ဒီကောင်မသေခင်ထဲကတော်တော်နံတဲ့ကောင်ပါလား
    ဝိုင်းဆွမ်းကြီးလောင်းလိုက်ရမှာ…
    ဒါမှနောင်ကျင်သွားမယ်…..

  • tayoke malay

    March 28, 2012 at 3:41 pm

    ကျေးဇူးတင်ပါတယ် မှော်ဆရာရယ် အခုလို လှလှပပ ပုံလေးနှင့် ပြည့်ပြည့်စုံစုံသတင်းလေး တင်ပြပေးတဲ့အတွက် အဲဒီအကောင်ကို လုပ်သင့်နေတာကြာပြီ အယုတ်တမာကြီး ခေါင်းက ပလက်တီနမ်တွေမှ အားမနာဘူး အောက်တန်းစားအလုပ်တွေလိုက်လုပ်နေတယ် သူ့ပုံလည်း ကြည့်ပါအုန်း သူ့ပါးစပ်က အန်တီ စု နာမည်ကို ခေါ်တောင် ခေါ်သင့်ရဲ ့လားလို့ ကျမတို့ ရပ်ကွက်ထဲက ဆိုက်ကားသမားကမှ သူ့ထက် သာအုန်းမယ် ပုံကိုက ဘယ်အရက်ဆိုင်က ထလာတဲ့ ပုံကြီးလည်း သိဘူးနော်…ဟဲ ဟဲ….သူ့ကို နောက်ထပ်လည်း ရောက်တဲ့နေရာတိုင်းမှာ ဆော်နိုင်ကြပါစေလို့

  • ကိုရင်မောင်

    March 28, 2012 at 3:47 pm

    ကိုယ်ရုပ်ကိုပြန်ကြည့်အုံးကြက်သရေတုန်းတယ်
    မသိနားမလည်သေးတဲ့ခလေးတွေကိုခုတုံးလုပ်တဲ့
    အဲ့ဒီကောင်ကိုအရေးယူသင့်ပြီ……..

  • manawphyulay

    March 28, 2012 at 3:48 pm

    သတင်းကောင်းပေးတဲ့ မှော်ဆရာရေ… ဘယ်တွေများ ကြွမြန်းနေတုန်း။ ပျောက်ချက်သားကောင်းနေပါလား။ ရန်ကုန်ကို လာလည်ဦးလေ…

    • မှော်ဆရာ

      March 28, 2012 at 5:14 pm

      ပရိယေသန ဝမ်းစာရေး … မှန်းကာတွေး ကွေးနေအောင်ပဲ
      ရိုက်ခဲ့ရတယ် …
      မှော့်ရဲ့ ဘဝဝယ် …

  • ရွာစားကျော်

    March 28, 2012 at 3:57 pm

    ဘာနဲ့မှကို မနှိုင်းချင်တော့ဘူးဗျာ
    သူနဲ့ အနှိုင်းခံရတဲ့ဟာတွေ သိက္ခာကျကုန်မှာစိုးလို့ .. sှစ်

  • thureinmaung

    March 28, 2012 at 4:03 pm

    ဒီpost ကိုတင်ပေးသောမှော်ဆရာအားအထူးကျေးဇူးတင်ပါတယ်၊

  • နွယ်ပင်

    March 28, 2012 at 4:17 pm

    ငါးမင်းတွေတစ်ယောက် မသေခင်ကတည်းက ရုပ်က ငါးရုပ်ထွက်နေပါလား
    အနားကပ်ကြည့်ရင် ငါးညှီနံ့ များတောင်ရမလားမသိဘူး ……….

  • laypai

    March 28, 2012 at 4:20 pm

    ငါးမင်းစွေ!!!! အော်… လုပ်ရပ် နဲ့ လိုက်ဖက်တဲ့ ရုပ်ရည် ပိုင်ဆိုင်ထား သူပဲ။

  • etone

    March 28, 2012 at 4:28 pm

    ဟီးဟီး … ငါးမင်းဆွေခင်မျာ မေတ္တာရောင်ပြန်ဟပ်လို့လားမသိဘူး လူမွေးလူရောင်ပိုပြောင်လာတယ် ၊ အဆီတဝင်းဝင်းနဲ့ ၊ ဥပဓိရုပ်လည်း တဖြည်းဖြည်းချာလာတယ် … ဟိဟိ … ။

    သိချင်စိတ်လေးပြင်းပြနေတာတစ်ခုရှိတယ် …. ။
    ငါးမင်းဆွေလို တခြား တစ်ယောက်ကများ သူတို့ပါတီအတွက် စာရွက်လိုက်ဝေမယ်ဆိုလျှင် အကာကွယ်ပေး ခြံရံပေးကြမလားလို့ သိချင်ပါရဲ့ လေ …. ။ 🙄

  • Mon Kit

    March 28, 2012 at 4:38 pm

    ကျက်သရေယုတ်တဲ့သူဆိုတော့ သူနဲ့လိုက်ဖက်မဲ့ ယုတ်ညံ့တဲ့လုပ်ရပ်ဘဲ လုပ်မှာပေါ့… 🙁 🙁

  • water-melon

    March 28, 2012 at 4:44 pm

    နောက်ကွယ်က ဘက်ဂရောင်းရှိနေတာထင်တယ်
    မသာကောင် မန်းလေးလာကြည့် ငါကိုုယ်တိုင်သတ်မှာ

  • phone_kyaw

    March 28, 2012 at 4:50 pm

    ဝေပါစေ။ ဒါသူ ့အခွင့်အရေးပဲ။ ဘယ်သူ ့ကိုပဲဝေခိုင်းခိုင်း ပြသနာမဟုတ်ဘူး။ အဓိက ပါးစပ်နဲ ့ကြိုက်သလိုသာပြောကြ။ ကိုယ်ထိလက်ရောက်တော့ မလုပ်ကြနဲ ့။ အဲဒါ ဒီမိုကရေစီပဲ။

    • Wow

      March 28, 2012 at 5:28 pm

      သူ့ပါတီ မဲဆွယ်စည်းရုံးရေး အတွက်ဆို ကြိုက်သလို ဝေလို့ရပါတယ်။
      ဒါပေမဲ့ သူများကို ကိုယ်ရေးကိုယ်တာတိုက်ခိုက်တာတာ၊ မဟုတ်မမှန်အပုတ်ချတာကြတော့ လက်ဝှေ့စကားနဲ့ပြောရရင် ခါးအောက်ပိုင်း တိုက်တာလိုဖြစ်သွားပြီ။ အင်မတန် အကျင့်တန်ပါတယ်။
      ဒီမိုကရေစီရှိရပါမယ် ဒါပေမဲ့ စည်းကမ်းကျမျှတသောဒီမိုကရေစီ…..

  • Shwe Tike Soe

    March 28, 2012 at 4:54 pm

    အော့ ရွံထာအေ.. ရုပ်ကြီးကလဲ.. မသားနာထာ.. လမ်းဘေးမှာ ပလပ်စတစ်ကောက်တဲ့လူလားမသိ.. ဥပဓိရုပ်ကိုက မသားနာတာ အတွေးအရေးတွေကရော မသားနားတာ ဘာဆန်းလဲ နော..

  • kyeemite

    March 28, 2012 at 6:15 pm

    ကိုမှော်ရေ..ပျောက်နေတာကြာပီနော်…
    တစ်ခုလောက်တော့သိချင်သား…
    သူဝေတယ်ဆိုတဲ့စာရွက်လေး စကင်ဖတ်ပီးတင်ပေးသင့်တယ်ဗျ…
    ဒါမှ ကဘုန်းကျော်ပြောသလို ဒီမိုကရေစီ သဘောအရ သူ့အမြင်သူ ရိုးရိုး
    သားသားတင်ပြတာလားသိရမှာ…
    ဓါတ်ပုံတွေတောင်တင်နိုင်မှတော့
    သူဝေတယ်ဆိုတဲ့စာလည်းတင်ဘို့မခက်ဘူးထင်ပါကြောင်း..
    အခုတော့ ကျုပ်တို့ရွာသားတွေခမျာမှာ ဘုမသိဘမသိ မန့်နေကြရတယ်..
    ခင်တဲ့…
    ကြီးမိုက်။

    • မှော်ဆရာ

      March 28, 2012 at 6:33 pm

      တင်တော့ပေးချင်သား …
      တော်ကြာ သူက ပိုဝမ်းသာမှာ စိုးရတယ် …
      သူက အဲဒီလို ဖြစ်ချင်လို့ကို လုပ်နေတာကိုး …
      ပျောက်နေတယ် ဆိုတာတော့ ဟုတ်ပါတယ်ဗျာ ..
      အလုပ်တွေ ရှုတ်နေလို့ပါဗျာ …

      • windtalker

        March 28, 2012 at 9:28 pm

        မှော်ကြီး ၊ အဲဒီ့ ငါးစုတ် ဝေတဲ့ စာမတင်တာ ကောင်းတယ်ဗျာ ။
        မှော်ကြီးပြောသလို ၊ သူတို ့အတွက် ဝါဒဖြန် ့ပေးသလို ဖြစ်သွားပြီး ဝမ်းသာလုံးစို ့လို ့၊ မြန်အောင်မှာ မသေဘဲ ၊ ကွန်ပျူတာရှေ ့မှာ သေတာမျိုးလဲ ဖြစ်သွားနိုင်တာဘဲ ။

  • nayminkabyar

    March 28, 2012 at 9:10 pm

    ကိုမှော်ဆရာရေ……အဲဒီလူရုပ်ကို ခုမှတွေ့ဖူးတယ်။ ထညက်ရည်သုတ်ပြီး ပရွတ်ဆိတ်တွင်းထဲ
    ပြစ်ချလိုက်ချင်စရာပဲ။ အကုသိုလ် အခိုးအငွေ့တွေ အပြည့်ပဲ။ သထုံမှာကတည်းက ရာဇဝင်မကောင်းတာ
    ခလေးကအစ ရိုက်ချင်ကြတာတဲ့။ သူ့စရိတ်နဲ့သူ ဆိုပေမယ် မြင်ရကြားရတာတွေက လက်ရော၊ခြေထောက်ရော ယားတယ်ဗျာ။……

  • htet way

    March 28, 2012 at 9:30 pm

    ကိုယ်ပျောက်ရနေလား
    မပေါ်လာတာကြာပြီ မော်ဆရာ
    ခင်ဗျားကောင်မလေးတောင် မေးနေတယ်။
    ဒါပဲ
    ရရင် အကြောင်းပြန်။

  • chityimhtoo

    March 28, 2012 at 9:47 pm

    ခွေးမသားငါးမင်းဆွေ……နှူတ်သီးဖြတ်ထုလိုက်ရမှာ….

  • မာယာ

    March 28, 2012 at 9:50 pm

    စစ်အစိုးရထက်အဆပေါင်းများစွာဆိုးတဲ့လုပ်ရပ်နဲ့ သူများလွတ်လပ်ခွင့်ကိုပိတ်ပင်ဖို့ကြိုးစားနေကြပြီလား
    ဒီမိုကရေစီဘက်တော်သားတို့၊ဒီလိုလူမျိုးတွေသာအုပ်ချုပ်ခွင့်ရခဲ့ရင်သူတို့နဲ့ဆန့်ကျင်ဘက်လုပ်တဲ့လူကို
    ထောင်ထဲထည့်ရုံတင်မက ဝိုင်းဆဲ၊ဝိုင်းရိုက်ပြီးအသေသက်ြကြမလားတောင်မသိ။

    • etone

      March 29, 2012 at 10:21 am

      မာယာရေ .. .မင်းလည်း.. ပြောရင်းနဲ့ .. အမြီးမောက်မတည့်သလိုဖြစ်နေပြီ …. ။
      လွတ်လပ်ခွင့်ဆိုတာကို ခုတုံးလုပ်ပြီး .. သူများကို ချောက်ချ .. အတင်းပြော .. စော်ကားခွင့်တော့ … ပုတ်ခတ်ခွင့်တော့လုပ်ခွင့်ရှိမယ် မထင်ဘူး … လွတ်လပ်ခွင့်ကို ကောင်းကောင်းကြီး အသုံးချနိုင်ပါတယ် … သို့သော် … သူတပါးကို မထိခိုက်သင့်ပါဘူး .. မတိုက်ခိုက်သင့်ပါဘူး … ။

      လွပ်လပ်ခွင့်ဆိုပြီး ခေါင်းစဉ်တပ် … နောက်ကွယ်က ယုတ်မာ ကောက်ကျစ်နေတာ … အားမနာတမ်းဝေဖန်ရလျှင် တိရိစာ္ဆန်လောက်တောင် မရင့်ကျက်လို့ပါပဲ … ။

      အုပ်ချုပ်ခွင့်ရခဲ့ရင်သူတို့နဲ့ဆန့်ကျင်ဘက်လုပ်တဲ့လူကို
      ထောင်ထဲထည့်ရုံတင်မက ဝိုင်းဆဲ၊ဝိုင်းရိုက်ပြီးအသေသက်ြကြမလား
      ဆိုတာတွေက … မင်းပထွေးတွေလုပ်တာပါကွာ … လူသားဆန်တဲ့စိတ်ရှိသူတွေ .. အဲ့ဒါမျိုး မလုပ်တတ်ဘူး … ။:evil:

    • အသူရာ

      March 29, 2012 at 11:25 am

      ဟဲ့ ခွေး ရှူးရှူး အာ ဒီခွေးသခိုးကတော့ကွာ အူနေပြန်ပြီ
      ချီးမစားချင်တော့ဘူးလား

    • maung yoe

      March 29, 2012 at 4:30 pm

      တစ်ယောက်ယောက်ကသာ………ကြံ့ဖွတ်ပါတီကို အပုတ်ချတဲ့ အဲလိုစာမျိုးဝေလျှင် ကော……..စခန်းမှူးကြီးတို့က….ဒီလိုဘဲ …ပြန်လိုက်ပို့ပေးလိုက်မယ်ထင်လား။…………..

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 28, 2012 at 9:58 pm

    သူ့ခံယူချက်နဲ့သူလုပ်ဆောင်ဝန့်တဲ့သဘောလေးတော့အတုယူတတ်ကြပါစေကွယ်
    အဆိုပါဒေသကလူတွေက သူတို့ဒေသတွက် သူတို့တန်ပြန်ခဲ့ကြတယ်လို့ဆိုရမှာဘဲ
    ဒါ့ကြောင့်
    ခင်ဗျားတို့လည်း ကိုယ့်ဒေသကကိစ္စကို ဖင်ကုန်းပြီးမအော်နေကြဘဲ
    တတ်နိုင်တဲ့ဖက်က ပါဝင်စွတ်ဖက်ဝင်ရှုပ်ကြပါလို့
    ကျုပ်ကလည်း ဖင်ဖျဲပြီးအော်လိုက်ပါဒယ်
    ခွေးမသားကြီး ကျုပ်တို့ရွာကိုလာခဲ့ ခေါင်းက်ိုစွတ်ပြုပ်လုပ်သောက်ပြစ်မယ်
    ပြောလို့သာပြောတာ
    ဟို ငတိမလေးနှစ်ယောက် ဖင်ခုထိုင်ထားတဲ့ အစိမ်းရောင်အထုပ်တွေက
    စာရွက် 500 ပါတဲ့ A4စာရွက်ထုတ်တွေလားသိဘူး
    တစ်ယောက် သုံးထုပ် နှစ်ယောက်ခြောက်ထုပ် ခြောက်ငါးရာလီ သုံးထောင်
    ခင်ဗျားတို့ စာတစ်မျက်နှာတောင်လက်ဆင့်ကမ်းဘူးသလားဘာလား
    ဆိုတာလေးလဲ ဆင်းစားစရာဘဲ

  • မာယာ

    March 28, 2012 at 10:02 pm

    ထွီ-စစ်အစိုးရထက်ဆိုးမဲ့ကောင်တွေ

    • Mလုလင်

      March 28, 2012 at 10:23 pm

      12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။ အကြောင်းအရာတူသတင်းကို အရင်တင်ထားသူအောက်တွင်သာ ပေါင်းရေးကြပါရန်၊
      – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

      ဆိုတော့ .. မာယာ ဆိုတဲ့ ကော့မန့် ပိုင်ရှင်ရေ ….ကိုယ်ကိုတိုင် စည်းကမ်းလိုက်နာ နိုင်ပါစေလို့ ဆုတောင်းရင်း ……

  • MaMa

    March 28, 2012 at 10:06 pm

    ဒီလိုကျတော့လည်း မှော်ပညာအသုံးဝင်လှချည်လား။
    🙂

  • kai

    March 28, 2012 at 11:22 pm

    အတွေအခေါ်.. အယူအဆမတူသူကို.. ကိုယ်ထိလက်ရောက်မစော်ကားသင့်ပါ..။
    လူသားတိုင်း.. မိမိဆန္ဒကို.. လွတ်လပ်စွာ.. ဟောပြော.စည်းရုံး..ပိုင်ခွင့်ရှိပါတယ်..။
    ဒီမိုကရေစီ..ဝါဒ..အယူအဆတင်မဟုတ်ပါ..။ လူသားတို့ရဲ့..အခြေခံအခွင့်အရေးဖြစ်ပါတယ်..။

    အတွေးအခေါ်အယူအဆမတူသူတွေကို.. စစ်အစိုးရအဆက်ဆက်.. ထောင်ချ..ဖမ်းဆီး..နှိပ်စက်လုပ်ခဲ့ပြီးပြီ..
    ဒီအမှားကို.. ကိုယ်တိုင်ဖေါက်ဖျက် ကျူးလွန်နေသလား.. ကိုယ့်ကိုယ်တိုင်…ကိုယ်ပြန်မေးကြဖို့လိုလိမ့်မယ်လို့.. ယူဆမိပါကြောင်း..

    Ron Paul: “A people get the government they deserve…”

    =

    Universal Declaration of Human Rights
    Article 19

    Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.

    • PEACEMAKER

      March 29, 2012 at 9:11 am

      I do totally agreed with you,Ko Kai.

  • Gipsy

    March 28, 2012 at 11:37 pm

    ငါးမင်းဆွေ ငါးမင်းဆွေ နဲ့ ဘယ်သူများလဲလို့….
    လက်စသတ်တော့ သူကိုး….
    ဗေလုဝတောင် သူ့ထက် ကြည့်ကောင်းပါ့ဗျား….။

  • ကိုရင်မောင်

    March 29, 2012 at 12:36 am

    (ငါးမင်းဆွေကတော့ မာမာပဲနော်..။သူ့ကိုသတ်ချင်သတ်လိုက်ပါ..။ အသေခံရဲပါတယ်ဆိုပဲ ..။ သတ်ရင်တော့ သတ်တဲ့သူကအဆိုးပေါ့နော်. .. ။ မြန်အောင်သားတွေကတော့ မသတ်လိုက်ပါဘူး..။ဒါပေမယ့် ရုတ်ရုတ်ရုတ်ရုတ်ထဲမှာ မည်သူက မည်ကဲ့သို့ လုပ်လိုက်သည်မသိ .. ငါးမင်းဆွေ ပုဆိုးကျွတ်သွားပါတယ်ခင်ဗျာ ..။သူ့ခင်ဗျာလဲ အရင်တုန်းက ပထမ ဈေးကောင်စီရုံးကို မသွားဘူးလုပ်နေတာ .. အဲဒီလိုပုဆိုးကျွတ်တော့မှပဲ ပုဆိုးလေးမပြီး ကသုတ်ကရက် ဈေးပေါ်ကို အပြေးတက်သွားပါတော့တယ်…) ဆိုတော့
    ဖားမင်းဆွေတယောက်အသက်ကိုအရှက်နဲ့လဲလိုက်ရတာကို
    ပြည်သူတွေကိုစောကားနေတာကြာပြီကောင်းကောင်းဆုံးမလွတ်လိုက်ရမှာ
    ဒီလိုကောင်တွေက(လူသားတို့ရဲ့..အခြေခံအခွင့်အရေးဖြစ်ပါတယ်) ဆိုတာထဲ့
    အာဏာရှင်တွေရဲ့လက်ကိုင်တုတ် ရှူးတိုက်ယင်ကိုက်တတ်တဲ့အကောင်
    ရွာသားတို့ရေအဲ့ဒီကောင်နောက်ကြုံလို့ကတော့ချီထုတ်နဲ့ကောင်းချီပေးလိုက်ကြပါ…..

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      March 29, 2012 at 8:15 am

      အာ…… ကိုရင်ကလည်း ချီးထုတ်နဲ့ကောင်းချီးပေးဖို့ဆို တစ်ခါချီးထိုင်ညစ်ရဦးမှာ
      ဒီလိုလူမျိုးကိုဘယ်သတ္တဝါရဲ့ချီးနဲ့လူးလူး လူးတဲ့ချီးကိုပါတဲ့ဖင်သနတယ်ဗျ
      သနတယ်။

  • ကိုရင်မောင်

    March 29, 2012 at 12:37 am

    (ငါးမင်းဆွေကတော့ မာမာပဲနော်..။သူ့ကိုသတ်ချင်သတ်လိုက်ပါ..။ အသေခံရဲပါတယ်ဆိုပဲ ..။ သတ်ရင်တော့ သတ်တဲ့သူကအဆိုးပေါ့နော်. .. ။ မြန်အောင်သားတွေကတော့ မသတ်လိုက်ပါဘူး..။ဒါပေမယ့် ရုတ်ရုတ်ရုတ်ရုတ်ထဲမှာ မည်သူက မည်ကဲ့သို့ လုပ်လိုက်သည်မသိ .. ငါးမင်းဆွေ ပုဆိုးကျွတ်သွားပါတယ်ခင်ဗျာ ..။သူ့ခင်ဗျာလဲ အရင်တုန်းက ပထမ ဈေးကောင်စီရုံးကို မသွားဘူးလုပ်နေတာ .. အဲဒီလိုပုဆိုးကျွတ်တော့မှပဲ ပုဆိုးလေးမပြီး ကသုတ်ကရက် ဈေးပေါ်ကို အပြေးတက်သွားပါတော့တယ်…) ဆိုတော့
    ဖားမင်းဆွေတယောက်အသက်ကိုအရှက်နဲ့လဲလိုက်ရတာကို
    ပြည်သူတွေကိုစောကားနေတာကြာပြီကောင်းကောင်းဆုံးမလွတ်လိုက်ရမှာ
    ဒီလိုကောင်တွေက(လူသားတို့ရဲ့..အခြေခံအခွင့်အရေးဖြစ်ပါတယ်) ဆိုတာထဲ့
    အာဏာရှင်တွေရဲ့လက်ကိုင်တုတ် ရှူးတိုက်ယင်ကိုက်တတ်တဲ့အကောင်
    ရွာသားတို့ရေအဲ့ဒီကောင်နောက်ကြုံလို့ကတော့ချီးထုတ်နဲ့ကောင်းချီပေးလိုက်ကြပါ…..

  • Khin Latt

    March 29, 2012 at 3:18 am

    ပထမဆုံး မှော်ဆရာလေး ပြန်ပေါ်လာလို့ ဝမ်းသာပါတယ်ဟေ့။
    မှော်သားလေး နဲ့ အလုပ်ရှုပ်နေသလားလို့။

    ဒုတိယ ကတော့ သူဝေတဲ့ စာတွေ ဆိုတာက အတော်လေး ရီစရာပါ။
    ဒေါ်အောင်ဆန်းစုကြည် ကြောင့် “အမေရိကန်နှင့် အနောက်အုပ်စုတို့မှ မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ဒဏ်ခတ်” လို့ မြန်မာပြည် ဒုက္ခရောက်တယ်။
    အဲဒါကြောင့် သူ့ရဲ့လုပ်ကိုင်နေတဲ့ ဆားလုပ်ငန်းနှင့် ငါးမွေးမြူရေးလုပ်ငန်း တွေဟာ ဒုက္ခရောက်ရတယ်။
    ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဖို့ ခွင့်တောင်းခဲ့တယ်။ အဲဒါကို တွေ့ခွင့်မပေးဘူး။
    ဒါကြောင့် မဲမပေးသင့်ကြောင်း ဝေတဲ့ စာပါ။
    တကယ်ကတော့ စာဖတ်လိုက်တာနဲ့ ကို သူ့ကိုယ်ကျိုး အတွက် လုပ်နေမှန်း၊ အနှစ်သာရ မရှိမှန်း၊ ဖားနေမှန်း သိရပါတယ်။
    ဒီလူက တကဲ့ ဂေါက်ကြောင် ပါဘဲ ဆိုတာ ပုံမှန်ဖြစ်တဲ့လူတိုင်း သိကြမှာပါ။
    ပြသနာက ဒီနေ့ မြန်မာပြည်က လူတွေဟာ အရင်ကလူတွေ မဟုတ်တော့ဘူး။
    ဟယ်လာရီကလင်တန် ကို ကြားဘူး၊ မြင်ဘူး သူတွေ ဖြစ်ကုန်ပြီ ဆိုတာကို သူ့ခမျာ မေ့သွားတာထင်ပါရဲ့။
    အနီးကပ် နှိပ်စက်နေသူ တွေ မရှိရင်လဲ တစ်မျိုးပေါ့။
    အခု တော့ တစ်နေ့တစ်မျိုး မရိုး ရလေအောင် မြန်မာ့အာဏာရှင်များက ဘီလူးကကပြနေမှတော့ သူ့ကိုလဲ လူတွေ က မျောက်က လာကပြတယ်လို့ ဘဲ ထင်မှာ။

    လွှတ်သာထားလိုက်ပါ။ သူ့စားရိတ်နဲ့ သူသွားရှာမှာပါဘဲ။

  • natthamee

    March 29, 2012 at 7:36 am

    ဪ၊ ကိုယ့်ဒုတ်ခ ကိုယ်ရှာတဲ့ ငါးမင်းဆွေပါလားနော်၊ အသက်လဲ ကြီးနေပါပြီ။

  • maungmoenyo

    March 29, 2012 at 7:40 am

    လွတ်လပ်စွာ ယုံကြည်ခွင့် ကိုလွတ်လွတ်လပ်လပ် အသုံးချလိုုက်ပုံရပါတယ်။ အခြေခံလူတန်းစားရဲ့ ရင်ထဲကခံစားချက်နဲ့ ဘဝအခြေအနေမှန်ကို သူတနေ့သိလာပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ သူ့အတွက်ကအချိန်နှောင်းနေပြီပေါ့….။

Leave a Reply