ခေါင်းစဉ်ဖတ်လိုက်တာနဲ့ သူကြီးနဲ့တကွရွာသားတွေတော့ တို့များက လုပ်လိုက်ပြန်ပြီလို့ထင်တွေးတော်မူကြရော့မယ်။ ဒါဟာ စိန်ခေါ်မှုတစ်ခုပဲ။ဒါပေမယ့် လူမိုက်ခေါ် ခေါ်တဲ့ ချဲလင့်ခ်ျ တော့မဟုတ်ဘူးနော်။  တို့များရဲ့တိုင်းပြည်မှာ သတ္တိရှိသူတွေလိုအပ်နေလို့ သတ္တိရှိသူတွေထွက်ခဲံလို့ခေါ်ခြင်းပါ။

တို့များသတ္တိရှိဖို့လိုပြီ။ နက်ဖြန် သဘက်ခါဆိုပဲ တို့များနဲ့ညစ်ပတ်တဲ့ပြိုင်ဖက်တွေကအင်အားသုံးပြီး ညစ်ပတ်နိုင်မယ့် အရေးကြီးတဲ့ ယှဉ်ပြိုင်ပွဲတပွဲရှိတယ်။ ပြိုင်ပွဲမှာနေရာနဲ့ အရေအတွက်က မပြောပလောက်ပေမယ့် တို့များရဲ့သတ္တကိုပြရမယ့်အရေးကိစ္စဖြစ်သလို အရေအတွက်ပမာဏနဲတဲ့နေရာကိနေပြီးတာ့ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ သတ္တိရှိတြ့စိတ်ဓါတ်တွေကိုင်စွဲထားမှ အမှန်တရားကိုအသုံးချ မတရား ညစ်ပတ် မိုက်မဲမှုတွေကို တိုက်ဖျက်တွန်းလှန် နိုင်ဖို့ အတွက် ကြိုးပမ်းကြမယ့် ကိစ္စမှာ သတ္တိရှိသူတွေထွက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

တို့များတွေးမိသလိုရေးရရင် သတ္တိဆိုတာဘာလဲ။ သတ္တိဆိုတာ ထိုးရဲ ခုတ်ရဲ သတ်ရဲ ဖြတ်ရဲတာကို သတ္တိလို့ခေါ်သလား။ ဒီပဲယင်းတောထဲမှာ မှောင်မိုက်တုန်း ချောင်ပိတ်ပြီးရိုက်ကြ နှက်ကြ ပစ်ကြ ခတ်ကြတာ သတ္တိလား။ မတရားမှုကိုထောက်ပြမယ့်သူ အမှန်တရားအတွက်အလုပ်လုပ်မယ့်လူတယောက်ကို နလံမထူနိုင်အောင် ထိုးနှက် ရက်စက်တတ်တာ သတ္တိလား။ အထက်က တချက်လွှတ်အမိန့်ကြောင့် ရှူးကနဲ့ ဒိုင်းကနဲ မီးနစ်မဆိုင်း အာဏာပါးကွက်သားလို လက်ရုံးအားကိုးနှိပ်စက်နိုငတာ သတ္တိလား။

အများမလုပ်ဝံ့တဲ့အလုပ်ကိုလုပ်ရဲတဲ့သတ္တိဆိုရင် မဟုတ်မတရားမှုတွေကို မျက်တောင်မခတ် မျက်နှာပြောင်တိုက်လုပ်ရဲတာ သတ္တိလား။ သတ္တိဟာ ဘယ်လိုအရည်အချင်းတွေနဲ့ ဒွန်တွဲနေသလဲ။ ပညာနဲ့လား စည်းစိမ်ဥစ္စာနဲံလား။ မာန နဲ့လား။ ရက်စက် မှုနဲ့လား။ ကောက်ကျစ်လိမ်ညာမှုနဲ့လား။ မဟုတ်မတရားလုပ်ဝံ့တဲ့ လုပ်ရပ်တွေနဲ့လား လားပေါင်းများစွာ တွေးတောဘွယ်ပါပဲ။

ဒီနေရာမှာ ကြားဖူးတဲ့အဖြစ်လေးတခုပြန်ပြောချင်တယ်။ သတ္တိမရှိတဲ့ တရားသူကြီးချုပ်တယောက်အကြောင်းပေါ့။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်က တည်းက တရားသူကြီးထဲမှာ အာဏာအမြင့်ဆုံးလို့သတ်မှတ်နေရာပေးခ့ရတဲ့ တရားသူကြီးတယောက်ရှိခဲ့တယ်။ လူဟန်က ဥပတိရုပ်ကောင်းတယ်။ ဆွေမျိုး အသိုင်းအ၀ိုင်းတောင့်တင်းတယ်။ တရားသူကြီဆိုတဲ့နေရာရောက်မှတော့ ဥပဒေပညာကျွမ်းလို့ပညာတတ်တယောက်ဆိုတာ ငြင်းဖို့မလိုဘူး။ အသက်အရွယ်အားဖြင့် လူရိုသေ ရှင်ရိုသေ။ ဒီတော့ အပေါ်ာံကြည့်ရင် တကာယ်လေးစားကြည်ညိုဖို့ကောင်းတဲ့ ဥပတီရုပ် ၊ပညာ ၊ အသိုက်အ၀န်းကလည်းပြေညစရာမရှိဘူးထင်ရပေမယ့် တပည့်တပမ်းတွေ ဂွင် ( ခွင်)ကောင်းတဲ့ အမှုများပြီးအလုပ်ဖြစ်မယ့် မြို့နယ်တွေပြောင်းချင်ရင် မုန့်တပုံးပဲ။ အထဲမှာဘာလဲဆိုတာတွေးကြည့်ပေါ့နော။ရိုးရီုး မုန့်ပုံးက ဘာ တန်တာမှတ်လို့။ အဲဒီလိုမျိုးလက်ခံတဲ့ တရားသူကြီးအဲဒီလိုလကခံရဲတာ သတ္တိပဲလား။ ဒါပေမယ့်တို့များရဲ့ ဇာတ်လိုက်တရြားသူကြီးမင်းခမျာ သတ္တိတော့မရှိရှာတာ နေပြည်တော်ရောက်မှပေါ်သတဲ့ကွဲ့။ဒါကြောင့်လည်း မတရားသူကြီးချုပ်နေရာမှာမြဲလေတာပဲ။ သတ္တိမရှိလို့သာ ဥပဒေအထက်ကပေးတဲ့အမိန့်တွေကိုနာခံရင် ရပ်တည်ခဲ့တာမို့လား နေပြည်တော်ကိုပထမဆုံးရောက်တော့ ရုံမတက်နိုင်သေးပဲ နေပြည်တော်တခွင် ပြဲပြဲစင်အောင် ကားကိုတပတ်ပြီးတပတ်မောင်းပြီးရင်းမောင်းနေတာစိတ်ညစ်လို့ဆိုသတဲ့။.ဒါကလည်း သူ့တပည့်တွေဆီက ပေါက်ကြားတဲ့သတင်း။ ဒီလို တရားဥပဒေကိုကာကွယ်စောင့်ရှောက်ရမယ့်လူမျိုးကိုယ်တိုင်က အမှန်တရားကိုဖေါ်ထုတ်ဝံ့တဲ့ သတ္တိမရှိမှတော့ ဒီလောကကြီးထဲမှာတရားမျှတခြင်းဆိုတဲ့ဥပဒေကိုအားကိုးလို့်ရနိုင်ပါတော့မလား။ ဒီလို အသက်ရွယ် နဲ့ တတ်ထားတဲ့ပညာတွေရှိပေမယ့် အမှန်တရားအတွက်ဘာမှ မလုပ်ဝံ့ရင် မဟုတ်မတရားမှုတွေကိုသာလုပ်ဝံ့ရင် သတ္တိကြောင်တာပဲ။ ဒီလိုလူဟာ ဘာမှ တန်ဖိုးမရှိတဲ့သူ လောကကြီးရဲ့အမှိုက်ပဲ။ ဒီလို ဂုင်္ဏသရေတွေမွမ်းမံထားတဲ့မတရားသူကြီးမင်ူးထက်စာရင် မဟုတ်မတရားလုပ်တဲ့သူတွေပေးတဲ့ ငွေ ၅၀၀၀ နဲ့ တီရှပ်ကို မျက်နှာလွှဲ အမှန်တရားအတွက်ရပ်တည်ခဲ့တဲ့မြောင်းမြမြို့က ဆိုက်ကားဆရာတွေက ဂုဏ်ရှိတာ တကယ်။ ကိုယ့်အကျိုးအမြတ်အတွက် အမှန်တရားကို မျက်နှာလွဲခဲ့တဲ့ လုပ်ရပ်ဟာ ရှက်စရာကောင်းသလို အမှန်တရားအတွက် ကိုယ်မယူသင့်တဲ့ အခွင့်အရေးကို ငြင်းပယ်ပြီးအမှန်တရားကိုလက်ခံ ထုတ်ဖေါ်တာ ဂုဏ်ယူစရာလုပ်ရပ်ပဲ။ အဲဒီလို သတ္တိရှိဖို့တော့လိုတယ်။ သတ္တဆိုတာ လုပ်သင့်လုပ်ထိုက်တာကို စွန့်စားသင့်တဲ့အချိန် စွန့်စားရမယ့်အချိန်မှာ ကိုယ်ကျိုးမဖက် အမှန်တရားအတွက် လုပ်တဲ့ အလုပ်ကိုလုပ်နိုင်ဖို့ သတ္တိရှိဖို့လိုတယ်။ ဒီတော့ တို့များက သတ္တိရှိတဲ့သူတွေကိုဖိတ်ခေါ်ပါတယ်။အမှန်တရားအတွက် သတ္တိရှိသူတွေထွက်ခဲ့ပါ။တို့များကို နောက်ကနေတွန်းမယ့် ခြေထိုးခံမယ့် လိမ်မယ့် ကောက်ကျစ်မယ့် ဆောင့်တွန်းမယ့် ဥာဏ်နီ ဥာဏ်နက် ဥာဏ်ပြာ ဥာဏ်ဝါတွေ ရှိတဲ့ အောက်တန်စား ပြိုင်ဖက်တွေ မျက်နှာလိုက်တဲ့ ဘက်လိုက်တဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်ပေးမယ့်ဒိုင်လူကြိးတွေရှိမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဟုတ် မတရားလုပ်ရပ်တွေလုပ်ခဲ့ရင်ဖေါ်ထုတ်ဝံ့တဲ့သတ္တိရှိသူတွေထွက်ခဲ့ပါ။လာခဲ့ကြပါ မဲရုံပတ်ဝန်းကျင်မှာစောင့်ပေးကပါ။ သတင်းသမားတွေက မဲရုံနဲ့ကိုက် ၅၀၀ အကွာ တဲ့ ကိုက် ၅၀၀ ဆို ပေ ၁၅၀၀ တောင်မှ  မဲံရုံက သတင်းဘယ်လိုလုပ်မြင်ပြီးယူကြရပါ့။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နိုငငံတ၀ှမ်းမဲဆန္ဒနယ်တွေများတာတောင်ဒီလောက်မကြောင်က်ခဲ့ကြဘူး။

ဘယ်သူတွေ ထည့် ထည့် မထည့်ထည့် မရြုံတိုင်းမှာ ကြံ့ဖွတ်တွေ တရုန်းရုန်း တပြုံးပြုံးနဲံ ကြိုတင်မဲတွေ ပုံအောပြီိး ပြီး အနိုင်ယူခဲ့တာ အခုကြားဖြတ်ရွေးပွဲ  ၄၇ နေရာကျမှ အကြောက်လွန်ပြီး ညစ်မျိုးစုံလင် ညစ်ဖို့ပြင်နေကြလိမ့်မယ်။ ဒါကြောင့်အမှန်တရားကိုစောင့်ရှောက်ဖေါ်ထုတ်နိုင်ဖို့သတ္တိရှိသူတွေထွက်ခဲ့။( သတိ ဆူပူရမ်းကားရန်မဟုတ်။)

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ကြည်လွင်။

About Kyi Lwin

Kyi Lwin has written 57 post in this Website..