7Day ဂျာနယ်သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် သရုပ်ဆောင်ထက်ထက်မိုးဦး ပြစ်ဒဏ်ချမှတ်ခံရ
ရန်ကင်းမြို့နယ်တရားရုံးတွင် ၂ နှစ်ကျော်ကြာ တရားစွဲဆို ရင်ဆိုင်နေရသော သရုပ်ဆောင်ထက်ထက်မိုးဦး နှင့် 7 Day ဂျာနယ်မှ သတင်းထောက်အေးသူစံတို့အမှုတွင် ရန်ကင်းမြို့နယ်တရားသူကြီးက မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃ အရ သရုပ်ဆောင်ထက်ထက်မိုးဦးအား ဒဏ်ငွေ ၁၀၀၀ ပေးဆောင်စေ၊ မဆောင်ပျက်ကွက်ပါက အလုပ်နှင့်ထောင်ဒဏ် တစ်လ ကျခံစေဟု အမိန့်ချမှတ်ခဲ့သည်။
အမိန့်ချမှတ်ခဲ့ပြီးနောက် သရုပ်ဆောင်ထက်ထက်မိုးဦးသည် ပြုံးရွှင်တက်ကြွစွာဖြင့် ရုံးတော်မှ လျင်မြန်စွာ ထွက်ခွာသွားသည်။

Voice Weekly facebook မှ ကူးယူတင်ပြသည်..။

နွေဦး

About နွေဦး

has written 99 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့....