သ၀ဏ်လွှာ (၄၀)  by May Aye Oo on Wednesday, March 21, 2012 at 4:56am ·

 သင် ဒီနေ့ကောင်းမှုတွေပြုလုပ်တာကို

လူတွေက မနက်ဖြန် မေ့ပစ်ချင် မေ့ပစ်ကြလိမ့်မယ်။

ဘယ်လိုပဲဖြစ်စေ ….. ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကို သင် အပေးနိုင်ဆုံးအကောင်းဆုံးတွေ ပေးဝေလိုက်ပါ။

 

၃၁-မတ်လ-၂၀၁၂

ပညာရေးအလှူ

ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း။

လဲလူရွာ၊ ပေါက်ခေါင်းမြို့နယ်၊

ပဲခူတိုင်းအနောက်ခြမ်း၊

 

ကျန်းမာရေးအလှူ

နလန်တောင်၊ ပေါက်ခေါင်းမြို့နယ်၊

ပဲခူတိုင်းအနောက်ခြမ်း၊

ပြီးခဲ့တဲ့လက ..  ပေါက်ခေါင်းမြို့နယ်က နလန်တောင်ကိုယ်ထူကိုယ်ထကျောင်းကလေးကို စာသင်ဆောင်၊ အိမ်သာ၊ ဘီဒို၊ စားပွဲ၊ ကုလားထိုင်တွေ လှူကြတာ မှတ်မိကြမှာပါနော်..။ စာသင်ဆောင်ကလေးက ဒီလ (မတ်လ) အကုန်လောက်မှာ ပြီးမယ် မှန်းထားပါတယ်..။ စာသင်ဆောင်လေးကိုသွားကြည့်ရင်း .. အခမဲ့ဆေးခန်းလေးလဲ ဖွင့်ပေးချင်ပါတယ်..။

ကျမတို့က ဒီ မတ်လ ၂၄ ရက်နေ့မှာ တနင်္သာရီတိုင်း၊ မြိတ်ကိုသွားမှာပါ..။ ၂၈ ရက်နေ့ပြန်ရောက်ပါမယ်..။ ၂၉၊ ၃၀ ရုံးတက်ပြီး၊ ၃၀ ရက်နေ့ည ကားနဲ့ ပြန်ထွက်မှာပါ..။ ဆရာတော်က ဒကာမကြီး ခရီးတွေ တအားဆက်နေပြီ၊ ဖြစ်ရဲ့လား၊ ကျန်းမာရေး ဂရုစိုက်အုံး.. လို့ .. မိန့်ပါတယ်..။ ကျမ ကလဲ ဒီရက်ကလေးဘဲ အားရက်ရတော့တာပါ..။ မတ်လ ၂၈ မြိတ်ကပြန်ရောက်ပြီး၊ ဧပြီ ၆၊ ၇၊ ၈၊ ၉ တွေမှာ ထုံးဘို၊ မြောင်ရင်းရွာ၊ ပန်းတောင်းမြို့နယ် မှာ သင်တန်းပါ..။ သင်တန်းရက်အတွင်း ၀က်ထီးကန်မှာ မြွေဆိပ်ဖြေဆေး ရံပုံငွေ တရားပွဲကို တစ်ည သွားပေးရအုံး မှာ..။

ပြီးတော့ သင်္ကြန်တွင်း မှာက စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ပြီးတော့ တစ်ခါ .. ဧပြီ ၂၇၊ ၂၈၊ ၂၉၊ ၃၀ က လယ်ဘဲ့ရွာ၊ ပြည်ခရိုင်။ မေလဆန်းမှာ .. အနောက်ကြို့ကုန်းရွာ၊ ပေါက်ခေါင်းမြို့နယ်။  ခရီးတွေက ဆက်နေပေမဲ့ .. ကျမ ကြားရက်၊ အားရက်ကလေး ရအောင်ရှာပြီး .. စောစော မသွားခဲ့ရင် ကလေးတွေ အတွက် ပညာရေး အဆင်မပြေဖြစ်သွားမှာစိုးလို့ ကလေး ၄၀ ကျော်အတွက်.. ကျမဘဲ.. အပင်ပန်းခံလိုက်ပါ့မယ်.. လေ.. နော်..။

ကျမတို့က ကျောက်ကွင်းရွာရောက်တော့ အော်.. ဝေးလိုက်တာ.. ခေါင်လိုက်တာ… လမ်းဆိုးလိုက်တာ… လို့ အောင်းမေ့မိတာ..၊ နလန်တောင်သွားတော့မှ.. အို.. သူက ပိုဆိုး..၊ ပိုဝေး..၊ ပိုခေါင်လှပါကလား.. အောင်းမေ့မိတယ်..။ အခုတော့ နလန်တောင်က တောင်မှ နောက်ထပ် ၁ နာရီ ထပ်မောင်းရမဲ့ .. လဲလူရွာ.. တဲ့..။

ရန်ကုန်က ပြည်၊ ပြည်ကနေ ၀က်ထီးကန်၊ ၀က်ထီးကန်ကနေ ကျောက်ကွင်း၊ ကျောက်ကွင်းကနေ နလန်တောင် (truck ကားဖြင့် ၂ နာရီ ခရီး)၊ နလန်တောင်မှ လဲလူရွာ.. (ဆိုင်ကယ်ဖြင့် ၁ နာရီ ခရီး..) နလန်တောင်က လဲလူရွာကို ထွေလာဂျီ (သို့မဟုတ်) ဆိုင်ကယ်နဲ့ ဘဲ သွားလို့ရပါသတဲ့..။

အဲဒီလဲလူရွာကလေးမှာ.. မြေသားအခင်း နဲ့ အချိုးမကျတဲ့ စာသင်ဆောင်ကလေး တစ်ခု.. နဲ့ စားပွဲ၊ ကုလားထိုင် မရှိတဲ့ မူလတန်း ကျောင်းကလေး ရှိပါတယ်..။ တွဲဘက်ကျောင်းကလေးပါဘဲ..။ ရွာခံကလေးလေးတွေ သေစာရှင်စာ ဖတ်တတ်ဖို့အရေး.. မနိုင်မနင်းရုန်းကန်နေရတဲ့ ကျောင်းကလေးပါ…။ စာသင်ပေးနိုင်တဲ့ ဆရာ/ ဆရာမ ငှားဘို့လဲ မတတ်နိုင်ကြလို့ တလူးလူး.. တလိမ့်လိမ့် နဲ့ နပန်းလုံးနေရတဲ့ကျောင်းကလေးပေါ့…။

သူငယ်တန်းကနေ ၄ တန်းအထိ၊ ကျောင်းသား-ကျောင်းသူ ၄၀ ကျော် ရှိပါတယ်..။ ကလေးတွေ အတွက်.. လုံခြုံနွေးထွေးတဲ့ စာသင်ဆောင်ကလေးတစ်ခုလောက်… လှူကြရအောင်နော်..။ ပြီးတော့ ကျောင်းကလေး ရေရှည် မှာ ကလေးတွေအတွက် အားထားရာဖြစ်အောင်.. ဆရာ/မ လဲ ငှားပေးကြရအောင်ပါ..။

ကုန်ကျစရိတ်တွေကတော့ .. ..

ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ ခြေတံရှည် ၁၈´× ၅၄´ စာသင်ဆောင် = ၁၇ သိန်း

အိမ်သာ (ယင်လုံ၊ သစ်သား) ၂ လုံး = ၁ သိန်း ၅ သောင်း

စာရေးခုံရှည် (ထိုင်ခုံ မပါ၊ ကြမ်းပြင်တွင် ထိုင်ရေးသည်။) ၁ ခု = ၅၀၀၀ ကျပ် × ၂၅ = ၁ သိန်း ၂ သောင်း ၅ ထောင်

ကျောက်သင်ပုန်း (၁) ချပ် = ၅၀၀၀ ကျပ် × ၅ ချပ် = ၂ သောင်း ၅ ထောင်

ဗလာစာအုပ် ၁ ဒါဇင် ၁၈၀၀ × ၁၀၀ ဒါဇင် = ၁ သိန်း ၈ သောင်းကျပ် .. တို့ဖြစ်ပါတယ်..။

ဆရာ/မ ငှားဖို့က ၂ ဦး ငှားဖို့ လိုပါမယ်..။

ဆရာ/မ ၁ ဦး လခ ၅၀၀၀၀ ကျပ် နဲ့ ၂ ဦး = ၁ လ လျှင် ၁ သိန်း လစဉ် အလှူရှင် လိုအပ်ပါတယ်.. ရှင်..။

အရင်ကတော့ မူလွန်ကျောင်း၊ တွဲဘက်ကျောင်း နဲ့ ဘုန်းတော်ကြီးသင်၊ သီလရှင်သင်ပညာရေးကျောင်းတွေက ဆရာ/မ တွေကို လစာ ၃သောင်း ကျပ် ပေးကြပါတယ်..။ အခုတော့ အစိုးရခန့် ဆရာ/မ လစာ က အနိမ့်ဆုံး ၇ သောင်းလောက်ဖြစ်သွားတော့ ဆွဲခန့်ဆရာမ တွေကိုလဲ .. လစာတိုးပေးမှ အဆင်ပြေမှာမို့  ၅သောင်း သတ်မှတ်ပေးတာပါရှင်..။

သွားလက်စ နဲ့ နလန်တောင်မှာ ဆေးခန်းကလေးဖွင့်ပေးချင်လို့ ဆေး အလှူ လဲ လှူနိုင်ကြပါတယ်.. ရှင်..။

ကလေးများအတွက် မုန့် နဲ့ စာရေးကိရိယာ တစ်ချို့လဲ ကျမတို့ ၀ယ်သွားဖို့ စဉ်းစားထားပါတယ်..။

ဝေးလံခေါင်ဖျား ဒေသများက ကျမတို့ရဲ့  သွေးရင်းတွေဖြစ်တဲ့ အရှိုချင်း တိုင်းရင်းသားရွာကလေးပါ..။

ပညာရေး.. ကူညီလိုသူများ..

ကျန်းမာရေး.. အလှူပေးချင်သူများ..

ဗုဒ္ဓသာသနာပြုချင်ကြသူ မိတ်ဆွေများ…

စိတ်ဝင်စားကြသူ ..  လှူချင်ကြသူ..  ကူချင်ကြသူ .. အလှူရှင်များ  2000.donation.group@gmail.com   သို့ ဆက်သွယ်ပါရှင်..။

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE !

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….။

 Ko Kyaw Htut + Ma Htay Htay Khin

100000 = Lelu village

91400 = Kyonkadun village library

Ko Moe Kyaw Thu

100000 = Lelu village

105050 = Kyonkadun village library

NaLan Taung School and House of head master

NaLan Taung School Building

Dear SaYar Ma ( Daw May Aye Oo ),

When you are on the way to LeLu village, I posted this one.

Thanks you so much for trying hard to support our poor Myanmar people.

Let’s try our best for our mother land.

With respect,

Swal Taw Ywet.

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012