ရီချင်ရီပါ Heeeeeeeeeee heee

zaylayJune 11, 20101min925

ဒါ့ကြောင့်ကိုး

မြန်မာပြည်အနှံ့ ဆန္တ္ဒပြမှုများဖြစ်ပွားနေရာ နာမည်ကျော်မန္တလေးမြို့က ငြိမ်သက်နေပြီး မန္တ္တလေးသားများ အရှက် ရဖွယ်ဖြစ်နေသည်။

သို့သော်လည်း မန္တ္တလေးသား စကား ဆိုသည့်အတိုင်း မန္တလေးသားများကတော့ စကားမလျော့။

မန္တ္တလေးသားတယောက်က သူတို့ မန္တ္တလေးသားဟာ သံဃာတော်တွေကိုပဲ အားကိုးအားထား ပြုရတာဖြစ်ကြောင်း ပြောရင်း ထပ်ပြောတာကတော့-

“မန္တ္တလေးက သံဃာတွေ ပခုက္က္ကူပြောင်းသွားကုန်ပြီ။ မန္တ္တလေးမှာ တရုတ်ဘုန်းကြီးတွေပဲ ကျန်တော့ တယ်။”

ကြင်နာတတ်သော တိုင်းမှုး

အနောက်မြောက်တိုင်းကို စစ်တိုင်းမှုး အသစ် အဖြစ် ဗိုလ်ချူပ် သာအေး ပြောင်းရွှေ့ လာခဲ့သည်။
တညနေ ဂေါက်ကွင်းမှ အပြန် လမ်းနဘေး ကွင်းပြင်တွင် လူနှစ်ဦး မြက်စားနေသည်ကို တွေ့မြင်လိုက်၏။
အခြေအနေကို စုံစမ်းရန် ကားမောင်းသမားကို ချက်ချင်း ကားရပ်ဖို့ အမိန့် ပေးလိုက်သည်။
“ဟေ့ လူတွေ ခင်ဗျာတို့ ဘာလို့ မြက်တွေ စားနေရ တာလဲ။”

အဝတ်အစား စုတ်စုတ်ပြတ်ပြတ် နှင့် ဆင်းရဲသား တယောက်က “ဟုတ်ကဲ့ ဗိုလ်ချူပ် ကျနောတို့မှာ ဘာမှ စားစရာ မရှိတော့လို့ပါခင်ဗျာ” ဟု သနားဖွယ် ပြန်ပြောသည်။
တိုင်းမှူးက စုတ်တချက်သတ်လိုက်သည်။
“ဒါဆို ကျူပ်နဲ့လိုက်ခဲ့ ကားပေါ်တက်။”
ဆင်းရဲသား တယောက်က “ဗိုလ်ချုပ် ကျနော့မှာ မိန်းမနဲ့ ကလေး နှစ်ယောက်လည်း ရှိသေးတယ်။”
“အေး ခေါ်ခဲ့ကွာ။ နောက် ဟို တယောက်လည်း ခေါ်ခဲ့ကွာ။”
မြက်စားနေရသူ ဒုတိယ ဆင်းရဲသားက
“ဗိုလ်ချူပ် ကျနော့မှာ မိန်းမနဲ့ ကလေးခြောက် ယောက်တောင် ရှိပါတယ်။”
“အေးအေး အကုန်ခေါ်ခဲ့ကွာ။”
ကြင်နာ သနားတတ်သော တိုင်းမှုးက ဆင်းရဲသား နှစ်ယောက်ကို သူ့ကားပေါ် တက်စေသည်။ ကျန် မိသားစု ဝင်များကို လုံခြုံရေး အဖြစ် လိုက်ပါ လာသော ကားများပေါ် သို့ တက်စေသည်။
“လမ်းခရီးတွင် လူဆင်းရဲတဦးက ကျနော်တို့ မိသားစု ဒီလို မြက်စားနေရတာ ကြာပါပြီ။ အခုလို ဗိုလ်ချူပ်က ကရုဏာ ထားပြီး ခေါ်လာတဲ့ အတွက် သိပ် ကျေးဇူးတင်ပါတယ် ဗိုလ်ချူပ်” ဟု ပြောသည်။
ထိုအခါ တိုင်းမှုးက ဘာမှ အရေးမကြီးပါဘူးကွာ ဟူသော မျက်နှာပေးနှင့်
“အေးပါ။ အေးပါ။ မင်းတို့ အိမ်ရောက်ရင် ငါ့ကို ပိုကျေးဇူး တင်အုံးမယ်။ ငါ့အိမ်က စိုက်ထားတဲ့ မြက်တွေက နိုင်ငံခြား မြက်တွေကွ။ အခု မင်းတို့ စားနေ တဲ့ မြက်တွေထက်လည်း ပိုနူတယ်။ သိလား။ အခုမြက်တွေက တော်တော် ရှည်နေပြီ” ဟုပြောလိုက်သည်။

ပြည်သူ့ သဘောထား

စက်တင်ဘာလ ၈ ရက်၊၂၀၀၆ခုနှစ်။

ရန်ကုန် က ဆောက် လက်စ အဆောက် အဦ တစ်ခု ပေါ်မှ အုတ်ခဲ တစ်လုံး လမ်းသွား တစ်ဦး. ခေါင်းပေါ်သို့ တည့်တည့် ကျသည်၊
ဒဏ်ရာ ပြင်း၍ ပွဲချင်းပြီး သေဆုံး သွားသည်၊
လူအုပ်ကြီး ဝိုင်းလာ ကာ တစ်ယောက် တစ်ပေါက် မကျေမနပ်ပြောကြသည်၊
“လမ်းတောင် လွတ်လွတ်လပ်လပ် လျှောက်လို့မရတော့ဘူး ”
“တာဝန်ရှိသူတွေက ဒီအတိုင်း ကြည့်နေတော့ မှာလား။”
“ပြည်သူတွေ အတွက်လည်း စဉ်းစားကြပါအုံး၊”
ထိုသို့ ပြောဆိုနေစဉ် လူအုပ်ကြားမှ လူတစ်ယောက်က “သူ့ကိုကျနော် ကောင်းကောင်း သိတယ်ဗျ။ ဒီလူ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းက လူတစ်ယောက်ဘဲ။”

လူအုပ်ကြီးထဲမှ မကျေနပ်သံများ ပို၍ကျယ်ကျယ်လောင်လောင် ထွက်လာတော့သည်၊
“အဲဒီကြံဖွတ်တွေ လွန်ကို လွန်လွန်းတယ်။ ဘယ်သွားသွား သူတိုချည်းပဲ။ အခုကြည့်လေ အုတ်ခဲတောင် လွတ်လွတ်လပ်လပ် ကျဖို့နေရာ မရှိဘူး၊”

ဦးနှောက်ဟင်း

သတင်း ထောက် တယောက် ဆောင်းပါး ရေးရန် လမ်းပြ နှင့် အတူ လူ သားစား လူရိုင်း များ နေထိုင် ရာ ဒေသ ကို ရောက်လာ သည်၊၊
လမ်းပြ က ပြောလိုက် သည်။ “ရှေ့မှာ ထမင်း ဆိုင် ရှိတယ်။ ထူးထူး ဆန်းဆန်း ဟင်း တွေ ရ တတ်တယ်၊”

သတင်းထောက်ဆိုင်ထဲဝင်လိုက်သည်၊ ကောင်တာရှေ့တွင် ကြော်ညာသင်ပုန်းတချပ် ထောင်ထားသည်။
ယနေ့အထူးဟင်းလျာ
ဦးနှောက်ဟင်းများ
ဆရာဝန်ဦးနှောက် ၅ဝ သား ——————-၅၀၀ဝ ကျပ်
ရှေ့နေဦးနှောက် ၅ဝ သား ———————၆၀၀ဝ ကျပ်
ကျောင်းဆရာဦးနှောက် ၅ဝ သား ————–၇၀၀ဝ ကျပ်
ကြံ့ဖွံ့ဦးနှောက် ၅ဝ သား———————–၄၀၀၀ဝ ကျပ်
သတင်းထောက်က တအံ့တဩမေးမိသည်။ “ကြံ့ဖွံ့ဦးနှောက်က တော်တော်စားကောင်းသလား။”
မြန်မာစကားတတ်သော ဆိုင်ရှင်က ဝင်ဖြေလိုက်သည်။
“မဟုတ်ပါဘူး၊ ၅ဝ သားပြည့်ဖို့ ကြံ့ဖွံ့တွေ အများကြီး သတ်ရလို့ပါ၊”

ချေးသေး အကြောင်းတောင် မသိပဲနဲ့

ဇွန် ၁ ရက်၊ ၂၀၀၆ ခုနှစ်။

ဖိုးသား လေးဘေး မှာ လူစိမ်း တယောက် လာ ထိုင်သည်၊

“ကလေး၊ တို့တွေ စကား ပြောရ အောင်၊ စကား ပြောရင် လေယာဉ် ပျံက ပ ိုမြန်မြန် ရောက် မယ်၊”

ဖိုးသား လေး လှည့် ကြည့်ပြီး ပြန်မေး လိုက်သည်။

“ဒါဆို လည်း ပြောတာ ပေါ့။ ဘာ အကြောင်း ပြောမှာ လဲ၊”

“တို့- နျူကလီးယားအကြောင်းပြောရအောင်။”

ဖိုးသား ဖတ်နေသော စာအုပ်ပိတ်လိုက်သည်။

“ရပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းမပြောခင် ကျွန်တော်တခုမေးချင်တယ်၊ ဆိတ်တွေ၊ နွားတွေ၊ မြင်းတွေ အားလုံးမြက်စားကြတယ်၊ ဆိတ်ကျတော့ ချေးတုံးအလုံးကလေးတွေပါတယ်။ နွားကတော့ ချေးပြဲပြဲတွေပါတယ်။ မြင်းကျတော့ မြက်ခြောက်လိုလိုပဲ ပြန်ထွက်လာတယ်။ အဲဒါဘာကြောင့်လဲ”

လူစိမ်းနည်းနည်း စဉ်းစားလိုက်သည်၊
“အေး။ အဲဒါတော့ ငါလည်း မစဉ်းစားတတ်ဘူးကွ၊”

ဖိုးသားလေးပြန်ပြောလိုက်တာကတော့
“ခင်ဗျားက ချေးသေးအကြောင်းလေးတောင်မသိပဲနဲ့ ဘယ်လိုလုပ် နျူကလီးယားအကြောင်းပြောနိုင်မှာလဲ၊”

5 comments

  • Unnamed

    June 11, 2010 at 8:28 am

    ပြုံးလိုက်တယ်…zaylay

  • smsm

    June 11, 2010 at 8:55 am

    ရယ်ပါတယ်ကွာ

  • htethtet

    June 11, 2010 at 9:06 am

    အနှစ်လေးတွေဘဲ
    စိတ် clear လုပ်ထျင်တာနဲ့ အတော်ဘဲ

  • rat

    June 11, 2010 at 3:29 pm

    ကောင်းတယ် ……. နောက်ဒါမျိုးလေးတွေရှိရင်လဲ တင်ပါအုံးဟ….

  • Scott

    July 27, 2010 at 6:19 pm

    ပြည်သူ့ သဘောထား က တော့မှန်လိုက်တာ…

Leave a Reply