ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား..။

ပင်လယ်ထဲက တတ်လာတဲ့ မီးတောက်တွေ

ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။
7Day News Journal
———————————————-
သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရသည်။
Popular Myanmar News Journal

Credit: သစ်ထူးလွင်

15 comments

  • ကိုတတ်ပ

    April 12, 2012 at 8:35 pm

    ကို ရွာစားကျော်ရေ ။ ဒီနေ့ မဟုတ်ပါဘူး ။ ၁၁.၄.၁၂ မနေ့ကပါ ။

    • ရွာစားကျော်

      April 13, 2012 at 9:22 am

      ဟုတ်ကဲ့ ပြင်ပေးသွားတာ ကျေးဇူးပါခင်ဗျ ကိုတတ်ပရေ
      ကျနော်လည်း မတင်ခင် သံတွဲသား CJ လောင်းတွေ ရွာထဲတင်ထားသေးလားကြည့်သေးတယ်
      ရွာထဲတင်သူ မရှိတော့ သစ်ထူးလွင်မှာ တွေ့တွေ့ချင်း တင်လိုက်တာ.. ရက်ကို သေချာ မသိလိုက်ဘူး တောင်းပန်ပါတယ်ဗျာ.. အားလုံးပဲ..

  • ကိုတတ်ပ

    April 12, 2012 at 8:38 pm

    သံတွဲသားများ ရခိုင်ပြည်နယ် သတင်းများ၊ သံတွဲသတင်းများ ရေးလိုပါလျှင်
    http://www.thandwe.co.cc သို့ လာရောက်ကြပါရန် ဖိတ်ခေါ်ပါတယ် ။

  • ကိုရင်မောင်

    April 12, 2012 at 8:51 pm

    သတင်းတင်ပေးတဲ့အတွက်ကျေးဇူးဘဲရွာစားကျော်ရေ
    ကိုတတ်ပကိုလဲဆိုက်ညွန်းပေးတဲ့အတွက်ကျေးဇူးပါ…..

  • ကိုရင်မောင်

    April 12, 2012 at 8:53 pm

    ကျွန်းနံ့သာကျွန်းပေါ်မှာလူနေကြလားသိပါရစေ….

  • စော်ဘွားလေး မောင်မာန်ခ

    April 12, 2012 at 9:27 pm

    ဖေ့ဘွတ်ခ်မှာရေးထားတဲ့သတင်း…ကိုနာဂပေးတဲ့သတင်းအရတော့…
    လူမနေဘူးဗျ…. စစ်ဖက်ကလက်နက်ကြီးတွေစမ်းသပ်တဲ့နေရာတဲ့……
    မီးတောက်ကအဲလောက်တောင်ကြီးလားနော်….

  • htoosan

    April 12, 2012 at 9:44 pm

    ၂၀၀၄ ဆူနာမီတုန်းကလည်း တစ်ချက်ပေါက်လိုက်သေးတယ် .. အဲ့ဒီ့တုန်းက လူတွေက ဘာမှန်းမသိလို်က်ဘဲ ပင်လယ်ထဲ က နဂါးတောက်တယ် မီးလုံးထွက်တယ်ဆိုပြီး ဖြစ်ခဲ့တယ်။ အခုမှ ရှည်ရှည်ကြာကြာ ဖြစ်ခဲ့တော့မှ မီးတောင်မှန်း သိကြတာ ။

  • အင်း. နေ ့မှားတယ်ထင်ပါတယ်။video link လေးပေးထားပါတယ်။ကြည့်ကြပါနော်။

    ကိုထူးဆနးပို ့စ်မှာပြန်ကြည့်ပေးပါ။ယနေ ့ထိလှုပ်ရှားတာထပ်မဖြစ်ပါဘူး။

  • etone

    April 13, 2012 at 3:55 am

    ရေမိုင် ဆယ့်ငါးမိုင်လောက်ပဲဝေးတယ်ဆိုတော့ … သံတွဲဘက်များ အန္တရာယ်ရှိလား …
    ကံကောင်းတာက … ကျွန်းပေါ်မှာမို့ … ရေခံနေတာကြောင့်ပါပဲ … ပေါက်ကွဲ လွှင့်စင်အားဘယ်လောက်များရှိမလဲ သိချင်တယ် .. အစိုးရအနေနဲ့ ဘူမိဗေဒပညာရှင်တွေနဲ့ တိုင်ပင်ပြီး … သတင်းထုတ်ပြန်ချက်မျိုးတော့ လုပ်သင့်တယ်ထင်ပါတယ် … 🙄

    • ကိုရင်မောင်

      April 13, 2012 at 9:09 am

      ကြောက်ရကောင်းမှန်းမသိသေးလို့ပါ
      နာဂစ်လိုခံလိုက်ရမှသိမဲ့အစိုးရထင်ပါရဲ့
      ၁၅မိုင်ဆိုတာဘာဝေးတာမှတ်လို့……

    • မမအိတုံရေ——
      ဘယ်လောက်ထိစိုးရိမ်ရမယ် ဆိုတာကို တိုင်းတာမှု ခုလဲမလုပ်၊ဘယ်တော့မှလဲ
      လုပ်မယ့်ပုံမရသေးဘူး။ကျနော့်ကနေ ပင်လယ်နဲ ့လေးမိုင်လောက်ဝေးနေတာရယ်၊
      တောင်တွေ ကွယ်နေလို ့မစိုးရိမ်ရပေမယ့် ပင်လယ်ကမ်းနားက လူတွေကတော့
      ကံကို ယုံပြီးနေရသလိုပါ။

  • ဆူး

    April 15, 2012 at 8:23 pm

    အဲဒါ အဲဒါ.. ဆူနာမီ ငလျင် လှုပ်တုန်းက အိပ်နေတဲ့ နဂါးကြီး ကျောကို မြေကြီး လာဝင်တိုက်လို့ လန့်ပြီး ဟေ့ ဆိုပြီး လေတက်သွားတာ.. မီးတွေ ထွက်ကုန်တာတဲ့.. ဟိဟိ..

  • Gipsy

    April 15, 2012 at 8:46 pm

    ဟမ်.. ဒါဆို မလွယ်ဘူး… ကမ်းခြေက လူတွေကိုပြေးသတိပေးပါဦးမှ….
    နာဂါးကြီး နိုးလာပြီး ဆိုပြီးတော့လေ….။

  • ဆူး

    April 16, 2012 at 8:50 am

    နဂါးကြီး မူးမူးနဲ့ အိပ်နေတာ လေချဉ်တက်လို့ နေမှာပေါ့။ ပုံပြင်ထဲကလို နဂါးဆိုတော့ မီးမှုတ်တယ်လေ။

Leave a Reply