12ရက် ဇွန်လ ညနေတွင် မန္တလေးမြို့ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားသွားသော ရတနာပုံအသင်းနှင့် ဒယ်လ်တာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာတွင် ရတနာပုံအသင်းက ချန်ပီယံခြေစွမ်းဖြင့် ဒယ်လ်တာအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိသွားပြီး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားကို ပထမဆုံးပြန်လည်ဦးဆောင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ယခု ယှဉ်ပြိုင်ကစားသွားခဲ့သော ရတနာပုံအသင်းနှင့် ဒယ်လ်တာယူနိုက်တက်အသင်းတို့ပွဲစဉ် သည်  နှစ်သင်းစလုံးပြိုင်ဆိုင်မှုပြင်းထန်စွာဖြင့် အကြိတ်အနယ် ကစားသွားခဲ့ကြသည်။ ပွဲစကစားချိန်ကတည်းက နှစ်သင်းစလုံး အပြန်အလှန်ထိုးစစ်ဆင်ကစားနေရင်းက ဒယ်လ်တာအသင်းမှ တိုက်စစ်မှူးစတန်လေ၏ အမှတ်မထင်ကန်ချက်အား ရတနာပုံဂိုးသမား ယဉ်မင်းအောင် ပုတ်ထုတ်ကာကွယ်ရာကနေ အသင့်ပါလာသော မင်းမင်းသူက ပိတ်သွင်းပြီး ဒယ်လ်တာအသင်းအတွက် အဖွင့်ဂိုးကို ပွဲစပြီး ၄ မိနစ်လောက်မှတင် သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်ရတနာပုံအသင်းမှာလည်း ချေပဂိုးရယူနိုင်ရေးအတွက် ပြန်လည်ထိုးစစ်ဆင်နေရင်း တင်ဇော်မိုးက ဂိုးသမားယဉ်မင်းအောင် ရှေ့ထွက်နေသည်ကို အခွင့်ကောင်းယူပြီး ဒုတိယဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြန်သည်။

အိမ်ရှင်ရတနာပုံအသင်းကလည်း ပေးထားရသည့်ဂိုးများကို ပြန်လည်ချေပနိုင်ရန်အတွက် တစ်သင်းလုံး အချိတ်အဆက်မိမိဖြင့် ဒယ်လ်တာအသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ရာတွင် ဒယ်လ်တာအသင်း ဂိုးသမားနှင့် နောက်တန်းများကို အလုပ်ရှုပ်စေခဲ့သည်။  ပွဲချိန် ၁၉ မိနစ်တွင် ရတနာပုံအသင်းမှ တိုက်စစ်မှူး ရန်ပိုင် ဘယ်ခြမ်းမှ ဂိုးဧရိယာအတွင်း ပေးပို့သော ဘောလုံးကို ရတနာပုံအသင်းမှ သေချာပေါက်ကန်သွင်းလိုက်သော် လည်း ဒယ်လ်တာနောက်ခံလူနှင့်ထိပြီး ဒေါင့်ကန်ဘောသာ ဖြစ်သွားခဲ့သည်။ ပွဲကစားလို့ မိနစ် ၂၀ လောက်မှာ တော့ ရတနာပုံတို့ ပစ်ဒဏ်ဘော ကန်ခွင့်ရရှိခဲ့သည်။ ထိုပစ်ဒဏ်ဘောကို အသင်းခေါင်းဆောင်ခင်မောင်ထွန်း အပိုင်ပိတ်သွင်းသော်လည်း ဒယ်လ်တာနောက်တန်းနှင့်ထိကာလျှံထွက်လာသော ဘောလုံးကို ကျော်ခိုင်ဝင်းမှ ပိတ်သွင်းနိုင်ခဲ့သဖြင့် ရတနာပုံအသင်း ချေပဂိုးတစ်ဂိုးပြန်လည်ရရှိခဲ့သည်။ ထို့နောက် ဒုတိယမြောက်ခြေပဂိုးရရန်အတွက် ရတနာပုံအသင်း ထပ်မံတိုက်စစ်ဆင်ကစားသော်လည်း ဒယ်လ်တာအသင်း ဂိုးသမားနှင့် ဒယ်လ်တာအသင်းနောက်တန်းများ၏ ကြံ့ကြံ့ခံခုခံကာကွယ်နိုင်မှု တို့ကြောင့် ရတနာပုံအသင်းနှင့် ဒယ်လ်တာယူနိုက်တက်အသင်းတို့ ပထမပိုင်းပွဲကစားချိန် ၄၅ မိနစ်ပြည့်သွားချိန်တွင် ဒယ်လ်တာအသင်းမှ အိမ်ရှင်ရတနာပုံအသင်းကို ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက်ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ရတနာပုံအသင်းမှ ချေပဂိုးနှင့် အနိုင်ဂိုးများ ရယူနိုင်ရန်အတွက် ဒယ်လ်တာအသင်းဘက်သို့ တရှိန်ထိုးတိုက်စစ်ဆင်ကစားလာခဲ့ပြီး ဒယ်လ်တာအသင်းမှာလည်း သွင်းယူထားသော အနိုင်ဂိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အတွက် ကြိုးစားကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းကစားချိန်မှာတော့ ရတနာပုံအသင်းနှင့် ဒယ်လ်တာအသင်းတို့မှာ အကြိတ်အနယ်ကစားကြရင်း ပွဲဟာလည်း အနည်းငယ်ကြမ်းလာခဲ့ပါ တယ်။ ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီးက အ၀ါကဒ်ပြားများပြရင်း သတိပေးမှုတွေလည်း မကြာခဏဆိုသလိုဖြစ်လာခဲ့ပါတယ်။ ဒယ်လ်တာအသင်းသည် ရတနာပုံအသင်း၏ တိုက်စစ်ဆင် ဖိအားပေးမှုများကို အကောင်းဆုံးဟန့်တားနိုင်ခဲ့သည်။ ပွဲချိန် ၇၄ မိနစ်တွင် လူစားလဲဝင်လာသော သက်နိုင်၏ ထောင့်ဖြတ်အပြင်းကန်သွင်းမှုကို ဒယ်လ်တာဂိုးသမားဟန့်တားပေမယ့်လည်း လှလှပပကန်သွင်းမှုနဲ့အတူ ရတနာပုံအသင်း ချေပဂိုးရရှိသွားခဲ့သည်။ ထို့နောက် အနိုင်ဂိုးရရှိရန် အတွက် ရတနာပုံအသင်းမှာ ဒယ်လ်တာအသင်းဘက်သို့ တရစပ်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် လည်း ဒယ်လ်တာအသင်း၏ ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မှုကြောင့် ဂိုးမရရှိခဲ့ချေ။ တစ်ချက်တစ်ချက် ဒယ်လ်တာအသင်း၏ ကောင်တာတိုက်စစ်များကလည်း ကြောက်စရာ ကောင်းလှပေသည်။ တိုက်စစ်ဆင်ကစားရင်း ရတနာပုံအသင်း၏ ဂိုးဧရိယာထိပ်တွင် ဒယ်လ်တာ အသင်း ပြစ်ဒဏ်ဘောရရှိခဲ့ပြီး ထိုပြစ်ဒဏ်ဘောကို အပြင်းကန်သွင်းရာတွင် ဂိုးအပေါ်ဘားတန်းနှင့်ထိကာ ဒယ်လ်တာအသင်းအတွက် အဖိုးတန်အနိုင်ဂိုးတစ်ဂိုး လက်လွှတ်ခဲ့ ရသည်။ ထို့နောက် ရတနာပုံအသင်းမှ တိုက်စစ်ဆင်ကစားခဲ့ရာတွင် ပွဲချိန် ၈၈မိနစ်တွင် ကိုနေး ကန်ချက်အား ဂိုးသမား သီဟစည်သူ အသည်းအသန် ကာကွယ် ခဲ့ရပြီး ရတနာပုံ အသင်းက ဆက်တိုက် ဖိကစား နေခဲ့သည်။ ထို့နောက် နာကျင် အချိန်ပို ၆မိနစ်အား အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင် ခဲ့ကြပြီး ၎င်းနာကျင် အချိန်ပိုတွင် တိုက်စစ်မှူး ရန်ပိုင်က ဂိုးဧရိယာ အတွင်းမှ လှလှပပ လိမ်ခေါက် ကန်သွင်းခဲ့ရာ ဂိုးသမား သီဟစည်သူ မည်သို့မှ ကာကွယ် နိုင်ခြင်း မရှိဘဲ ရတနာပုံတို့ တတိယဂိုး ရရှိခဲ့သည်။ ထို့နောက်တွင် ဒယ်လ်တာ အသင်းက ချေပဂိုး ရရှိရေး ကြိုးပမ်းခဲ့ သော်လည်း ဂိုးမရခဲ့ဘဲ ပွဲပြီးဆုံးခဲ့ရာ ရတနာပုံ အသင်းက ၃ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား အဆင့် (၁) နေရာကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

About khinmintatthu

khinmin tatthu has written 150 post in this Website..