khinmintatthuNovember 4, 20111min18110
၅ ရက်၊ စနေနေ့မှာယှဉ်ပြိုင်ကစားကြမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကတော့ အသင်းငယ်တွေနဲ့ အသင်းကြီးတွေ ထိပ်တိုက်ဆုံတွေ့ရမယ့်ပွဲလို့ ပြောလို့ရပါတယ်။ အဲဒီအသင်းတွေထဲမှာမှ ဘယ်အသင်းကြီးတွေကများ ဂိုးပြတ်အနိုင်ရရှိပြီး၊ ဘယ်အသင်းတွေက ကပ်ပြီးနိုင်မလဲဆိုတာကတော့ စဉ်းစားစရာတွေ ဖြစ်လို့နေပါတယ်။ ယှဉ်ပြိုင်ကစားကြမယ့် ပွဲစဉ်တွေထဲက ပရိသတ်တွေအတွက် အကျိုးပေးနိုင်မယ့် ပွဲတွေကို အခုလိုမျိုးသုံးသပ်ရေးသားပေးလိုက်ပါတယ်။ ဘလက်ဘန်း – ချယ်လ်ဆီး ရပ်တည်မှု၊ ခြေစွမ်း၊ ကစားသမားအင်အားပါ ကွာဟနေတဲ့နှစ်သင်းဆုံတွေ့တဲ့ပွဲဖြစ်တာမို့ ပရိသတ်တွေအနေနဲ့ တစ်ဖက်သက်ဆန်ဆန် ကစားမယ့်ပွဲကိုကြည့်နေရမှာ အသေအချာပါ။ ဘလက်ဘန်းအသင်းဟာ ၁ဝ ပွဲကစားပြီးချိန်မှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး ၃ ပွဲသရေနဲ့ ၆ ပွဲရှုံးထားတဲ့အသင်းဖြစ်တာကြောင့် အဆင့် ၁၈ နေရာကို ရောက်ရှိနေတဲ့အသင်းဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ အဆင့် ၄ နေရာမှာရောက်ရှိနေပြီး မန်စီးတီး၊ မန်ယူ၊ နယူးကာဆယ်တို့နောက်ကို အမီလိုက်နိုင်ဖို့ ကြိုးစားကစားပါလိမ့်မယ်။ […]


khinmintatthuNovember 4, 20111min1222
ဂျာမနီ ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၂ ရဲ့ အစောဆုံးပွဲစဉ်မှာ အမှတ်ပေးဇယားအဆင့် ၆ မှာရှိတဲ့ စတုဂတ်အသင်းနဲ့ အဆင့် ၁၅ ရောက်ရှိနေတဲ့ မိန့်ဇ် အသင်းတို့ ဆုံတွေ့တဲ့ပွဲဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံယှဉ်ပြိုင်ကစားခဲ့တဲ့ မိန့်ဇ်ရဲ့အိမ်ကွင်း ၃ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်များထွက်ပေါ်လာခဲ့ပေမယ့် ၂၀၁၁-၁၂ ရာသီမှာတော့ ရလဒ်များဆိုးဝါးနေတဲ့ မိန့်ဇ်ကိုတော့ ယုံကြည်ရဖို့ ခက်ခဲနိုင်ပါတယ်။ မိန့်ဇ်အသင်းရဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ၆ ပွဲမှာ ၂ ပွဲသရေကျထားပြီး၊ ၄ ပွဲရှုံးထားပါတယ်။ ၆ ပွဲမှာ ၆ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ၁၂ ဂိုးပြန်ပေးခဲ့ရတဲ့ မိန့်ဇ်နောက်တန်းကလည်း ယုံကြည်လို့ မရနိုင်သေးပါဘူး။ စတုဂတ်အသင်းကတော့ နောက်ဆုံး ၆ ပွဲမှာ ၃ ပွဲနိုင်၊ ၂ […]


khinmintatthuNovember 3, 20112min1225
ဥရောပချန်ပီယံလိဂ်ပြီးတော့ ဥရောပပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်က ပွဲကြီးပွဲကောင်းတွေကို စောင့်ဆိုင်းနေတဲ့ ဘောလုံးအားကစားပရိသတ်တွေအတွက် ဝမ်းသာစရာပေါ့။ ယခုညနဲ့ 4 ရက်နေ့ နံနက်ပိုင်းတို့မှာ ကစားကြမယ့် ယူရိုပါလိဂ်ပြိုင်ပွဲကြီးကတော့ စိတ်ဝင်စားစရာကောင်းလို့နေပါတယ်။ ကစားကြမယ့်ပွဲစဉ်တွေကတော့ ရူဘင်ကာဇန် (ရုရှား) – တော့တင်ဟမ် (အင်္ဂလန်) လာဇီယို (အီတလီ) – ဇူးရစ် (ဆွစ်ဇာလန်) ပီအက်စ်ဗီ (နယ်သာလန်) – ဟာပိုးတဲလ်အဗစ် (အစ္စရေး) ပီအက်စ်ဂျီ (ပြင်သစ်) – ဗရာတီဆလာဗာ (ဆလိုဗက်ကီးယား) ရှမ်းရော့ရိုဗာ (အိုင်ယာလန်) – ပီအေအိုကေ (ဂရိ) ဘက်ဆီးတပ် (တူရကီ) – ဒိုင်နမိုကိဗ် (ယူကရိန်း) မက္ကာဘီတဲလ်အဗစ် (အစ္စရေး) – စတုတ်စီးတီး (အင်္ဂလန်) ဆဲလ်ဘာ့ဂ် (ဩစတြေးလျ) – ဘီလ်ဘာအို (စပိန်) […]


khinmintatthuNovember 1, 20111min21412
ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ဥရောပထိပ်သီးအသင်းများ၏ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယအကျော့ပွဲစဉ် (သို့မဟုတ်) ပွဲစဉ် ၄ ကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်…. အသင်းကြီးတွေအတွက် ပြိုင်ဘက်အသင်းတွေက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရပေမယ့်အသင်းငယ်လေးတွေအဖို့ အမှတ်တွေကိုပဲ ဆက်ပေးရဖို့ရှိနေပါတယ်။ အေစီမီလန်၊ ချယ်လ်ဆီး၊ ပေါ်တို၊ ဘာစီလိုနာတို့မှာ အဝေးကွင်းတွင် သွားရောက်ကစားရပေမယ့် အသင်းငယ်များဖြစ်နေလို့ အခြေအနေ ကောင်းနိုင်ပေမယ့်  ကျန်အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ဗလန်စီယာနှင့် ဒေါ့တ်မန်တို့ကတော့ အိမ်ကွင်းတွင်ကစားရမှာဖြစ်ပေမယ့် ဧည့်သည်အသင်းများကလည်း ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရေးအတွက် ဒီပွဲစဉ်ဟာ အရေးပါနေတာမို့ အိမ်ရှင်အခွင့်အရေးနဲ့ ကစားမယ့် အသင်းတွေကိုတော့ ရဲရဲဝံ့ဝံ့ယှဉ်ကစားလာမှာပါ။ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်…. မြန်မာစံတော်ချိန် ၁ဝး၃၀   ဘိုရီဆော့ (ဘယ်လာရုဗ်)  –   အေစီမီလန် (အီတလီ) မြန်မာစံတော်ချိန် ၁ဝး၃၀   ဇင်းနစ် […]


khinmintatthuJune 20, 20111min33414
ကင်ဆာရောဂါတွေ ပျောက်ကင်းစေတဲ့ ဂျုံမြက်နုဆေးပင် ဆိုပြီး သတင်းစာမျက်နှာ တွေပေါ်မှာ အခုတလော တော်တော်လေး တွေ့နေရပါတယ်။ လက်ရှိ ဒီဆေးဘက်ဝင် အပင်ကို ပြည်တွင်းမှာ ပထမဦးဆုံး စတင်ဖြန့်ချိတာ တစ်နှစ်လောက် ရှိသွားပြီ ဖြစ်တဲ့ FAME ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကနေ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ဖို့ အကောင်းဆုံး ဆေးတစ်မျိုး ဖြစ်တယ်လို့ FAME ရဲ့ မန်နေးဂျင်းဖြစ်သူ အင်္ဂလန်မှ Alternative Medicine (ခေတ်သစ်သဘာဝဆေးပညာ) ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ယူလာသူ ဒေါက်တာခင်မောင်လွင်မှ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်မှာ လုံလောက်စွာ ဖြန့်ဖြူးရောင်းချ ပေးနေသလို ပြည်ပနိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံများကနေ […]


khinmintatthuJune 20, 20111min1263
သင်တို့ရဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ် နှင့်အမျှ တိရစ္ဆာန် လေးတွေကို မြင် တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီလို တိရစ္ဆာန် ပေါင်းစုံ တွေထဲကမှ ကောင်းကင်မှာ ပျံဝဲနေတဲ့ ငှက်လေး တွေရဲ့အကြောင်း ကို အသေး စိတ် သာသိရှိရ မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက် မလဲနော်။ အဲဒီလို သိချင်နေတဲ့ သူတွေ အတွက် ဒီဝက်ဘ်ဆိုက် လေးက ဖြည့်ဆည်းပေး ပါလိမ့်မယ်။ ဆွဲဆောင်မှုရှိတဲ့ အသွင် အပြင်နဲ့ လာရောက် ကြည့်ရှု သူတွေကို ဆွဲဆောင်ထားပြီး ငှက်ကြည့်ရင်းနဲ့ ဆက်နွယ် ပတ်သက် နေတဲ့ အကြောင်း တွေကို အကောင်းဆုံး လေ့လာ နိုင်မှာဖြစ်ပါတယ်။ လေ့လာ နေရင်းနဲ့ကို သိချင်တာ ရှိလာပြီ ဆိုရင်တော့ အလျင် […]


khinmintatthuDecember 21, 20101min1160
ဥရောပရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်သို့ ရောက်ရှိလို့ လာခဲ့ပါပြီ။ ထိုပြိုင်ပွဲကြီးတွင် အင်္ဂလန်နိုင်ငံမှ အသင်းလေးသင်းစလုံး တက်ရောက်နိုင်ခဲ့သလို အီတလီနိုင်ငံမှလည်း သုံးသင်း၊ စပိန်နိုင်ငံမှ သုံးသင်း၊ ဂျာမနီနိုင်ငံမှ နှစ်သင်း၊ ပြင်သစ်နိုင်ငံမှ နှစ်သင်း၊ ဒိန်းမတ်မှ တစ်သင်း၊ ယူကရိန်းမှ တစ်သင်း အသီးသီးတက်ရောက်လာနိုင်ခဲ့ကြပါတယ်။


khinmintatthuOctober 22, 20101min980
မန်ယူအသင်းမှ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ရိန်းရူနီသည် အသင်းပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပေမယ့်လည်း ယခုအခါ မည်သူမှ ထင်မှတ်မထားသည့် မန်ယူအသင်းနှင့် ၅ နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုဒ်မှ သိရှိရသည်။ ထိုသဘောတူညီမှုသည် မန်ယူအသင်းမှ တာဝန်ရှိသူများနှင့် ရူနီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ပြီး အတည်ပြုပြောကြားခြင်းလည်းဖြစ်သည်။ ပြီးခဲ့သော ရက်သတ္တပတ်က ရူနီသည် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ခဲ့သူဖြစ်ပြီး ယခုချုပ်ဆိုလိုက်သော စာချုပ်သစ်အတွက် အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ထုတ်ဖော်ဝန်ခံသွားခဲ့သည်…။ မန်ယူအသင်း တိုက်စစ်မှူးရူနီသည် အခုချုပ်ဆိုလိုက်သော စာချုပ်သစ်ကြောင့် အသင်းတွင် ၁၁ နှစ်ကြာမျှ ကစားဖူးသည့် ကစားသမားဖြစ်လာမည်ဖြစ်သည်။ မန်ယူအသင်းတိုက်စစ်မှူး ရူနီက “ကျွန်တော် မန်ယူနဲ့ နောက်ထပ် သဘော တူညီမှု ထပ်ရခဲ့ တာကို အရမ်းပဲ ဝမ်းမြောက် ကျေနပ်မိ ပါတယ်။ […]


khinmintatthuOctober 21, 20101min750
2010 MNL မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီကလည်း ပြီးဆုံးဖို့ နီးကပ်လို့ လာခဲ့ပါပြီ… ချန်ပီယံအသင်းအနေနဲ့လည်း ဘယ်အသင်းက ချန်ပီယံဖြစ်မယ်ဆိုတာကိုတော့ ခန့်မှန်းဖို့ မဖြစ်နိုင်သေးပါဘူး… အမှတ်ပေးဇယားရဲ့ထိပ်ဆုံးအသင်း လေးသင်းဖြစ်တဲ့ ရတနာပုံ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ၊ ရန်ကုန် အသင်းကြီးလေးသင်းသာ ထိပ်ဆုံးနေရာမှာ အကြိတ်အနယ်နဲ့ အမှတ်ကွာဟမှုလည်း အနည်းငယ်သာ ကွာဟတာကြောင့် ပြိုင်ပွဲပြီးဆုံးကာနီးမှာ အသင်းတိုင်း နည်းနည်းလေးမှ မှားလို့မဖြစ်တော့တဲ့အခြေအနေသို့ ရောက်ရှိလာခဲ့ပါပြီ…. ရတနာပုံအသင်းအနေဖြင့် လက်ကျန်ပွဲစဉ် သုံးပွဲဖြစ်တဲ့ ရန်ကုန်နှင့် သုဝဏကွင်းတွင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ ဒုတိယပွဲစဉ်ဖြစ်တဲ့ ကမ္ဘောဇအသင်းနဲ့ကစားမည့်ပွဲစဉ်ကလည်း တောင်ကြီးကွင်းသို့ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ်ကိုလည်း အမှတ်ပေးဇယားဒုတိယနေရာက ရတနာပုံအသင်းနှင့် နှစ်မှတ်သာကွာဟတဲ့ ဇေယျာရွှေမြေအသင်းနဲ့  မုံရွာကွင်းမှာ သွားရောက်ကစားရမှာဖြစ်တဲ့အတွက် ရတနာပုံအသင်းအတွက် အခက်အခဲဆုံးလို့ ဆိုရမှာဖြစ်ပါတယ်… ရတနာပုံအသင်းရဲ့နောက်ကနေ နှစ်မှတ်ကွာဟမှုနဲံ့နောက်ကနေ လိုက်လာတာကတော့ ဇေယျာရွှေမြေအသင်းပဲ ဖြစ်ပါတယ်။ ဇေယျာရွှေမြေအသင်းဟာလည်း […]


khinmintatthuOctober 21, 20101min1213
Laptopမှ ထုတ်လွှတ်သော အပူဒဏ်ကို ကာလရှည်ကြာစွာ ခံစားရသည့် အသက်(၁၂)နှစ်အရွယ် ကလေးငယ် တစ်ဦး၏ ပေါင်အရေပြားတွင် ရေမြှုပ်သဏ္ဍန် ပုံမှန်မဟုတ်သည့် အကွက်ကြောင်းများ ပေါ်ပေါက်လာသည်ကို တွေ့ရှိပြီးနောက် ဆွစ်ဇာလန် ဆရာဝန်များက ယခုလို TSSနှင့် ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ် သုံးစွဲပုံ စနစ်မကျပါက Laptop ကွန်ပျူတာများသည် အရေပြားကို ကင်ပြီးသား ဖြစ်သွားစေနိုင်ကြောင်း သိရသည်။ Laptopကို ပေါင်ပေါ်တွင် တိုက်ရိုက်တင်ကာ သုံးစွဲသူများတွင် Toasted Skin Syndrome (TSS)ခေါ် အရေပြား ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာတတ်သည်။ Laptopမှ ထုတ်လွှတ်သော အပူဒဏ်ကို ကာလရှည်ကြာစွာ ခံစားရသည့် အသက်(၁၂)နှစ်အရွယ် ကလေးငယ် တစ်ဦး၏ ပေါင်အရေပြားတွင် ရေမြှုပ်သဏ္ဍန် ပုံမှန်မဟုတ်သည့် အကွက်ကြောင်းများ ပေါ်ပေါက်လာသည်ကို တွေ့ရှိပြီးနောက် ဆွစ်ဇာလန် […]


khinmintatthuOctober 21, 20101min1212
ရွှေသံလွင်မီဒီယာမှ စီစဉ်ဆောင်ရွက်သည့် Multi Play Services(MPS) အစီအစဉ်တွင် ရုပ်ရှင်ရုံများ၌ပြသနေသည့် ရုပ်ရှင်များကို ဂြိုလ်တုစနစ်ဖြင့်ချိတ်ဆက်ပြီး မိမိနေအိမ်တွင်ကြည့်ရှုနိုင်မည့် e-Cinema လုပ်ဆောင်ချက်ပါဝင်မည်ဖြစ်ကြောင်း အဆိုပါမီဒီယာနည်းပညာဆိုင်ရာအရာရှိချုပ် ဦးမျိုးမင်းကပြောသည်။ “e-Cinema ဆိုတာ ထိန်းချုပ်မှုတစ်ခုကို စနစ်တကျဖြစ်အောင်လုပ်ပြီးတော့ တစ်ပြည်လုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေကနေ ထိန်းချုပ်ပြသနိုင်ခြင်းပါ။ မြန်မာ့ရုပ်ရှင်လောကလည်း ပြောင်းလဲတိုးတက်လာမယ့်အခြေအနေပါ။ MPS စနစ်ထဲမှာတော့ e-Cinema, e-education စသည်ဖြင့် Application အများအပြား ပါဝင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။ အဆိုပါ MPS အစီအစဉ်၌ ဂြိုလ်တုစနစ်ပေါ်တွင်အခြေခံသည့် အင်တာနက်လိုင်း၊ ဖုန်းလိုင်းနှင့် ရုပ်သံလိုင်းတို့ပါဝင်မည်ဖြစ်ပြီး ရွေ့လျားစနစ်ဖြင့်လည်း သုံးစွဲနိုင်မည်ဖြစ်သည်။ ရောင်းချသည့်ဈေးနှုန်းများကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း MPS အစီအစဉ် စတင်ချထားပေးသည့်အခါတွင် နိုင်ငံ၏နယ်မြေ ၇၅ ရာခိုင်နှုန်း၌ ဂြိုလ်တုမှတစ်ဆင့် ရုပ်ရှင်ရုံများရှိ ဇာတ်ကားများကို ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။ forward […]


khinmintatthuOctober 20, 20101min1302
ယမန်နေ့ ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ဥရောပ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်များတွင် အသင်းကြီး ၂သင်း ထိပ်တိုက် တွေ့သည့် ရီးယဲလ် – မီလန်တို့ ပွဲ၌ ရီးယဲလ် အသင်းက ၂ဂိုးပြတ် ဖြင့် အနိုင်ရရှိသွားခဲ့သည်။ အုပ်စု (G) ပွဲစဉ် အဖြစ် အသင်းကြီး ၂သင်း ထိပ်တိုက် တွေ့ဆုံမှု အဖြစ် ရီးယဲလ် မက်ဒရစ်နှင့် အေစီမီလန်တို့ ရင်ဆိုင် ခဲ့ကြရာ အိမ်ရှင် အသင်းက ပထမပိုင်းတွင် စက္ကန့် ၆ဝအတွင်း သွင်းယူခဲ့သည့် ၂ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည့် ၁၃မိနစ်တွင် ရော်နယ်ဒို၏ ဖရီးကစ်မှ အဖွင့်ဂိုး စတင် ရရှိခဲ့သည့် ရီးယဲလ် တို့သည် စက္ကန့် ၆ဝအတွင်းတွင် နောက်ထပ် […]