ရာဇဝင်ထဲကသမီးပျို သက်တန့်မြစ်

DEPARKO DEPARKOApril 17, 20121min642

ကျွန်တော်ဖတ်ခဲ့ရဘူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ စင်္ကာပူနိုင်ငံရေပိုင်နက်အတွင်း ဖြတ်သန်းသွားတဲ့ ကုန်တင် သင်္ဘောပေါ်က စွန့်ပြစ် ဆီမည်း ငါးဂါလံအတွက် အမေရိကန်နိုင်ငံကို သင်္ဘောဆိုက်ကပ်တဲ့အချိန် သင်္ဘောနဲ့ ကပ္ပိတိန် တရားအစွဲခံခဲ့ရလို့ လျှော်ကြေးပေးရတဲ့အကြောင်းပါ။
ပင်လယ်ပြင်အကျယ်ကြီးကို စောင့်ကြည့်နိုင်တဲ့နည်းပညာရယ် စည်းကမ်းရယ် သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် လက်တွေ့အလုပ်လုပ်တဲ့ သူတွေကိုအားကျမိလို့ပါ။
ရန်ကုန်မြစ်ဝအနီးမှာ မကြာခဏဆိုသလို ဆီမည်းကွက်ကြီးတွေ မြစ်ပြင်အပြည့် စီးမျောလာတာ ပင်လယ်ခရီးထွက်တဲ့သူတိုင်မကြာခဏဆိုသလိုတွေ့ကြရမှာပါ။
ပုဇွန်တောင်ချောင်း လှိုင်မြစ် တိုးမြစ်နဲ့ မြစ်လက်တက် ချောင်းမြောင်းတွေမှာ အမှိုက် စွန့်ပြစ်ပစ္စည်း မျိုးစုံ မြစ်ချောင်းအပြည့်နီးပါမျောပါလာတာ တံတားတွေပေါ်ကဖြတ်သန်းသွားနေတဲ့သူတွေ မမြင်ချင်အဆုံးပါ မြန်မာနိုင်ငံဟာ သံယံဇာတပစ္စည်းတွေပေါကြွယ်ပါလျှက် အသုံးမချနိုင် စည်းမရှိကမ်းမရှိ စွန့်ပစ်နေကြတဲ့သူတွေ ကြောင့် ရေနေသတ္တဝါတွေပျက်ဆီးရုံတွင်မက အဲဒီအဆိပ်အတောက်ပစ္စည်းတွေကြောင့် ဒါဏ်ရာရနေတဲ့ ငါး ပုဇွန်တွေကိုစားနေရတဲ့ ပြည်သူတွေဘယ်လောက်ဆိုးကျိုးပေးနိုင်သလဲဆိုတာ သုသေသန လုပ်ဘို့ကောင်းနေပါပြီ။
ဆီကွက်ကြီးတွေဟာ OEA ရေနံချက်စက်ရုံအရှေ့ ရေပြင်မှာ နိုင်ငံခြာရေနံတင်သင်္ဘောတွေ TANK CLEANNING လုပ်ရာက ဖြစ်ပေါ်လာတဲ့ဆိုးကျိုးပါ အဲဒီနိုင်ငံခြားဆီတင်ရေယာဉ်တွေဟာ ရန်ကုန်မြစ်အတွင်း စည်းမဲ့ကမ်းမဲ့ဆီမည်းတွေကိုမကြာခဏဆိုသလို စွန့်ပြစ်ကြတာကိုတွေ့မြင်ခဲ့ရပါတယ်။ ခက်တာက အဲဒီလိုကိစ္စ တွေကို ဘယ်လိုဌာန ဘယ်လိုအဖွဲ့အစည်းကမှ အရေးယူမှုမရှိသေးတာကိုဘဲ။
မြန်မာ့ပင်လယ်ပြင်ထဲမှာဖြတ်သန်းသွားနေကြတဲ့ရေယာဉ်တွေဟာ အသုံးမလိုတော့တဲ့ ဆီမည်းတွေကို လက်လွတ်စပါယ် ပင်လယ်ပြင်မှာသွန်ချနေခဲ့ကြတာကြာပါပြီ။ ရေနံရှာဖွေရေးမှာအလုပ်လုပ်နေကြတဲ့ ရေယာဉ်ကြီးငယ်တွေ တိုင်းတာရေးလုပ်ငန်းလုပ်နေကြတဲ့ ရေနံကုမ္ပဏီကရေယာဉ်တွေ အထောက်အကူပြု လုပ်ငန်းလုပ်နေတဲ့ရေယာဉ်တွေ အားလုံးနီးပါးဟာ မြန်မာ့ပင်လယ်ပြင်ဟာ သူတို့အတွက် အတားအဆီးမဲ့ အညစ်အကြေးစွန့်ရာရေပြင်ပါဘဲ။ နိုင်ငံတစ်ကာက ကန့်သတ်ဓါတုအညစ်အကြေးတွေတောင် စောင့်ကြည့်တားဆီးမဲ့သူမရှိတဲ့ မြန်မာ့ပင်လယ်ပြင်ဟာ သူတို့အတွက် အလွယ်ကူဆုံး အညစ်အကြေး စွန့်ရာနေရာ တစ်ခုဖြစ်နေမလားဘဲ။ မကြာခဏဆိုသလို ကြားနေရတဲ့သတင်းတွေထဲက ရေမျောကမ်းတင်
ပီပါခွံတွေတွေ့ရှိ အရက်မှတ်လို့ ရေရောသောက်ရာက အဆိပ်သင့် သေဆုံးရတဲ့သတင်းတွေဟာ ကျွန်တော်တို့ ပင်လယ်ပြင်မှာ အဆိပ်သင့်ဓါတုပစ္စည်းတွေစွန့်ပစ်နေတယ်ဆိုတာ ထင်ရှားပါတယ်။
ဧရာဝတီတိုင်းထဲမှာရှိတဲ့မြစ်ချောင်းအင်းအိုင်တွေမှာလဲ ဒေသခံတွေရဲ့ စွန့်ပြစ်ပစ္စည်းတွေကြောင့် ဧရာဝတီမြစ်ကြီး အဖျားတက်နေခဲ့ရတာ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး။ စက်ရုံအလုပ်ရုံတွေရဲ့စွန့်ပစ် ပစ္စည်းတွေ ဓါတုပစ္စည်းတွေကြောင့် မကြာခဏဆိုသလို အဆိပ်သင့်ဒေသခံတွေအကြောင်းဂျာနယ်တွေမှာ မကြာခဏပါလေ့ရှိပါတယ် ဒါပေမဲ့ မူလဇစ်မြစ်ကိုဘယ်သူမှမဖေါ်ထုတ်နိုင်သေးပါဘူး။
မြန်မာပြည်မှာရှိတဲ့ ရေယာဉ်ကြီးငယ် အားလုံးနီးပါးဟာ မြစ်ထဲကိုအညစ်အကြေးစွန့်ပစ်တဲ့စနစ်ကို အသုံးပြုသလို ရန်ကုန်မြို့ရဲ့မိလ္လာစနစ်ဟာလည်း ရန်ကုန်မြစ်ထဲ သန့်စင်ပြီးစွန့်ပြစ်တဲ့စနစ်ပါ။
ရာဇဝင်များရဲ့သတို့သမီး ရာဇဝင်များရဲ့သမီးပျိုကို မစင်သုတ်နေကြသူများကိုတောင်းပန်ချင်ပါတယ်
ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ သူတို့သမီးလေး ဖျားနေလို့ အညစ်အကြေးတွေစွန့်တာရပ်ပေးကြပါတော့လို့
ဒီပါကို

2 comments

  • အရှုံးတွေနဲ့ ကျွန်တော်

    April 17, 2012 at 11:02 pm

    စွန့်ပစ် ပစ္စည်းတွေ အမှိုက်သရိုက်တွေကို မြစ်တွေ ချောင်းတွေထဲမှာ စွန့်ပစ်နေကြတာဟာ မြန်မာပြည်မှာ အလေ့အထ တစ်ခုလို ဖြစ်နေပါပြီ
    ခုဆိုရင် တစ်နေ့တစ်ခြား ဆိုးလာသလိုပါပဲအဲဒီကိစ္စကို ကျပ်ကျပ်မတ်မတ် ကိုင်တွယ်သင့်ပြီလို့ ထင်ပါတယ်

  • Khaing Khaing

    April 18, 2012 at 10:24 pm

    ရန်ကုန်ကနေ ဒလကို ကူးတဲ့သင်္ဘောတွေဆို ပန်ကာဒလက်မှာ အမှိုက်တွေညှိနေလို့ မကြာခဏ သင်္ဘောတွေ ရပ်နေရတယ်လေ အဲဒါသာကြည့် သန့်ရှင်းတဲ့ မြန်မာပြည်ကမြစ်တွေချောင်းတွေ သများဆို ဒလကူးရင် သိပ်စိတ်ညစ်ရတယ် သများက ဒလတစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုမှာနေတာလေ ……….

Leave a Reply