ရွှေဝါပြည် အပိုင်း(၃)

captainamericaApril 24, 20121min781

ထိုတရုပ်ပြည်ကြီး၏သမိုင်းဍ္ဍ် ရွှေဝါပြည်ကြီး၏အကြောင်းကိုရေးသားရာတွင် ရွှေဝါပြည်မင်းကြီးသည် တိုင်းခန်းလှည့်လည်သောအခါ ရွှေကြိုးများဖြင့်
ဆိုင်းတပ်သော သလွန်ညောင်စောင်းထက်ဍ္ဍ်လဲလျောင်းရင်း ထွက်သည်ဟုဆိုသည်။ခရီးဝေးလံလျှင်ဆင်စီးကာထွက်သည်။ဘုရင်မင်းကြီးကိုရာပေါင်းများစာွသော
အပျိုတော်များက ဝန်းရံခစားကြသည်။ရွှေဝါပြည်သားတို.သည်နိုင်ငံ၏မြို.ရိုးကြီးများကို စိမ်းဖန်.ဖန်.အရောင်ရှိသော စဉ့်အုပ်ချပ်များဖြင့်တည်ဆောက်ကြသည်။
မြို.များသည်မြို.ဝိုင်းများဖြစ်ကြပီး ကျယ်ဝန်းလှပသည်။မြို.ရိုးတံခါး ၁၂-ပေါက်ရှိသည်။မြို.၏လေးမျက်နှာဘက်စေတီတစ်ဆူကျစီတည်ထား၏။နို်င်ငံသူနိုင်ငံသား
တို.သည်မြို.တွင်းဍ္ဍ်သာနေကြ၏။မြို.သူ-မြို.သားများသည်အိမ်ကို သတ္တုများ သွပ်များဖြင့်ပြုလုပ်ထားသောအုပ်ကြွပ်ဖြင့်မိုးကြ၏။ပိတောက်သား၊ကျွန်းသား၊
ပျဉ်းကတိုးသားများဖြင့်အိမ်ကိုဆောက်လုပ်ကြသည်။နို်င်ငံသူနိုင်ငံသားများသည်သတ္တဝါတို.၏အသက်ကိုသတ်ခြင်းမှတတ်နိုင်သလောက်ရှောင်ကြဉ်ကျ၏။
တစ်ဦးနှင့်တစ်ဦးတွေ.သောအခါတစ်ဦး၏လက်မောင်းနှစ်ဖက်ကိုတစ်ဦးကလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လျှက်နှုတ်ဆက်ကြသည်။လူတိုင်း
လူတိုင်းနက္ခတ်ဗေဒင်ဟောတတ်ကြခြင်း၊ယုံကြည်တတ်ခြင်းမှာရွှေဝါပြည်၏ထူးခြားချက်တရပ်ပင်ဖြစ်သည်။ရွှေဝါပြည်သားတို.သည်ဗုဒ္ဒသာသနာဝင်များဖြစ်ကြပီး
မဟာယာနနှင့် ဟိနာယာနဗုဒ္ဒဘာသာနှစ်ရပ်လုံးကိုရောယှက်ကိုးကွယ်ကြသည်။ဘုန်းကြီးများသည် ဒကာ ဒကာမတို.အပေါ်ဍ္ဍ်ဩဇာရှိလျှက် လူကိစ္စတို.ကို
ဆုံးမညွှန်ကြားကြ၏။ထို.ကြောင့်လည်း ဒကာ ဒကာမတို.က ဘုန်းကြီးကျောင်းပေါင်းမြောက်များစာွဆောက်လုပ်ကိုးကွယ်ထားကြသည်။ဘုန်းကြီးကျောင်းများ
ကိုလည်းမှန်ရောင်တောက်သော အုပ်ချပ်ဖြင့်ဆောက်လုပ်ကြ၏။မှန်ရောင်တောက်သော အုပ်ချပ်ကိုဟင်္သာပြဒါးသုတ်ကာ ရွှေငွေတို.ဖြင့်စီချယ်သည်။လှပသော
ဆေးရောင်များဖြင့်လည်းသုတ်၏။ကျောင်းများ၏ကြမ်းပြင်ကိုလည်းဆေးသုတ်ကာ အရောင်တင်ထားကြသည်။ထိုကြမ်းပေါ်ဍ္ဍ် အဆန်းတကြယ်ပြုလုပ်ထားသော
ကော်ဇောကြီးများခင်းကျင်းထားကြကုန်၏။
ဘုရင့်နန်းတော်ကိုလည်း ဘုန်းတော်ကြီးကျောင်းကဲ့သို. လှပစာွဆောက်လုပ်၏။ဘုရင့်နန်းတော်ကို ဘုန်းကြီးကျောင်းကဲ့သို.အတုပြုကာဆောက်သလော၊
ဘုန်းကြီးကျောင်းကို ဘုရင့်နန်းတော်ကဲ့သို. အတုပြုကာဆောက်သလော ကျွနုပ်တို.မသိခဲ့ရပေ။ကျွနုပ်သိခဲ့ရသည်ကား ယောက်ျားလေးများသည် ခုနှစ် နှစ်
သားအရွယ်သို.ရောက်လျှင်ခေါင်းတုံးရိပ်ပီးသင်္ကန်းစည်းကြရ၏။အသက်နှစ်ဆယ်အရွယ်ထိအောင်ကိုရင်ဝတ်ပီးမှ လောကုတ္တရာစာပေကိုမတတ်ကျွမ်းလျှင် လူဝတ်
ပြန်ပြုကြရသည်။ထိုကိုရင်လူထွက်တိုယသည် ဆံပင်မရှည်မီကာလအတွင်း ရွှေနှင့်ပြုလုပ်သော ပန်းနွယ်ပန်းခက်များ တပ်ဆင်ထားပုံဦးထုပ်မျိုးပုံများ အဘိုးတန်
သောကျောက်များဖြင့်စီချယ်ထားသော ဦးထုပ်မျိုးတို.ကိုဆောင်းကြ၏။ကြွယ်ဝချမ်းသာလျှက် အမျိုးမြတ်သောသူတို.သည်ကြံ၏ဦးချိုနှင့်တူသောဦးထုပ်မျိုးတို.ကို
ဆောင်းကြသည်။ဆံပင်ရှည်လာသောအချိန်တွင်ဦးရစ်ခေါင်းပေါင်းများကိုပေါင်းကြသည်။ဦးရစ်ခေါင်းပေါင်းများသည် ပါးပီးချောသောချည်မျှင်တို.ဖြင့် ပန်းပွင့်ပန်းခက်
ပေါ်အောင်ပြုလုပ်ထားသော ပဝါများဖြစ်ကြသည်။များသောအားဖြင့်ကိုရင်လူထွက်များမဟုတ်ကြလျှင် စစ်ချီတက်သောအခါမှ ဦးထုပ်တို.ကိုဆောင်းတတ်ကြသည်။
ဘုရင့်နန်းတော်ကြီးတွင်ရွှေဖြင့်သွန်းလုပ်ထားသော ခေါင်းလောင်းပြားတစ်ခုငွေဖြင့်သွန်းလုပ်ထားသောခေါင်းလောင်းပြားတစ်ခု၊သစ်သားဖြင့်ပြုလုပ်
ထားသောကြီးမားသောဗုံကြီးတစ်ခုရှိသည်။ထိုအရာတို.ကိုနေ.စဉ်အမှတ်အသားအမျိုးမျိုးဖြင့်တီးခတ်ပေးရသည်။ရွှေဝါပြည်သူပြည်သားတို.သည်ထိုတီးခတ်သံကိုကြားရလျှင်
ှု္ဌ္ဌ္ဋ္ဌ္ဌ္ဌ္ဌ္ဋ္ဋ္ဋ္ဂထိုအရာကားအချိန်မည်မျှရှိပြီ၊ထိုအရာကား ဘုရင်မှုခင်းစစ်ပြီ၊ထိုအရာကားအပြစ်ရှိသူတို.ကိုအပြစ်ပေးပြီ၊ရန်သူတို.နိုင်ငံအနီးအပါးသို.ချဉ်းကပ်လာပြီစသဖြင့်သိကြ၏။စစ်ဖြစ်
မည်ဆိုလျှင် ကရမက် နံသာတုံးတို.ကိုမီးရှို.ကာစစ်နိုင်မည်ရှုံးမည်ကိုနမိတ်ကောက်ကြသည်၊ဗေဒင်တွက်ကြသည်၊နတ်ကိုပူဇော်ပသကြသည်။ရွှေဝါပြည်တွင်ပေတစ်ရာမျှမြင့်သော
နတ်ရုပ်ကြီးတစ်ခုရှိသည်။အမှုအခင်းဖြစ်ပွားသူများသည် အဆိုပါနတ်ရုပ်ကြီးရှေ့တွင် နံသာတုံးများကိုမီးရှို.ပီးဒူးတုပ်ဝပ်တာွးကာ အမှုနိုင်မည် ရှုံးမည်ကို အဓိဌာန်ပြုကြသည်။
နိုင်ငံတွင်းဍ္ဍ်ကပ်ရောဂါဆိုက်ကပ်လျှင်လည်ကောင်း၊ရာသီဥတုဖောက်ပြန်ခြင်း၊ရေကြီးခြင်း၊သီးနှံပျက်စီးခြင်းများဖြစ်ပွားလျှင်လည်ကောင်း၊ရွှေဝါပြည်ဘုရင်သည် ထိုနတ်ရုပ်ကြီးရှေ.သို.
သာွးကာ မင်းကျင့်တရားနှင့်အညီကျင့်ပါမည်ဟုတောင်းပန် အဓိဌာန်ပြုကြ၏။ရာဇဝတ်ကောင်တို.ကိုရွှေဝါသားတို.သည်အနှောင်အဖွဲ.မပြုချေ၊ကြီးလေးသောရာဇဝတ်မှုကျုးလွန်သူ
များကို ငါးလုံးပူးထားသောကြိမ်ဖြင့်ငါးချက်ရိုက်နှက်၏။
ပြစ်မှုသေးငယ်ကျုးလွန်သူများကို ငါးလုံးပူးထားသောကြိမ်ဖြင့်သုံးချက်ရိုက်၏။ခိုးမှုကျုးလွန်သူများသည် ကြီးမားသောပြစ်မှုကိုအစပြုကာ ကျုးလွန်လာသူဖြစ်သောကြောင့်
သေဒဏ်အပြစ်ပေး၏။ရွှေဝါပြည်တွင် ပဲ၊စပါး၊ပြောင်းများကိုစိုက်ပျိုး၏။ကြံပင်များလည်း လူခြေသလုံးခန်.ထာွး၏။ဂျုံးနှင့်ပိုက်ဆံပင်များမပေါက်ချေ။စိုက်ပျိုးခြင်းလည်းမရှိကြချေ။
ရွှေနှင့်ငွေများကိုလည်း နေဝန်းလဝန်းသဏ္ဌန် လခြမ်းသဏ္ဌန် ပြုလုပ်သုံးစွဲကြသည်။ရွှေဝါပြည်သားတို.သည် ညအချိန်တွင် အလင်းရောင်ရရန် ရေနံများ အခြားသောတိရိစ္ဆာန်အဆီ
များနှင့် ဖယောင်းများကိုခွက်ဖြင့်ထည့်လျှက် ထမင်းခြောက်များ နံသာတုံးများဖြင့် ရောထည့်မီးရှို.ထွန်းညှိကြသည်။နိုင်ငံနီးခြင်းများနှင့်ကုန်ခြင်းဖလှယ်သောအခါ ဖွတ်ရေ၊ဝါဂွမ်း၊
သလင်းကျောက်၊မြေရေတကောင်းများဖြင့်ဖလှယ်ကြသည်။ရွှေဝါပြည်သူများသည် ဆံပင်ရှည်ထားကာ ဆံတုံးထုံးကြလျှက် ပုလဲသွယ်များ ကျောက်မျက်ရွဲတို.ဖြင့်စီခြယ်အပ်သည့်
ရွှေကြိုးများကိုပန်ဆင်ကြသည်။အရောင်အမျိုးမျိုးဆိုးထားသောထမီကို ဝတ်ဆင်ကြသည်။အကျင်္ီပေါ်တွင်လည်းပါးလွှာသောပိုးတဘက်ကိုခြုံလွှမ်းထားကြသည်။လမ်းထွက်သောအခါ
ယပ်တောင်ကို ကိုင်ဆောင်ကြသည်။မင်းမှုထမ်းကတော်တို.၏နောက်ဍ္ဍ် ယပ်တော်ကိုင်အမှုထမ်းများအမြောက်အများလိုက်ပါကြရ၏။အဆိုပါမှတ်တမ်းကားလွန်ခဲ့သောနှစ်ပေါင်းတစ်
ထောင်ကျော်ကရွှေဝါပြည်သို.ရောက်လာသောတရုပ်အမျိုးသားတို.၏မှတ်တမ်းဖြစ်၏။

One comment

  • windtalker

    April 25, 2012 at 9:01 am

    တစ်ကယ်တမ်း တစ်ယောက်သော ရွှေ သာ ကိုယ်ကျိုး ရှေ့မထားဘဲ အမိနိုင်ငံတော် အပေါ် သစ္စာသိခဲ့မယ် ဆိုရင် ရွှေ ဆိုတာ ကမ႓ာ မှာ ပထမဆုံး လူဖြစ်ခဲ့တာလို့ ကြေငြာလို့ရတယ်။ ဓတ်ခွဲခန်းမှာ စစ်ပြီးသား နှစ်၃၀၀ဝကျော် သက်တမ်းရှိ လူအရိုးဟာ ရွှေပြည်ထဲမှာပါ။

Leave a Reply