တစ် နှစ် သုံး နဲ့ ဖွတ်လုံး

DEPARKO DEPARKOApril 26, 20121min18111

နေရာတိုင်းမှာ တစ်လုံး နှစ်လုံး သုံးလုံး အကြောင်းပြောမဆုံးပေါင် တောသုံးထောင် ။ ဘဝပျက်တဲ့သူလည်းမနည်း အုတ်တံတိုင်းနောက်ရောက်တဲ့သူကတစ်ဖုံ ငွေကြေးအရှုပ်အရှင်းကို လူမိုက်နည်းနဲ့ဖြေရှင်းလို့ ဘဝတစ်ပါးပြောင်းရတဲ့သူတွေလဲမရှား တရားဥပဒေကို လက်တစ်လုံးခြားနဲ့ ဆက်ပြီး မြွေမကြောက် ကင်းမကြောက် အန္တရယ်လမ်းဆက်လျှောက်နေသူ လည်းမရှား ဒီအထဲကမှ အခြေခံလူတန်းစားတွေရဲ့ ဘဝကို တတိတိ ဖဲ့ချွေ အချိန်တွေကိုခိုးယူ အလုပ်လုပ်ချင်စိတ်ပျောက်အောင် စွဲလမ်းစေပြီး ဖွတ်တက်တာထက်ဆိုးတဲ့ ဖွတ်လုံးထိုးခြင်း အကြောင်းပါဘဲ။
ချမ်းသာတဲ့ လူတန်းစားတွေရဲ့ဘဝမှာ အချိန်ဖြုန်းဘို့နဲ့ ငွေပိုတွေကိုဖြုန်းဘို့ ကိုကိုဂေါက်တွေ ဂေါက်ရိုက်ကြတယ်။(ဂေါက်အိတ်ထမ်းခ၊ကယ်ရီခ၊ ကောင်မလေးငယ်ငယ် ချောချောတွေကို သနားတတ်လွန်းလို့ သနားကြေး၊ ဂေါက်ကွင်းအသင်းဝင်ကြေး၊ လောင်းကြေး၊ စားသောက်စရိတ်) အနည်းဆုံးဆင်ဖြူတော်အကောင် တစ်ရာကျော်လောက်ကိုသုံး နေကြသလို အခြေခံလူတန်းစားတော်တော်များများဟာလဲ ဖွတ်လုံးကိုထိုးရင်း လောင်းကစားလုပ် အချိန်ဖြုန်း အလုပ်တောင် စိတ်မဝင်စားတော့ဘဲ ညဉ့်နက်သန်းခေါင်အထိ တုတ်ထိုး နေလိုက်ကြတာ တော်တော်ကိုစိတ်ပျက်စရာပါ။
ဘယ်ရပ်ကွက်ကြည့်ကြည့် ဘယ်ရွာကြည့်ကြည့် ရွာသိမ်ရွာငယ်လေးတွေတောင် ဘိလိယက်ခုံတွေ အများအပြား အပြိုင်အဆိုင်ထောင်ထားကြတာ အားလုံးဘဲတွေ့နိုင်မှာပါ ဘိလိယက်ထိုးပြီး ကမာ္ဘကျော်မကျော်တော့မသိဘူး၊ အလုပ်လုပ်ဘို့ပျင်းပြီး လူငယ်တော်တော်များများဟာ ဘိလိယက်ခုံမှာလောင်းကစားလုပ်ရင်း အချိန်တွေ ငွေတွေ ဖြုန်းနေကြတာ တော်တော်ကို စိတ်မကောင်းစရာပါ။
ကျွန်တော့်အမေ သူမြေးကိုဆုံးမသလို နင့်ဒုတ်ထိုးတာ ပိုက်ဆံလဲမရဘူး ဝက်သားကို ဒုတ်ထိုးတတ်ရင်မှ ပိုက်ဆံရဦးမယ်။ အခုတော့အမေလဲမရှိတော့ပါဘူး သူမြေးလဲ ဒုတ်ထိုးဆဲ ပိုက်ဆံဖြုန်းဆဲ အလေရိုက် ဆံကုန်မြေလေးဖြစ်ဆဲပါဘဲ။
ဆိုက်ကားဆရာ လိုအပ်လို့ခေါ်ရင်လည်း ဒုတ်ထိုးနေရင်မလိုက်၊ ဈေးသည် ဈေးရောင်းဘို့ ခေါ်ရင်လည်း ဒုတ်ထိုးနေရင်စိတ်မဝင်စား ကျောင်းသားလူငယ်တွေဆို ပိုဆိုးသေး။ ဒုတ်ထိုးလို့ နိုင်တဲ့ လောင်းကြေးကို သောက်ကြစားကြ ရှုံးတဲ့သူကတော့ အိမ်က အကိုတွေအမတွေ အမေတွေကို ပြသနာရှာ ခိုးဆိုးလုယက် အေးဓမြတိုက်နေကြတတ်လွန်းလို့ မအေတွေ အစ်မတွေစိတ်ဆင်းရဲနေကြရတာ တစ်နိုင်ငံလုံးနီးပါးမှာပါ။
ဒီတော့ နိုင်ငံကျော်အားကစားသမားလဲမဖြစ် လောင်းကစားသမား/အရက်သမားများမွေး ထုတ်ရာ ဘူမိနက်သန် ဘိလိယက်ခြံကို မြေလှန်သင့်နေပါပြီဆိုတဲ့အကြောင်း မောင်းတီးလိုက်ရပါတယ်ခင် ဗျား။

ဒီပါကို

11 comments

  • ဗိုက်ကလေး

    April 26, 2012 at 7:16 pm

    ဟားဗျာ..
    မန်းလေးက အေပူးဆိုတဲ့ ကျုပ်ဘော်ဒါက ဘိလိယက်ခုံပိုင်ရှင်ဗျ.ကျုပ်ဘော်ဒါကို စီးပွါးမဖျက်ပါနဲ ့ဗျာ..
    လဂါးနောက်ဒါ

    တစ်ချို ့ ကျွမ်းတဲ့လူတွေကျတော့လဲ နယ်တကာလှည့်ပြီး ထိုးစားနေတာနော်..
    အေပူးဆို ခုံပိုင်လဲဖြစ်တော့ သူ ့ရုံမှာ အေပူးပါရင် ဘူမှ ယှဉ်မထိုးရဲဘူး
    အဲတော့ သူ ့လက်ရာမသိသေးတဲ့နေရာတွေ သွားသွား ထိုးစားနေရတယ် ပြောတယ်ဗျ
    ထိုးမဲ့ထိုး အဆုံးထိရောက်အောင် ထိုးစေချင်ပါတယ်..
    သူလို ကိုယ်လိုလက်ရာနဲ ့ လောင်းကြေးထပ်ထိုးရင်တော့ ခုံကြေးပေးရပြီး ခုံပိုင်ရှင်သာ ဝါးသွားမည်ဖြစ်ပါကြောင်း

  • အိမ်လွမ်းသူ

    April 26, 2012 at 7:28 pm

    မြေတော့မလှန်ပါနဲ့ ဆရာရယ်။ ကျွန်တော်တို့လို Snooker Crazy တွေအတွက် တစ်ခုံလောက်တော့ချန်ထားပေပါ။ ဟိ.. ဟိ..

  • windtalker

    April 26, 2012 at 8:10 pm

    အဲဒီ ကျူခုံတွေကလဲ တစ်ဒုက္ခဗျ ။ ကျုပ်လဲ အရင်တုန်းက စွဲခဲ့ဖူးတယ် ။ ကျူခုံကြီး ပတ်လမ်းလျှောက်နေရတာ ဆိုတော့ ကျန်းမာရေးနဲ ့ညီညွတ် ၊ နောက်ပြီး မာကာမ ချောချောလန်းလန်းလေးတွေ လဲ ရှိရင် ပိုဂွတ်ပေါ့ ။ နံပါတ်ဘော ပိုက်ဆံကြေး ထိုးရင်တော့ ၊ လက်တန်းမကောင်းရင် တော်တော်ကုန်တာကလား ။

    • kaung kin pyar

      April 27, 2012 at 10:39 am

      ပေါ်ကုန်ပြီ….ပေါ်ကုန်ပြီ….။

  • aye.kk

    April 26, 2012 at 8:49 pm

    လူမိုက်နဲ ့ငွေအတူမနေတဲ့..
    လူူမိုက်ဆိုတာကလောင်းကစားသမားကိုပြောတာပါ။
    မွဲပြီးလမ်းဘေးရောက်သွားတာတွေကိုယ်တွေ ့တွေ ့မြင်ခဲ့ရဘူးလို ့ပါ။
    တတ်သိပညာမနေသာလို ့..
    လက်တို ့ပြီးတော့ပြောလိုက်ပါရစေ..
    ချွင်းချက်ပေါ့နော်(လက်ညိုးနဲ ့လက်ခလယ်အရှည်တူနေလို ့ကတော့..
    လောင်းကစားနဲ ့အကျိုးပေးပြီးမုချဧကန်ချမ်းသာရမဲ့သူတဲ့ဗျာ)
    မညီသူများကစားလို ့ကတော့မွဲဆေးဖော်သူတွေလို ့သာပြောပြလိုက်ပါရစေ။

    • လူ ဟား

      April 27, 2012 at 10:49 am

      ကဲကွာ… လက်ညိုးဖြတ်ပြီး လက်ခလယ်နဲ့တူအောင် ပြန်ဆက်လိုက်တော့မယ်…
      မဟုတ်လို့ကတော့ … aye.kk ဘယ်မှာနေလဲ ပြော… တွေ့မယ်… ဟုတ်တယ်ဆိုရင်… နောက် Gazette တစ်ခုဖွင့်ပြီး … aye.kk သူကြီးမ လုပ်ခိုင်းမယ်… ဒါဘဲ။

  • Khaing Khaing

    April 27, 2012 at 1:09 pm

    လောင်းမှ ကစားရတဲ့လောင်းကစားပါလား …… ဘာပဲပြောပြော မကောင်းပါဘူးလေ ……

  • etone

    April 27, 2012 at 4:58 pm

    လောင်းကစားက စမိလျှင် စွဲတယ် … ။
    နည်းတယ် များတယ် မဟုတ်ဘူး အပျော်တမ်း ကစားရင်းတောင်မှ ….. ဝါသနာ ဖြစ်သွားခဲ့လို့ …. နယ်အထိတောင်ပါသွားခဲ့တဲ့ … ကိုယ့်အဖြစ်ရယ်ပါ … ။ (မောင်နှစ်မတွေစုပြီး .. ဖဲရိုက်ရာက … ရွာ အသုဘရောက်သွားခဲ့တာပါ .. ပို့စ်တင်ခဲ့ဖူးတယ် ) အခုတော့ အဲ့အကျင့်ပျောက်သွားခဲ့ပါပြီ ဟီး 😛
    (ဖားသားကြီးက ကြိမ်လုံးကိုင်ပြီး နောက်က လိုက်လွန်းလို့ ဟိ … )

    နှစ်လုံးသုံးလုံးကိုတော့ … မထိုးပါဘူး … ပတ်ဝန်းကျင် အဆက်သွယ် သိပ်မရှိတာနဲ့ .. အိမ်နားမှာ ဘယ်သူက ဒိုင် ၊ ဘယ်သူက ရဲမှန်း မသိတာလည်း ပါတာပေါ့ ..နောက်ပြီး .. ပေါက်နိုင်ခြေနည်းတာကြောင့်လည်း … ပါတာပေါ့လေ … ။ ပြန်ရမယ့် ပိုက်ဆံ အဆကလည်း ..သိပ်မများတော့ .. မမက်ဘူးပေါ့ .. ဒါကြောင့်လည်း ပါတယ် … ။

    ဖွတ်လုံးကတော့ .. .. knowledge ကို မရှိတာပါ .. တစ်ပွဲ ဘယ်နှစ်ယောက်ပါရသလဲ .. ဘယ်နှစ်လုံးလဲရယ်လို့ … သေချာကို မသိတာ… ။ အဲ့ဒါတွေ ခေတ်စားတာ … ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်းလောက်ကဖြစ်မယ်နော် …. ။ 🙂

  • ဦးဦးပါလေရာ

    April 28, 2012 at 12:18 am

    ဖွတ်လုံးစွဲတဲ့သူတွေကို ကျုပ်လဲနားမလည်ပါဘူး..
    ဘယ့်နှယ် တွင်းပေါက်သေးသေးလေးတွေထဲကို ဘောလုံးမဝင်မချင်း ဒုတ်နဲ့ထိုးကြရတယ်လို့…..
    တကယ်ဆို လက်နဲ့ကောက်ထည့်ရင် ပိုမြန်မယ့်ဟာကို…. 😀

  • DEPARKO DEPARKO

    May 8, 2012 at 7:33 pm

    တွေ့ရမြင်ရဘဝင်မကျစရာတွေမို့လို့ပါ

  • ညလေး

    May 8, 2012 at 10:12 pm

    လောင်းကစားထက်စွဲတာရှိပါသေးတယ်……….
    ဘဘ…..ဦးဦး…….တီတီ….မမ..ကိုကိုတို.ရယ်
    အဲဒါကတော့………..အင်တာနက်…………
    ဂျီအမျိုးအစားကပိုဆိုးတယ်သွားမထောက်မိပါစေနှင့်..
    …………
    ဂေဇတ်ရွာက
    ညလေး

Leave a Reply