ဟာသများ

zaylayJune 14, 20101min660

ဟာသများ

* ဧပရယ်လ 27, 2010 မှာ သက်တံ ထည့်ခဲ့တာပါ။ 9:08pm မှာပါ
* စာပို့မယ် သက်တံ ရဲ့နတ်ဘလော့တွေကိုကြည့်မယ်

ဘဝတူခြင်း

လူစီးရထားတွဲပေၞတွင် ဖြစ်သည်။ ရထားတွဲတစ်ခုလုံး ခရီးသည်များ ၎င်းတို့၏
ပစ္စည်းများဖြင့် ခြေချစရာ နေရာလွတ်မရှိအောင် ပြွတ်သိပ်နေသည်။ လက်မှတ်စစ်က
လက်မှတ်များကို လိုက်လံစစ်ဆေးသည်။ ပစ္စည်းပုံးများကြားတွင် ပုန်းနေသော
အသက် ၅ဝ အရွယ်ခန့် ပိန်ပိန်သေးသေး လူကြီးတစ်ဦးကို တွေ့ရသည်။
ကြောက်ကြောက်လန့်လန့်နှင့် လူကြီးကပြောသည်။
“ဦးဟာ.. မရှိဆင်းရဲသားပါ… မောင်ရင်ရယ်…
လက်မှတ်ဝယ်ဖို့ပိုက်ဆံမရှိပါဘူး.. တစ်ဖက်ရွာမှာ ဦးရဲ့သမီး
ဒီနေ့မင်္ဂလာဆောင်မယ်.. အဲဒီကိုသွားချင်လို့ ဒီနေ့မရောက်ရင်မဖြစ်လို့ပါ…
ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်ရအောင် ဦး ငြိမ်ငြိမ်လေး နေပါ့မယ်..”
လက်မှတ်စစ်သည်. သဘောကောင်းပုံရသည်.. ထို့ကြောင့် ဘာမှမပြောဘဲ
ကျန်ခရီးသည်တို့၏ လက်မှတ်များကို ဆက်စစ်သည်။ ထောင့်တစ်နေရာတွင်..
ကုပ်ကုပ်ကလေးထိုင်နေသော အရပ်ပုပု ပိန်ပိန် လူငယ်တစ်ယောက်ကို တွေ့ရသည်။
လက်မှတ်စစ်က ၎င်းအနားရောက်သောအခါ လူငယ်၏ မျက်နှာသည် ကြောက်စိတ်ဖြင့်
ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ ၎င်းတွင်လည်း လက်မှတ်မရှိချေ….
“ခင်ဗျားဘယ်ကိုသွားမလို့လဲ”
“ကျွန်တော်က သတို့သားပါ” ဟု လူငယ်က တိုးတိုးလေး.. ပြောသည်။…

ပြောထားလေ

နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို
ရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။

နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောကျင်္ား ၂ ယောက်နဲ့ မိန်းမ ၁ ယောက်
ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။

ပထမဆုံး ယောကျင်္ားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး
တစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ …။

ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငြင်းပါတယ် ..။

အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့
အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောကျင်္ားကို
ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ဝင်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲ
ပြန်ထွက်လာတယ်.. အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်
ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ ..
အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်

ဆိတ်ငြိမ်ရပ်ကွက်

အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
“အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..
တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ”
“အင်မတန်တိတ်ဆိတ်တာပေ့ါ.. ဒီနှစ်ထဲမှာ အိမ်ငါအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး..”

အတွေးကိုယ်စီ

အိပ်ခန်းထဲတွင်ဖြစ်သည်။ အိပ်ပျော်စပြုရင်း.. မိန်းမ၏မျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။
“မနက်ဖြန် ငါတို့လက်ထက်တဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့ပဲ..
မနက်ကျရင်ယောက်ျားဆီက လက်ဆောင်တစ်ခုခု ရတော့မှာပဲ..” ဟုတွေးသည်။

ဘေးတွေလှဲနေသော ယောက်ျားကလည်း သူ့အတွေးနှင့်သူဖြစ်သည်။
“လွန်ခဲ့သော ၁၅ နှစ်ကသာ ဒီမိန်းမကို ငါလည်ပင်းညှစ်သတ်ခဲ့ရင် မနက်ဖြန်ဆို လွတ်ပြီ။”

ဖြစ်နိုင်ရင် မဆိုပါနဲ့

ကလေးက တော်တော်နဲ့ မအိပ်နိုင်သည်နှင့် မိန်းမက ယောက်ျားကို ပြောသည်။
“ကျွန်မ သီချင်းတစ်ပုဒ်လောက် ဆိုပြလိုက်မှထင်တယ်..”
“မင်းကလဲကွာ၊ ချက်ချင်းကြီး ဒီလိုမလုပ်ပါနဲ့.. ပထမ သူ့ကို ချော့ကြည့်ပါဦး..”

ဒီနာမည်

မိန်းမလုပ်သူက ယောကျင်္ားရဲ့ပါးကို ဖြန်းကခဲ ပိတ်ရိုက်လိုက်တယ်..။
ယောကျင်္ားက ဘာလို့ရိုက်တာလဲလို့ ဒေါသနဲ့ ပြန်မေးတယ် ..
ရှင့်အကျီင်္အိတ်ကပ်ထဲမှာ ကေသီ ဆိုတဲ့ မိန်းမနာမည်ကိုတွေ့လို့
မိန်းမလုပ်သူက ပြန်ပြောတယ်..
ဟာ.. ဒါ ငါလောင်းထားတဲ့ မြင်းမ နာမည်ကွ လို့ ယောကျင်္ားလုပ်သူက မိန်းမ ကို
ပြန်ချော့တယ် ..။
နောက်တနေ့ မိန်းမက ယောကျင်္ားကို ပါးရိုက်ပြန်တယ်.. ။
ဘာလို့ရိုက်တာလဲလို့ မေးတော့ ..
ညက ရှင့် မြင်းက ဖုန်းဆက်လို့ တဲ့

ကစားမယ်

ချာတိတ်လေးက ချာတိတ်မလေးကို ပြောသည်။
နင်နဲ့ငါနဲ့ တိရစာ္ဆန်ရုံလုပ်တမ်း ကစားကြရအောင်..
ကောင်းသားပဲ.. ဘယ်လို ကစားကြမလဲ
ငါက မျောက်လုပ်မယ်… နင်က ငါ စားဖို့ ငှက်ပျော်သီး ယူလာခဲ့…

စိတ်ကောင်းရှိသူ

နေရာတကာ စွာကျယ်ကျယ် ဝင်လုပ်နေသည့် ယောက္ခမကို ကိုဘမောင်
သည်းမခံနိုင်တော့သဖြင့် တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဖကို ဆွဲကိုင်ကာ
တိုက်ခန်းပြတင်းပေါက်၏ အပြင်ဘက်သို့ ထုတ်လိုက်သည်။
ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုဘမောင်
အကြားစကားပြောနေခန်းမှာ ဤသို့ဖြစ်သည်။

တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ်လိုက်တယ်ဆိုတာသိလား..
ဟင့်အင်း..
ယောက္ခမကို ကိုမြ ပုဆိန်နဲ့ ခုတ်သတ်လိုက်တယ်ဗျ.. အောက်ထပ်က ကိုအောင်မြ
သူ့ယောက္ခမကို ဘယ်လိုလုပ်သလဲသိလား..
ဟင့်အင်း..
သူ့ယောက္ခမကို ရေနစ်သတ်ပစ်လိုက်တယ်.. အဲကျွန်တော်ကတော့
စိတ်ကောင်းရှိတဲ့သူ.. ဒါကြောင့် အန်တီ့ကို ကျွန်တော် လွှတ်ပေးလိုက်မယ်..
ကိုင်း.. သွားပေတော့..

အသက်ပိုရှည်ရတဲ့အကြောင်း

မေး – မိန်းမတွေက ယောကျင်္ားတွေထက် ဘာလို့ အသက်ပိုရှည်တာလဲ ။
ဖြေ – သူတို့က မိန်းမမှ မရဘူးတာ ။

အကြံကောင်း

တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်
“ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ”

“အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်” ရဲစခန်းမှ ပြန်ပြောသည်။
နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။
ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

“ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား”
“အေး ခွဲသွားတယ်ကွ”
“အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်”…….

တော်သေးတာပေါ့

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ
မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

– ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက်
ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။

– တော်သေးတာပေါ့ … တခြား သုံးယောက်ကို မေးမသွားလို့…

ခွင့်လွတ်ပါ

၁၇-ရာစု အင်္ဂလန်နိုင်ငံ။ လေးမြားပစ်ပြိုင်ပွဲတွင်ဖြစ်သည်။
ပထမဦးဆုံး အပျံစားကုတ်အကျႌ အပျံစားဘောင်းဘီဝတ်ထားသော လူချောတစ်ယောက်
ထွက်လာပြီး ပစ်သည်။ မြားသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းထိပ်တွင် တင်ထားသော
ပန်းသီးကိုမှန်သည်။ ပရိသတ်များ တစ်ခဲနက် ဩဘာပေးကြသည်။ လူချောကပြောသည်။

“I am Robin Hood”

ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသည်။
သားရေဂျာကင်၊ သားရေဘောင်းဘီရှည်ကို ဝတ်ထားသည်။ ၎င်းက ပန်းသီးကိုချိန်ပြီး
မြားကိုလွှတ်လိုက်သည်။ ပန်းသီးထက်ခြမ်းကွဲသွားသည်။ ပရိသတ်များ
သောင်းသောင်းဖြဖြ အားပေးကြသည်။ လူငယ်ကပြောသည်။

“I am Willghelm Telle”

ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ပျံ့နှံ့သွားသည်။
ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။ ကျပ်တင်းနေသော
ကုတ်အကျႌနှင့် ဘောင်းဘီတိုကို ဝတ်ထားသည်။ ကြီးမားလှသော လေးကို
ယူလိုက်ပြီး ချွန်ထက်သည့် စို့ချောင်းဖြစ်ပစ်စည်။ စို့ချောင်းသည်
ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို ဖြတ်ဖောက်ထွက်သွားသည်။
ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ မကြားရဘဲ
တိတ်ဆိတ်နေသည်။ထိုဗလကြီးကပြောသည်။

“I am SORRY”

ကြုံ…ကြုံဖူးးပါဘူးဗျာ..

တစ်ခါကမြို့ငယ်လေးတစ်မြို့မှာသူငယ်ချင်းနှစ်ယောက်ခေါင်ရည်သောက်ရင်း
ဆေးလိပ်ဖွာချင်လာတာကြောင့် ဆေးလိပ်မှာပါတယ်။ဆိုင်ကဆေးလိပ်လာချပါတယ်။
သောက်မလို့လုပ်တော့မှမီးခြစ်ပါမလာတာကြောင့်ဘေးဝိုင်းကသူကိုမီးခြစ်ငှားတယ်။
” အစ်ကို မီးခြစ်ပါလားခင်ဗျ”ဆိုတော့
ဘေးဝိုင်းကသူကမီးခြစ်ထုတ်ပေးရင်း “ညီလေးဆေးလိပ်ပါလား”တဲ့။

သဘာဝပေကိုး..

“အဘွား.. အဘွားရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေရတာလဲဟင်. ”
“ကောင်းကောင်းမြင်ရအောင်လို့ပေါ့..”
“အဘွားရဲ့ နားရွက်တွေကကော ဘာဖြစ်လို့ အကြီးကြီးဖြစ်နေရတာလဲဟင်…”
“ကောင်းကောင်းကြားရအောင်လို့ပေါ့ကွယ်..”
“ဒါဆို နှာခေါင်းကကော.. ဘာဖြစ်လို့ ဒီလောက်အရှည်ကြီး ဖြစ်နေရတာလဲဟင်.. ”
“ငါတို့ဟာ ဆင်တွေမဟုတ်လား.. ငါ့မြေးရယ်..”

သူခိုးဖမ်းစက်

ဂျပန်နိုင်ငံတွင် နောက်ဆုံးပေါ် သူခိုးဖမ်းစက်ရုပ် တစ်ခုကို တီထွင်လိုက်သည်။
ဂျပန်နိုင်ငံတွင် ငါးမိနစ်အတွင်း သူခိုးတစ်ရာကို စက်ရုပ်က ဖမ်းပေးသည်။
အမေရိကန်နိုင်ငံတွင် ငါးမိနစ်အတွင်း သူခိုး နှစ်ရာကို စက်ရုပ်က ဖမ်းပေးသည်။
ရုရားနိုင်ငံတွင် ငါးမိနစ်အတွင်း စက်ရုပ်ကို သူခိုးခိုးသွားသည်