ရာဇသတ်ကြီး ပုဒ်မများ

anyartharJune 14, 20101min490

ပုဒ်မ (၁)
ပိုးပန်းသူများသော အမျိုးသမီးများသည် မိမိနှစ်သက်ရာ
တစ်ဦးတစ်ယောက်ကို ရွေးချယ်ပြီး
ကျန်သောယောက်ျားလေးများအား
လိုအပ်နေသောသူများထံသို့
လွှဲပြောင်းပေးရမည်။

ပုဒ်မ (၂)
ပူအိုက်သောရာသီတွင်
ရင်စေ့၊ လက်ရှည်၊ ထမီနှင့်
လုံအောင်ဖုံးထားသော အမျိုးသမီးများအား
“သဘာဝအလှတရားကို အံတုသူများ” အဖြစ် အရေးယူရမည်။

ပုဒ်မ (၃/က)
ယောက်ျားတို့ကို ဂရုမစိုက်သော အမျိုးသမီးများအား
“ဒုက္ခရောက်နေသူကို လျစ်လျူရှုမှု” ဖြင့်လည်းကောင်း၊

ပုဒ်မ (၃/ခ)
ချစ်စဖွယ်စကားဆိုပြီး
ညာညာခိုင်းတတ်သော အမျိုးသမီးများအား
“လုပ်အားခ မပေးဘဲ စေခိုင်းမှု” ဖြင့်လည်းကောင်း၊

ပုဒ်မ (၃/ဂ)
ချစ်သူရှိသော အမျိုးသားတစ်ဦးကို
အခြားအမျိုးသမီးတစ်ဦးမှ
ချစ်စဖွယ်အမူအယာများဖြင့် ချဉ်းကပ်သိမ်းသွင်းခြင်းကို
“နွားခိုးမှု” ဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ (၄/က)
မိဘချင်း ရင်းနှီးမှုကို အသုံးချ၍
ချဉ်းကပ်လာသော အမျိုးသားများအား
“ယုံကြည်မှုအား အလွဲသုံးစားပြုမှု” ဖြင့်လည်းကောင်း၊

ပုဒ်မ (၄/ခ)
ရည်းစားထည်လဲတွဲတတ်သူများအား
“ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားပြုမှု” ဖြင့်လည်းကောင်း အရေးယူမည်။

ပုဒ်မ (၅/က)
အိမ်ထောင်ရှိမိန်းမတို့ကို ပိုးပန်းသူယောက်ျားများအား
“တားမြစ်နယ်မြေတွင် အမဲလိုက်မှု” ဖြင့် အရေးယူမည်။

ပုဒ်မ (၅/ခ)
သူတစ်ပါး၏ယောက်ျားနှင့် ပေါင်းသင်းနေထိုင်သူ
အမျိုးသမီးများအား
“မီတာဘောက်စ် မထားဘဲ လျှပ်စစ်ဓါတ်အားကို ခိုးယူသုံးစွဲမှု” ဖြင့် အရေးယူမည်။

ပုဒ်မ (၆)
အသက် (၂၅) နှစ်ပြည့်သူ အမျိုးသား၊ အမျိုးသမီးတိုင်း
အိမ်ထောင်မပြုရသေးလျှင်
“မိဘကို ဒုက္ခပေးသူ” အဖြစ် အရေးယူမည်။