ဗိုလ်ချုပ်ကျဆုံးသွားသော နေရာတွင် ဖယောင်းရုပ်တုပြတိုက် ပြုလုပ်မည်

ဟောင်းနွမ်းနေသော ဝန်ကြီးများရုံး အတွင်းပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားသောနေရာကို အင်္ဂလန်မှ မဒမ်းတူးဆော့ကဲ့သို့ ဖယောင်းရုပ်တုပြတိုက် ပြုလုပ်သွားရန် ကုမ္ပဏီတစ်ခုအား လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ “ကျွန်တော်တို့ပစ်ထားတာလည်းကြာပြီ။ အခုတော့ ဒေါ်လဲ့ရည်စိုးတို့ ပါတဲ့အဖွဲ့၊ အနုပညာလုပ်တဲ့အဖွဲ့ ယာယီအားဖြင့် ဦးစားပေး ရွေးချယ်ထားပါတယ်။ ဗိုလ်ချုပ်ကျဆုံးသွားတဲ့နေရာကို အင်္ဂလန်က မဒမ်တူးဆော့လို ဖယောင်းရုပ်နဲ့ လုပ်သွားမှာပါ” ဟု ဝန်ကြီးက ဧပြီလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုခန်းမ၌ မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ အဆိုပါ အတွင်းဝန်ရုံးဟောင်း (ဝန်ကြီးများရုံး) ကိုလုပ်ပိုင်ခွင့် လျှောက်ထားသောအဖွဲ့ ငါးဖွဲ့ရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရေ ွှ( ဇေကမာ္ဘကုမ္ပဏီ) လည်း ပါဝင်ကြောင်း၊ အလားတူ ပန်းဆိုးတန်းလမ်းမဘေးရှိ ဗဟိုတရားရုံးဟောင်းအား ဦးသိန်းထွန်း၏ ကုမ္ပဏီမှ ပြုပြင်မွမ်းမံခွင့် ရရှိထားကြောင်း ၎င်းထံမှ သိရသည်။ “တရားရုံး (ဟိုက်ကုတ်) မှာ တရားခွင်တွေ ပန်းချီပြခန်းတွေ၊ စာကြည့်တိုက်တွေ ထားသွားမယ်။ တရားရုံးကလည်း ရှိနေမယ်” ဟု ဝန်ကြီးက ထပ်လောင်းဆိုသည်။ အဆိုပါ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ် အရပ်ရပ်ကို နိုင်ငံတော်သမ္မတထံမှ တစ်ဆင့်လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။  ကျွန်တော်တို့ အမြတ်ရအောင် လုပ်တာမဟုတ်ပါဘူး။ ထိန်းသိမ်းဖို့ပါ” ဟု ဝန်ကြီးက ဆက်လက်ပြောသည်။ အဆိုပါ အဆောက်အအုံဟောင်းများ ပြုပြင်မွမ်းမံရာတွင် ယူနက်စကိုမှ ပညာရှင်အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • water-melon

    May 3, 2012 at 5:19 pm

    ဂယ်လားဟင်
    ဖွင့်ရင်တော့လာကြည့်ရမယ်

Leave a Reply