1 ဒီမြင်းလှည်းလေးက အောင်ပန်း ဘူတာရုံနားက ဈေးလေးကို သွားမှာလေ

2 အောင်ပန်းမြို့ ကမြင်းလှည်းဂိတ်ကလေး

3 ဈေးရောင်းဘို့မနက်စောစောသွားတဲ့ ပအိုဝ်တိုင်းရင်းသူ

 

4 အောင်ပန်းဈေးထဲသွားတော့ ရောင်းဘု့ိချထားတဲ့သစ်ခွပန်းအုံ

5 ဒါကလဲ သစ်ခွပန်းခိုင်လေးပါဘဲ ရောင်းဘို့ ချိတ်ထားတာ

 

6 ရောင်းဘို့ချိတ်ထားတဲ့ သစ်ခွပန်းခိုင်လေးပါ

 

7 ဝယ်ပါအုံးလား ရှမ်းပဲပုတ်.....................

 

8 ရောင်းတော့ရောင်းနေတာဘဲ ဘာတွေရောင်းလဲတော့မသိဘူးနော်

9 ဧည့်သည်ဈေးသည် ဆိုတော့ မြေကြီးပေါါ်မှာထိုင်ရောင်း နေပူလဲ ပူပေ့စေတော့

 

10 ရှိတာလေးလာရောင်းတဲ့ တိုင်းရင်းသူ ဈေးသည်လေးတွေ

11 ညည်းဈေးဦးပေါက်ပြီလား.........................

 

12 သေချာထုပ်ပေးမယ်နော်...................

13 ဆိုင်မရှိတော့လည်းသူများဆိုင်ရှေ့ တောင်းပန်ပြီးထွက်ရတာပေါ့

14 မလုံပေမယ့် အပူတော့ နည်းနည်းသက်သာတာပေါ့နော်

 

15 ဝယ်ပါအုံးရှင့် ........ငရုတ်သီးနီနီရဲရဲ လှလှ

 

16 ရောင်းသူဝယ်သူ အသံတူ

17 အဝေးပြေးကားဂိတ်နားက ဈေးသည်လေးတွေ

18 စားအုံးမလားဗျ ပေါက်စီပူပူနွေးနွေး

19 ငရုတ်သီးအပွတောင့်တွေလိုက်ရောင်းတဲ့သူ.....................

“တောင်ပေါ်သားတို့ရဲ့အောင်ပန်းမြို့ကဈေးကလေး………………..”

 

 

ကျနော်အောင်ပန်းမြို့ကို 26ရက်နေ့ညနေရောက်ပါတယ်။

ရောက်တဲ့နေ့ညနေကတော့ ဈေးနားမှာရှိတဲ့လက်ဖက်ရည်ဆိုင်ကိုရောက်ပါတယ်။

ညနေမှာတော့ ဈေးက သိပ်မစည်ပါဘူး။

နောက်နေ့မနက်ကျနော် လမ်းလျောက်ထွက်တဲ့အခါ မြို့အနောက်ပိုင်းကို လျျောက်လာခဲ့ပါတယ်။

အောင်ပန်းဘူတာရုံရဲ့အနောက်ဖက်မှာရှိတဲ့ဈေးကို ဈေးလေးလို့ခေါ်ပါတယ်။

ကျနော်လမ်းလျောက်ထွက်တဲ့ မနက်ဝေလီဝေလင်းမှာ ဈေးရောင်းသွားကြမယ့်ဈေးသည်လေးတွေကိုတွေ့ရပါတယ်။

ကုန်သွားတိုက်မယ့် မြင်းလှည်းလေးတွေလည်းမြင်ရပါတယ်။

မြင်းလှည်းဂိတ်ကတော့ ဈေးကြီးကိုသွားတဲ့လမ်းမှာတွေ့ခဲ့ရပါတယ်၊

ဈေးကြီးကတော့ အောင်ပန်း-ပင်းတယလမ်းရဲ့အပေါ်ဘက် တောင်ကုန်းလေးပေါ်မှာရှိတာပါ။

ကျနော်ရောက်တဲ့ရက်က တော့ ဈေးနေ့ဖြစ်နေတော့ဈေးထဲမှာ တိုင်းရင်းသားဈေးသည်လေးတွေ

အများကြီးတွေ့ခဲ့ရပါတယ်။

ကျနော်လဲ အားပါးတရလက်ဆော့တော့တာပေါ့။

ကျနော်ဓါတ်ပုံရိုက်တဲ့အခါမှာ မသိအောင်ရို်က်တာများပါတယ်။

သိသွားရင် သဘာဝကျတဲ့ပုံမရဘဲရှက်ကိုးရှက်ကန်းဖြစ်နေတတ်ကြလို့ပါ.။

နောက် သစ်ခွပန်းရောင်းတဲ့သူကိုလဲမြင်ခဲ့ရပါတယ်။

နောက်ပြန်ခါနီးရက်မှာတာ့ ဈေးတန်းလေးဖြစ်နေတဲ့ ကားရပ်နားစခန်းနားမှာရှိတဲ့ဈေးသည်လေးတွေကိုလည်း

မှတ်တမ်းတင်ခဲ့လက်ဆော့ခဲ့ပါသေးတယ်။

လှတာမလှတာ အပထားသူတို့လေးတွေဘာရောင်းနေကြတယ်ဆိုတာ သိအောင်တင်ပြပေးလိုက်ပါတယ.်။

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(21-5-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။