အချစ်တွေရင်မှာစုပြီး
အလွမ်းတွေ….
မြေသို့တိုင် ကြွေမကြသေးခင်
နင့်အတွက်နဲ့….
ငါ့ရင်ဘက်ထဲက အချစ်တွေ
စိမ်းလန်းသွားချင်တယ်

ဆုံတွေ့ခွင့်ဆိုတဲ့ အချိန်က
ခဏလေးရယ်ပါ…
အဲ့ဒီခဏတာ အချိန်လေးမှာပဲ
နင့်အတွက်….
အေးချမ်းမူတွေကို ပေးသွားမှာပါ

ငါ့ရဲ့ ဒီရင်ဘက်အစုံက…
တစ်ယောက်သောသူ မင်းကိုသာ
နားခိုခွင့်ပေးမှာပါ….

စိတ်ချ….
မင်းမကြိုက်တာ တစ်ခုမှမလုပ်ဘူး
မင်းနောက်ကွယ်မှာ..
ဇာတ်လမ်းအသစ် ကကြိုးအသစ်တွေနဲ့လည်း
မဖန်တီးထားဘူး…

သစ္စာတရားကို အလံထူပြီး
မင်းအတွက် အချစ်တွေကိုသာ
အချိန်ပြည့်ပေးဆပ်ချင်နေတဲ့သူပါ…

ငါရဲ့ စိတ်ကူးရင်ပြင်လေးထဲမှာ
နင့်အတွက်….
အိပ်မက်နန်းတော်လေးတစ်ခု
တည်ဆောက်ပေးထားတယ်….

နင်နှစ်သက်မြတ်နိုးတဲ့…
နှင်းဆီပန်းခင်း ဥယျာဉ်တစ်ခုကိုလည်း
ပျိုးပေးထားတယ်…

ကိန္နရီကိန္နရာ မောင်နှံနှစ်ဦးပျော်တဲ့
ရေအိုင်ငယ်လေး တစ်ခုကိုလည်း
နင့်အတွက် ဖန်တီးပေးထားတယ်…

ငါ့ နင့်အတွက်နဲ့ ……
ပေးဆပ်ခဲ့တာတွေ များနေခဲ့ပါပြီ

ဒီတစ်ခေါက်….
နင်နဲ့ ပြန်ဆုံတွေတဲ့ အခါကျ
ငါ့ဘက်က အလိုချင်ဆုံး
တစ်ခုတည်းအရာကိုသာ
တောင်းဆိုမူပြုမှာပါ….

အဲ့ဒါကတော့….
နင်ငါ့ကို ဘယ်တော့မှ
မမုန်းပါဘူးဆိုတဲ့ စကားလေးတစ်ခွန်းကိုပဲ
ငါ အပိုင်ယူသိမ်းထားခဲ့ချင်တာပါ….

ရဲငြိမ်း(အတွေးသစ်) ရဲ့ ကဗျာလေးပါ

အရင့်ရောင်

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..