အိုး ချစ်သူ…..

ဦးကြီးမိုက်လို ကြီးမှမမိုက်ပေမဲ့

မင်း အချစ်အတွက် ကိုယ်မိုက်ပါ့ရစေ

ကိုအရင့်ရောင်လို အရောင်မရှိပေမဲ့

ကိုယ့်အချစ်က ဖြူစင်ပါတယ်

ထားဝယ်သားလို တကယ်ချစ်

သူကြီးခိုင်လို အပြီးကိုင်

ကိုရွှေတိုက်လို အချောင်နှိုက်ချင်ပေမဲ့

ညလေးလို တကယ်ဝေးရရင်

ကိုယ်ရူးလောက်တယ်

ကိုဗိုက်ကလေးလို မူးမှချစ်တယ်လို့

ပြောတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူးကွယ်

အံဇာတုံးလို မျက်နှာလည်းမများတတ်ပါ

မင်းတစ်ယောက်သာ မောင့်ရုပ်လွှာ

ကိုယ့် အချစ်က ဦးကြောင်ကြီးလို

ရူးရူးကြောင်ကြောင် မဟုတ်ပါ

ကိုဘလက်ချောလို အပြတ်မပြောတတ်ပေမဲ့

မင်းအတွက်နဲ့

ကိုမှော်ဆရာလို ကောင်းကင်တာဝါတိုင်ပေါ် တက်ရတက်ရ

လေးပေါက်လို ကိုယ့်အချစ်က စနက်ရှော့မဟုတ်ပါ

နောက်ဆုံးတော့ ကိုယ်စွယ်တော်ရွက်လို့

နှစ်လွှာပေါင်းမှ တစ်ဘဝပါ

အချစ်ရေ….

 

စဉ်းစားမိသလောက် ရေးထားတာပါ အကြံပြန်ရရင် ထပ်ရေးပါအုန်းမယ်

 

 

 

 

 

 

 

 

 

About water-melon

has written 29 post in this Website..

ပျော်တယ် အရမ်းပျော်တယ် ပျော်လိုက်တာ ပိုးစိုးပက်စက်ပျော်တယ် ပျော်လွန်းလို့ လေမှာပျံဝဲနေသည့် အလား ခံစားရတယ် ဘဝဆိုတာ နေတတ်ရင် ပျော်စရာကြီးပါ အရမ်းပျော်ပါတယ်