မရှိတာထက်…မသိတာက ခက်တယ်။ မသိတာထက်..မသိချင်တာက ပိုခက် တယ်။ မသိချင်တာထက် …သိချင်ယောင်ဆောင်သူက အခက်ဆုံးတဲ့။ အကြံပေးအရာရှိဆိုသူကတော့ သတင်းစာရှင်းလင်းပွဲမှာ…။
မီးကိစ္စအဆင်ပြေအောင်..ကိုယ့်အိမ်ထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မီးပိတ် နေလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်တဲ့…ကဲဟုတ်ဘူးလား….ဘာခက်လဲ။ နောက် မိုးရွာတော့မှာမို့ မကြာခင် အားလုံးအဆင်ပြေသွားမှာတဲ့။ ဒါလဲ ဟုတ်ဘူးလား…. သိပ်မကြာခင်ပါဆို…..ဒါလေးမှ မစောင့်နိုင်ကြဘူးလား။ မသကာ….လေးငါးနှစ်ပေါ့။။။။ ဟီး စတာ..အဲဒီ စကားတွေကတော့ မကောင်းပါဘူး။ မစဉ်းစားပဲ ပြောလိုက်သလိုလဲ ဖြစ်သွားတယ်။ နောက်ကချော်ကချက်ပြောင် လိုက်သလိုလဲ ဖြစ်သွားတယ်။ ဒါပေမယ့်လဲ မမှားသောရှေ့နေ..မသေသော ဆေးသမားမရှိဆိုသလိုပေါ့။ တခါမှားတာကို အပြစ်တွေအများကြီးပွားနေကြမယ်ဆိုရင်လဲ “အာဃာတတွေပွားနေရင်..အာဃာတတွေပဲ များမှာပဲ။ မကောင်းတာတွေ များတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး”
ပြောခဲ့တဲ့ပုဂ္ဂိုလ်အနေနဲ့လဲ…သမ္မတကြီးရဲ့အကြံပေးဆိုတဲ့ နာမည်နဲ့လိုက်အောင် အသိကြီးဖို့..သဘောထားကြီးဖို့…အမျှော်အမြင်ကြီးဖို တွေလိုအပ်ပါတယ်။ ကိုယ်မှားတာကို မှားမှန်းသိရင်…လူတော်ပါပဲ။ မှားတာကို မှားပါတယ်လို့ဝန်ခံရဲတာကလဲ သူတော်ကောင်းစိတ်ဓာတ်ပါ။ ဒါကြောင့် ကိုယ့်ကြောင့် သမ္မတကြီးရော နိုင်ငံတော်ရော မထိခိုင်အောင်..ပြည်သူကို တောင်ပန်လိုက်ရင် ကောင်းမှာလို့မြင်မိပါတယ်။
နောက်ပြည်သူတွေအနေနဲ့လဲ…မီးမရလို့ လူ့အခွင့်အရေးဆုံးရှုံးတယ်လို့ မြင်ပြီး ဆန္ဒပြ တောင်းဆိုတာလဲ တောင်းဆိုကြပေါ့။ ဒါ လူ့အခွင့် အရေး ပဲ။တောင်းဆိုရမှာပေါ့။ ဒါပေမယ့် မလွန်စေချင်ဘူး။ တပတ်တခါလို…နှစ်ပတ်တခါလို..အေးအေးဆေးဆေးလေး အုပ်ချုပ်သူကို သတိရစေရုံလေး တောင်းဆိုကြရင် ပိုကောင်းမယ်လို့ ထင်မိပါတယ်။ အုပ်ချုပ်သူတွေကလဲ..ဆန္ဒပြတောင်းဆိုသူတွေကို ဖမ်းဆီးတာ ငေါက်တာ ချုပ်တာ ရိုက်နှက်တာတွေ မလုပ်ပဲ.. အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် စိတ်ရှည်လက်ရှည် လေးသည်းခံပြီး ဆန္ဒပြသူတွေကိုပင် စောက်ရှောက်ပေးရင် ပိုကောင်းမယ်လို့ထင်ပါတယ်။
ဒါမှ တစ်ဦးနဲ့တစ်ဦးမေတ္တာတွေပွားလာမှာပါ။ ဆန္ဒပြတဲ့လူတွေထဲမှာ ဆဲသူတွေ ဆူသူတွေ ဖျက်ဆီးသူတွေ ပါလာခဲ့ပြီဆိုရင်လဲ အုပ်ချုပ်သူတွေ အနေနဲ့က ဆန္ဒပြသူတွေကို အေးအေးဆေးဆေးပြစေချင်တဲ့စိတ်နဲ့ အဲဒီ ဆဲ ဆို..ဖျက်ဆီးသူတွေကို ခေတ္တခဏ ထိမ်းထားတာမျိုးလုပ်ပေးသင့်ပါတယ်။ ဆန္ဒပြလို့ ဖမ်းတာမျိုးမဟုတ်ပဲ..ဆန္ဒပြသူတွေကို လမ်းမှာရောက်မသွားစေဖို့ အနှောက် အယှက်မဖြစ်စေဖို့ ကူညီတဲ့သဘောမျိုးနဲ့ပဲ ဖြစ်စေရမှာပါ။ အဲဒီလို ပြည်သူနဲ့ အုပ်ချုပ်သူ ကြည်ဖြူပြီး ကူညီကြမှသာ မေတ္တာတွေပွားလာကြမယ်။ မေတ္တာတွေပွားမှ မေတ္တာတွေ များလာမယ်။ ယုံကြည်မှုတွေ ရှိလာမယ်။ ယုံကြည်မှုတွေ ရှိလာပြီး..တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေခိုင်မာ လာပြီဆိုရင် တော့ အောင်မြင်တော့တာပါပဲ။
အဲဒီလိုမဟုတ်ကြပဲ..နေ့စဉ်ဆန္ဒပြတောင်ဆိုကြမယ်ဆိုရင် အလုပ်ပျက်တာ တွေ..လူပမ်းတာတွေ..ဒီအထဲမှာ ထိမ်းမရတာတွေ…အဖျက်သမား ဂျလေဘီမျိုးတွေဝင်လာကြမယ်….ဆူပူမှုတွေဖြစ်လာကြရင် စိုးရိမ်ရတဲ့ အနေ အထားဖြစ်လာနိုင်ပါတယ်။ ဒါကိုလဲ…စိုးရိမ်မိပါတယ်။ ခဲမှန်ဖူးတဲ့ စာသူငယ်မျိုးနဲ့….အခါခါ သေခဲ့ဖူးတဲ့ပြည်သူတွေအနေနဲ့ ပျဉ်ဖိုးတော့ နာလည်ရုံမကဘဲ..ပါမောက္ခဆရာကြီးတောင်ဖြစ်နေသင့်ပြီဆိုတာ မမေ့ကြစေ လိုပါ။
အုပ်ချုပ်သူတွေကလဲ စိတ်ရှည်ရှည်နဲ့ကို ဆန္ဒပြသူတွေကို သားသမီးတွေလို သဘောထားပြီး စောက်ရှောက်ပေးကြပါ။ လိုအပ်တာတွေကို အတတ်နိုင်ဆုံး အမြန်ဆုံး ဖြည့် ဆည်းပေးကြပါ။ မပြည့်သေးသမျှကာလပတ်လုံး ဖြည့်နေပါတယ် ဆိုတာ တွေကို နေ့စဉ်ပြောဆိုပြီး ကျေနပ်အောင် ထင်သာမြင်သာ ရှင်းပြနေစေချင်ပါတယ်ခင်ဗျာ…. ကျွန်တော်အဖြစ်စေချင်ဆုံးကတော့ ဆင်းရဲ ချင် ဆင်းရဲပါစေ… အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံသူ ကြည်ဖြူစွာနဲ့…..တစ်ဦးနဲ့တစ်ဦးလက် တွဲပြီး အခက်အခဲကို ကျော်လွှားနေတာတွေကိုမြင်ချင်ပါကြောင်း…
မီးလိုချင်သူ…ပြည်သူတွေကလဲ..မီးရချင်တဲ့စိတ်…မီးအပေါ်မှာ အုပ်ချုပ်သူတွေ သတိထားလာစေချင်တဲ့စိတ်နဲ့..ကိုယ့်ကိုရော…ပတ်ဝန်းကျင် ကိုရော..အနှောက်အယှက် အထိအခိုက်မရှိအောင် ဆန္ဒပြ တောင်းဆိုကြပါ။ (အညိုးတွေ အာဃာတတွေ အမုန်းတွေ..နဲ့ဆန္ဒမပြကြပါနဲ့)
အုပ်ချုပ်သူတွေကလဲ…ပြည်သူပိုင်ပစ္စည်းတွေ မပျက်စီးအောင်….ဆန္ဒပြ တောင်းဆိုသူတွေ..အေးအေးဆေးဆေးပြရအောင်…..ဘယ်သူ့ကိုမှ မထိခိုက်အောင် စောက်ရှောက်မှုပေးလို့…ပြည့်သူ့မေတ္တာ….ပြည်သူ့ယုံကြည်မှုကို ရရှိအောင် စောက်ရှောက် ထိမ်းသိမ်းပေးလိုက်ကြပါလို့…
ဘယ်လိုပဲ ဆိုးတဲ့အရာဖြစ်ပါစေ…အဲဒီဆိုးတဲ့အထဲမှာ ကောင်းတဲ့အရာဆိုတာလဲ ရှိတတ်ပါတယ်။ မြင်အောင်ကြည့်တတ်ကြဖို့….နဲ့…ရအောင်ဆွဲထုတ်တတ်ကြဖို့ပါပဲ။ ဆန္ဒပြတဲ့ အရှိန်ကြီး တနိုင်ငံလုံးလို..ပျံ့နှံ့ပြီးလာလို့ အရှိန်ကိုထိမ်းမရဖြစ်ခဲ့ ရင် …ကောင်းမလား…ဆိုးမလား..တော့ မစဉ်းစားတတ်သေးဘူး။ ဘယ်အရာမှာပဲဖြစ်ဖြစ် အရှိန်ဆိုတာတော့ ရှိတယ်။ အရှိန်လေးနဲ့ မောင်းနေရင်..သက်သာသလို အဆင်ပြေသလိုရှိပေမယ့်လဲ….အရှိန်မထိမ်း နိုင်ပြန်ရင်လဲ…အန္တရာယ်မကင်းဘူးဆိုတာလေးကိုတော့ဖြင့် ။သတိ ဆိုတာ ပိုတယ်မရှိဘူးလို့တော့ ပြောတာပဲ။
ဦးပေနဲ့ဦးဗိုက် ဟုတ်ပါတယ်နော်။ မှားရင်လဲ ပြင်ပေါ့ဗျာ။ ငတ်လို့ မဟုတ်ပေမယ့် တတ်လို့လဲတော့ သိပ်မဟုတ်ပါဘူး။

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..