မန်းဂေဇက် ဓါတ်ပုံပြပွဲ-၁ (ဈေးသည်) – မေလ-၂၀၁၂

ムラカミMay 27, 20127min1498164

[polldaddy poll=6264789]
=

1.

 

 

 

 

 

2.

 

 

3.

 

4.

 

5.

 

6.

 

 

7.

 

8.

 

9.

 

10.

 

11.

 

12.

 

13.

 

14.

 

15.

 

16.

 

17.

 

18.

 

19.

 

20

 

21

 

22.
23

 

နီးမှ ကပ်ပို့ကြလို့ …..

ပြောထားတဲ့ အချိန် ရောက်တာနဲ့ တန်းပြီး တင်လိုက်ကြောင်းပါဗျ…

(ဖိုတို အင်ဖော်မေးရှင်း ကိုတော့ ….ကျနော် update လုပ်ပေးပါ့မယ်. …စောင့်နေတယ် ကြည့်နေကြတယ် ကြားလို့ … နံပါတ်အတိုင်း  အရင်ဆုံး ရှုစား အားပေးကြပါလို့…)

ဒီရွာရဲ့ ဒါ့ပုံပညာ အဆင့်အတန်း လုံးဝ မနိမ့်ဘူးဆိုတာ သိရလို့ …

ဝမ်းမြောက်ဂုဏ်ယူစွာ အားပေးရင်း…

 

 

 

ဖွန်ကြောင်ရင်း တင်လိုက်တာ ၁ပုံကျန်သွားပါတယ်..

ပြန်ဖြည့်လိုက်ပါဘီ

ပုံ ၂၃ ပါ…

 

ဆောရီးပါ

အမိုက်မဲလေးမို့ နားလည် ခွင့်လွှတ်ပေးဂျဘာ …

 

ခင်တဲ့

ဂီ

 

 

 

 

164 comments

  • မှော်ဆရာ

    May 27, 2012 at 6:06 pm

    ၂၁ ပုံတောင်ပါလားဟေ့
    ပထမဆုံး ကွန်မန်းပေးပြီဗျို့
    သေချာကြည့်ပြီးမှ ဗုတ်တော့မယ်

  • Ch@vez

    May 27, 2012 at 6:08 pm

    မေ့လျော့ ကျကျန် ခဲ့တာ … မေးလ်မရောက်တာ ..
    အကုန် ပြန်ပီး ချက် ခ် နိုင်ရန်အတွက်
    သဂျီးနှင့် ခရထ-၂ ဆီလည်း …အီးမေးလ် ပါ့စ်ဝါ့ဒ် ပို့ပြီးဖြစ်…
    ပါ့စ် ဝါ့ဒ် ကို သဂျီး ရေလည် ကြွေနေ ဟု အတွင်းဇဂါး သိရ …
    😛

    ကျန်နေတဲ့ ဆြာ/ ဆြာမ ရှိရင် …မေးလ်ပို့ပြီး ပြောနိုင်ပါကြောင်း…

    ခင်တဲ့..
    ဂီ

  • တကယ်ကိုပြည့်စုံသော ဓါတ်ပုံတွေတက်လာပါသဗျာ။
    တကယ်ကို ဂုဏ်ယူစရာကောင်းသောရွာလေးပါဗျာ။
    ကဲ ဘယ်ပုံကို ကြိုက်တယ်ဆိုတာ ဘယ်လိုထောက်ခံပေးရမယ်ဆိုတာလေးတော့ ပြောပြပါအုံးဗျို့။

  • Mလုလင်

    May 27, 2012 at 6:17 pm

    အားရတယ်ဗျာ x 100

  • blackchaw

    May 27, 2012 at 6:19 pm

    ပုံ ၄ က ထူးထူးခြားခြားကြီးကို လှတယ်ဗျာ။
    ပုံ ၁၈ က ပန်းချီကားလေး တစ်ချပ် ကို ကြည့်ရသလိုပဲ…။
    ပုံ ၂၁ က သတင်းဓါတ်ပုံ ဆန်တယ်လို့ ထင်ပါတယ်…။
    လောလော ဆယ် ကြိုက်မိတာလေးတွေကို ပြောတာပါ။
    ပထမဆုံး ဓါတ်ပုံပြိုင်ပွဲ ၁ ကို စောစောစီးစီး အာပေးသွားပါတယ် ဂီဂီရေ…။

  • MaMa

    May 27, 2012 at 6:29 pm

    ပုံတွေကြည့်ပြီး ဈေးသည် ခေါင်းစဉ်ရဲ့ ကျယ်ပြန့်ပုံကို တွေ့ရလို့ ခေါင်းစဉ်ပေးတဲ့ ဆရာကိုလည်း ချီးကျူးမိပါရဲ့။ ဓာတ်ပုံရိုက်တဲ့ ဆရာများကိုလည်း ချီးကျူးမိပါတယ်။ ဘယ်ပုံကို ရွေးရမလဲတော့ မစဉ်းစားရသေးလို့ နောက်မှပဲ 😀

  • Diamond Key

    May 27, 2012 at 6:30 pm

    ပုံလေးတွေ ကတော့ အားရတယ်ဗျာ

  • ဗိုက်ကလေး

    May 27, 2012 at 6:39 pm

    နံပတ်ငါးက ခလေးတစ်သိုက်နဲ ့ ဓာတ်ပုံလေး ခိုက်သဗျား..

  • ရဲစည်

    May 27, 2012 at 6:40 pm

    အဲတရကြမ်းမန့်ရရင်ဖြင့်……………. 🙂
    (၃)မှာ ကျနော့်ပုံကို ဘယ်သူလာရိုက်သွားတုန်းသိချင်မိကြောင်း
    (၄)က အန်တီပဒုမ္မာ ငယ်ငယ်ကနှင့်တူကြောင်း (အလှူနေ့က ပန်းရောင်ဝတ်ထားလို့ 🙂 )
    (၅)မှာ လေးပေါက် ကလေးတွေကို ဂျုံရုပ်လေးတွေနဲ့စည်းရုံးနေကြောင်း(ဂျုံရုပ်တွေတောင် အန်းဂရီးဘထ်ပုံရနေပီ)
    (၁၀)နဲ့ (၁၆)မှာ လေးပေါက် လက်ရာဖြစ်နိူင်ကြောင်း
    (၁၂)မှာ မနောဖြူလေး လက်ရာဖြစ်နိူင်ကြောင်း
    (၁၃)က အနော်တို့ သဂျီးမင်းဖြစ်နိူင်ကြောင်း
    ပုံများအားလုံးလို ကောင်းပါတယ်ဗျာ မအားတဲ့ကြားက ရွာပွဲလေး စည်ပင်အောင်လို့ လုံ့လစိုက်ထားကြတာပါ လေးစားအားကျပါကြောင်း
    ပြပွဲဖြစ်မြောက်ရေး စီစဉ်သူ ဦးချစ်ရင်ထူး၂ တင်ပေးသူ အန်ကယ်အင်ဇာဂီ ကြီးကြပ်သူ ရွာဓာတ်ပုံ ဆရာတွေကိုလဲ ကျေးဇူးတင်ပါကြောင်း……….
    စကားချပ်.. ကျနော်လဲ ပြပွဲမှာ ဘရာကြော်သည်နေရာမှ ကိုယ်တိုင်သရုပ်ဆောင်ပြီး ဝင်ပြမလို့ ဒါတ်ပုံဆြာနဲ့ ဘရာကြော်ဗန်း ၅၀၀ဝနဲ့ ငှားပီးမှ ရွာထဲကလူတွေကို အားနာလို့ ပြပွဲမဝင်တော့ဘဲ အဆုံးခံလိုက်ပါကြောင်း…….. 🙂

  • MaMa

    May 27, 2012 at 7:13 pm

    သဂျီး poll တင်တော့မှပဲ ပေးတော့မယ် ဗျို့………..

  • ညလေး

    May 27, 2012 at 7:21 pm

    ဝါးဝေဝေဆာဆာကြီးပဲတော့်အားကြီးကြီးပေးသွားပါ၏့ ့ ့ ့ ့ ့ ့ ့ ့ ့ ပုံလေးကတော့ထိပ်ဆုံးကပဲဗျို့ ့ ့ ့ ့

  • weiwei

    May 27, 2012 at 7:50 pm

    ပုံတွေအားလုံးကြိုက်တယ် …
    poll တင်တော့မှပဲ အကြိုက်ဆုံးပုံကို ဗုတ်လိုက်မယ် …

  • htoosan

    May 27, 2012 at 8:49 pm

    Wow … Wow … wow !!!! ၂ဝ ကြိုက်မိပါကြောင်း

  • မောင်သုည

    May 27, 2012 at 9:09 pm

    ပုံ ၂ နဲ့ ပုံ ၁၈ ကိုကြိုက်ပါတယ်၊poll တင်တဲ့အခါမှ သေသေချာချာကြည့်ပြီး ဗုတ်ပါမယ်။
    အားလုံးကတော့ ရှယ်မှာရှိတယ်နော်…

  • aye.kk

    May 27, 2012 at 9:16 pm

    ပုံ ၄ ကိုအရမ်းနှစ်သက်မိပါတယ်..။။

  • TTNU

    May 27, 2012 at 9:45 pm

    ဓာတ်ပုံပညာဘာမတတ်ညာမသိ
    ကျမကြိုက်မိတာကတော့ ပုံ (၂) စာကုသိုလ်ဈေးသည်လေးနဲ့၊
    ပုံ(၁၅) စာလွှတ်ဈေးသည် တို့ပါပဲ။

  • pooch

    May 27, 2012 at 10:01 pm

    တီချယ်ရေ အတူတူပဲ အနော်လည်း ကြိုက်တာပဲ သိတယ်။ နားတော့မလည်ဘူး။

    အကုန်လုံးက တကယ့် ဘဝတွေကို ဖော်ကြူးထားတာမို့ အားလုံးကို ကြိုက်တယ်။
    ၂ ရယ် ၄ ရယ် ၁၈ ရယ်ပိုကြိုက်တယ်။

  • windtalker

    May 27, 2012 at 10:13 pm

    မြန်မာနိုင်ငံရဲ ့လှုပ်ရှားရုန်းကန်မှုကို ကိုယ်စားပြုတဲ့ ထီသည်လေး ပုံကို ကြိုက်မိပါတယ် ခင်ဗျား ။

  • marblecommet

    May 27, 2012 at 11:50 pm

    ကျနော်ဒို့က
    ဒါ့ပုံ တက်ခနီကွေး နဲ့တော့
    မကြည့်တတ်ဘူး….
    ခံစားမှုရသနဲ့ပဲကြည့်မယ်ဂျာ
    ဆိုတော့….
    ……..
    ကျနော်တို့မြန်မာအမျိုးသမီးများနဲ့
    တသားတည်းဖြစ်တဲ့ သနပ်ခါး…
    အမျိုးသမီးတစ်ယောက်သနပ်ခါးပါးကွက်ကျားလေးနဲ့ဆိုရင်
    ဖြူစင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ နှစ်လိုဖွယ်ရှိခြင်း၊ ရိုးသားခြင်း
    အစရှိတဲ့ဂုဏ်တွေနဲ့ ပြည့်နေပါတယ်….
    ………..
    ပုံ (11)ပါ သနပ်ခါးဈေးသည်လေးကတော့…
    အဆိုပါ ဂုဏ်ရည်နှစ်ခုကို ထပ်တူပြုထားတဲ့
    ကျနော့် ရူပကလေးပါ……
    …..
    ဈေးသည်ရဲ့ ဖြူစင်လွန်းခြင်းအပြုံးနဲ့…
    သနပ်ခါးရဲ့ ဂုဏ်ရည်ကြောင့်
    (11)အား အားပေးလိုက်ပါ၏……
    ခင်တဲ့….
    မောင်ကမ်း…..

    • surmi

      May 28, 2012 at 12:08 am

      သနပ်ခါး ဈေးသည် ကိုကြိုက်ပါတယ် ….သနပ်ခါးသည်ရဲ.မျက်နှာအမူအရာ အလွန်အသက်
      ဝင်ပါတယ် … ခက်တာက ရှေ.က ဖင်ကြီးက ဖျက်နေတယ် ။ အဲဒီဖင်ကြီးမပါရင်သိပ်ကောင်းမှာ ။

      • Mလုလင်

        May 28, 2012 at 12:26 am

        အဲ့ ဖင်ပိုင်ရှင် ထိုင်နေလိုက်ရင် . တော်တော် အဆင်ပြေ သွားမှာဗျ နော့ ..။

        • marblecommet

          May 28, 2012 at 1:11 am

          ခက်တာက အဲဒီ ဖင်မရှိရင်လည်း
          မိန်းမပျိုလေးဆီက အဲလို
          အပြုံးထွက်လာမှာမဟုတ်ဘူးဗျ
          သူမ ပြုံးဖို့အတွက်
          ဖင်ပိုင်ရှင်က တွန်းအားပြုနေတယ်လို့
          ယူဆပါကြောင်း…..

        • မှော်ဆရာ

          May 28, 2012 at 8:02 am

          အော် …
          ဖင်နေရာကျလား မကျလား
          လူသိရှင်ကြားကို ပယ်ပယ်နယ်နယ် ဝေဖန်နေကြပါလားနော် ….

  • marblecommet

    May 27, 2012 at 11:54 pm

    ကျန်ခဲ့လို့ဗျို့
    တက်လာသမျှ
    ပုံအားလုံးကိုလည်း
    ကြိုက်ပါတယ်ဗျား….

  • kai

    May 28, 2012 at 12:25 am

    Poll တင်လိုက်ပါတယ်..
    အောက်မှာ မှတ်ချက်ကလေးတွေနဲ့.. ဘာကိုဗုတ်လည်း ရေးပေးစေလိုကြောင်းပါနော..
    ဆိုတော့..
    ၁ က.. အားရပါးရပဲနော.. လက်နဲ့အသုတ်သုတ်နေတာ..။ စတီးဇလုံရယ်..။ ဦးထုတ်ဆောင်းထားတာတွေရယ်က.. စိတ်ထဲ အဆန်းဖြစ်မိတယ်..။

    ၂ က..စကားအရမ်းပြောနေတဲ့ ဓါတ်ပုံထင်မိတယ်..။ လွယ်အိပ်လွယ်ထားပုံရယ်..။ ဖိနပ်ချွတ်ထားပုံ။ ထမ်းပိုးမှာ အဝတ်ပါတ်ထားပုံ..။ ကြမ်းဘောင်စွန်းပဲ့နေပုံနဲ့..ရေအိုးတွေက. စကားပြောနေတယ်ပေါ့.။

    ၃ က ကာလားနော်.။ ဘားးးးရောင်းနေတယ်မသိရဘူး..။ ကာလားမိန်းမနော..။ လက်က်ကောက်ရှိဒယ်..။နားးးးဂပ်ရှိဒယ်။ မိန်းးးးမနဲ့တူဒါနော်..။ ဘားးးမှမရှိဘူးးးး။

    ၄ က လှတယ်ပဲပြောစရာရှိတယ်.။ ပါးကွက်နဲ့.. အကျအန..။ ဟင်းနော..။ မုန့်ပေးပြီး လုပ်ခိုင်းထားတဲ့ပုံစံ..

    ၅ က ကလေးတွေ အသက်ဝင်နေတယ်..။ သူတို့ပြောချင်တဲ့စကားကို ရုပ်နဲ့ပြနေသလိုပဲ..။
    ဪ.. အန်းဂရီးဘတ်က.. မြန်မာပြည်မှာ.. မုန့်လုံးရုပ်ဖြစ်နေပါပေါ့လား..။ သတင်း..သတင်း..

    ၆ က ညစ်ပါတ်စုတ်ရွဲ့နေတဲ့..အမိုးတွေနဲ့..ငြိမ်းချမ်းတဲ့ဈေးတန်းပေါ့.။ နိုင်ငံခြားသားတွေပုံပါနေတာ.. ဆန်းတယ်.။

    ရ က.. ပန်းဈေးသည်ပေါ့..။ တည့်တည့်ပဲ.. ပြောထားတဲ့ပုံပေါ့..။ ယူအက်စ်မှာဆို ဈေးကောင်းရမှာ..။

    ၈ က.. စကားပြောတဲ့ဓါတ်ပုံပေါ့..။ အမျိုးသမီးတယောက်ရောင်းတာ.. အမျိူူးသားကြီးတယောက်ဝယ်နေတာ..။ ငွေစက္ကူ။ ချိန်ခွင်၊ တက်တူးဝိုးတဝါး.. ဗန်း.. စတာတွေက.. ခေတ်စကားပြန်ပြ..ပြောပြနေတယ်ထင်မိတယ်..။ တကောင်..အဲ.. တကွက်ထဲပါပဲ.။ ခြင်္သေ့..အဲ.. ပွေးကွက်လိုပေါ့..။

    ၉က.. ဘယ်သူက ဘာတွေရောင်းနေလည်း မသည်းကွဲမိဘူး..။ ဖိနပ်တောင်မပါဘူးနော..။ ခရမ်းချဉ်သီးလိုလို.. ဘာလိုလိုနဲ့.. ဘာသီးလည်းဟင်င်င်…။

    ၁ဝ က တိုင်းရင်းသားဈေးသည်ပေါ့..။ ဟန်ကျလို့..။
    သူ့ပစ္စည်းတွေ.. မြေကြီးပေါ်ဒီအတိုင်းမထားပဲ.. အဆင့်ကလေးဖြစ်အောင် ခုထားတာ.. သဘောကျတယ်..။ သတင်းပုံလို့ထင်ရတယ်.။ နောက်မှာ..စေတီတွေ..အပုံလိုက်.. ချရောင်း..အဲ.. ဈေးခေါ်ပြထားတာပဲ..
    သံသရာ..ဝါသနာပါရင်.. ဝင်ပြီး.. လေတွေဝယ်လိုက်တဲ့..။

    ၁၁ သနပ်ခါးသည်က ..အသက်ဝင်တယ်..။ ဈေးဝယ်သူကလည်း အသက်ဝင်တယ်..။ သရက်သီးထဲ.. ဘာရှိတယ်.. နားထောင်နေသလားကွယ်..
    အရွက်တွေက.. ထိုးထိုးထောင်ထောင်..ယူအက်စ်မှာ.. ကြက်သားတဲ့.ဈေးကြိးတဲ့..ကန်ဇွန်းရွက်လား..။

    တဝက်မို့..တော်သေးပြီ.. နောက်တဝက်နောက်မှဆက်မယ်..။
    သတင်းသမားရှုထောင့်က.. ရေးတာပါ..။ ဓါတ်ပုံအကြောင်းအနေနဲ့က.. ဝေဖန်ဖို့.. အခုမှ စာတွေဖတ်တုံး…။
    အဲ.. လေ့လာရေးစီဒီပါမှာထားတာ.. ရောက်လာပြီ.. လူလစ်ရင် ဗီဒီယိုကိုတင်ပေးဦးမယ်..။ 🙂

    • Ch@vez

      May 28, 2012 at 6:30 am

      ပုံ.၉ က
      အိုက်ဒလာ ..နှင်းသီး လို့ခေါ်တယ်ခည

  • zarzarhtwe

    May 28, 2012 at 2:57 am

    ပုံတွေအားလုံးကြိုက်ပေမယ့် နံပတ်၂ပုံကိုအနှစ်သက်ဆုံးပါ(ဗုတ်ခဲ့ပါတယ်)

  • Khin Latt

    May 28, 2012 at 4:50 am

    ဓာတ်ပုံလေးတွေ အားလုံး အတွက် BIG CONGRATULATIONS! ပါ။
    သို့သော် တစ်ပုံ ဘဲ ရွေးရမှာမို့ ကိုယ့် အိုင်ဒီယာ နဲ့ တူမဲ့ ပုံကို ရွေးပါ့မယ်။
    လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုတာ ဒီမှာ တွေ့နိုင်ပါပြီ။

    “ဈေးသည်” ဆိုတာ “ဈေးဝယ်” သူ ရော ရောင်းကုန်ပါ ပါ ရင် ပိုပြီး တင့်တယ်မလား လို့ တွေးပါတယ်။
    ဒီတော့ (၁)၊ (၅)၊ (၈)၊ (၉)၊ (၁၁)၊ (၁၉) ကို စရွေးပါတယ်။
    အဲဒီ အထဲ မှာ (၁) နဲ့ (၁၉) က ဈေးသည် ကို ဦးတည်ထားတာ မဟုတ်တာမို့ ဖယ်လိုက်ပါမယ်။
    ကျန်တာ တွေကို ဆက်ကြည့်ရရင် ကိုယ်ဝယ်ချင်တဲ့ ဈေးသည် ရဲ့ ကြံအင်လက္ခဏာ မှာ ပြုံးပြုံးရွှင်ရွှင် နဲ့ ဝယ်သူ ကို ဂရုတစိုက် ရှိရင် ပိုကောင်းမလားဘဲ။
    ဒါကြောင့် ဈေးသည် နဲ့ ဈေးဝယ် အပေးအယူ မျှပုံ ရတဲ့ (၅) နဲ့ (၁၁) ကို ရွေးလိုက်ပါတယ်။
    ဒီမှာ ပြသနာက (၁၁) က ဈေးသည် ရဲ့ ပြုံးရွှင်တဲ့ မျက်နှာနဲ့ ဝယ်သူကို သနပ်ခါးတုံး ပြနေတာ သဘာဝကျပါတယ်။
    သို့ပင်သို့ညား အပေါ်က သကောင့်သား လေးများ မန့်ခဲ့သလို ပါဘဲ။
    ဝယ်သူရဲ့ ခန္တာက ဖျက်နေတယ်။ သူ့ ခေါင်းပါပါ ရင်တော်သေးရဲ့။
    ဓာတ်ပုံမှာ ဝယ်သူက ထိုင်လိုက်တဲ့ အနေအတားမျိုးသာရရင် အတော်လေး ပြည့်စုံ သဘာဝ ကျတဲ့ ပုံဖြစ်သွားမှာ။
    (၅) မှာလဲ အပြာရောင်ဝတ်စုံ နဲ့ ကိုယ်တော်လေး က ဈေးသည်ကြီး ဘက်ကို လှည့်ထားလိုက်ရင် ပိုကောင်းမှာ။
    ဒါပေမဲ့ ကျန်သော ဝယ်သူလေးတွေ က သူတို့ လိုတာပြောနေတာကို ဈေးသည်ကြီးက လုပ်ပေးနေတာရယ်၊
    ပုံကို ကြည့်လိုက်ရင် ဈေးသည်ကြီး နဲ့ သူ့ရောင်းကုန်တွေ မှာ focus ဝင်ခဲ့ လိုက်တာရယ်၊ မို့
    ပုံအမှတ် (၅) ကို ရွေးပြီး vote လိုက်ပါတယ်။ 🙂

    မဆီမဆိုင် အညံ့ဆုံးပုံကို ရွေးရရင် (၁၃) ပါ။
    ဈေးသည်အစား ရှေ့က မီးခိုးရောင် တီရှပ် နဲ့ လူကို focus လုပ်မိ၊ ဒုတိယအရေးကြီးဆုံး ရောင်းကုန် တွေကလဲ မြင်ကွင်းထဲ အကုန်ဝင်အောင်မပါ နဲ့။
    ဘယ်လိုများရိုက်ထားလဲ မသိ။
    မပြောချင်ပါဘူးအေ။ အဟိ။ 😉

  • nozomi

    May 28, 2012 at 9:07 am

    ကြည့်ရတာ ၁၃ က အရီးလတ် ပုံ ထင်ရဲ့

    ၈ နဲ့ ၁၈ အကြိုက်ဆုံးပါ

    • ရွာစားကျော်

      May 28, 2012 at 7:02 pm

      အရီးလတ် ဟုတ်ဝူးထင်တယ်
      ဟင့် ပေးလိုက်မယ်
      ဒစ္စနေးလန်းသွားတာတောင် ပုံကောင်းကောင်းမရခဲ့ဝူးလို့ ဒူလဲတိဝူး မန့်ဖူးသလိုဘဲ
      😛

      • အရီး Khin Latt

        May 29, 2012 at 3:56 am

        ထင်မှထင်ရက်ပါပေ့ မောင်နို ရယ်။ 🙁

        ဝုတ်ပ။ ဝုတ်ပ။ ရွာစားရေ။
        ကြည့်ရတာ သူ့ သမီးလေး လက်ဆော့ထားတာကို ယူတင်လိုက်ပုံရတယ်။ 😉

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 28, 2012 at 9:14 am

    သဂျီးနောက်ဝင်ဖေါသလိုတောင်ဖြစ်သွားတယ် 😀
    ပုံ ( ၂ ) ကလေးချိုးဘူး
    ကျောင်းနေတဲ့အရွယ် လူငယ်လေးရယ်
    အိပ်နေတာလား ငိုက်နေတာလားမသိတာရယ်
    အရှေ့မှာချထားတဲ့ ဝန်ထုပ် ( ဈေးရောင်းနေတာ ) ရယ်
    ဘီတွင်း သောက်ရေအိုးရယ် နှင့် ဘုရားဆင်းတုတော် ကြားမှာဖြစ်တာရယ်
    အဲ့သည်အနောက်မှာ ပုတီးစိပ်နေတဲ့ ဘိုးဒေါ်တစ်ယောက်ပါရှိလိုက်ရင် ပွဲပြတ်ပြီ
    ကျုပ်လည်း ရိုက်ထားတာတွေရှိတယ်
    ဒဂိုဒေါ်ဝမ်းမန်းချိုး ရုံသွင်းစားဘို့စီဇင်နေဒယ်
    ( ဓာတ်ပုံတွေကို ကြိုက်တဲ့အကြောင်းပြောကြတဲ့အခါ အဓိပ္ပါယ်သက်ရောက်မှု့လေးတွေကို
    ထုတ်နှုတ်ပြောပြကြဇေလိုဘာဂျောင်း )

  • ရွာစားကျော်

    May 28, 2012 at 9:26 am

    5 ကို ဗုတ်ပါတယ်ဗျို့..
    ကျနော်တို့ ငယ်ငယ် ကလေးဘဝကို ပြန် အမှတ်ရစေတဲ့ ပုံလေးလို့ ခံစားမိလို့ပါ..
    ၄၊ ၁၀၊ ၁၈ တို့ကိုလည်း ကြိုက်မိပါတယ်..

  • ကြောင်ဝတုတ်

    May 28, 2012 at 9:46 am

    နာလပိန်းတုံးမျက်စိနဲ့အကဲဖြတ်ပေးမယ်နော်….

    အမှတ်(၄)ပုံက ကာလာအစပ်အဟတ်ဟော Re-Touch ပါ ကိုက်ညီသွားလို့ တဒင်္ဂအမြင်မှာထင်းကနဲ့လှတဲ့ပုံလို့မြင်သွားပါတယ်…
    အမှန်အတိုင်းဝန်ခံရရင် အားလုံးသောဓာတ်ပုံတွေထဲမှာ ကျွန်တော်ကိုယ်တိုင်ခံစားလို့ရတဲ့ပုံဖြစ်တာကတစ်ကြောင်း
    မြန်မာမိန်းခလေးတစ်ယောက်ရဲ့ ရိုးရှင်းသောအလှကိုဖော်ပြတာဖြစ်ခြင်း
    မြန်မာ့သနပ်ခါးရဲ့ အရေးပါမှုကိုဖော်ပြရာရောက်ခြင်းတို့ကြောင့်ပါ…

    ဒါပေသည့် မော်ဒယ်လုပ်သူက Professional မဟုတ်တာမို့ လုပ်ရိုက်ကြီးရိုက်ထားတာကိုသိနေတဲ့အမူအရာ
    မျက်နှာမှာပေါ်နေတာကိုတော့ ခံစားလိုက်ရကြောင်း…
    ဘာပဲဖြစ်ဖြစ် လူပိန်းတစ်ယောက်နဲ့ ခပ်တုံးတုံးမျက်စိမှာ အမှတ်(၄)ကို စွဲကျန်နေသောကြောင့် ရဲရဲဝံ့ဝံ့ဗုဓ်လိုက်ကြောင်း

    ရဲရဲဝံ့ဝံ့ဗုဓ်သွားသူ-
    ကြောင်ဝတုတ်

    • Ch@vez

      May 28, 2012 at 9:49 am

      ရီတာ့ချ် ဆိုလို့ …
      ၅နာရီလောက် အချိန်ပေးရတဲ့ အလုပ်ကို
      ၁၅မိနစ်နဲ့ ကိစ္စပြတ်တဲ့နည်း တွေ့ထားတယ်.
      လိုချင်ရင် လက်တို့ပါ..
      :mrgreen:

      • မှော်ဆရာ

        May 28, 2012 at 10:39 am

        တို့တယ်ဗျို့ တို့တယ် …
        ဘယ်သူ့ကို တို့ရမလဲ
        AVATOR ကို တို့ရမလား

      • Nga Pein

        May 29, 2012 at 6:49 pm

        ကို Ch@vez,, ဓါတ်ပုံဘယ်လို post ရမှာလဲ?
        ကျနော်လည်းဝါသနာရှင်တယောက်ပါ..professional တော့မဟုတ်ဘူး…
        ပြန်ဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်..

  • Foreign Resident

    May 28, 2012 at 9:48 am

    ဓါတ်ပုံပညာကို နကန်းတစ်လုံးမှ နားမလည်တော့ ၊
    ခံစားချက် နှင့်ပဲ Vote ရတော့မှာပဲ ။

    ပုံ ( ၄ ) ကတော့ မေါ်ဒါယ် ငှားပြီးကို ရိုက်ထားတယ် ထင်တယ် ။

    အခု မ Vote သေးဘူး ။ အားလုံးကို သေသေချာချာ ကြည့်ဦးမှာ ။

  • ဗိုက်ကလေး

    May 28, 2012 at 9:55 am

    ဗုတ်တဲ့လူများ မိမိဘာကို ဗုတ်ကြောင်း ဗုတ်ရင်းနဲ ့ တစ်ခါထည်း ပြောစေချင်ပါရဲ့ဗျား
    ဘာလို ့လဲဆိုတော့ Browser ရှိသလောက် ဗုတ်နေလို ့ရလို ့ဖြစ်ပါတယ်
    Firefox,Chrome,Opera,Maxthon,Flock etc browsers, အစုံရှိလေ ရှိသလောက် ဗုတ်နိုင်လေမိုလို ့ပါ
    Time မဂ္ဂဇင်းက အယောက်တစ်ရာရွေးတာ ဒေါ်အောင်ဆန်းစုကြည် ပါတာမတွေ ့မိဘူး
    ဘာကြောင့်လဲဆိုတော့ အဲသလို မမှန်မကန် ဗုတ်ကြလို ့ ပယ်လိုက်တာလို ့ထင်ပါတယ်..
    ဦးသိန်းစိန်တော့ ၁၀ဝ စာရင်းထဲ ပါပါတယ်….
    ဒီ ဗုတ် စနစ်ရဲ့ရလာဒ်ကလဲ သိပ်မယုံရပါဘူး
    အရင့်အရင်က သုံးခဲ့တဲ့ ပူးလ်က ဗုတ်ရလဒ်တွေလဲ ယုံပါဘူး..စိတ်တော့မရှိနဲ ့ နော..
    ဒီလိုအခြေအနေလေးတွေ ရှိကြောင်း ပြောပြတာပါ.
    ကျနော့်ပုံလဲ အထဲမှာ မပါပါဘူးဂျား.
    တားတားကတော့ ဈေးသည်ခေါင်းစဉ်အောက်မှာ ဈေးသည်ရုပ်ထွက်တဲ့ နံပတ်ငါးလေးကို ဗုတ်ပါတယ်..

  • Uncle Lay

    May 28, 2012 at 10:22 am

    ပုံတွေအားလုံးကောင်းပါ၏ နံပါတ် ( ၅ ) ကို ဗုတ်ပါ၏..။

  • ဆူး

    May 28, 2012 at 10:40 am

    Vote လုပ်သွားပါသည်။ တခါပဲ လုပ်လို့ ရလို့ တခါပဲ လုပ်သွားတယ်။ လုပ်ချင်တာတော့ ၃ခါလောက် ကို ပေးချင်တယ်။ စိတ်ထဲမှာ သဘောကျတဲ့ ပုံလေး တခုတည်း ပေးသွားတယ်။

  • Mr.Know-All

    May 28, 2012 at 11:35 am

    အမှန်အတိုင်းပြောရရင် ပုံ (4) က အလှဆုံးပဲ (ဟီး ဓါတ်ပုံပြောပါတယ်) ဒါပေမယ့် ဈေးသည် ခေါင်းစဉ်နဲ့ကျတော့ ဟီး နည်းနည်းလွဲနေသလိုပဲ (ပန်းကို ခူးနေတာမျိုးမဟုတ်ဘဲ ရောင်းနေတဲ့ပုံလေး ရိုက်ပြရင်ကောင်းမယ်နော်)
    ပုံ (6) ကတော့ ဈေးသည် Feel မလာဘူး ဈေးကိုပဲ ဒီတိုင်း ရိုက်ပြထားတာပဲ ပေးချင်တဲ့ message မရောက်ဖူးပေါ့ (ဟဲ)
    ထူးခြားတာက ပုံ (8)၊ တင်ပြပုံဆန်းတယ်ပေါ့လေ
    ပုံ (11) (18) (20) က ဈေးသည်အထာတွေကို သဘောကျတယ် ဒါပေမယ့် quality ကျတော့ (4) ကိုမမီပြန်ဘူး အဲဒါနဲ့ပဲ အင်း အဲဒါနဲ့ပဲ အင်း အဲဒါနဲ့ပဲ……………………………..

  • weiwei

    May 28, 2012 at 12:05 pm

    တစ်ခုထဲရွေးရတာဆိုတော့ အတော်ရွေးရခက်တယ် ..
    ၁၈ ကို ကြိုက်တယ် ..
    ဒါပေမယ့် ၂ဝ က အသက်ဝင်လို့ ၂ဝ ကိုပဲ ဗုတ်လိုက်ပါတယ် …

  • nozomi

    May 28, 2012 at 12:08 pm

    ပရိုလက်ရာများကြားမှာ ဓါတ်ပုံအချို့ မျက်နှာငယ်နေကြောင်း

    ပရိတ်သတ် အကြိုက်ဆုံး ၁ ၊ ၂ ၊ ၃ မှ လွဲပြီး ကျန် ပုံများအား ဘယ်သူရိုက်တယ် မဖော်ပြစေလိုကြောင်း

    ပရိတ်သတ်အားပေးမှု မရတဲ့ ကျန်ဓါတ်ပုံဆရာများ မျက်နှာပူနေတဲ့အတွက် အပြင်ထွက်ရင် လူမမှတ်မိအောင် သူကြီးမှ မျက်မှန်တစ်လက်ဆီ ပို့ ပေးစေလိုကြောင်း

    • MaMa

      May 28, 2012 at 11:56 pm

      ထောက်ခံပါတယ်။
      မျက်မှန်တောင်မှ လူမမြင်ရအောင် နေကာမျက်မှန်မဲမဲ နဲ့မှပဲ တော်ကာကျမယ်။ :mrgreen:

  • သူရဇော်

    May 28, 2012 at 12:11 pm

    အနော်ကတော့ ကလေးလေးတွေနဲ့အသက်ဝင်လှတဲ့ ပုံ (၅)ကို VOTE လုပ်သွားပါတယ်…….

  • Davit

    May 28, 2012 at 12:50 pm

    နံပါတ် 8 ကိုဗုတ်လိုက်ပါတယ်…..ကာလာရော ရိုက်ချက်ရော ကခေါင်းစဉ်နဲ့ ကွက်တိကိုဟပ်ပြီး သိပ်ကြည့်ကောင်းလို့ပါ။ Closeup ရိုက်ချက်ကို ထိထိမိမိသုံးသွားတယ်လို့ထင်ပါတယ်။

  • ထုံးဘဲဥ

    May 28, 2012 at 12:51 pm

    ပုံ ၈ ကို ဘုတ်ခဲ့ပါတယ်နော်

  • laypai

    May 28, 2012 at 2:06 pm

    ကိုယ့် အနေ နဲ့ ဓါတ်ပုံ ဘယ်လောက်ကြည့် တတ်လဲ ဆို တာ ခု တော့ သိနိုင်ပြီ။
    ကာလာ၊အိတ်စပိုရှာ၊အပါချာ၊စပိဒ်၊ဖိုးကပ် ဘာကို မှ မသိတော့ လူဘိန်း ကြည့် ကြည့် ပြီး ဗုတ် ခဲ့ တယ်။
    ဘယ်ဟာ ဗုတ်လဲ မပြောပါဘူး မဲဆွယ်သလို ဖြစ်နေမှာ စိုးလို့။
    -ာ -ိ။

  • Khaing Khaing

    May 28, 2012 at 2:08 pm

    သူများပုံလေးတွေကြည့်ပြီး အားကျလိုက်တာအေ …….. နံပါတ် ၃ ကလူကိုမြင်ဖူးသလိုပဲ နံပါတ် ၁၂ နဲ့ ၂ဝ အဲပုံကရီရတယ် ……. အဟီးးးးးးးးး

Leave a Reply