မန်းဂေဇက် ဓါတ်ပုံပြပွဲ-၁ (ဈေးသည်) – မေလ-၂၀၁၂

ムラカミMay 27, 20127min1505164

[polldaddy poll=6264789]
=

1.

 

 

 

 

 

2.

 

 

3.

 

4.

 

5.

 

6.

 

 

7.

 

8.

 

9.

 

10.

 

11.

 

12.

 

13.

 

14.

 

15.

 

16.

 

17.

 

18.

 

19.

 

20

 

21

 

22.
23

 

နီးမှ ကပ်ပို့ကြလို့ …..

ပြောထားတဲ့ အချိန် ရောက်တာနဲ့ တန်းပြီး တင်လိုက်ကြောင်းပါဗျ…

(ဖိုတို အင်ဖော်မေးရှင်း ကိုတော့ ….ကျနော် update လုပ်ပေးပါ့မယ်. …စောင့်နေတယ် ကြည့်နေကြတယ် ကြားလို့ … နံပါတ်အတိုင်း  အရင်ဆုံး ရှုစား အားပေးကြပါလို့…)

ဒီရွာရဲ့ ဒါ့ပုံပညာ အဆင့်အတန်း လုံးဝ မနိမ့်ဘူးဆိုတာ သိရလို့ …

ဝမ်းမြောက်ဂုဏ်ယူစွာ အားပေးရင်း…

 

 

 

ဖွန်ကြောင်ရင်း တင်လိုက်တာ ၁ပုံကျန်သွားပါတယ်..

ပြန်ဖြည့်လိုက်ပါဘီ

ပုံ ၂၃ ပါ…

 

ဆောရီးပါ

အမိုက်မဲလေးမို့ နားလည် ခွင့်လွှတ်ပေးဂျဘာ …

 

ခင်တဲ့

ဂီ

 

 

 

 

164 comments

  • Mလုလင်

    May 28, 2012 at 2:29 pm

    ပုံရိုက်ဖြစ်ဖို့ရယ်၊ ခေါင်းစဉ်နဲ့ ကိုက်ဖို့ရယ်၊ တင်ဖု့ိရယ် … အားထုတ်မှု ရဲ့ ရလဒ်ကတော့ အခု ပြပွဲမှာ 21 ပုံဖြစ်နေတာပါပဲ။ ကြားကနေ ဂုဏ်ယူမိပါတယ်ဗျာ။
    နဲနဲဝင်ရှည်ခွင့်လေးပြုပါ။

    ပုံ (၂၂) အနောက်က background က အလင်းများနေတော့ အဲ့ပုံကိုကြည့်ရတာ မျက်စိစူးနေသလိုလိုဖြစ်နေတယ်။ ကြည့်တဲ့သူရဲ့ မျက်လုံးက အဓိက ဇာတ်ကောင် စီမရောက်ပဲ အဲ့ အလင်း စီကိုပဲ ရောက်ရောက်သွားတယ်။
    ပုံ (၂၁) က သတင်းပုံ ဆန်နေတယ်။ ခေါင်းစဉ်နဲ့ သိပ်မကိုက်ဘူး လို့ခံစားရတယ်။ သတင်းပုံမှာတော့ အဖိုးတန်မယ်ထင်တယ်ဗျ။
    ပုံ (၂၀) ကတော့ အထူးပြောစရာ မရှိတော့… ပြောတတ်ဘူး..။
    ပြောင်းဖူးကို လှမ်းယူဖို့ ရွယ်လိုက်မိတဲ့ လက်ကို ပြန်ရုပ်လိုက်ရတယ်။
    ပုံ (၁၉) ပုံက နဲနဲ ဝါး နေတယ်ဗျ . subject တွေလဲ ကြိုက်မိတယ်။ subject တွေများတော့ အချင်းချင်းအားပြိုင်ကြရင်း main subject က အားပျော့သွားသလို ခံစားရတယ်။
    ပုံ (၁၈) ကြိုက်လဲကြိုက်တယ် .. မကြိုက်လဲ မကြိုက်ဘူး .. ဓာတ်ပုံ က ဓာတ်ပုံ နဲ့တူတာ သဘာဝ ကျတယ်ထင်တယ်။ ပြတ်သားမှု .. မရှိလို့ ပုံက ကောင်းချင်ရဲ့ နဲ့ …..
    ပုံ (၁၇) က ကျွန်တော့ စိတ်ထင် နဲနဲ ရိုးနေသလားလို့ ပါ။ ရှုဒေါင့် နဲနဲ ပြောင်းလိုက်ရင် ပိုအဆင်ပြေမလားလို့ ….
    ပုံ (၁၆) က မုဖ် နဲနဲ အကျဘက် ရောက်နေတယ်ဗျ ..။
    ပုံ (၁၅) အထိုင် နဲ့ မတ်တပ် အားပြိုင်ကြတယ်။ main subject က ထင်ပေါ်နေတယ်။ မတ်တပ် တွေက အထိုင် ကိုကြည့်နေတယ် circular ဖြစ်နေတယ်။ ဒါမျိုးအခိုက်အတန့်ကို မိအောင် ဖမ်းထားဖို့ က ခက်မယ်ဗျ။
    ပုံ (၁၄) main subject က ဆန်းတယ်။ အကြောင်းအရာ ဆန်းတယ်။ တင်ပြပုံ မှာ မုဒ် ကိုမမြင်ရဘူး။
    ပုံ (၁၃) အကြောင်းအရာက ဆွဲဆောင်မှု နည်းနေတယ်။
    ပုံ (၁၂) Focus မိအောင်ဖမ်းထားတာရယ်၊ အလှုပ်ပေါ်ကနေ အလှုပ်ကို ရိုက်ထားတာရယ်၊ retouch ပိုင်းရယ် သဘောကျမိတယ်ဗျာ။ ဒါမျိုးအခိုက်အတန့် ကိုမိအောင် ဖမ်းထားဖို့က ခက်မယ်ဗျ။

    စိတ်မဆိုးကြပါနဲ့ဗျာ… ဘာစိတ်မှ မပါပါဘူး ..ထင်တာ တွေ ရေးလိုက်တာပါ။ ငပေါ ရဲ့ မှတ်ချက်လို့ သာ သဘောထားပေးကြပါဗျာ။

    လေးစားစွာဖြင့်
    Mလုလင်

    • Mလုလင်

      May 28, 2012 at 2:30 pm

      22 ပုံ လို့ ပြင်ဖတ် ပေးကြပါဗျာ။

    • nozomi

      May 28, 2012 at 3:20 pm

      ဒီ ကွန်းမန့်လေးအတွက် ကျေးဇူးပါ
      သာမန်လူတစ်ယောက်အတွက် ဒါ မျိုး မမြင်တတ်သေးပါဘူး
      ကျန်တဲ့ ၁ ကနေ ၁၁ အထိ အမြင်လေးလဲ သိချင်ပါတယ်
      တခြား ရွာထဲက ဆရာတွေရဲ့ ဓါတ်ပုံ တစ်ပုံချင်းအပေါ် အမြင် အားသာချက် အားနည်းချက်လေးတွေ ပြောပြမယ်ဆို ရိုက်တဲ့ ကာယကံရှင်အတွက်ရော ဖတ်မိတဲ့ သူတွေ အတွက်ရော အကျိုး အများကြီး ရှိမှာပါ
      ဓါတ်ပုံပြပွဲ လုပ်ပေးရတဲ့ ရည်ရွယ်ချက်လေးတွေလဲ ပို အထမြောက်သွားတာပေါ့

  • Novy

    May 28, 2012 at 2:40 pm

    မနို အကြိုက်ဆုံးပုံတွေကတော့
    1,2,5,8,18,19 ပါ
    တစ်ပုံ ရွေးလိုက်ပါတယ်

    ဒီ ထဲက ပုံ18 ကို ပန်းချီကားကို ပြန်ရိုက်ထားတယ်လို့ ခံစားမိပါတယ်
    ဒါက မနိုရဲ့ ခံစားချက်သက်သက်ပါ

  • mocho

    May 28, 2012 at 3:20 pm

    ပုံတွေအား လုံး ကို သဘောကျပါတယ်။ ကိုယ် ကတော့ အဖြစ်ရှိအောင် မရိုက်တတ်တော့ ရိုက်တတ်တဲ့ သူအားလုံးကို ချီး ကြူးမိပါတယ်။ အဲလိုပြောလို့ ဦးပေါ်ဦးကိုမြင်းထိန်း ငတာ ချီးကြူးသလို ဖြစ်မှာလည်း စိုးမိပါတယ်။ ကျမ ကတော့ ဖြန့် ကျက် အတွေး ပွားရတာ ကို သဘောကျတော့ ပုံ (၈) ကို ပေးလိုက်ပါတယ်။ ပညာ ရပ်ပိုင်းနဲ့ ပက်သက် ပြီးမ ပြောတတ်ပေမယ့် ခံစားမိတဲ့ အတိုင်းပြောရရင်
    အဲဒီ ပုံက တွေးစရာတွေ အများကြီး ပါတယ်။ ရောင်းကုန်က ဘာလဲ၊ ပဲပြုတ် လို့ တော့ ထင်မိတယ်။ဒါပေမယ့် မသေချာဘူး၊၊ အိတ်ထဲမှာ ဖက်ခံပြီး ထည့်ထားတယ်၊ချိန်ခွင် နဲ့ ဓါးတချောင်းလည်း ပါတယ်၊ ငှက်ပျောသီးလည်းပါပေမယ့်၊ ရောင်းတာတော့ မဟုတ်လောက်ဘူး၊ ဈေးရာင်းရင်း ဆာရင် စားဖို့လား၊ အိမ်သားတဦးဦးတွက် ဝယ်လာတာလား၊ ဇကာထဲမှာလည်း ဝက်ဆီ ဖက်လို့ ထင်ရတာတွေ တွေ့ ရပြန်တယ်။ အမှောင် ကဲ ထားပြီး အလင်း ပြောက် တွေပဲ လက်တွေနဲ့ ဈေးဗန်းပေါ်ကို ထိုးပြထားလို့ ဘယ် အချိန်မှာ ရောင်းနေ တာလဲ။ ခေါင်းရွက် ဗျက်ထိုး ဈေးသည် ဖြစ်ပြီး အိမ် ထဲက လှမ်းခေါ်လို့ ဈေးတောင်း ကြမ်းပြင် ပေါ် ချပြီးရောင်း တဲ့ ပုံစံမျိုး တွေ့ရတယ်။ ဆက်တွေးရရင် ဈေးတောင်း ပေါ်က တန်ဖိုးနည်း ခြင်္သေ့ လေးတွေ က သူရောင်း ပြီး သလောက် ကို ပြောနေ သလို၊ အရင်းကြေဖို့အမြတ်ရ ဖို့ သူဘယ်လောက် ထိ လျှောက်ရအုံးမှာလဲ…….
    တကယ်ကို စကားပြောတဲ့ ဓါတ်ပုံ တပုံ လို့ ခံစားမိပါတယ်။

  • etone

    May 28, 2012 at 3:28 pm

    ဓါတ်ပုံတွေ အကုန်လုံး ကြိုက်တယ်ဗျို့ … လုံးဝ ဟတ်ထိတဲ့ ပ ုံတွေပါပဲ … ။
    ဓါတ်ပုံတွေကို ဗို့ထ်လုပ်တဲ့အခါ .. ဓါတ်ပုံပညာနားမညလ်တော့ … နှလုံးသားနဲ့ ခံစားပြီးပဲ … ဗိုထ်လုပ်လိုက်ပါတယ် … အဟီး 😀

  • manawphyulay

    May 28, 2012 at 3:47 pm

    ပုံလေးတွေမြင်ရတာ နေရာစုံက ဈေးသည်တွေကို တစ်နေရာထဲမှာ အကုန်မြင်ရတော့ စိတ်ထဲကို တစ်မျိုးဖြစ်ပေါ်မိတယ်။ ဓာတ်ပုံဆရာတွေရဲ့ ရိုက်ချက်ကတော့ အလန်းတွေပဲ။ ဆြွာကြီးတွေကြားထဲ မဲမရတဲ့ ဓာတ်ပုံတွေတော့ မျက်နှာငယ်စရာပါပဲလေ… ဈေးသည်ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ ပုံလေးတွေက အသက်ဝင်တယ် မယ်တော် ပန်းခူးနေတဲ့ပုံကတော့ ဈေးသည်နဲ့မတူဘူးနော်။ အသုပ်လည်း စားချင်တယ်။ အရုပ်လေးတွေလည်း လိုချင်တယ်။ ပန်းချီဆွဲတာလည်း ရပ်ကြည့်ချင်တယ်… ပြောင်းဖူးပြုတ်လည်း စားချင်တယ်။ နောက်ပြီး သနပ်ခါးလည်း ကုန်ခါနီးတော့ ဝယ်ရဦးမယ်။ နောက်ပြီး အမေက မှာလိုက်တယ် ကြက်သွန်ဖြူလည်း ကုန်နေပြီတဲ့…. ဝယ်ချင်တာတော့ အကုန်ပဲ ပိုက်ဆံက မလောက်တော့ဘူး။ ဘယ်လိုလုပ်ရပါ့…

  • putoo

    May 28, 2012 at 4:25 pm

    နားတော့မလည်ဘူးဂျာ .. အရောင်လေးတွေလှလို့ နံပါတ် ၄ ကိုဗုဒ်လိုက်တယ် .. ဈေးသည် ခေါင်းစဉ်နဲ့တော့သိပ်မလိုက်ဘူး ထင်တာပဲ .. ကျွန်တော်က အရောင် စိုစိုလေးတွေကိုမှကြိုက်တာ .. ကျန်တာတော့ သိပ်မသိဘူးရယ် .. နားလည်တဲ့ ဓါ့ပုံ ဆြာတွေက အဓိက ရွေးရင်ပိုကောင်းမယ် ထင်တယ်ဗျ ..

  • ငပွကြီး

    May 28, 2012 at 4:25 pm

    ကြိုက်တာကတော့ ပုံတွေအကုန်လုံးဘဲ ဘယ်ပုံကိုဗုတ်ရမလဲသေချာစဉ်းစားပြီး ဗုတ်ခဲ့ပါတယ်
    ဈေးသည် ဆိုတဲ့ ခေါင်းစဉ်နဲ့လဲ လိုက်မယ်ထင်တဲ့ အချိတ်ပြောင်းပဲ စားလိုက်တော့တယ်..

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 28, 2012 at 4:27 pm

    ပုံ 12 ကိုကြိုက်တယ်ဗျို့ … ဘီယာဘူးလေးတွေတွေ့လို့ … 😛

  • စော်ဘွားလေး မောင်မာန်ခ

    May 28, 2012 at 4:50 pm

    ပုံ18ကိုအကြိုက်ဆုံးဖြစ်ပါတယ်……
    ဘယ်လိုပုံစံဘယ်လိုပုံမျိုးနဲ့ရိုက်မှန်းမသိပေမယ့်….
    ဓါတ်ပုံတစ်ပုံကိုကြည့်ရတယ်ဆိုတာထက်ပန်းချီလက်ရာတစ်ခုကိုကြည့်နေရသလိုပါပဲ….
    ကျွန်တော်တိုအများစုကဓါတ်ပုံရိုက်ရင်ကြည့်လင်ပြတ်သားပြီးဖျောင်ထွက်နေတယ်လို့ဆိုရလောက်အောင်
    ိကိုရိုက်တာကိုမှလှတယ်လို့တွေးကြပါတယ်…..အနဲစုထင်တာလဲဖြစ်ချင်ဖြစ်နိုင်ပါတယ်…
    ဒါပေမယ့်ဒီပုံလေးမှာ…..ဖို့ကပ်စ်ဖြတ်ပြီးအပီအပြင်ရိုက်ထားတဲ့ပုံတွေနဲ့ကွဲလွဲနေတာကတော့
    နွိုက်စ်တွေအတန်အသင့်ထနေသယောက်ရှိပါတယ်…..ဇွမ်းဆွဲပြီးရိုက်လို့ရလာတဲ့ပုံမျိုးပါ….
    သို့ပေမယ့်လို့သေချာကြည့်ပြန်ရင်လည်း…..ပန်းချီးဆရာတစ်ဦးကစုတ်ချက်ပေါင်းများစွာပေါင်းစည်းပြီး
    ရေးဆွဲထားတဲ့ပန်းချီပုံမျိုးနဲ့တောင်တူနေပါသေးတယ်…..
    နောက်ခံဘက်ဂရောင်းအနေနဲ့ကတ္တရာလမ်းမရဲ့မီးခိုးရောင်ကိုယူခြင်းအားဖြင့်ဖို့ကပ်စ်ဖြတ်ပြီး
    နောက်ခံများကိုဝါးစေခြင်းမျိုးမလိုပဲကာလာတစ်ရောင်တည်းပေါ်မှာတင်ရိုက်ထားတဲ့စတူရီယိုတွေက
    ဒါ့ပုံတစ်ပုံနဲ့ခပ်ဆင်ဆင်တူသွားပါသေးတယ်….
    နောက်ပန်းချီပညာနဲ့ဆွဲထားတဲ့ရုပ်ပုံကားချပ်တစ်ခုလိုအရောင်တွေကိုတစ်ရောင်ချင်းစီခွဲခြားမြင်နေရတာ
    တစ်ချို့နေရာတွေမှာအရောင်တွေရောစပ်ပြီးစုတ်ချက်နဲ့ချထားသလိုရောင်ပြေးလေးတွေထင်ကျန်နေတာ
    အရိပ်ကျတဲ့နေရာတွေနဲ့ခန္ဓာကိုယ်ကိုနေထိုးထားလို့လင်းနေတဲ့အလင်းအမှောင်ပိုင်းလေးတွေကိုယူဆသွား
    တာ…..ပြိုင်ပွဲသတ်မှတ်ချက်ရဲ့အဓိကဖြစ်တဲ့ဈေးသည်တစ်ယောက်ဟာသူ့ဆီမှာလာဝယ်မယ့်စားသုံးသူ
    တစ်စုံတစ်ယောက်ကိုမျှော်လင့်ချက်အပြည့်နဲ့ချက်ချင်းလက်ငင်းကိုပဲ ပဲပြုတ်…..အကြော်စုံသုတ်အစရှိသည် ဖြင့်
    ထအော်တော့မယ့်ပုံတွေကိုမြင်ရတာဟာဖြင့်ကျွန်တော့်ကို ဒီအမှတ်စဉ်ဆယ့်ရှစ်ပုံလေးကိုအကြိုက်ဆုံးဖြစ်
    စေရတဲ့အရာတွေပါပဲ…အကယ်၍များဆုချီးမြင့်ခြင်းအစီအစဉ်များပြီးသွားရင်တော့ဖြင့်….
    ဒီဒါ့ပုံလေးရဲ့ဖန်တီးရှင်ဆီကနေနည်းနာနိဿယကိုဆည်းပူးနာယူချင်ပါသေးတယ်…….
    ကျွန်တော်ကတော့ပညာရှင်တစ်ဦးမဟုတ်တဲ့အတွက်မှားယွင်းပြီးယူဆမိတာမျိုးရှိရင်လည်း
    ခွင့်လွှတ်ပေးကြဖို့တောင်းပန်တကပြုအပ်ပါတယ်……
    ရွာသားအပေါင်းကိုခင်တဲ့…..ရှမ်းပြည်သား(တောင်ပိုင်း)

    • ရွာစားကျော်

      May 28, 2012 at 6:58 pm

      ကျနော်အမြင်ကို ရိုးသားစွာပြောပြခြင်းဖြစ်ပါသည်.. မှားသွားခဲ့လျှင်လည်း ဓာတ်ပုံဆရာကို ကြိုတင်ပြီး တောင်းပန်ထားချင်ပါတယ်ခင်ဗျာ
      ပို့စ်ကို ပထမဆုံး ဝင်ဖတ်တဲ့အချိန်မှာ ဖမ်းအစားဆုံးက ပုံ ၁၈ ပါ။ ဈေးသည်ဆိုတဲ့ subject အပြင်ကိုလည်း ရောက်မသွားဘူး..(ဥပမာ အရီးလတ်ပြောတဲ့ ပုံ ၁၃ လို.. ဟီး.. ဘယ်သူရိုက်တယ်ဆိုတာ သိသလိုလိုရှိလို့ ပွင့်ပွင့်လင်းလင်း နောက်တာပါနော်…)
      ဈေးသည်လေးရဲ့ ကိုယ်နေဟန်ရော၊ခေါင်းပေါ်ရွက်ထားပေမယ်လို့ ရောင်းကုန်လေးတွေလည်း
      မြင်ရတဲ့ ထောင့်နေရာက ရိုက်ထားလို့ရော၊ အလင်းနဲ့ အရိပ်ကျနေပုံတွေရော ကြိုက်တယ်။ အဓိက ပန်းချီဆွဲထားသလိုဖြစ်နေတာလေးကလည်း ရသတခုပေးတယ်ဗျ။ အဲဒီ ပန်းချီဆွဲထားသလိုလေး ဖြစ်နေတာကြောင့်လည်း ဗုတ်လိုက်ဖို့ ကျနော် မရဲခဲ့တာပါ။ ကိုလုလင်ပြောသလို “ဓာတ်ပုံ က ဓာတ်ပုံ နဲ့တူတာ သဘာဝ ကျတယ်ထင်တယ်” ဆိုတဲ့ အစွဲက ဖျောက်မရဘူး။ ဖိုတိုရှော့ထဲမှာဆိုလည်း filter menu အောက်က Crosshatch, Angled strokes..etc ဆိုတဲ့ effect တွေသုံးပြီး ပုံမှန်ဓာတ်ပုံလေးတွေကို ပန်းချီပုံလေးတွေလိုမျိုး လုပ်လို့ရတယ်။ သူကြီးတို့ ဂီတို့ အိုးဆားဗစ်ကြီးတွေ ပိုသိမှာပါ။ ကမာ္ဘကျော် ဓာတ်ပုံသမားတွေလည်း retuoch လုပ်ရတာပဲဆိုတာ လက်ခံသလို၊ အဲလိုလုပ်လိုက်လို့ ဓာတ်ပုံတွေက ပိုအသက်ဝင်လာတာကိုလည်း နှစ်သက်ပါတယ်။ ဥပမာ ကိုဂီရဲ့ The MG Band။ ဒါပေသည့် ဒစ်ဂျစ်တယ် ခေတ်ကြီးထဲမှာ ဖလင်ဆရာသမားတွေရဲ့ အစွဲဟောင်းကြီးလောင်းရိပ်က မိနေသေးတယ်ဗျာ..

      ပုံ ၄ လည်း ကာလာ၊ focus၊ အလင်းအမှောင်၊ (အဝတ်အစားသစ်၊ ပါးကွက်ကြားခြစ်ကလေးနဲ့) သေချာ မော်ဒယ်ငှားပြီး ရိုက်ထားသလို ဟဲ ဟဲ.. အားထုတ်မှုကိုလည်း အမှတ်ပေးမိတယ်..။ တချက်ကလေးပဲ ပန်းသည်မလေးရဲ့ ရောင်းကုန်အပြည့်မပေါ်တာ လိုသွားတယ်။ ခံစားရတာပေါ့သွားတယ်ထင်တယ်..။ နို့မဟုတ်ရင် အဲဒီပုံလေးကို ဗုတ်ပါတယ်..။

  • chityimhtoo

    May 28, 2012 at 6:18 pm

    ပုံ ၄နဲ့ ၁၈ ကိုတော့ကြိုက်တယ်ဗျ။ ပုံ၄ ကပရော်ဖက်ရှင်နယ်ဆန်တယ်။ကင်မရာလည်းတော်တော်ကောင်း
    မယ်ထင်တယ်။

  • chityimhtoo

    May 28, 2012 at 6:19 pm

    ပုံ ၁၈ကတော့သဘာဝပိုကျတယ်

    • စော်ဘွားလေး မောင်မာန်ခ

      May 28, 2012 at 6:29 pm

      ပုံ၁၈က သဘာဝကျတယ်ဆိုတာထက်ကျွန်တော့်အမြင်နဲ့ဆိုလမ်းသစ်ထွင်တယ်လို့မြင်တယ်ဗျာ..
      ပရိုတော်တော်များများရဲ့ခံယူထားတဲ့ကြည်လင်ပြတ်သားတယ်ဆိုတဲ့မူကိုဖောက်ထွက်ပြီး
      နွိုက်တွေထည့်ရိုက်ပုံရတယ်ဗျ….

  • ရွှေဘိုသား

    May 28, 2012 at 6:21 pm

    ပုံတွေကတော့ ရှယ်တွေချည်းပဲ ကျနော်ကတော့ ရွှေဘိုကို သတိရအောင်ဖမ်းစားသွားတဲ့ ပုံလေးကိုမဲပေးလိုက်တယ်ဗျာ

  • blackchaw

    May 28, 2012 at 6:37 pm

    ညီလေး M လုလင် ရေ ကွန်းမန့်လေး က တန်ဘိုးရှိပါတယ်ဗျာ။
    M လုလင် ရဲ့ သုံးသပ်ချက်လေးလို
    ဆရာတွေရဲ့ သုံးသပ်ချက်တွေကိုလည်း ဖတ်ချင်ပါတယ်။
    M လုလင် အနေနဲ့လည်း ကျန်သေးတဲ့ပုံတွေကို သုံးသပ်ပေးပါဦး။
    ကျွန်တော်ကတော့ ပုံ ၂၁ ကို ဘုတ်လုပ်ခဲ့ပါတယ်။
    မသန်ပေမယ့် စွမ်းသူတစ်ယောက်ရဲ့ ထီရောင်းတဲ့လှည်းကို
    လက်နဲ့တွန်းသွားနေတာက အမှတ်တမဲ့ ရိုက်ထားလိုက်တယ်လို့ ထင်ပါတယ်။
    လုပ်ယူဖန်တီးပြီး ရိုက်တာမဟုတ်ဘူးလို့ ထင်ပါတယ်။
    ကျန်ပုံတွေကိုလည်း လေးစားပါတယ်ဆိုတဲ့အကြောင်း….။

  • Crystalline

    May 28, 2012 at 6:52 pm

    နံပါတ် ၅ကို ဗုတ်လုပ်ခဲ့ပါတယ်။ ကလေးလေးတွေမျက်နှာလေးတွေက အရမ်းအပြစ်ကင်းသလိုခံစားရတယ်။ အထူးသဖြင့် ပန်းရောင်နဲ့ခလေးမလေး…ဈေးသည်ကြီးကလည်းအရမ်းသဘောကောင်းပြီး ခလေးလေးတွေ ရဲ့စိတ်ကြိုက် ဝန်ဆောင်မှု့ပေးနေတယ်လို့ခံစားရလို့ပါ။
    ၈ပုံကတော့ ပညာရှင်ဆန်ပါတယ်။ ၁၃ကတော့ ဒစ်စနေလန်း မှာများလားလို့….အဲတော့ဓါတ်ပုံပညာရှင်က ဘူလေးလဲ? .၁၈ကတော့ အရိပ်ကျပုံကိုတော့သိပ်စိတ်တိုင်းမကျပေမယ့်ကြိုက်တယ်။ ၂ဝလည်းကြိုက်ပါတယ်။

  • ကိုရင်စည်သူ

    May 28, 2012 at 7:16 pm

    ပုံ ၄ ကို အသဲကြားက မဲတစ်ပြားပေးခဲ့တယ်ဗျာ..
    ခရမ်းရောင်ပန်းလေးတွေနဲ့ စကောတစ်ဖက်ကိုင်ရင်း
    ပန်းခူးနေတဲ့ မိန်းကလေးကို သွားကူပေးချင်သလိုတောင်
    ကြည့်ရင်း ဖီလင်ဖြစ်သွားလို့ပါ… 😳 😳
    ကိုရင့် နှလုံးသားက အရမ်းနူးညံ့တော့ မိန်းကလေးတွေ
    မနိုင်မနင်းထမ်းပိုးထားတာ မြင်ရင့် စိတ်က အလိုလို
    ဝင်ပါမိချင်နေတယ်… 😳 😳
    ကျန်တဲ့ ပုံတွေအားလုံးလည်း ကောင်းပါတယ်…
    အကုန်လုံးက ဆုပေးလိုက်ပါလား…
    မျှမျှတတလေး ဖြစ်သွားအောင်ရယ်ပါ… 😀 😀

  • ငှက်ကလေး

    May 28, 2012 at 8:54 pm

    15 ရယ် 5 ရယ် ကြိုက်မိပါကြောင်း….. ဒါပေမဲ့ vote ပေးခဲ့တာကတော့… 🙂
    5 ကိုကြိုက်တာက၊ ကလေးတွေရဲ့သရုပ်ပီပြင်တာရယ်၊ ဈေးသည်သဘာဝပေါ်လွင်တာရယ်၊ အဲ့လိုအရုပ်ရောင်းတဲ့ ဈေးသည်မျိုးကို တန်ဖိုးထားလေးစားမိတာရယ်၊…..
    15 ကို ကြိုက်တာက ငှက်တွေကိုကျွန်တော်ချစ်တာရယ်၊ အမြဲငှက်လွှတ်တက်တဲ့ အကျင့်ရှိတာရယ်၊ နိုင်ငံခြားသား၊ ငှက်သည်၊ ဦးပိန်တံတား တွေနဲ့တန်ဆာဆင်ထားတာကိုကြိုက်တာရယ်၊ (ငှက်သည်ကို အနီးကပ် ရိုက်ပြပြီး၊ ငှက်ပျံတက်သွားတာကို ပြနိုင်ရင်ပိုကောင်းမယ်လို့ ထင်မိကြောင်း….

  • ငှက်ကလေး

    May 28, 2012 at 8:55 pm

    15 ရယ် 5 ရယ် ကြိုက်မိပါကြောင်း….. ဒါပေမဲ့ vote ပေးခဲ့တာကတော့… 🙂
    5 ကိုကြိုက်တာက၊ ကလေးတွေရဲ့သရုပ်ပီပြင်တာရယ်၊ ဈေးသည်သဘာဝပေါ်လွင်တာရယ်၊ အဲ့လိုအရုပ်ရောင်းတဲ့ ဈေးသည်မျိုးကို တန်ဖိုးထားလေးစားမိတာရယ်၊…..
    15 ကို ကြိုက်တာက ငှက်တွေကိုကျွန်တော်ချစ်တာရယ်၊ အမြဲငှက်လွှတ်တက်တဲ့ အကျင့်ရှိတာရယ်၊ နိုင်ငံခြားသား၊ ငှက်သည်၊ ဦးပိန်တံတား တွေနဲ့တန်ဆာဆင်ထားတာကိုကြိုက်တာရယ်၊ (ငှက်သည်ကို အနီးကပ် ရိုက်ပြပြီး၊ ငှက်ပျံတက်သွားတာကို ပြနိုင်ရင်ပိုကောင်းမယ်လို့ ထင်မိကြောင်း….)

  • Green Rose

    May 28, 2012 at 8:59 pm

    ဓါတ်ပုံ ပညာအကြောင်း တစ်ခုမှ နားမလည်တော့ ဓါတ်ပုံတွေအားလုံးက အကြောင်းအရာတွေအကုန်လုံးကို သဘောကျပါတယ်။ ဒါပေမယ့် ပုံ (၅) ကိုတော့ ပိုပြီးသဘောကျမိတယ်။ ခလေးလေး လက်ညှိုးထိုးပြီး မေးမြန်းနေပုံရတာရယ်၊ အဲဒီ့လူကြီးက သူ့အလုပ်ကို လုပ်ရင်းနဲ့ ခလေးတွေ မေးသမျှ စိတ်ရှည်လက်ရှည် ပြောပြနေပုံလေး ပေါ်နေတာရယ်၊ နောက်ပြီး Green Rose ကိုယ်တိုင်က အဲဒီ့အရုပ်လေးတွေ လုပ်တာကို ထိုင်ကြည့်နေရတာကို သဘောကျလို့ပါ။ အဲဒါကြောင့် ပုံ (၅) ကို Vote လုပ်ခဲ့ပါတယ်။

  • shwe kyi

    May 28, 2012 at 9:10 pm

    ပုံနံပါတ် ၁၈ ကို မဲပေးခဲ့ပါတယ်ရှင်။
    နေပူထဲမှာနေရင်း ခေါ်သံလေးများကြားရလေမလားနားစွင့်နေတဲ့ ” ဈေးသည် “။
    မိန်းမတစ်ယောက်ရဲ့ဈေးတောင်းခေါင်းပေါ်ရွက်ပြီး ရပ်တကာလှည့်ရောင်းပြီးဝမ်းစာရှာတဲ့အားမာန်။
    အဲလိုခံစားပြီးမဲပေးခဲ့တာပါ။ ကျန်တာတော့ ဓါတ်ပုံပညာကိုနားမလည် တာမို့….။
    ပုံတွေအားလုံးကိုကြိုက်တာပါ။ တစ်ပုံချင်းစီဟာသူ့ အဓိပ္ပာယ်နဲ့သူ အားလုံးကောင်းပါတယ်။
    မဲပေးရမယ်ဆိုတော့အကောင်းဆုံးတစ်ပုံခံစားကြည့်လိုက်တာပါ။
    ပုံ ၂ နဲ့ ၂၃ ကိုလည်းကြိုက်ပါတယ်။ ဒုတိယအကြိုက်ဆုံးပုံက ၂ ပါ။
    ဆြာ၊ ဆြာမများအားလုံးကိုလေးစားလျှက်၊ MG အတွက် ဂုဏ်ယူလျှက်။

  • ငှက်ကလေး

    May 28, 2012 at 9:21 pm

    ဆုများကို ဗုတ်စနစ်ထက် စီစဉ်သူများနှင့်သူကြီးက ကြီးကြပ်ပြီးသာရွေးစေလိုပါကြောင်း။ ဗုတ်စနစ်ဖြင့် ရွေးချယ်ခြင်းက လူကြိုက်များခြင်းသာရှိပြီး ဓါတ်ပုံကောင်းများ အမှတ်မရမှာကိုစိုးမိပါကြောင်း

  • metallic

    May 28, 2012 at 9:45 pm

    ဘာရယ်ညာရယ်နားမလည်ပါဘူး
    နံပါတ် ၃ တော့သဘောကျသလိုပဲ

    စွယ်တော်ဖြူလေးတွေနဲ့ ဟိုလူရယ်နေတာ ဘာမှတော့မဆိုင်ဘူး ဒါပေမယ့်
    ဓာတ်ပုံထဲမှာတော့ ကြည့်လိုက်ရင် အရင်ဆုံးသတိထားမိတာပဲ
    ဘေးကတယောက်ကလည်းပြုံးနေသေးတယ်

    တကယ့်ကို ဖျတ်ကနဲ တွေ့ရတဲ့ ရုပ်ပုံပဲ

    ကျန်တဲ့ပုံတွေလည်းကြိုက်ပါတယ်
    ၁၉ လည်းကြိုက်တယ်
    ၂ဝ ထဲက ရှမ်းပြောင်းဖူးလည်းကြိုက်တယ်
    🙂

  • ရွှေထီး

    May 28, 2012 at 10:52 pm

    ငှက်ကလေးပြောတာကို ထောက်ခံပါသည်…..ဓါတ်ပုံ၏ အရည်အသွေး၊ အယူအဆ၊ ဖော်ပြလိုသည့် အကြောင်းအရာ၊ ခေါင်းစဉ်နှင့် ကိုက်ညီမညီ….စသည်ဖြင့်ပေါ့လေ….အရွေးခံရတဲ့ပုံဟာ ဘာကြောင့်ရွေးချယ်
    သလဲ…..ဘယ်လိုကြောင့်ရွေးချယ်ဖြစ်သလဲ ……အင်း…..စသည်ဖြင့်ပေါ့လေ…..

  • nature

    May 28, 2012 at 11:12 pm

    သဂျီး poll တင်တာ ပုံ ၂၃ တစ်ခု ကျန်နေတယ်။
    ပုံတင်တာနောက်ကျလို့ ထပ်မထည့်မိဘူးထင်တယ်။
    ပုံပိုင်ရှင် စိတ်ဆင်းရဲနေဦးမယ်။

  • ညလေး

    May 29, 2012 at 9:54 am

    ကြိုက်တဲ.ပုံက4
    ခိုက်တဲ.ပုံက12-20
    အမိုက်ဆုံးပုံက8
    8ကိုဗုတ်ခဲ.ပါတယ်……..
    ရွှာထဲကဓါ့ပုံဆြာတွေရဲ.စိတ်ကူလေးတွေပုံဖော်ထားသည့်“ဈေးသည်”……
    အားပေးခဲ့ပါတယ်ရှင်………..

  • ကိုရင်မောင်

    May 29, 2012 at 9:58 am

    အလှဆုံးပုံကိုပြောပါဆိုယင်တော့ အမှတ်စဉ် ၄ လို့ပြောရမယ်ထင်တယ်
    သူကသီးသီးသန့်သန့်ဖန်တီးပြီးရိုက်ထားတော့အတော့ကိုလှပါတယ်
    အကြိုက်ဆုံးပုံကိုပြောပါဆိုယင်တော့ အမှတ်စဉ်၁၈ ပါ ဓါတ်ပုံကိုပန်းချီဆန်ဆန်ဖြစ်အောင်
    ဖန်တီးထားလို့အမြင်ဆန်းတာရယ် သဘာဝလဲကျလို့ပါ..
    ကျန်တဲ့ပုံတွေလဲသဘောကျတယ်ဗျို့…….

  • KoNyeinChan

    May 29, 2012 at 9:04 pm

    နံပါတ် ၄ ပုံကို သာမန်ကြည့်ရင် လှပါတယ်..(ကောင်မလေးလဲ ချောတာကိုး).. ဒါပေမယ့် ခရမ်းရောင်များလွန်းတယ်.. ဖိုတိုရှော ့သုံးထားသလားမသိ… နောက်ဆုံး အမယ်အိုပုံကို အကြိုက်ဆုံးဘဲ.. သဘာဝကျလွန်းလို ့.. ကျုပ်ကိုယ်တိုင် တောသားဆိုတော့ ငယ်စဉ်တုန်းက အဲ့လို ဆိုင်မျိုးလေးတွေကို အမှတ်ရမိလို ့.. မုန် ့အုပ်ခလေးတို ့.ခေါက်မုန် ့တို ့ဆိုရင် အဲလိုလုပ်ကြတာ.. ကိုယ့်အမြင် ကိုယ့်ခံစားချက်နဲ ့ကိုယ်ပေါ့နော

  • Pink Candy

    May 30, 2012 at 2:57 am

    မြန်မာစံတော်ချိန်နှင့် အီလေးဆွဲသောအကျင့်ပေါင်းလိုုက်၍ ဓာတ်ပုုံပိုု ့ဖိုု ့နောက်ကျသွားပါသည်။ အခုုမှ နောင်တရလိုု ့ register လုုပ်ဖြစ်လိုုက်တော့တယ်။ ရွာသူအသစ်ပါရှင်။

  • ကြောင်ကြီး

    May 30, 2012 at 8:15 am

    ၂ နဲ့ ၅ ကို အကြိုက်ဆုံး… သို့ပေသိ ဓါတ်ပုံအမှတ် ၂ ကို မဲပေးသွားဗာသီ။ ဘုရားနားနီးဒေါ့ ကုသိုလ်များ ရမလားလို့…။

  • amatmin

    May 30, 2012 at 10:41 am

    ပုံ (၈) ကိုအားပေးလိုက်တယ်ဗျာ..
    နလပိန်းတုံးမို့ ခံစားမှုနဲ့ ရွေးလိုက်တယ်..
    လိုတိုရှင်း နဲ့ ကြည့်မိတဲ့သူကို ခံစားမှုု တခုခု ရစေသလား လို့
    အလေးချိန်ခွင်….ငွေကြေး..အပေးအယူ လက်နှစ်ဘက်
    ဆိုးတာတခုက ဈေးဗန်းပေါ်မှာ အရိပ်တွေ လွှမ်းနေတာပဲ 🙁
    နောက်တခုက တိုက်ဆိုင်မှုလေးတွေ လည်းရှိထားသားးးး 😛

  • ko gyi86

    May 30, 2012 at 10:56 am

    ပုံ ( ၄ ) က ဈေးသည် ပန်းရောင်းတာလား …. ပန်းလိုက်ခူးနေတာလား .. ကောင်မလေး ပုံဆိုလို့ ချောချော လေး ၁ ယောက်ပဲ တွေ့တယ်.. ရိုက်ထားတဲ့ ဓါတ်ပုံဆရာ အကြံကတော့ မဆိုးပါဘူး..စိတ်ကူးကောင်းပါတယ်…

  • snow white

    May 30, 2012 at 1:39 pm

    နံပတ် 4,7,9,17ပုံေတွေက ကြည့်ရတာ အရောင်သွေးတော်တော်လေးလှတယ် ဓာတ်ပုံနဲ့ပတ်သက်လို့ဘာမှမသိဘူးနော် ဂေဇက်မိသားစုနေနဲ့ ပြောကြည့်တာနော် နံပတ် 1,3,15,16,20,21,22,23အဲ့ပုံတွေကတော့ ဈေးရောင်းတာ သဘာဝကျတယ် တကယ့်မျက်နှာလေးတွေကလည်း ဈေး သည်ပီသတယ် 23ပုံကတော့သဘာဝကျဆုံးပါဘဲ တကယ့်ကိုရွာထဲမှာ ဓာတ်ပုံရိုက်ကျွမ်းကျင်တဲ့ ဆရာ/မ တွေများကြီးပါဘဲ အားကျတယ် ကိုယ်သာမရိုက်တက်တော့ ပြိုင်ပွဲကို အားဘဲပေးပါ့မယ် ။

  • Ch@vez

    May 30, 2012 at 2:22 pm

    သည်၁ပုံကတော့ ဘယ်သူ့လက်ချက်လည်း ဆိုတာ
    အားလုံး သိပီးသားမို့ ..ခွစ်တစ်ဆိုက်ဇ် လုပ်လိုက်ပါဦးမယ်…

    သဂျီးပုံ ဗုတ်တဲ့လူ ရှိသေးသနော..
    ဟီဟိ…
    ၁ဗုတ် ကြီးများတောင်..
    သဂျီးမင်း ကိုယ်တော်တိုင်များလား မဆိုနိုင်…
    (သဂျီးကတော် လေဒီခိုင် ကတော့ အနုပညာသမား မို့ ..သဂျီးလက်ရာ
    ဝင်ဗုတ်မယ် မထင်)

    ဒီဇိုင်း ပရော်ဖက်ရှင်နယ် တစ်ယောက်ဆီက လက်ရာ အနေနဲ့
    စဉ်းစားရင် ဘယ်လိုမှ ကို ကျေနပ် အားရစရာမကောင်း..

    ပြချင်တဲ့ မိန်း ဆပ်ပဂျက် ဈေးသည် က ဟိုဘက်လှည့်နေ..
    မဆိုင်တဲ့လူက ကင်မလာကိုကြည့် အဲ ..ရောင်းကုန်က အပြည့်မပါ..
    (အပြည့်မပါတာ ပြဿနာ မဟုတ်သေး..) ပါတဲ့ အပိုင်းလေးတွေကျ မဲနေ ..
    အင်း … စနပ္ပ ရှော့ ကနေ စမတ်ရှော့ဖြစ်ဖို့ …

    ၁။ သည်ပုံကို ဟော်ရီဇင်တယ် မရိုက်ဘဲ ..ဗာတီကယ် ရိုက်ရင်
    ပြချင်တာ ပိုပါမယ်လို့ ထင်ပါတယ်…

    ၂။ ခုဟာက ဈေးသည်ရဲ့ ၇ဝဒီဂရီလောက် စောင်းပြီး ရိုက်ထားသလို ဖြစ်နေပါတယ်။
    ရှေ့တည့်တည့် မဟုတ်တောင် ၄၅ လောက် ၃ဝ လောက် ဒီဂရီ ချိုးပီး ရိုက်ရင်
    ပိုကောင်းပါမယ်။

    ၃။ အိုင်းလယ်ဗယ် ကရိုက်ရမယ် လို့ အမြဲ မတွေးပါနဲ့ …
    ပင့်ရိုက်တာ တခါတလေ လိုကောင်း တတ်သလို အပေါ်စီးက ဘာဒ့် အိုင်းဗျူးက
    ရိုက်တာလည်း တခါတခါ အမြင် ပိုဆန်းပါတယ်။

    ၄။ ပူပေါင်း ၁လုံးလောက်ပဲ ပါချင်ပါပါစေ .. ဈေးသည် ရဲ့ မျက်နှာပေးရယ်
    လက် အနေအထားရယ် .. သူ ကိုင်ထားတဲ့ ကြိုးတွေ က ဒေါင့်ဖြတ်မျဉ်းတွေ ဖြစ်တာမို့ ..
    အဲ့ဒါတွေ အသားပေးပြနိုင်ရင် .. ပို အသက်ဝင်မယ့် ပုံဖြစ်မှာပါ …။ ..
    ဒါက ခုထက် ပို ဇွမ်း ဖို့ ပြောတာပါ..
    (ဒါမှမဟုတ်)

    ၅။ ပူပေါင်းနောက်မှာ ရဲတိုက်ကြီး တဝက်တပျက် တွေ့နေရတယ်…
    အဲ့ဒါဂျီး ပေါ်အောင် ထည့် ရိုက်နိုင်ရင်လည်း ဆွဲဆောင်မှုရှိမှာပါ …။
    ဘယ်လိုနေရာမှာ ဘာရောင်းတဲ့ ဈေးသည် ဆိုတာ ပိုပေါ်လွင် သွားတာမို့..
    ဝိုက် တဲ့ မက်သတ်ပါ …

    ၆။ ဈေးသည်ကို ဈေးဝယ်သူ လာတဲ့အချိန် စောင့်ရိုက်ရင်လည်း
    ဈေးရောင်းနေတဲ့ မြင်ကွင်းမို့ ..ပို မို အသက်ဝင်မယ် ထင်ပါတယ်။
    ညာဘက်လက်က မစ်ကီမောက်စ် ကိုခွဲကိုင်ထားလို့ ..ကွယ်နေတဲ့လူရဲ့နောက်မှာ
    ဈေးဝယ်သူ ရှိနေမလား တောင် မဆိုနိုင်ပါ …။

    ၇။ ဈေးဝယ်သူဟာ ကလေး ဖြစ်ရင် ပိုကောင်းပါတယ်။ ကလေးရဲ့.. အရုပ်အပေါ်ထားတဲ့
    ခံစားချက် မျက်နှာ ဈေးသည်ရဲ့ ရောင်းကုန် ဒါမှမဟုတ် ဝယ်သူအပေါ်ထားတဲ့မျက်နှာ
    ကို ဖော်ပြနိုင်ရင် … အတော်လေး ကောင်းမှာပါ…။

    ၈။ ဒါဟာ ကန်းဒစ် ဒါ့ပုံ အမျိုးအစား ဖြစ်လို့ …ကျနော် စိတ်ပါဝင်စားတဲ့ ဆပ္ပဂျက် မဟုတ်တဲ့
    အတွက် ဝေဖန်တာ ကျန်နိုင် ချော်နိုင်ပါတယ်။ နောက်ဆုံးအချက် အားဖြည့်ရရင်တော့
    ကန်းဒစ် ကျင့်ချင်တယ် ဆိုရင်တော့ ..ဆူညံတဲ့ စည်ကားတဲ့ ..လမ်းဘေးဈေး ..တရုတ်တန်း
    လိုနေရာမျိုးတွေ ..သွားပြီး လေ့ကျင့်သင့်ပါတယ်..

    တော်သေးဘီ
    မောဘီ..
    သင်္ချာလေးရေ … ရေတခွက်လောက် ….။
    😀

    • nozomi

      May 30, 2012 at 2:40 pm

      ဒါမျိုး တခြားပုံတွေကို လုပ်ပေးဘို့ တောင်းဆိုပါတယ်
      မလုပ်ပေးရင် စံဒပျပါမယ်

      • Ch@vez

        May 30, 2012 at 3:16 pm

        တိန်…
        ပျမယ် ဆိုတာချည်းဘဲ …
        လက်ရာရှင် ဘယ်သူမှန်း သိနေတဲ့ပုံပဲ ပြောပါရစေဦးဗျာ…
        ခုနေတုန်း ကျန်ပုံတွေ လိုက်ပြောရင် ကျနော် ပရီဖားဖြစ်တဲ့ အတိုင်း
        ဗုတ္တင်းဂိုက်လုပ်တဲ့ သဘောသက်ရောက်မှာမို့ပါ…

        သဂျီးပုံကတော့ သိတဲ့အတိုင်း ..ဟီဟိ..

        • Mလုလင်

          May 30, 2012 at 4:23 pm

          သူကြီး ပုံက သိသာ လို့လားဗျ …။

    • kai

      June 1, 2012 at 5:08 am

      အခုမှတွေ့တယ်..
      ကျုပ်ပုံဝေဖန်ထားတာ.. ရစရာမရှိဘူး..
      ဟီး..
      (ကိုယ့်ဖာကိုယ်ဝေဖန်ထားတာက.. ပိုကြမ်းနေခဲ့တာ..)

      ဆိုတော့..
      ဇတ်လမ်းအမှန်က… ဘေးကပါလာတဲ့..သမီးပိပိက.. အတင်းဝယ်ခိုင်းမှာစိုးလို့.. ခိုးရိုက်တာဖြစ်ကြောင်း..။ 🙂
      ဝေဖန်ပေးခြင်းအတွက်.. ကျေးကျေးကမ္ဘာကြောင်း…

  • မဟာရာဇာ အံစာတုံး

    May 30, 2012 at 2:38 pm

    ဒီပုံတွေထဲမှာ
    ကြိုက်တာကတော့ အများကြီးပဲ ..
    ဒါပေမယ့် နံပါတ် ၈ ကို ဗုတ်ခဲ့ဒယ် ..
    လူကို အဓိက မပြဘဲနဲ့
    ရောင်းတဲ့ ဝယ်တဲ့ ဈေးသည်ပုံစံကိုပဲ ပြထားတာ မိုက်တယ် ..
    ဒီပုံက ကျုပ်ကြိုက်တဲ့ ပုံမျိုးပဲ …
    ထို့ကြောင့် ဗုတ်ခဲ့ပါဒယ် ….

  • Ch@vez

    May 30, 2012 at 2:38 pm

    ဇဂါးမစပ် ..ဈေးသည် ဆိုတာနဲ့ ..အကုန် ခေါင်းရွက်ဗြတ်ထိုး
    နဲ့ လမ်းဘေးဈေးသည် တွေချည်းပဲ
    ရိုက်လာဂျတယ်… ဂယ်ပါပဲ …လေဘာဒယ်အေ…

    ကျုပ်သာဆို ပါချင်ကို ရှေ့က တစ်ရှူးဝေတဲ့ ငတိမလေးဒွေတို့
    အီဇာဂါယာ က စားပွဲထိုးမလေးဒွေတို့ ..
    မာဆွတ်ရှေ့က စကီလေး ဒွေတို့ …
    ဟန်းဆက်ရောင်းတဲ့ မီနီ စကတ်လေးဒွေ တို့ …
    ရိုက်ပါတယ်… ဘယ့်နှယ့် ..

    ခညားတို့ဂျာ …ကျုပ် ဘာကြိုက်တတ်လဲ မသိတာလည်း မဟုတ် ….
    လုပ်ရက်ကြဒယ် …
    မဗုတ် ဘူးဗျာ ..မဗုတ်ဘူး ..
    ၁ပုံမှ မဗုတ်ဘူး …
    🙁

    • Khaing Khaing

      May 30, 2012 at 5:14 pm

      ဟဲ့ မိဂီ မဗုတ်နဲ့ တစ်ပုံမှမဗုတ်နဲ့ ညည်းပြောထားတယ်နော် ညည်းကမဗုတ်ဘူးလို့ …… ကိုယ့်စဂါး ကိုတည်ပစေ ……….

      • Ch@vez

        May 30, 2012 at 5:23 pm

        မဘုတ်ဘူးအေ့ စိတ်ချ
        ချဉ်ထှာ

        • MaMa

          May 30, 2012 at 9:31 pm

          ရိုက်ကားရိုက်၏ မရခဲ့တာတွေ အများကြီး တော်ရေ့။
          ဆူးလေဘက် သွားရိုက်တုန်းက စတိုးဆိုင် တစ်ဆိုင်က ဒစ်စကောင့်ချတာကို အရောင်းသမားက လမ်းဘေးမှာ မိုက်နဲ့အော်ပြီး လက်တစ်ဖက်က ကုန်ပစ္စည်းကို မြှောက်ပြပြီး ရောင်းနေတာကို သွားရိုက်ခဲ့သေးတယ်။ ပုံမကောင်းတာနဲ့ မတင်ဖြစ်တာ။
          ရိုက်ခဲ့တာတွေ အားလုံးပြရင် တစ်ယောက်တည်းနဲ့တင် ပုံ ၂ဝ ကျော်တယ်။ 😆

  • kotun winlatt

    May 30, 2012 at 3:21 pm

    တိန်…..
    ဂီရေ…
    အဲ့လိုပုံတွေ အနော်ရိုက်ပြမယ်နော်…
    အာဟိ…..
    ဗုတ်လိုက်ပါဟယ်……
    ဒက်ဂလောက်..ဒက်ဂလောက်…
    ပုံတွေက လန်းးပါဒယ်ဗျ…..

  • yinnwe khaing

    May 30, 2012 at 4:11 pm

    ပုံ (၂၁) ကို အကြိုက်ဆုံးပါဘဲ။ ယနေ့လိုခေတ်ကြီးထဲမှာ အလွယ်လမ်းကြောင်းကို မလိုက်ဘဲ ဘဝကို အရှုံမပေးဘဲ ရင်ဆိုင်နေတဲ့ သရုပ်ကိုပေါ်လွင်နေတယ်လို့ ထင်မိပါတယ်။ ကျန်ရှိသော ပုံများကိုတော့ မဝေဖန်လိုတော့ပါ…။

  • Thel Nu Aye

    May 30, 2012 at 6:41 pm

    နံပါတ် ၂ နဲ့ နံပါတ် ၁၈ ကို အကြိုက်ဆုံးပါပဲ။ ဗုတ်လိုက်ပါတယ်။

  • flamingo

    May 30, 2012 at 8:24 pm

    နံပါတ်(၅) ပုံက…..ခလေးလေးကဓါတ်ပုံဆရာကိုလက်ညိုးထိုးပြီး
    ဈေးသည်ကိုတိုင်ပြောနေသည်…

  • zenn

    May 30, 2012 at 9:55 pm

    ….ဓါတ်ပုံ တွေ အကုန် လှပါတယ်….ကြိုးစားပမ်းစား စိတ်ရှည် လက်ရှည် ရိုက်နိုင်သူ တွေကိုလည်း ချီးကျူး မိပါကြောင်း …..

  • Mလုလင်

    May 30, 2012 at 10:50 pm

    လာမယ့် June လအတွက် .. “ချစ်စရာ့ အရွယ်” ဆိုတဲ့ ခေါင်းစဉ် ပါ။ ပုံ ကြိုရှာနိုင်အောင် .. လို့ရယ်ပါ။

    • Ch@vez

      May 31, 2012 at 8:26 am

      ချစ်စရာ့အရွယ်.. ဆိုတာ ဆယ့်ခြောက်နှစ် သမီးလေးဒွေကို
      ပြောတာလားဟင်င်င်င်..
      😛
      ရိုက်မှာ.. ရိုက်ဦးမှာ….

Leave a Reply