ကျမတို့ ငယ်ဘဝ တလျောက် အဖေတာဝန် ကျရာ ရခိုင် ပြည်အနှံ့ မှာ ကြီးပြင်းခဲ့ ရတဲ့ တာပါ ။စစ်တွေမှာ တာဝန်ကျတုန်းက အဖေက အခွင့်ရေး မတောင်းတတ်တဲ့ သူဆိုတော့ ဝန်ထမ်း အိမ်ယာတောင် မရပဲ ရပ်ကွက် ထဲမှာ ပဲ အိမ်ငှားနေခဲ့ ရတယ်။ ဒါကြောင့် ရခိုင်ပြည်ရောက် တခြားဝန်ထမ်းတွေ ထက် စာရင် ရခိုင် လူမျိုးတွေရဲ့ ဓလေ့ စရိုက် စိတ်နေ စိတ်ထားတွေ ကို ထဲထဲ ဝင်ဝင် ရင်းနှီး ခွင့် ရခဲ့ ပြီး သူတို့ နဲ့ တသားတည်း နေထိုင် ခဲ့ ဖူး တယ် ဆိုတော့ ရခိုင် နဲ့ အစ္စလာမ် ဘာသာဝင် တွေ ကြားက မပြေလည် တဲ့ ဆက်ဆံရေးကို အဲဒီ ချိန်တည်းက သိခွင့်ရခဲ့ပါတယ်။
အခုမှသာ အင်တာနက် ပေါ်လာလို့ ဒီလိုကစ္စတွေ က ကမ္ဘာ သိအောင် အကျယ်အကျယ် မငြိမ်းဖွယ် ထိ ဖြစ် ခဲ့ ရပေမယ့် အရင်ထဲက ဒီလို ရိုက်ကြ နှက်ကြ၊ သတ်ကြ ဖြတ်ကြ တာတွေ က ရခိုင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေ ကြား မကြာ ခဏ ဖြစ်လေ့ ရှိပါတယ်။ ပြီးတော့ ဆေးရုံ ဆေးခန်း ရောက်လာ ကြတာမို့ အဖေ ပြောပြော ပြ လို့ သိခဲ့ ရတာပါ။ ပြောရရင် အဲဒီတုန်းက(၁၉၈၅-၈၈) အစ္စလာမ် ဘာသာဝင်နဲ့ ရခိုင် လူမျိုးတွေ ဦးသူ ချ ကြတဲ့ အဖြစ်တွေက မကြာ ခဏ ကြားနေကြ လိုတောင် ဖြစ် နေခဲ့တယ်။
အစ္စလာမ် ဘာသာဝင် တွေ နေတဲ့ ရပ်ကွက် နဲ့ ရခိုင် ရပ်ကွက် ကို ကိုယ့် နားလည် မှုနဲ့ ကိုယ် နယ်နမိတ် ခွဲ ထား ပြီးတော့ နယ် ကျော် လေ့ မရှိ ကြပါဘူး။ အထူးသဖြင့် ည ဘက် တွေ ဆို ပိုဆိုးပါတယ်။ အဖေ့ ကိုတော့ ဗမာလည်း ဖြစ်ပြန်၊ ဆရာဝန်လည်း ဖြစ်တော့ နှစ်ဘက် စလုံးက လေးစားကြတယ်။ အဖေ့ တွက် ဆို အသက် ပါပေးမယ် ဆိုတဲ့ ရခိုင် တွေ ရှိ သလို ၊ အဖေကို ညီရင်း အကိုလို ချစ်လို့ ဖြစ်ချင် တာ အကုန်လုပ်ပေး မယ် လို့ ဆိုတဲ့ အစ္စလာမ် ဘာသာဝင် တွေ လည်း ရှိခဲ့ ပါတယ်။ အဲဒီ ထဲမှာ မှ စစ်တွေ ဈေးထဲ ဆေးဆိုင် ဖွင့် ထားတဲ့ အစ္စလာမ် ဘာသာဝင် တယောက် က အဖေ့ ကို အတော် ချစ်ခင်ပါတယ်။
တရက်မှာတော့ ညဘက်ကြီး လူနာ တယောက် အရေးပေါ် အခြေအနေနဲ့ ကျမတို့ အိမ်ကို ရောက်လာ ပါတယ်။ သူ့ အတွက် ဆေး တမျိုး အချိန်မီ ပေးဖို့ လိုပါတယ်။ အဲဒီ ဆေး က အိမ် မှာ အဆင်သင့် ရှိမနေ ပါဘူး။ ဆေးရုံ လွှတ်လိုက် လည်း အဲဒီ ဆေးပဲ ပေးရမှာ ဖြစ်ပြီး ဆေးရုံ မှာ လည်း အဆင်သင့် မရှိ ပဲ အပြင် မှာ ပဲ ရှာဝယ်မှ ရမှာကို အဖေကသိတော့ လူနာကို ဆေး အချိန်မီပေးနိုင် ဖို့ ပဲ အရေးကြီးတဲ့အတွက် သူ့ မိတ် ဆွေ ဆေးဆိုင် ပိုင်ရှင် ဆီ သွားယူဖို့ ပဲ စဉ်းစားရတော့တယ်။ အဲဒီကျတော့ လူနာရှင် ကော၊ လိုက်ပို့တဲ့ သူတွေ ကော အဲဒီ ရပ်ကွက် ထဲ သွားဖို့ ငြင်းကြတယ်။ ရပ်ကွက်ထဲ က လူကြီးတွေ ကလည်း ဘယ်သူ့ ကိုမှ မသွားစေချင်ဘူး။
အဲဒီတော့ အဖေက သူကတော့ လူနာ နားက ခွာ လို့ မရတဲ့ အတွက် အမေ့ကို သွားယူခိုင်းပါတယ်။ (တော်တော် ဟုတ်တဲ့ အဖေ၊ ယောက်ျားကြီးတွေတောင် မသွားရဲတဲ့ နေရာကိုညကြီး မိုးချုပ်၊ မိန်းမကို လွှတ်တယ်) ၉ နှစ်သမီး ကျမ က အမေနဲ့ အဖော် လိုက် သွားပေး ရလို့ မှတ်မိနေတာပါ။ကျမတို့ အတွက်တော့ အဲဒီ အိမ်က မကြာခဏ ရောက်ဖူးနေကြပါ။ ကျမတို့ သားအမိ ကို ရပ်ကွက်ထဲက လူကြီးတွေက ရခိုင် ရပ်ကွက် ပိုင်နက် အဆုံးထိ လိုက်ပို့ ပေးပါတယ်။
သူတို့ ရပ်ကွက်ထဲ ဝင်တော့ အစ္စလာမ် ဘာသာဝင် ၄၊၅ ယောက် ထွက်လာပြီး မေးပါတယ်။ အကျိုးကြောင်း ပြော လိုက်တော့ သူတို့ ချက်ချင်း သိသွားပြီး ဆရာမ ကို ကျတော် တို့ လိုက် ပို့ ပေးပါမယ်၊ ဟိုအကိုတွေ ဒီနားမှာ ပဲ စောင့် ပါ လို့ ပြေပြေလည်လည် ပဲ ပြောပြီး ကျမ တို့ ကို ဆေးဆိုင် ပိုင်ရှင်ရဲ့အိမ် ကို ခေါ်သွားပေးပါတယ်။ အဲ ဒီလူက ဗလီ လူကြီးလည်း ဖြစ်သလို သူတို့ ရပ်ကွက်ထဲမှာလည်း ဩဇာ ညောင်းတဲ့ သူပါ။ သူ့ ဆီမှာလည်း ဆေး က ပြတ် နေတဲ့ အတွက် သူ့မိတ်ဆွေ အခြား ဆေးဆိုင် ပိုင်ရှင်ဆီကို လူလွှတ် ယူခိုင်း ၊ကျမတို့ သားအမိကို လည်း သူ့ အိမ် မှာ ပဲ စောင့်စေပြီး မိသားစု ဝင်တွေပါ ထလာပြီး အစားအသောက်တွေနဲ့ ဧည့်ခံကြပါတယ်။ ရပ်ကွက် ထိပ်မှာ စောင့် နေတဲ့ သူတွေ ကိုလည်း လူလွှတ်ပြီး အကျိုးကြောင်း ပြောစေပါတယ်။ ဆေးရလာတော့ သူကိုယ်တိုင် သူတို့ ရပ်ကွက် ထိပ်ထိ ပြန်လိုက်ပို့ ပြီး စောင့်နေတဲ့ ကျမတို့ ရပ်ကွက် က လူတွေ ကို ဆရာမကို သေချာ ခေါ်သွားပေးပါ လို့ မှာတာကို ကျမမှတ်မိ နေပါသေးတယ်။
ငယ်တုန်းကတော့ အမေနဲ့ အဖော် လိုက် ပေးရ တယ် ၊မုန့် စားရတယ် ဆိုတာက လွဲလို့ ကျမ အတွက် ထူးပြီး ဘာမှ မစဉ်းစားမိပေမယ့် အခုသိတတ်တဲ့ အချိန် ကျတော့ အဲဒီ အဖြစ်အပျက် က နည်းနည်း စွန့်စားခန်း ဆန်တယ်လို့ ခံစားမိတယ်။ ရခိုင် လူမျိုး တယောက် ရဲ့ အသက် ကယ် ဖို့ အတွက် ဆေးကို မရ ရအောင် ရှာပေးတဲ့ အဖေ့ မိတ်ဆွေ ဆေးဆိုင် ပိုင် ရှင် အစ္စလာမ် ဘာသာဝင် ကိုလည်း လေးစားမိတယ်။
လေးစားစရာကောင်းတဲ့ အစ္စလာမ် ဘာသာဝင် ရှိသလို ရွံ မုန်းစရာကောင်းတဲ့ သူတွေ လည်း ရှိပါတယ်။ ကျမတို့ အဲဒီရပ်ကွက် ထဲ ရောက်ကာစ တလလောက်မှာ အိမ် အဖောက် ခံရပါတယ်။ ငွေကြေးနဲ့ ရွှေတို ရွှေစ အနည်း ငယ် ကတော့ မထင်မှတ်တဲ့ နေရာ မှာ ထား လို့ ပါ မသွားပေမယ့် တမိသားစုလုံးရဲ့ အဝတ်စားတွေ အကုန်ပါသွားပါတယ်။ ကူညီပါရစေ တွေ ဆီမှာ အမှု ဖွင့် ထားပေမယ့် ထုံးစံအတိုင်း တရားခံ ရှာမရပါဘူး။
တရက်တော့ ဆေးရုံ မှာ အဖေ round လှည့် တဲ့ အချိန် အစ္စလာမ် ဘာသာဝင် လူနာ တယောက် ကို သတင်းလာမေးတဲ့ သူတို့ လူမျိုးတယောက်က အဖေ့ ကိုမြင်တော့ ငါတို့အဲဒီ ဆရာဝန် အိမ်ကို ဝင်ခိုး တာ အဖိုးတန်တာ ဘာမှလည်း မရ ခဲ့ဘူး၊ အိပ်မွေ့ ချ ပြီး ဝင် တာ မို့လို့ ကလေးတွေ တောင် တယောက်မှ မနိုးဘူး၊ နိုးလည်း ငါက အကုန်သတ်ပစ်မှာ ၊ လို့ ဆိုပါတယ်။ အဲဒီတော့ လူနာ က မင်းမသတ်မိတာ တော် သေးတာပေါ့ ၊ အဲဒီ ဆရာဝန် က အရမ်းသဘော ကောင်းတယ်၊ ဆေးကုတာလည်း အရမ်းတော်တယ်၊ နောက် ကို ဒုက္ခ မပေးပါနဲ့ လို့ပြန် ပြောပါသတဲ့။ သူတို့ က သူတို့ ဘာသာ စကားနဲ့ ပြော နေတာကို နားလည် တဲ့ ဘေး ကုတင်က လူနာစောင့် က အဖေ့ နောက် ကို လိုက်ပြီး ပြောပြတာပါ။
ကျမတို့ အိမ် အဖောက်ခံရတဲ့ အဖြစ်က တမြို့လုံး စိတ်ဝင်စားကြပြီး၊ အခု တရားခံကို တွေ့နေပြီ ဆိုတော့ ရဲကို အကြောင်း ကြားဖို့ လုပ်ဖေါ်ကိုင်ဘက်တွေက အဖေ့ကို ဝိုင်းပြောကြပေမဲ့ အေးအေးနေ တတ်တဲ့ အဖေကတော့ ထုံးစံ အတိုင်း ကိုယ့် မိသားစု ကို အန္တရာယ် မပြုတာပဲ ကျေးဇူးတင်လှပါပြီ ကွာလို့ ပြန်ပြောလိုက်ပါတယ်တဲ့။
ကျမ ပြောချင်တာက လူမျိုး ၊ဘာသာ က အဓိက မကျပဲ လူ တယောက်ချင်း ရဲ့ စိတ်ဓါတ်ကသာ အဓိက ကျ တယ် လို့ ယူဆပါတယ်။ ကုလား၊ ရခိုင် ၊ ဗမာ ၊တရုတ် ဘယ်လူမျိုးမှာ မဆို ရိုင်းစိုင်း ကြမ်းတမ်းတဲ့ သူ ရှိ သလို ယဉ်ကျေး သိမ်မွေ့ တဲ့ သူ တွေလည်း ရှိပါတယ်။ နဲတာနဲ့ များတာပဲ ကွာပါမယ်။ သူ့အခွင့်ရေး ကိုယ့် အခွင့် ရေး အပြန်အလှန် လေးစားပြီး မြန်မာ နိုင်ငံ သား ဆိုတဲ့ ခေါင်းစဉ် အောက်မှာ တစိတ်တဝမ်းတည်း ရှိ နေကြရင် ပိုမကောင်းဘူးလား။ လူမျိုးရေးဟာ အင်မတန် သိမ်မွေ့ ပြီး ထိခိုက် လွယ်တဲ့ ကိစ္စ တခုပါ။ လူ လူ ချင်း လူသားတဦးချင်း အနေနဲ့ ပဲ ရှုမြင် သင့် ပါတယ်။
ကျမ ပြောတဲ့ ထဲမှာ ရခိုင် ဘက်ကို ခိုးဝင်လာမဲ့ ရိုဟင်ဂျာတွေ မပါသလို၊ မြန်မာပြည် အထက်ပိုင်း ကို ခြေကုတ်ယူလာ မဲ့ ပေါက်ဖော်ကြီးတွေ လည်း မပါပါဘူး။ အဲဒီ အတွက်ကတော့ နိုင်ငံတော် မှာ အဓိက တာဝန်ရှိ သလို ပြည်သူတွေမှာ လည်း ကိုယ့်တာကို လုံ အောင် ထိန်းဖို့ တာဝန်ရှိပါတယ်။ သူတို့ ရဲ့ အဓိက ပစ်မှတ်က ဆင်းရဲတဲ့ မိန်းမပျိုလေးတွေကို ငွေနဲ့ ပေါက် ပြီး စည်းရုံး ကြပါလိမ့်မယ်။ ကိုယ့်ဘက်က ခံစစ်ကို သေချာ ပြင်ဆင် ထားဖို့ လိုပါတယ်။
ဘာသာ သာသနာ နဲ့ ပတ်သက် ရင်လည်း ဘာသာတိုင်းက ကိုယ့် ဘာသာ ပြန့် ပွားအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင် နေကြတာပါပဲ။ ကာကွယ် ဖို့ က ကိုယ့် တာဝန်ပါ။ အဲဒါကို နောက် တပိုစ့် အနေနဲ့ ထပ်ရေးပါအုံးမယ်။

About မိုခ်ိဳ

မို co has written 41 post in this Website..