ဦးနှောက်တစ်ဝက်ဖြင့် ရှင်သန်နေသည့် အမေရိကန်မိန်းကလေးငယ်

introJune 21, 20101min650
ဦးနှောက်တစ်ဝက်ဖြင့် ရှင်သန်နေသည့် အမေရိကန်မိန်းကလေးငယ်

ကျွန်မက ဉာဏ်ကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာချင်ပါတယ်

ဒီစကားကို ကင်မရွန်မော့တ်က မျှော်လင့်ချက်အပြည့်နဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။ အသက်(၉)နှစ်ပဲ ရှိသေးတဲ့ အမေရိကန်သူ ကောင်မလေးဟာ အကြီးစား
ခွဲစိတ်မှုတစ်ခုပြုလုပ်ပြီး သူ့ရဲ့ဦးနှောက် တစ်ဝက်လောက်ကို ဖယ်ထုတ်ခြင်း
ခံထားရသူပါ။

Half Brain Girl

ဒါပေမယ့်လည်း ကင်မရွန်ဟာ မိသားစုနဲ့ ဆရာဝန်တွေ အံ့အားသင့်ရလောက်အောင် ပြန်ပြီးကျန်းမာလာခဲ့ပါတယ်။ မိန်းကလေးဟာ သူ့အသက် (၃)နှစ်လောက်ကစပြီး
ထူးဆန်းတဲ့ Rasmussen’s Syndromeဆိုတဲ့ ဦးနှောက်ရောဂါ တစ်မျိုးကို
ခံစားခဲ့ရရှာတာပါ။ အဲဒီရောဂါက ကင်မရွန်ရဲ့ ညာဖက်ခြမ်းဦးနှောက်ကို တစထက်တစ
ဝါးမျိုဖျက်ဆီးလာခဲ့ပါတယ်။ (၂၀၀၇)ခုနှစ်မှာတော့ ဆရာဝန်တွေက ကလေးမလေးရဲ့
အခြေအနေကို လေ့လာပြီးတဲ့နောက် သူ့ရဲ့ဦးနှောက် တစ်ခြမ်းလုံးကို
ဖယ်ထုတ်ပစ်လိုက်မှသာ ဒီရောဂါ ဆက်ပျံ့လာတာကို တားဆီးနိုင်မယ်လို့
ဆုံးဖြတ်ခဲ့ကြပါတယ်။

Half Brain Girl

ကင်မရွန်ရဲ့အမေ ရှယ်လီမော့တ်က “ဘယ်လောက်ကြောက်စရာ ကောင်းလိုက်သလဲရှင်။ အဲဒီတုန်းက ရှယ်လီ့အသက်က (၇)နှစ်လောက်ပဲ ရှိသေးတယ်။ သူ့အရွယ်
ကလေးတစ်ယောက်အတွက် ဒီလောက်ကြီးမား ရှုပ်ထွေးတဲ့ ခွဲစိတ်မှုကြီးတစ်ခုကို
ခံရတယ်ဆိုတာ သိပ်ကိုအန္တရာယ် များလှပါတယ်”လို့ NBCသတင်းဌာနကို
ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း မိသားစုရဲ့ သဘောတူညီချက်နဲ့ ကင်မရွန်လေးကို
ဂရုတစိုက် ခွဲစိတ်ခဲ့ကြပါတော့တယ်။

Half Brain Girl

မြောက်ပိုင်း ကာရိုလိုင်းနားမှာ နေထိုင်တဲ့ ကင်မရွန်ကို ခွဲစိတ်ဖို့အတွက် မိုင်(၄၀၀)လောက်အဝေးက ဂျွန်ဟော့ပ်ကင်း ကလေးဆေးရုံမှာ
စီစဉ်ပေးခဲ့ပါတယ်။ သူ့ကိုအဓိက ခွဲစိတ်ပေးခဲ့တဲ့ အထူးကု ဆရာဝန်ကြီး
ဒေါက်တာဂျော့ဂျ်ဂျယ်လိုက “ကင်မရွန်ရဲ့ရောဂါကို ရေဒီယိုကုထုံးနဲ့ ပထမဆုံး
ကုခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အပြည့်အဝ မဟန့်တားနိုင်ခဲ့ဘူး။
ရောဂါက သူ့ရဲ့ဦးနှောက်တစ်ခြမ်းကို ဆက်ပြီးစားနေတုန်းပဲ”လို့
ရှင်းပြခဲ့ပါတယ်။ သနားစရာကောင်းလှတဲ့ ကင်မရွန်လေးမှာ ဖြစ်ခဲ့တဲ့ ရောဂါက
ထူးဆန်းတဲ့ ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး လူတစ်သန်းမှာ တစ်ယောက်တောင်
ဖြစ်ခဲလှတယ်လို့ ဆိုပါတယ်။

Half Brain Girl

ကင်မရွန်ကို ခွဲစိတ်တဲ့ အဖွဲ့မှာပါတဲ့ ဒေါက်တာအေမီ ဘေဆင်တန်က သူဟာ ကင်မရွန့်မိဘနှစ်ပါးကို သိပ်ပြီးမျှော်လင့်ချက် မရှိတဲ့အကြောင်း
အမှန်အတိုင်း ဝန်ခံခဲ့မိတယ်လို့ ပြောပြသွားပါသေးတယ်။ ဒါပေမယ့်လည်း
ဆရာဝန်တွေ မျက်လုံးပြူးရလောက်အောင် အေမီလေးဟာ အန္တရာယ်များလှတဲ့
hemispherectomyဆိုတဲ့ ဦးနှောက်ခွဲစိတ်မှုကြီးအပြီး (၄)ပါတ်အကြာမှာ
လမ်းပြန်လျှောက်နိုင်ခဲ့ပါတယ်။ ခုအချိန်မှာတော့ သူငယ်ချင်းတွေနဲ့အတူ
ကျောင်းပြန်တက်နေပြီဖြစ်တဲ့ ကင်မရွန်က သူ့ရဲ့အိပ်မက်ဆိုးကြီးကို
မေ့ပစ်လိုက်ချင်ပြီလို့ ပြောသွားခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့
ရယ်မောပျော်ရွှင် ဆော့ကစားနေနိုင်ပြီဖြစ်တဲ့ ကံကောင်းလှသူ မိန်းကလေးဟာ
သူနဲ့တွေ့တဲ့လူတိုင်းကို သူဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခု အမြဲတမ်း
ပြောပြတတ်နေပါပြီ။ ဒါကတော့ “ကျွန်မက ဉာဏ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်
ဖြစ်လာချင်ပါတယ်”ဆိုတဲ့ သူ့မျှော်လင့်ချက်လေးပဲ ဖြစ်ပါတယ်။

Source: mymultiplesclerosis , DailyMail