သူကြီးရေသတင်းမှန်မမှန်ကြည့်မယ်ဆိုလဲ sattelight
ကမြန်မြန်ဝင်ကြည့်ဗျာ၊ရတဲ့သတင်းနဲ့၊ဒီမှာတင်ထားတာနဲ့
ရောBBC သတင်းတွေနဲ့ပါလွဲနေတယ်၊ကျောက်နီမော်ကိစ္စလဲ
ထက်ထက်ကရခိုင်သားအချင်းဖြစ်တာ၊မဆိုင်တာသွေးထိုး
တာနဲ့လူတွေသေကုန်ပြီး၊သတင်းမှန်ကန်ဖို့အရေးဒေသ
တစ်ခုစီမှာနေတဲ့လူတွေကိုကွန်ယက်
ချိတ်ပြီးလူမျိုးရေးဘာသာရေးအစွန်းမရောက်တဲသူတွေကိုအမာ
ခံထားပြီးသတင်းကွန်ယက်တည်ဆောက်ဖို့လို့ပြီနော်။ဒါမှသတင်း
တစ်ခုထွက်လာရင် အဲဒီဒေသအမာခံတွေဆီလှမ်းမေး၊
sattelight ကကြည့်လို့ရလဲကြည့်ပေါ့၊ဒါမှသတင်းအမှန်
ရမှာ ၊FB ချည်းဘဲအားကိုးမနေပါနဲ့.အမေရိကန်စစ်အီရတ်စစ်ပွဲကြည့်ပါ
သတင်းနဲ့ချည်နှောင်ပြီးဘာမှမဟုတ်တာဝင်တိုက်တာ၊
တကယ်လက်တွေ့ကျဘာမှမဟုတ်ဘူး၊အမြင်ကပ်လို့
ပုဒ်မတတ်ပြီးဝင်တာ၊တိုက်လိုက်ကြတာ၊သတိရပါဗျာ။
မဟုတ်ရင်အိမ်ကြက်အချင်းချင်းအိုးမဲသုတ်ခွတ်ခံရတာ
များပြီဗျို။သတိလဲမရှိကြတော့ခံရတာပါဘဲ၊သွေးဆူတဲ့လူတွေ
ကလဲအများသားဘဲကိုး၊မီဒီယာတွေကလဲ
သတင်းစီစစ်ပေးကြပါ။သတင်းသမားတွေကကလဲသတင်းမှန်မှ
တင်ကြပါ၊ပေါက်ကရကိုယ်ပြောချင်တာစွတ်ပြောပြီးတင်တာ
သတင်းမဟုတ်ဘူးဗျို၊သတင်းတစ်ခုရရင်ဘယ်နေရာမှာလဲ၊
ဘယ်အချိန်ကဖြစ်လဲ၊ဘယ်တုန်ကလဲ၊ဖြစ်နိုင်ရင်ကိုယ်တိုင်
သွားကြည့်၊မှန်တဲ့ဘက်ကတင်၊အခုတလောသတင်းတခုတင်တာနဲ့
ဝိုင်းဆဲကြတာ မီဒီယာသိက္ခာကျပါတယ်၊လူမျိုးသိက္ခာကျ
ပါတယ်၊သတင်းရေးသူကတင်ရင်မှန်မမှန်ဝိုင်းဆွေးနွေး
အထောက်အထားတင်ပြ၊ဒီလိုလုပ်ကြပါ၊ဘာမှန်းညာမှန်းမသိ
ကိုယ်ဘာသာဝင်ဘက်ကပြီးရော၊ကိုယ်အမျိုးဆိုလုပ်တာမှန်
တယ်မလုပ်ကြပါနဲ့၊ဒါကလေးတုန်းကစိတ်ဓါတ်တွေ၊ဗိုလ်ချုပ်
ပြောသလိုဆိုခွေးတစ်ကောင်ကိုက်တိုင်ဝိုင်းကိုက်ကြရမှာမဟုတ်
ဘူး၊ကိုယ်အုပ်စုထိတာနဲ့သူများအလွန်မလုပ်ကြပါနဲ့၊လွန်ကျူတဲ့
သူဆို ကိုယ်သွးသားတောင်အရေးယူရမှာဘဲ၊၀ိုင်းရှုံချကြရမှာဘဲ
ဥပဒေမှ ကျောသားရင်သားမခွဲခြားရပါဘူး၊သတင်းသမားလဲအဲဒီလို
ပါဘဲ၊မှန်တဲ့ဘက်ကရပ်တည်တတ်အောင်နေမှဒီကမ္ဘာကြီးအေးချမ်း
မှာ၊မဟုတ်ဘဲဘက်လိုက်နေရင်၊မမှန်တဲ့ဘက်ကရပ်တည်နေရင်
ဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူး၊အကြမ်ဖက်မှုတိုက်ဖျက်
ရေးမှာလဲတရားမျှတရေးအရေးကြီးတယ်ဗျို့၊ခွေးတစ်ကောင်တောင်
ချောင်ပိတ်ရိုက်ခံရရင်ပြန်ကိုက်မှာဘဲ၊တရားမျှမျှတတနေထိုင်တတ်
အောင် တော်တော်ပြုပြင်ယူကြရအောင်လို့တိုက်တွန်းရင်း . .

About Thu Thu

Thu Thu has written 2 post in this Website..