ဘယ်နေရာက ဘယ်လို အကြောင်းကြောင့်နဲ့ဘဲစခဲ့စခဲ့

မောင်တောမြို့မှာတော့ ကြေကွဲဖွယ် မုန်တိုင်းတစ်ခုကျသွားခဲ့သလိုပါဘဲ။

သူ့ကြောင့်ငါ့ကြောင့်လို့ အကြောင်ရင်းကိုဖွေရှာတာကတော့ တရားစီရင်ရေးအဖွဲ့ရဲ့တာဝန်ပါ။

ကျမတို့တွေ ဒီမုန်တိုင်းလေး စဲစအပြုမှာ ရှေ့ဆက်ရမယ့် ခရီးစဉ်လေးတွေ ဆွဲကြည့်ကြရအောင်ပါ။

(၁)မောင်တောဒေသ ပြန်လည်ထူထောင်ရေး ရံပုံငွေ

ကျမတို့ MG ရွာသားတွေကတော့ ရခိုင်သွေးချင်းများအတွက် ကူညီရန် ရံပုံငွေ စစုနေကြပါပြီ။

သွေးမကွဲကြောင်းပြတဲ့ အနေနဲ့ ရွာထဲက မြန်မာမွတ်ဆလင်တွေလည်း နည်းများမဆို ငွေအား၊

လူအားပါဝင်စေချင်ပါတယ်။

ထို့အတူ မြန်မာပြည်အနှံ့က မြန်မာမွတ်ဆလင်များကလည်း စိတ်ပါလက်ပါကူညီရင်း

အာဃာတမီးတောက်တွေ ငြိမ်းသတ်ကြစေချင်ပါတယ်။

ရခိုင်ပြည်သူတွေရဲ့ စားရေးနေရေးဝတ်ရေးကျန်းမာရေးကစ

ကလေးငယ်တွေပညာရေးအထိ လိုအပ်နေမယ့် ကူညီသွားရမယ့် နေရာတွေ အများကြီးနေမှာပါ။

(၂)ဂေဇက်ရွာလုံခြုံရေး

ဒီရက်ထဲ သဂျီး မအိပ်နိုင်ဖြစ်နေတာ ကြည့်ပြီး သနားပါတယ်။

လုပ်ငန်းသဘာဝတွေ နားမလည်ပေမယ့် Moderator တစ်ယောက်

(proposal ကတော့ အရီးလတ်ပါ)လောက် ရှိရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။

မြန်မာပြည်ထဲက လုပ်နိုင်မယ့်သူရှိရင်လည်း ကောင်းတာပါဘဲ။

(၃)တပ်မတော်ရဲ့ ပုံရိပ်

၁၉၈၈မှစပြီး နောက်ပိုင်း ရွှေဝါရောင်တော်လှန်ရေး အပြီးမှာ

ပြည်သူနဲ့ တပ်မတော်ကြား အမုန်းတရားတွေ သိမ်းပိုက်ထားကြပါတယ်။

အစိုးရသစ်တက်ပြီး မကြာသေးမီက (သုံးခွလို့ထင်ပါတယ်)သောက်ရေကန်တူးရာမှာ

ကူညီခဲ့တဲ့ တပ်မတော်သားများကို မီဒီယာတွေက တဆင့် အသိအမှတ်ပြုပေးလာကြပါတယ်။

(နေရာလေး မေ့နေလို့ ခွင့်လွှတ်ပါ)

ယခု မောင်တောအရေးမှာ ဒီကိစ္စကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့

စစ်တပ်ဘာလုပ်နေတာလဲကွ ၊လူလိုရင် ငါတို့ပါ စစ်ထဲဝင်မယ် ဆိုတဲ့ ဆဲသံလေးတွေဟာ

တပ်မတော်ရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပေးလိုက်သလိုပါဘဲ။

ဟုတ်ပါတယ်။တိုင်းပြည်တစ်ပြည်အတွက် စစ်တပ်ဟာ အလွန်အရေးပါကြောင်း မျက်ဝါးထင်ထင်သိလိုက်ရပါတယ်

လက်နက်အင်အားနဲ့မှ ထိန်းသိမ်းလို့ရမယ့် ရန်သူကိုဖြိုခွဲရာမှာ စစ်တပ်မှ အထိရောက်ဆုံးနှိမ်နှင်းနိုင်မှာပါ။

ပြည်ထောင်စု မပြိုကွဲရေး၊တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊

အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးဆိုတာ ဒီလိုနေရာမှာ ထုတ်သုံးရမှာပါ။

တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို

ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဟာလည်း တပ်မတော်ရဲ့ တာဝန်ထဲက တစ်ခုပါဘဲ။

အားလုံးက တပ်မတော်ကို ဒီနေရာမှာ ထိထိရောက်ရောက် ကိုင်တွယ်ပေးစေချင်ကြသလိုဘဲ

တပ်မတော်ကလည်း ပုဒ်မ ၁၄၄ ထုတ်ပြီး နယ်မြေလုံခြုံရေး တာဝန်ယူပေးနေတယ်ဆိုတာ

ဖတ်ရတော့ ၀မ်းသာပါတယ်။
မောင်ပေညွှန်တဲ့ လင့်ကတွေ့တာပါ။
http://doctorsatephwar.blogspot.com/2012/06/blog-post_09.html?spref=fb

အစိုးရသည် ဤအရေးကို သမ္မတကိုယ်တိုင် အနီးကပ်ကြီးကြပ်ကိုင်တွယ်၏ ၊ အချိန်နှင့်တပြေးညီ လုံခြုံရေးဆောင်ရွက်ချက်များ ဆောင်ရွက်၏ ဒုသမ္မတအပါအ၀င် ပြည်ထောင်စုဝန်ကြီးများကိုယ်တိုင် အခင်းဖြစ်ရာဒေသတွင် ရောက်ရှိ တာဝန်ထမ်းဆောင်နေကြ၏ ၊ ဒုက္ခရောက်နေသူတို့ကို လေယာဉ်ရဟတ်ယာဉ်များသုံးကာ နေရေးစားရေး ကျန်းမာရေး လတ်တလောဆောင်ရွက်နေ၏ ၊ ကြည်း၊ရေ၊ လေ တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ လည်းတက်တက်ကြွကြွ ပါဝင်ကြ၏ ၊တာဝန်ကျေကြ၏ ။

တပ်မတော်သားတွေအနေနဲ့ ဆက်လက်ပြီးတော့လည်း ပြန်လည်ထူထောင်ရေးတွေမှာပါ

အချိန်ယူပြီး စိတ်ပါလက်ပါ ကူညီကြမယ်ဆိုရင်ဖြင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ

ပြန်ဖြစ်အောင် မဲဆွယ်စရာမလိုတော့ပါဘူး။

ဒီအချိန်ဟာ တပ်မတော်ရဲ့ Image ကို ပြန်လည်တည်ဆောက်ဖို့ အချိန်ကောင်း၊ လက်မလွှတ်သင့်တဲ့

မိမိရရဆုပ်ကိုင်ရမယ့် အခွင့်အရေးကောင်းလို့ပြောချင်ပါတယ်။

(၄)ကျန်းမာရေးဝန်ထမ်းများ၏လုံခြုံရေး

အခုအရေးမှာ မောင်တောမြို့နယ်ဆေးရုံဝင်းထဲထိအောင်

ဝင်ရောက် နှောက်ယှက်သွားတာ တော်တော် အရုပ်ဆိုးပါတယ်။

ဒီအချက်ကို ပြင်းပြင်းထန်ထန် ရှုံ့ချသင့်ပါတယ်။

သာမာန်ပြည်သူနဲ့ ကျန်းမာရေးဝန်ထမ်းဆိုတာ တောင်ဝှေးနဲ့ ဖိုးသူတော်ပါ။

တောင်ဝှေးလဲရင် ဖိုးသူတော်ထူနိုင်ပေမယ့် ဖိုးသူတော်လဲရင် တောင်ဝှေးမထူနိုင်ပါဘူး။

ကျန်းမာရေးဝန်ထမ်းနဲ့ ကြက်ခြေနီဆိုတာ စစ်ဖြစ်နေတဲ့နေရာမှာတောင် မပစ်ခတ်ရမယ့်ထဲပါပါတယ်။

ဒီအတွက် နယ်စပ်လိုဒေသတွေမှာ တာဝန်ထမ်းဆောင်ရမယ့်

ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးဆိုတာကို နောင်ထည့်သွင်းစဉ်းစားပေးကြစေချင်ပါတယ်။

(၅)ပေါ့ပေါ့မတွေးသင့်တဲ့ အယ်ကိုင်ဒါတွေရဲ့ ခြိမ်းခြောက်မှု

အယ်ကိုင်ဒါတွေရဲ့ ခြိမ်းခြောက်မှုဟာ အခြေအမြစ်မရှိ ကြောက်စရာမလိုဘူးလို့ဆိုပေမယ့်

သူတို့လို အသေခံဗုံးခွဲရဲအောင် ဦးနှောက်မှိုင်းတိုက်ခံထားရတဲ့ မိုက်ရူးရဲတွေရဲ့ ရန်ကိုတော့

သတိကြီးကြီးထားပြီး ကာကွယ်သင့်ပါတယ်။

ကျမတို့ body search အရှာဖွေခံရပြီးမှ ဘုရားဖူးချင်လည်းဖူးရပါစေ။

ရွှေတိဂုံစေတီတော် လုံခြုံရေးတိုးပေးစေချင်ပါတယ်။

ကျမတို့ရဲ့ အထွတ်အမြတ် ရွှေတိဂုံစေတီကြီးကိုလည်း သွေးမစွန်းစေချင်ပါ။

သူတို့ရဲ့ ဗလီတွေကိုလည်း မထိပါးကြစေချင်ပါဘူး။

(ဘာသာရေးမှာ အစွန်းမရောက်စေချင်ပါဘူး၊)

ဒါဟာကြောက်လို့ မဟုတ်ပါဘူး။အကျိုးမဲ့လုပ်ရပ်တွေ မလုပ်ကြစေချင်တာပါ။

ခေါင်းထဲပေါ်လာ သလောက်လေးတွေ ရေးကြည့်တာပါ။လိုအပ်တာတွေ ဖြည့်စွက်ဝေဖန်ကြပါအုံး။

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)