ဂျပန်နိုင်ငံမှ အဖော်အချွတ် စတား တစ်ဦးက တရုတ်နှင့် ဂျပန် စစ်ပွဲများ ဖြစ်ပွားခဲ့စဉ်က ဂျပန်တို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများ အတွက် တရုတ်တို့အပေါ် သူမ တတ်နိုင်သည့် နည်းလမ်းဖြင့် ပြန်လည် ပေးဆပ်ရန် ကမ်းလှမ်းလိုက်ကြောင်း သိရသည်။

တိုင်းပြည်၏ အမှားများ အတွက် သူမနှင့် အတူ တရုတ် ကျောင်းသားများကို လိင် ဆက်ဆံခွင့် ပေးသွားရန် စိတ်ကူးထားကြောင်း ရွန်ချီအန်ရီက ပြောကြားခဲ့သည်။ (၁၉၃၇) ခုနှစ်အတွင်းက ဂျပန် စစ်သားများ တရုတ်တို့အပေါ် ကြမ်းတမ်း ရက်စက်စွာ ပြုကျင့် ခဲ့မှုများကို သိရှိလာရပြီးနောက် သူမ ကိုယ်သူမ ဂျပန်နိုင်ငံသား တစ်ဦး အနေနှင့် ရှက်လာ မိသည်ဟုဆိုသည်။ တိုကျိုမြို့တွင် နေထိုင်သည့် ဆွဲဆောင်မှု ရှိလှသည့် အသက်(၂၄) နှစ်အရွယ် အန်ရီက ဂျပန် နိုင်ငံသို့ ရောက်ရှိ ပညာသင်ကြားနေသည့် တရုတ် ကျောင်းသားများအား သူမ တတ်နိုင်သည့် နည်းလမ်းဖြင့် ပေးဆပ် သွားမည်ဟု ကြေညာခဲ့သည်။ သူမ သည် ဂျပန်၏ ကျူးကျော်မှုများအား သင်ကြားခွင့် ရခဲ့ပြီးနောက် သမိုင်းတွင် ဆိုးဝါး ယုတ်မာခဲ့မှုများ အတွက် တရုတ်တို့အပေါ် လေးလေးစားစား ပြန်လည် ပေးဆပ် သင့်သည်ဟု ယူဆကာ ယခုလို ကမ်းလှမ်း ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

တရုတ် လူငယ်များ၏ ဂျပန်တို့အပေါ် သမိုင်းနှင့်ချီသော နာကျင်မှု အတွက် စာနာ နားလည်နိုင်ကြောင်း၊ ဂျပန်နိုင်ငံတွင် ရှိနေသည့် တရုတ် ကျောင်းသားများအား တောင်းပန်သည့် အနေနှင့် သူမ ခန္ဓာကိုယ်ကို စိတ်တိုင်းကျ အသုံးချ ခွင့်ပေးသွားမည် ဖြစ်ကြောင်း အန်ရီက အတည်ပြု ပြောဆို သွားခဲ့သည်။
credit to people voice media

About Shwemannmay

Shwe mann may has written 58 post in this Website..

သာမန်သူလိုကိုယ်လို မိန်းမတစ်ယောက်ပါပဲ